G-Taw Zagar Wyne Podcast

G-Taw Zagar Wyne Podcast A platform to share women and girls stories to inspire for better change.

𝗦𝗲𝗮𝘀𝗼𝗻 𝟱: 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝘁𝗼 𝗣𝗼𝗹𝗶𝘁𝗶𝗰𝗮𝗹𝘝𝘰𝘪𝘤𝘦. 𝘉𝘰𝘥𝘺. 𝘗𝘰𝘸𝘦𝘳."အပျိုဖော်ဝင်တဲ့မိန်းကလေးတွေကို ရာသီသွေးအကြောင်းသင်ပေးနေတဲ့အချိန်မှာ လ...
09/07/2025

𝗦𝗲𝗮𝘀𝗼𝗻 𝟱: 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝘁𝗼 𝗣𝗼𝗹𝗶𝘁𝗶𝗰𝗮𝗹
𝘝𝘰𝘪𝘤𝘦. 𝘉𝘰𝘥𝘺. 𝘗𝘰𝘸𝘦𝘳.

"အပျိုဖော်ဝင်တဲ့မိန်းကလေးတွေကို ရာသီသွေးအကြောင်းသင်ပေးနေတဲ့အချိန်မှာ လူပျိုပေါက်ဖြစ်နေတဲ့ကောင်လေးတွေကိုတော့ လိင်ပိုင်းဆိုင်ရာအကြောင်းကို သင်ပေးနေတာကိုက ပထမဆုံးတော့ မညီမျှတဲ့ပညာပေးမှုဖြစ်နေတာပဲ။ ဒါတွေက လိင်ပိုင်းဆိုင်ရာအသိပညာနဲ့ ပတ်သက်ပြီး ကွာဟချက်ဖြစ်စေတယ်။"
- Nandar (Feminist Activist, Executive Director of Purple Feminists Group)

────────────

အပိုင်း (၁) “မျိုးဆက်ပွားခြင်းဆိုင်ရာ ရွေးချယ်ခွင့် - အမျိုးသမီးများ၏ အခွင့်အရေးများနှင့် ရွေးချယ်ခွင့်များကို လေ့လာခြင်း” ကို ယခုလင့်ခ်မှတဆင့် နားဆင်နိုင်ပါတယ်။ https://on.soundcloud.com/KzptGGj3vRs6yw8x5

Follow our socials for further updates
Facebook : www.facebook.com/gtawzagarwyne/
Sound Cloud : https://soundcloud.com/g-taw-zagar-wyne-podcast
Spotify : open.spotify.com/show/4W80LIG2haqa3NxiJvF7AB

Please contact us at [email protected] for any inquiry.


𝗦𝗲𝗮𝘀𝗼𝗻 𝟱: 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝘁𝗼 𝗣𝗼𝗹𝗶𝘁𝗶𝗰𝗮𝗹𝘝𝘰𝘪𝘤𝘦. 𝘉𝘰𝘥𝘺. 𝘗𝘰𝘸𝘦𝘳."မြို့ပြတွေမှာ တားဆက်ခြားနည်းလမ်းတွေ ဘယ်လောက်ပဲ ရှိနေတယ်ပြောပြော ပဋိပက...
13/06/2025

𝗦𝗲𝗮𝘀𝗼𝗻 𝟱: 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝘁𝗼 𝗣𝗼𝗹𝗶𝘁𝗶𝗰𝗮𝗹
𝘝𝘰𝘪𝘤𝘦. 𝘉𝘰𝘥𝘺. 𝘗𝘰𝘸𝘦𝘳.

"မြို့ပြတွေမှာ တားဆက်ခြားနည်းလမ်းတွေ ဘယ်လောက်ပဲ ရှိနေတယ်ပြောပြော ပဋိပက္ခဖြစ်နေတဲ့နေရာတွေမှာ လက်လှမ်းမှီနိုင်ခြင်းမရှိနေတာကိုက သူတို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်နေတယ်။"
- Sandar Hlaing (Sexual and Reproductive Health Trainer)

────────────

အပိုင်း (၁) “မျိုးဆက်ပွားခြင်းဆိုင်ရာ ရွေးချယ်ခွင့် - အမျိုးသမီးများ၏ အခွင့်အရေးများနှင့် ရွေးချယ်ခွင့်များကို လေ့လာခြင်း” ကို ယခုလင့်ခ်မှတဆင့် နားဆင်နိုင်ပါတယ်။ https://on.soundcloud.com/KzptGGj3vRs6yw8x5

Follow our socials for further updates
Facebook : www.facebook.com/gtawzagarwyne/
Sound Cloud : https://soundcloud.com/g-taw-zagar-wyne-podcast
Spotify : open.spotify.com/show/4W80LIG2haqa3NxiJvF7AB

Please contact us at [email protected] for any inquiry.


𝗦𝗲𝗮𝘀𝗼𝗻 𝟱: 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝘁𝗼 𝗣𝗼𝗹𝗶𝘁𝗶𝗰𝗮𝗹𝘝𝘰𝘪𝘤𝘦. 𝘉𝘰𝘥𝘺. 𝘗𝘰𝘸𝘦𝘳."Teenage Pregnancy တွေမှာ လိင်ဆက်ဆံတယ်ဆိုတာ ရာသီလာတယ်ဆိုတာဘာမှန်းကိုမသ...
28/05/2025

𝗦𝗲𝗮𝘀𝗼𝗻 𝟱: 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝘁𝗼 𝗣𝗼𝗹𝗶𝘁𝗶𝗰𝗮𝗹
𝘝𝘰𝘪𝘤𝘦. 𝘉𝘰𝘥𝘺. 𝘗𝘰𝘸𝘦𝘳.

