22/05/2024
❗️အများကြီးများသွားပီ ဒါတော့🥹
FA ဖလား ဗိုလ်လုပွဲမကန်ရခင် တစ်ရက်အလိုတွင်ဖြစ်သည်။
ဟာလန်းတစ်ယောက် မန်စီးတီးလေ့ကျင့်ရေးကွင်းသို့ဝင်လာသည်။ အသင်းဖော်များမှာ လေ့ကျင့်ရမည်ကို စိတ်မပါ လေးတိလေးကန်လုပ်နေကြသည်။
“မင်းတို့ဘာဖြစ်နေကြတာလဲ” ဟာလန်းမှမေးလိုက်ရာ
“ပျင်းတယ်ကွာ မန်ယူနဲ့ ဖိုင်နယ်မကန်ချင်ဘူး လေ့လဲမကျင့်ချင်တော့ဘူး ငါတို့ကိုပဲ ဖလားပေးလိုက် ပြီးရောကွာ” ဟု အသင်းဖော်များက ပြန်ဖြေကြသည်။
“ဒါဆိုရင်တော့ ကိစ္စမရှိဘူး၊ မင်းတို့ဝင်မကန်ချင်နေ ငါဝင်ကန်မယ်၊ အုတ်ခဲ ၁၀တုံးတော့ ရှာထားပေး ကွင်းထဲ ၁၁ယောက်ပြည့်ရအောင် ခင်းထားမလို့”
“မင်းတကယ်ပြောတာလား ဒါဆ်ို ရှာထားပေးမယ်ကွာ၊ အဲ့နေ့ကျရင် ဘီယာဘားလေးမှာ အေးဆေး chillကြစို့” ဟု အသင်းဖော်များ ဝမ်းသာအားရ အချင်းချင်းတိုင်ပင်ရင်း ထွက်သွားကြလေသည်။
ဖိုင်နယ်နေ့ရောက်ပြီ
ဒီဘရိုင်းတစ်ယောက် ဘီယာလေးမြုံ့နေရင်း ဟာလန်းနဲ့ အုတ်ခဲ၁၀လုံး အခြေအနေ ဘယ်လိုများရှိပါလိမ့်ဟု သတိရပြီး fotmobကို ဝင်ကြည့်ရာ
First half finished
Man City 3-0 Man Utd
Haaland 5’ 14’ 27’
ဟု တွေ့လေသည်။
“ဟ ဒီကောင်ဘယ်ဆိုးလို့လဲ” ဟု တွေးရင်း ဘီယာဆက်သောက်နေလိုက်သည်။
ဒုတိယပိုင်းအပြီးလောက် ထပ်ဖွင့်ကြည့်တော့
Full time
Man City 3-2 Man Utd
Haaland 5’ 14’ 27’ Hojlund 67’ Bruno 89’
ဟု တွေ့လေသည်။
မန်စီးတီးအသင်းသားများအားလုံး ဟာလန်းနဲ့ အုတ်ခဲ၁၀လုံးကို ဂုဏ်ပြုရန် ဝင်ဘလေကွင်းထဲဝင်လာလေသည်။ အဝတ်လဲခန်းတွင် စိတ်ပျက်လက်ပျက်ထိုင်နေသော ဟာလန်းကိုတွေ့ရလေသည်။ “ဟရောင်ရ ဘာလို့မှိုင်နေတာလဲ၊ မင်းတစ်ကယ်ကြီးလုပ်ပြလိုက်တာပဲ၊ ဂုဏ်ယူတယ်ကွာ” ဟု အသင်းဖော်များဝိုင်းပြောရာ ဟာလန်းက “စောရီးကွာ ငါအမှားအကြီးကြီးလုပ်မိတာ စောရီး” ဟု ပြန်ပြောလေသည်။
“မင်းဘာမှားလို့လဲကွ၊ မင်း ၃ဂိုးတောင်သွင်းထားတာပဲ။သူတို့ဘက်ကပွဲပြီးကာနီးမှ ပြန်သွင်းနိုင်တာလေကွ” ဟု ရိုဒရီမှ အံ့ဩတကြီး ပြန်မေးလေသည်။
ဟာလန်းက “ငါတကယ် ဖ်ိုင်နယ်မှာ မလုပ်သင့်တဲ့အမှားလုပ်ခဲ့တာကွ။ ဒုတိယပိုင်းပြန်စတော့ ဘရူနိုက်ို လူချမိတာ ၅၁မိနစ်ကတည်းက ငါ အနီကဒ်နဲ့ ထွက်လိုက်ရတာကွ”