"Teenage Pregnancy တွေမှာ လိင်ဆက်ဆံတယ်ဆိုတာ ရာသီလာတယ်ဆိုတာဘာမှန်းကိုမသိဘဲ ဗိုက်ကြီးပူပြီး ဆေးရုံရောက်လာချိန်မှ ကိုယ်ဝန်ရှိနေမှန်းသိကြတယ်။ ဒါကြောင့်မလိုချင်တဲ့ကိုယ်ဝန်မရအောင် ကိုယ်ဝန်ဘာကြောင့်ရလဲဆိုတာသိဖို့လိုတယ်။"
- Dr. Su Mon Thaw (Director of Marketing at DKT Myanmar)

────────────

အပိုင်း (၁) “မျိုးဆက်ပွားခြင်းဆိုင်ရာ ရွေးချယ်ခွင့် - အမျိုးသမီးများ၏ အခွင့်အရေးများနှင့် ရွေးချယ်ခွင့်များကို လေ့လာခြင်း” ကို ယခုလင့်ခ်မှတဆင့် နားဆင်နိုင်ပါတယ်။ https://on.soundcloud.com/KzptGGj3vRs6yw8x5

Follow our socials for further updates
Facebook : www.facebook.com/gtawzagarwyne/
Sound Cloud : https://soundcloud.com/g-taw-zagar-wyne-podcast
Spotify : open.spotify.com/show/4W80LIG2haqa3NxiJvF7AB

Please contact us at [email protected] for any inquiry.


𝗦𝗲𝗮𝘀𝗼𝗻 𝟱: 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝘁𝗼 𝗣𝗼𝗹𝗶𝘁𝗶𝗰𝗮𝗹𝘝𝘰𝘪𝘤𝘦. 𝘉𝘰𝘥𝘺. 𝘗𝘰𝘸𝘦𝘳.အပိုင်း(၁): “မျိုးဆက်ပွားခြင်းဆိုင်ရာ ရွေးချယ်ခွင့် - အမျိုးသမီးများ၏ ...
20/05/2025

𝗦𝗲𝗮𝘀𝗼𝗻 𝟱: 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝘁𝗼 𝗣𝗼𝗹𝗶𝘁𝗶𝗰𝗮𝗹
𝘝𝘰𝘪𝘤𝘦. 𝘉𝘰𝘥𝘺. 𝘗𝘰𝘸𝘦𝘳.

အပိုင်း(၁): “မျိုးဆက်ပွားခြင်းဆိုင်ရာ ရွေးချယ်ခွင့် - အမျိုးသမီးများ၏ အခွင့်အရေးများနှင့် ရွေးချယ်ခွင့်များကို လေ့လာခြင်း”

ဒီတစ်ခေါက် ပထမဆုံးအပိုင်း(၁)ကတော့ ပြင်သစ်ယဉ်ကျေးမှုဌာနတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့်ကျင်းပခဲ့သော ရက်သတ္တပတ်အတွင်းမှာ မျိုးဆက်ပွားခြင်းဆိုင်ရာ ရွေးချယ်ခွင့် နဲ့ပတ်သက်ပြီး တိုက်ရိုက်ထုတ်လွှင့်ဆွေးနွေးထားတဲ့အရာကို မှတ်တမ်းထားတာပဲဖြစ်ပါတယ်။ DKT Myanmar မှ ဒေါက်တာစုမွန်သော် နဲ့အတူ သူနာပြုဆရာမ မစန္ဒာလှိုင်တို့ကပါဝင်ထားပြီး ဘေးကင်းသော ကိုယ်ဝန်ဖျက်ချခွင့်၊ ရွေးချယ်ပိုင်ခွင့်နှင့် ကျေးလက်ဒေသနှင့် မြို့ပြဒေသများတွင် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်ရာတွင် အမျိုးသမီးများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများကို ဆွေးနွေးပါတယ်။ ဆေးဘက်ဆိုင်ရာရှုထောင့်နဲ့ ဖီးမနစ်ရှုထောင့်ကို အခြေခံထားတာကြောင့် အခုပေါ့ကတ်စ်မှာ ကိုယ်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးဆုံးဖြတ်ပိုင်ခွင့်နဲ့ လုပ်ပိုင်ခွင့်စတဲ့အကြောင်းအရာတွေကိုလည်း အခြေခံထားပါတယ်။

နားဆင်ရန် - https://on.soundcloud.com/KzptGGj3vRs6yw8x5

[In English]

Episode (1) : Reproductive Choice: Exploring Women’s Rights & Options

This very first episode was recorded live at Institut Français de Birmanie (IFB) during Women’s Rights Week, which dives into the realities of reproductive choice in Myanmar. Featuring Dr. Thet Su Mon (Director of Marketing at DKT Myanmar) and Sayama Sandar Hlaing (Nurse), we discuss access to safe abortions, the right to choose, and the challenges women face in navigating reproductive healthcare both in rural and urban areas. With medical insights and grounded feminist perspectives, this episode centers on the urgency of bodily autonomy and informed decision-making.

Listen here : https://on.soundcloud.com/KzptGGj3vRs6yw8x5

Follow our socials for further updates
Facebook : www.facebook.com/gtawzagarwyne/
Sound Cloud : https://soundcloud.com/g-taw-zagar-wyne-podcast
Spotify : open.spotify.com/show/4W80LIG2haqa3NxiJvF7AB

Please contact us at [email protected] for any inquiry.


𝗦𝗲𝗮𝘀𝗼𝗻 𝟱: 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝘁𝗼 𝗣𝗼𝗹𝗶𝘁𝗶𝗰𝗮𝗹𝘝𝘰𝘪𝘤𝘦. 𝘉𝘰𝘥𝘺. 𝘗𝘰𝘸𝘦𝘳.ဒီခေါင်းစဉ်မှာတော့ ကိုယ်ရေးကိုယ်တာကနေငြင်းဆန်လို့မရတဲ့ နိုင်ငံရေးနဲ့ဆိ...
20/05/2025

𝗦𝗲𝗮𝘀𝗼𝗻 𝟱: 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝘁𝗼 𝗣𝗼𝗹𝗶𝘁𝗶𝗰𝗮𝗹
𝘝𝘰𝘪𝘤𝘦. 𝘉𝘰𝘥𝘺. 𝘗𝘰𝘸𝘦𝘳.

ဒီခေါင်းစဉ်မှာတော့ ကိုယ်ရေးကိုယ်တာကနေငြင်းဆန်လို့မရတဲ့ နိုင်ငံရေးနဲ့ဆိုင်တဲ့ဟာတွေဘယ်လိုဖြစ်လာတယ်ဆိုတာကို အတွင်းဘက်ရော အပြင်ဘက်ရော ရှုထောင့်နှစ်ခုနဲ့လှည့်ပြီး လေ့လာသွားမှာပဲဖြစ်ပါတယ်။ အခု ကြီးတော်စကားဝိုင်းရဲ့ ခေါင်းစဉ်မှာ ကိုယ်ပိုင်တဲ့ ကိုယ်ရဲ့ခန္ဓာကိုယ်နဲ့ ဆုံးဖြတ်ချက်တွေကနေ နှုတ်ဆိတ်နေရတဲ့အရာတွေအထိ၊ ရာသီသွေးနဲ့ပတ်သက်တဲ့အကြောင်းအရာကနေ ကိုယ့်ကိုကိုယ်ပိုင်ဆိုင်ခြင်းအထိဆိုင်တဲ့အရာတွေနဲ့ ပတ်သက်ပြီး မပြောဖြစ်ဖြစ်ဘဲ ဖုံးကွယ်ခြင်းခံရတာတွေ၊ အလေးပေးမခံရတာတွေကို အရေးပေးပြီးဆွေးနွေးသွားမှာပါ။ ဒါ့အပြင် စိန်ခေါ်မှုတွေ၊ မေးခွန်းထုတ်မှုတွေ၊ ပြန်လည်ရယူမှုတွေရဲ့ အသံတွေ၊ ခံနိုင်ရည်နဲ့ ကြံ့ခိုင်မှုရှိတဲ့ ဇာတ်လမ်းအကြောင်းအရာတွေလည်း ကြားရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ဒီအကြောင်းအရာတွေကို ထောက်ပြရှင်းလင်းသွားမှာမဟုတ်ဘဲ ခံစားနားစဉ်ဖို့အတွက်ပဲ ဖြစ်ပါတယ်။

နားဆင်ရန် - https://on.soundcloud.com/oijLXc5fy4SeuTJt7

────────────

This season, we turn inward — and outward — to explore how the deeply personal becomes undeniably political. From the choices we make with our bodies to the silences we carry, from bleeding to belonging, this season of G-Taw Zagar Wyne holds space for stories that are often kept hidden or dismissed. You’ll hear voices that challenge, question, and reclaim — stories of resilience, resistance, and everything in between. We’re not here to simplify. We’re here to speak, feel, and rise.

Stay tuned here >>> https://on.soundcloud.com/oijLXc5fy4SeuTJt7

Follow our socials for further updates
Facebook : www.facebook.com/gtawzagarwyne/
Sound Cloud : https://soundcloud.com/g-taw-zagar-wyne-podcast
Spotify : open.spotify.com/show/4W80LIG2haqa3NxiJvF7AB

လျှောက်လွှာ ပိတ်ရန်အား ထပ်မံတိုးမြှင့်ထားတာဖြစ်လို့ စိတ်ပါဝင်စားသူများ လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးပါနော်
05/03/2025

လျှောက်လွှာ ပိတ်ရန်အား ထပ်မံတိုးမြှင့်ထားတာဖြစ်လို့ စိတ်ပါဝင်စားသူများ လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးပါနော်

ဖီးမနစ်စာပေပြိုင်ပွဲ အမှတ်စဥ် (၁၀) "အနုပညာ ဖန်တီးရင်း ရာသီသွေးအမြင်များ ပြောင်းလဲခြင်း" ခေါင်းစဥ်အောက်တွင် အနုပညာလက်ရာဖန်တီးမှုများ ပါ၀င်ယှဉ်ပြိုင်နိုင်ဖို့လျှောက်လွှာတင်ရန် အချိန် (၃) ရက်ပဲလိုပါတော့တယ်။ အချိန်မှီလျှောက်လွှာတင်လိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

လျှောက်ထားရန် - https://forms.gle/dv7LhV21JBevBk329
နောက်ဆုံးထားလျှောက်ထားရန် - မတ်လ ၇ ရက်၊ ၂၀၂၅ခုနှစ်

အသေးစိတ်ဖတ်ရှုရန် - https://www.facebook.com/share/1HGNUuYmWo/?mibextid=wwXIfr

တစ်စုံတစ်ရာ သိရှိလိုပါက [email protected] သို့ အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါသည်။



12/08/2024

"‌သမ္မဂ္ဂတွေပျက်နေတဲ့စက်ရုံ၊ အလုပ်သမားအခွင့်အရေးတွေမသိတဲ့စက်ရုံဆိုရင် အလုပ်သမားတွေက နေ့ရော၊ ညရော ပေးဆပ်တယ်ဆိုပေမဲ့ သူတို့ရရှိတဲ့လုပ်အားခတွေက ဥပဒေနဲ့အညီ မခံစားရတဲ့အလုပ်သမားတွေ အများကြီး ရှိတယ်။ အလုပ်သမားတွေက အချိန်တွေအများကြီး အလုပ်ရှင်ကို ပေးရတယ်။ ပြင်ပမှာ လွတ်လွတ်လပ်လပ်တနေ့တာကို ဖြတ်သန်းလို့ရတဲ့လူငယ်တွေဟာ အခြေအနေအမျိုးမျိုးကြောင့် လုပ်ငန်းခွင်ထဲမှာ ဖြတ်သန်းရတယ်။"

- Moe Sandar Myint (Founder of the Federation of Garment Workers)

G-Taw Zagar Wyne Podcast အစီအစဉ်မှာ Moe Sandar Myint ပါ၀င်ဆွေးနွေးထားတဲ့ "Journey to Justice With Garment Workers" ပေါ့ကတ်စ်ကို အောက်ပါလင့်ခ်မှတဆင့် နားဆင်နိုင်ပါတယ်။
နားဆင်ရန် - https://on.soundcloud.com/TQqkf82B1sekeJwx5


ရာသီသွေးအကြောင်း ကျပန်းစကားပြောပြိုင်ပွဲလေးကို စိတ်ပါဝင်စားသူတိုင်း တက်ရောက်နားဆင်နိုင်ပါကြောင်း သတင်းကောင်းမျှဝေလိုက်ပါ...
05/08/2024

ရာသီသွေးအကြောင်း ကျပန်းစကားပြောပြိုင်ပွဲလေးကို စိတ်ပါဝင်စားသူတိုင်း တက်ရောက်နားဆင်နိုင်ပါကြောင်း သတင်းကောင်းမျှဝေလိုက်ပါတယ်

ရာသီသွေးနဲ့ ပတ်သက်တဲ့ မတူညီတဲ့ ရှုထောင့်တွေ၊ ဆန်းသစ်တဲ့အတွေးအမြင်တွေကို မြန်မာနိုင်ငံရဲ့ နေရာဒေသအသီးသီးမှ လူငယ်တွေရဲ့ အားတက်သရောယှဥ်ပြိုင်မှုကို ကြည့်ရှုနားဆင်နိုင်မယ့် 𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 𝗶𝗻 𝗔𝗰𝘁𝗶𝗼𝗻 𝗠𝗲𝗻𝘀𝘁𝗿𝘂𝗮𝗹 𝗜𝗺𝗽𝗿𝗼𝗺𝗽𝘁𝘂 𝗧𝗮𝗹𝗸 အွန်လိိိုင်းကျပန်းစကားပြိုင်ပွဲကို မိတ်ဆက်ပေးပါရစေ။

ဒီအွန်လိိုင်းကျပန်းစကားပြောပြိုင်ပွဲမှာယှဥ်ပြိုင်ဖို့ ရွေးချယ်ခံရတဲ့ လူငယ်တစ်ဦးချင်းစီကနေ ရာသီသွေးနဲ့ပတ်သက်တဲ့ ကြီးပြင်းလာတဲ့ လူမှုအသိုင်းအ၀ိုင်းက အခက်အခဲတွေ၊ ရာသီသွေးနဲ့ ပတ်သက်တဲ့ လွဲမှားနေတဲ့ အယူအဆတွေ၊ လက်တွေ့ဖော်ဆောင်ဖို့လိုအပ်နေတဲ့ ဖြေရှင်းချက်တွေကို ဘယ်လိုထောက်ပြဖော်ထုတ်သွားမလဲဆိုတာကို နားဆင်နိုင်မယ့် အခွင့်အရေးမလို့ လာရောက်ကြည့်ရှုအားပေးဖိို့အတွက် တိုက်တွန်းလိုက်ပါတယ်။

ယခုအွန်လိိုင်းကျပန်းစကားပြောပြိုင်ပွဲမှာ ပါ၀င်နားဆင်လိုသူများအနေနဲ့ အောက်ပါလင့်ခ်မှ စာရင်းပေးသွင်းပြီး အခမဲ့ ၀င်ရောက်နားဆင်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

စာရင်းပေးသွင်းရန် >>> https://us06web.zoom.us/meeting/register/tZYldOqqrDwtGd13jiZqddVoSlAbTUbiNC6a

𝗘𝘃𝗲𝗻𝘁 𝗗𝗲𝘁𝗮𝗶𝗹𝘀
🗓️ 𝗗𝗮𝘁𝗲 : 𝟭𝟭𝘁𝗵 𝗔𝘂𝗴𝘂𝘀𝘁, 𝟮𝟬𝟮𝟰 (𝗦𝘂𝗻𝗱𝗮𝘆)
🕙 𝗧𝗶𝗺𝗲 : 𝟭𝟬:𝟬𝟬 𝗔𝗠 - 𝟮:𝟯𝟬 𝗣𝗠 (𝗠𝗠 𝗧𝗶𝗺𝗲)
💻 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺 : 𝗭𝗼𝗼𝗺

အခက်အခဲတစုံတရာရှိပါက A Ni Yaung Yar Thi page Messenger
သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#‌aniyaungyarthi

Here's a thrilling opportunity brought to you by Purple Feminists Group
16/07/2024

Here's a thrilling opportunity brought to you by Purple Feminists Group

𝗖𝗮𝗹𝗹𝗶𝗻𝗴 𝗙𝗼𝗿 𝗩𝗶𝗱𝗲𝗼 𝗦𝘂𝗯𝗺𝗶𝘀𝘀𝗶𝗼𝗻𝘀

—---------
[English Version Below]

Purple Feminists Group မှ ခေါ်ယူလျက်ရှိတဲ့ ဗီဒီယိုလျှောက်လွှာ‌ခေါ်ယူမှုအစီအစဉ်မှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် စိတ်အားထက်သန်သူများ သိချင်တဲ့ မေးခွန်းတစ်ချို့ကို အောက်မှာ ပြန်လည်ဖြေဆိုပေးထားပါတယ်။ လျှောက်လွှာပိတ်ရက်ကလည်း နီးလာပြီမလို့ လက်လွှတ်မခံဖို့အတွက် အခုပဲ လျှောက်လိုက်‌တော့နော်။

❓ယခုလျှောက်လွှာခေါ်ယူမှုမှာ ဘယ်သူတွေပါဝင်လို့ရလဲ။
အသက်၊ ဂျဲန်ဒါ အကန့်အသတ်မရှိ မြန်မာနိုင်ငံသား မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။

❓ပြည်ပရောက်နေပါက ပါဝင်နိုင်ပါသလား။
ပြည်ပရောက်နေသူများအနေဖြင့်လည်း မြန်မာနိုင်ငံသားခံယူထားပါက ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။

❓အသက်မပြည့်သေးတဲ့ ကလေးတွေရော ပါဝင်လို့ရလား။
ရိုက်ကူးရေးတွင် အသက် (၁၆) နှစ်မပြည့်သေးတဲ့ ကလေးသူငယ်များ ပါဝင်ပါက ပါဝင်ရန် သဘောတူညီကြောင်း လတ်မှတ်ရေးထိုးဖို့ လိုအပ်ပါတယ်။ လျှောက်လွှာထဲရှိ ပါဝင်မှု သဘောတူညီချက်ကဏ္ဍကို ကြည့်ရှုဖို့အတွက် တိုက်တွန်းလိုပါတယ်။

❓အဖွဲ့အနေနဲ့ရော ပါဝင်ယှဉ်ပြိုင်နိုင်သလား။
တစ်ယောက်ချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။ ဒါပေမဲ့ လျှောက်လွှာကို တစ်ဦးချင်းအတွက်ရော၊ အဖွဲ့လိုက်အတွက်ပါ သီးသန့်ပြင်ဆင်ထားတာမလို့ မိမိယှဉ်ပြိုင်လိုတဲ့ကဏ္ဍအလိုက် ရွေးချယ်ပြီး ဖြည့်စွက်ဖို့အတွက် အကြံပြုပါတယ်။

❓အဖွဲ့တစ်ဖွဲ့မှာ အဖွဲ့ဝင်ဘယ်နှယောက်ပါဝင်နိုင်ပါသလဲ။
အဖွဲ့ဝင်အရေအတွက် ကန့်သတ်ထားတာမျိုးမရှိပါဘူး။ ဒါပေမဲ့ အဖွဲ့လိုက် ဟန်ချက်ညီစွာ တာဝန်ခွဲဝေနိုင်ပြီး မိမိရဲ့ပရောဂျက် ကောင်းမွန်စွာပြီးမြောက်ဖို့အတွက် အဖွဲ့ဝင် ငါးယောက်ထက်မပိုဖို့တော့ အကြံပြုလိုပါတယ်။

❓ရိုက်ကူးရေးတွင်ပါဝင်သူများစာရင်းနဲ့ အဖွဲ့ဝင်စာရင်းနဲ့ကရော ဘာကွာလဲ။
ဒါကတော့ မိမိအဖွဲ့လိုက် ဆုံးဖြတ်ဖို့လိုပါတယ်။ ယေဘုယျအားဖြင့် အဖွဲ့ဝင်တွေက မိမိပရောဂျက် စ၊ လယ်၊ ဆုံး ဖြစ်မြောက်ရေးအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်တဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ အဖွဲ့ဝင်တွေအနေနဲ့ တခြားသော ရိုက်ကူးရေးတွင်အသုံးပြုဖို့ လိုအပ်သည့်သူများကို စုံစမ်းဆက်သွယ်သင့်ပါတယ်။ ဥပမာအားဖြင့် ရိုက်ကူးရေးတွင် ပါဝင်ဖို့ သရုပ်ဆောင်လိုအပ်ပါက အဖွဲ့ဝင်ထဲကတစ်ယောက်ယောက်က ထိုကာရိုက်တာနဲ့ သင့်တော်မယ့်သူကို ရှာဖွေပြီး ပါဝင်ဖို့အတွက် ကမ်းလှမ်းနိုင်ပါတယ်။

❓တစ်ဦးချင်းစီဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ဗီဒီယိုဘယ်နှခါ ပါဝင်လျှောက်ထားနိုင်ပါသလဲ။
တစ်ဦးချင်းစီဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ဗီဒီယိုတစ်ခုသာ ပါဝင်လျှောက်ထားနိုင်ပါတယ်။

❓ပြိုင်ပွဲအတွက် ဘယ်လို ဗီဒီယိုအမျိုးအစားတွေကို လက်ခံသွားမလဲ။
✔️Short Film (ဇာတ်လမ်းတို)
✔️Documentary (မှတ်တမ်းရုပ်ရှင်)
✔️ Animated Video (အန်နီမေးရှင်း ဗီဒီယို)
✔️ Role Play / Monologue
✔️ Performance Art
✔️ Interview-based educational video (အင်တာဗျူးအခြေပြု ပညာပေး ဗီဒီယို)

⚠️ မှတ်ချက်- စာသားများကိုသာ အသုံးပြုထားသည့် ပညာပေးဗီဒီယိုကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

❓ဗီဒီယိုတွင် မည်သည့်ဘာသာစကားကို အသုံးပြုရမလဲ။
မြန်မာဘာသာစကားကိုသာ အသုံးပြု‌ဖို့ လိုအပ်ပါတယ်။ အင်္ဂလိပ်စာတန်းထိုး ထည့်ပေးနိုင်ပါက ပိုမိုကောင်းမွန်ပါတယ်။

❓ရွေးချယ်ခံရတဲ့သူတွေအတွက်‌ ဆုကြေးငွေရှိလား။
ဟုတ်ကဲ့ ‌ဆုကြေးငွေ သတ်မှတ်ချက်ကိုတော့ အရွေးချယ်ခံရတဲ့ဗီဒီယိုတွေကို ကြေညာပေးမဲ့ ပြိုင်ပွဲနေ့မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲရက်ကိုတော့ မကြာခင်မှာ ပြန်လည်ကြေညာပေးသွားမလို့ စောင့်မျှော်ပေး‌ကြပါဦး။

ပြိုင်ပွဲအကြောင်းအသေးစိတ်ကိုတော့ အောက်ပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

🔗 https://www.facebook.com/share/p/YiyP99sm1Wjkcs9t/?mibextid=oFDknk

ယခုပြိုင်ပွဲနဲ့ပတ်သက်ပြီး တစုံတရာသိရှိလိုပါက A Ni Yaung Yar Thi page Messenger (သို့မဟုတ်) [email protected] သို့ ဆက်သွယ်၍ မေးမြန်းနိုင်ပါတယ်။

—-----

Here are some of the frequently asked questions about the video submissions announced by Purple Feminists Group. As the deadline is approaching, let's grab the chance and participate in this thrilling video submission.

❓Who is eligible to participate in the video submission?
Any Myanmar nationality can participate. There are no age or gender restrictions.

❓If I am outside of the country, am I still eligible to participate in this competition?
Absolutely! Anyone outside of the country will be considered to participate in this competition as long as a person holds Myanmar nationality.

❓Are children under the legal age allowed to participate in the competition?
Yes, but children under the age of 16 involved in the production must sign a consent form. Please kindly refer to the consent of participation section in the application form.

❓Can we apply for the submission as a team?
Both individual and group works are eligible for submission. Please do note that there are separate application forms for individual submission and group submission. Please choose it carefully.

❓Is there a limitation on the number of group members in one group?
There is no specified limit on the number of members in a group. However, we do suggest having a maximum of five members in a group to result in a better performance in team work which is the success of the group work.

❓Is there any difference between team members and crew list?
It depends on the collective decision as a group. Generally, the team members that apply for the submission are the ones that play a vital role in making all of the critical decisions since the beginning of the project. You may seek other crew members that are needed for each role accordingly. For example, you may look for an actor for the production although that person may not be in the list of the team members.

❓How many video submissions can each individual or group submit?
Each individual or group is allowed to submit ONLY one video submission.

❓Are there specific types of videos that can be submitted?
Yes, the types of videos that can be submitted include:
• Short Film
• Documentary
• Animated Video
• Role Play / Monologue
• Performance Art
• Interview-based educational video
⚠️Note: Educational videos solely with texts will not be considered in selection.

❓What languages can be used in the video?
The videos must use Burmese language ONLY. Including English subtitles is preferable.

❓Are there any rewards for selected video submissions?
Creators of the selected videos will be awarded. The award prize will be announced on the day of the event.

Learn more about the submission >>> https://www.facebook.com/share/p/YiyP99sm1Wjkcs9t/?mibextid=oFDknk

For further inquiries regarding the video submissions, you can contact [email protected] via email.

#‌aniyaungyarthi

ပြည်ပမှအလှူရှင်များအနေနဲ့ လစဉ်သုံးပစ္စည်းလှူဒါန်းမှုတွင် ပါဝင်နိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။ 💡အသေးစိတ်အချက်အလက်များအား P...
12/06/2024

ပြည်ပမှအလှူရှင်များအနေနဲ့ လစဉ်သုံးပစ္စည်းလှူဒါန်းမှုတွင် ပါဝင်နိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။ 💡

အသေးစိတ်အချက်အလက်များအား Page Messengerတွင် ဆက်သွယ်မေးမြန်းလိုက်ပါ။

✴️𝗣𝗮𝗱𝘀 𝗖𝗮𝗿𝗲 - 𝗔 𝗣𝗮𝗰𝗸 𝗠𝗮𝗸𝗲𝘀 𝗔 𝗗𝗶𝗳𝗳𝗲𝗿𝗲𝗻𝗰𝗲(လှူလည်းလှူ ကူပွန်လည်းယူ)Pads Donation Alert📢See description below for more detai...
10/06/2024

✴️𝗣𝗮𝗱𝘀 𝗖𝗮𝗿𝗲 - 𝗔 𝗣𝗮𝗰𝗸 𝗠𝗮𝗸𝗲𝘀 𝗔 𝗗𝗶𝗳𝗳𝗲𝗿𝗲𝗻𝗰𝗲
(လှူလည်းလှူ ကူပွန်လည်းယူ)

Pads Donation Alert📢

See description below for more details 👇👇

✴️𝗣𝗮𝗱𝘀 𝗖𝗮𝗿𝗲 - 𝗔 𝗣𝗮𝗰𝗸 𝗠𝗮𝗸𝗲𝘀 𝗔 𝗗𝗶𝗳𝗳𝗲𝗿𝗲𝗻𝗰𝗲
(လှူလည်းလှူ ကူပွန်လည်းယူ)

💢 ငွေငါးထောင်ကျပ်ဖြင့် ရာသီသွေးစီးဆင်းမှု အခွင့်ရေးအား ကာကွယ်ပေးကြပါစို့ 💢

Period Poverty လို့ခေါ်တဲ့ ရာသီသွေးစီးဆင်းမှုအပေါ် ထောက်ပံ့မှုနည်းပါးခြင်းပြဿနာဟာ မြန်မာနိုင်ငံ ဒေသအသီးသီးက အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ နေ့တဓူဝဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းကာလတွေမှာ ရင်ဆိုင်လာရတဲ့ ကုန်ဈေးနှုန်းမြင့်မားမှုနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် စစ်ဘေးရှောင်စခန်းနဲ့ အခြေခံမိသားစုထဲက အမျိုးသမီးတွေ ၊ ကျေးလတ် တောင်တန်းဒေသတွေမှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ ရာသီစက်ဝန်းကာလတွေမှာ အသုံးပြုရတဲ့ ဂွမ်းထုပ် (pad) ကို တစ်နေ့လုံး အသစ်မလဲလှယ်နိုင်ပဲ နာရီ‌ပေါင်းများစွာအသုံးပြုရခြင်း၊ တချို့ဒေသများတွင် အဝတ်စဟောင်းများနဲ့ သစ်ရွက်ခြောက်များကို အစားထိုး အသုံးပြုရခြင်းကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး အကျိုးဆက်အနေနဲ့ ဆီးလမ်းကြောင်း ပိုးဝင်မှုကဲ့သို့သော ကျန်းမာရေးပြဿနာများနဲ့ ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိပါတယ်။ ဒီလိုအခြေနေများကို ရင်ဆိုင်နေရခြင်းရဲ့ အဓိက အကြောင်းအရင်းတွေမှာ လုံလောက်တဲ့ လစဉ်သုံးပစ္စည်း ‌‌‌‌‌‌‌‌‌‌‌ထောက်ပံ့မှုမရရှိခြင်းဟာလည်း အပါအဝင်ဖြစ်တာကြောင့် Purple Feminists Group မှ လိုအပ်တဲ့နေရာတွေကို လစဉ်သုံးပစ္စည်းများ လှူဒါန်းပေးနိုင်ဖို့အတွက် "Pads Care - A Pack Make A Difference" ဆိုတဲ့ Pads Donation အစီအစဉ်လေးကို ပြုလုပ်သွားမှာဖြစ်ပါတယ်။

Purple Feminists Group မှ ပထမအကြိမ်အဖြစ်၂၀၂၂ခုနှစ်တွင် ရှမ်း၊ ရခိုင်နဲ့ စစ်ကိုင်းကဲ့သို့သော အများဆုံးလိုအပ်နေတဲ့ နေရာတွေကို လှူဒါန်းမှုပြုနိုင်ခဲ့ပြီး ၂၀၂၃ခုနှစ်တွင်လည်း ရခိုင်ဒေသအတွက် လှူဒါန်းပေးခဲ့ပါတယ်။ ယခုတစ်ကြိမ်မှာတော့ မိမိတို့ကိုယ်တိုင် ပါဝင်လှူဒါန်းရင်း PFGကနေ ရောင်းချလျက်ရှိတဲ့ အမှတ်တရပစ္စည်းများ ဝယ်ယူဖို့အတွက် Discount ကူပွန်လေးပါ လက်ဆောင်ရရှိမယ့် အစီစဉ်လေးကိုလည်း ထည့်သွင်းပေးထားပါတယ်။ 🎉✴️

📌 ဘယ်လိုပါဝင်လှူဒါန်းနိုင်မှာလဲ။
PFG အနေနဲ့ အမျိုးသမီးတစ်ဦးရဲ့ ရာသီစက်ဝန်းကို အထောက်အကူပြုစေမယ့် လစဉ်သုံးဂွမ်းထုပ်တစ်ထုပ်နဲ့ ညီမျှတဲ့ Package တစ်ခုအား ငွေကျပ်တန်ဖိုး ငါးထောင်ကျပ် သတ်မှတ်ထားရှိပြီး မိမိကူညီပေးချင်သလောက် လူဦးရေပမာဏအထိ ထပ်တိုးလှူဒါန်းသွားနိုင်ပါတယ်။

📌 ကူပွန်လက်ဆောင် ဘယ်လိုရယူနိုင်မလဲ။
လာရောက်လှူဒါန်းပေးတဲ့ အလှူရှင်များအတွက် မိမိလှူဒါန်းတဲ့ Package အပေါ် မူတည်ပြီး Coupon Gift ရရှိမှာပဲ ဖြစ်ပါတယ်။ ဒီကူပွန်လေးတွေကို Purple Feminists Group မှ ထုတ်လုပ်ရောင်းချလျှက်ရှိတဲ့ ပစ္စည်းများကို ဝယ်ယူရာမှာ ပြန်လည်အသုံးပြုနိုင်ပါတယ်။

Coupon တစ်ခုကို ပစ္စည်းတစ်ခုအတွက်သာ အသုံးပြုနိုင်မှာပဲဖြစ်ပြီး Coupon ရဲ့ သက်တမ်းကတော့ မိမိတို့စတင်လှူဒါန်းတဲ့ နေ့ရက်ကစတင်ပြီး နောက်ထပ်ခြောက်လအထိ အကျုံးဝင်မှာပဲဖြစ်ပါတယ်။

📌 𝐂𝐨𝐮𝐩𝐨𝐧 𝐏𝐚𝐜𝐤𝐚𝐠𝐞
လစဉ်သုံးပစ္စည်း တစ်ထုပ်စာ > 10% off
လစဉ်သုံးပစ္စည်း သုံးထုပ်စာ > 15% off
လစဉ်သုံးပစ္စည်း ငါးထုပ်စာ > 20% off
လစဉ်သုံးပစ္စည်း ဆယ်ထုပ်စာ > 30% off
လစဉ်သုံးပစ္စည်း ဆယ်ထုပ်စာနှင့်အထက် > 50% off

🛑 ပြည်ပကသူတွေအနေနဲ့ ပါဝင်လှူဒါန်းနိုင်မယ့် အစီအစဉ်လေးကိုလည်း မကြာခင် တင်ပေးသွားမှာမလို့ စောင့်မျှော်ပေးကြဖို့အတွက် တိုက်တွန်းလိုပါတယ်။

➡️ ယခုFundraisingကို ယနေ့မှစတင်ပါဝင်နိုင်ပြီး ၂၀၂၄ခုနှစ် ဒီဇင်ဘာလအထိ ကောက်ခံပေးသွားမှာ ဖြစ်လို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးလိုက်ပါတယ်။

Fundraising Project အကြောင်း ပိုမိုသိရှိလိုပါက A Ni Yaung Yar Thi page Messengerကို တိုက်ရိုက်ဆက်သွယ်နိုင်သလို [email protected] ကိုလည်း အီးမေးလ်ပို့၍လည်း စုံစမ်းမေးမြန်းနိုင်ပါတယ်။

--------
[English Version]
✴️𝗣𝗮𝗱𝘀 𝗖𝗮𝗿𝗲 - 𝗔 𝗣𝗮𝗰𝗸 𝗠𝗮𝗸𝗲𝘀 𝗔 𝗗𝗶𝗳𝗳𝗲𝗿𝗲𝗻𝗰𝗲

Let’s combat menstrual rights with 5000 MMKs.

Period poverty is a common social issue that women in Myanmar face daily. After the 2021 military coup, due to inflation and armed conflicts, women in refugee camps, basic class families, and women in rural areas were often forced to use a single pad for an extended period beyond the recommended hours. In some rural areas, old cloth and leaves are used as substitutes, leading to infections such as urinary tract infections.

One of the main causes of these struggles is the lack of menstrual supplies and accessibility. Thus, Purple Feminists Group has launched an initiative, titled “Pads Care - A Pack Makes A Difference,” which aims to donate pads to women in need.

PFG has previously donated pads to the most needy regions of Myanmar, such as Shan State, Rakhine State, and the Sagaing Division in 2021, and again in Rakhine State in 2023. This time, in 2024, you can receive a discount coupon for PFG merchandise when you donate pads packages.

📌 How can one participate in this fundraising?
The minimum amount to donate pads for a woman helping her menstrual cycle, one package equal to 5000 MMKs. Depending on your donation packages, you will receive a discount coupon as follows.

📌 𝐂𝐨𝐮𝐩𝐨𝐧 𝐏𝐚𝐜𝐤𝐚𝐠𝐞
One Pack Donate > 10% off
Three Packs Donate > 15% off
Five Packs Donate > 20% off
Ten Packs Donate > 30% off
Above Ten Packs Donate > 50% off

Coupons can be used for any product by Purple Feminists Group except two translation books ("Why We Should All Be Feminists" Translation and "Dear ljeawele, or a Feminist Manifesto in Fifteen Suggestions")

⚠️ NOTE : Coupon will be activated on the day of your donation and will be valid until next six months

🛑 Another exciting news for international audiences to participate in this fundraising will be announced on our page very soon. Stay tuned!

🗓️ Donation will be opened until December.

For further information and inquiries, please contact A Ni Yaung Yar Thi page or email us at [email protected] .



PFG မှ စီစဉ်ကျင်းပခဲ့တဲ့ “ကြီးတော်စကားဝိုင်း” live podcast recording session မှာရောင်းချပေးခဲ့တဲ့ merchandise များကို ထပ...
14/04/2024

PFG မှ စီစဉ်ကျင်းပခဲ့တဲ့ “ကြီးတော်စကားဝိုင်း” live podcast recording session မှာရောင်းချပေးခဲ့တဲ့ merchandise များကို ထပ်မံဝယ်ယူလိုသူများ၊ ပွဲကိုအကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်ခဲ့ပေမဲ့ products များကို စိတ်ဝင်တစားမေးမြန်းနေသူများအတွက် ထိုပွဲတွင် ရောင်းချပေးခဲ့တဲ့ ပစ္စည်းလေးတွေကို မှာယူလို့ရပြီဖြစ်ကြောင်း သတင်းကောင်းပါအပ်ပါတယ်။

ရောင်းချပေးမဲ့ ပစ္စည်းတွေနဲ့ စျေးနှုန်းအသေးစိတ်ကို အောက်ကပုံတစ်ပုံချင်းစီမှာ အသေးစိတ် ဖော်ပြပေးထားပါတယ်။

မှာယူလိုပါက page Messenger မှာ မိမိမှာယူလိုတဲ့ပစ္စည်းရဲ့အမည်၊ ပစ္စည်းအရေအတွက်၊ နာမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် တို့ကို ပေးပို့ပြီးမှာယူနိုင်ပါတယ်။ သိလိုသည်များရှိပါကလည်း အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။


Address

Mandalay-Lashio Road
Lashio
11001

Opening Hours

Saturday 09:00 - 17:30
Sunday 09:00 - 17:30

Alerts

Be the first to know and let us send you an email when G-Taw Zagar Wyne Podcast posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to G-Taw Zagar Wyne Podcast:

Share

Category

G-Taw Zagar Wyne Podcast

Welcome to G-Taw Zagar Wyne. This podcast is brought to by Purple Feminists Group organization. We hope listening to this podcast will inspire and empower you. Stay tuned!!!