Lashio General Guide

Lashio General Guide သတင်းများကိုပြန်လည်ကူးယူ

ဖော်ပြ ဝေမျှချင်းသာဖြစ်သည်။✅
(1)

သီပေါတံတား ပိတ်ထားဆဲပါ(30-11-2025)
30/11/2025

သီပေါတံတား ပိတ်ထားဆဲပါ

(30-11-2025)

လားရှိုးတက္ကသိုလ်ကျောင်းတော်ကြီးကို (၂၄-၁၁-၂၀၂၅) တနင်္လာနေ့မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်။၂၀၂...
20/11/2025

လားရှိုးတက္ကသိုလ်ကျောင်းတော်ကြီးကို (၂၄-၁၁-၂၀၂၅) တနင်္လာနေ့မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်ရဲ့ နေ့သင်တန်းများအားလုံး ဘာသာစုံ အတန်းစုံ ဖွင့်သွားမှာဖြစ်ကြောင်းနဲ့ ကျောင်းဝင်ခွင့်မှတ်ပုံတင်ခြင်းကို(၁၇-၁၁-၂၀၂၅)နေ့မှစပြီး လက်ခံဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

ကျောင်းတော်ကြီးဖွင့်ပွဲနေ့ လာရောက်ကြမယ့် သူငယ်ချင်းများ(၂၄-၁၁-၂၀၂၅)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန် ဆုံကြရအောင် 😍😍😍

(၂၀-၁၁-၂၀၂၅)

နောင်ချို - ဒုဌဝတီ - ကျောက်ဂူ - နောင်ဝိုး ဖြတ်၍ရသော်လည်း နမ့်လန်မှာ ဝင်/ထွက်မရပါ,ကောင်းလန်းမရနောက်ဆုံးသိရတဲ့ အနေအထားပါ (...
14/11/2025

နောင်ချို - ဒုဌဝတီ - ကျောက်ဂူ - နောင်ဝိုး ဖြတ်၍ရသော်လည်း နမ့်လန်မှာ ဝင်/ထွက်မရပါ,ကောင်းလန်းမရနောက်ဆုံးသိရတဲ့ အနေအထားပါ (12:02)pm

သီ​ပေါတံတားဒီ​နေ့မနက်သီ​ပေါတံတားအဝင်အထွက်ယာယီပိတ်ထားတယ်လို့ကြားသိရတယ်။  ကား ဆိုင်ကယ် ဖြတ်သန်းလို့မရ​သေးပါ။ခရီးသည်တင်ကားက...
14/11/2025

သီ​ပေါတံတား

ဒီ​နေ့မနက်သီ​ပေါတံတားအဝင်အထွက်
ယာယီပိတ်ထားတယ်လို့ကြားသိရတယ်။

ကား ဆိုင်ကယ် ဖြတ်သန်းလို့မရ​သေးပါ။
ခရီးသည်တင်ကားကြီးကားငယ်​တွေနဲ့
ကုန်တင်ကားကြီး​တွေမြို့တွင်းမြို့ပြင်မှာ
ရပ်နား​စောင့်ဆိုင်း​နေကြရတယ်။

အ​ခြေအ​နေစုံစမ်းသွားလာပါ။တံတား
ဖွင့်ရင်ပြန်တင်​ပေးပါ့မယ်။14.11.25 7AM

 #တစ်လတိတိ အခမဲ့  #ဝိုင်းရှဲချင်းလမ်းညွှန်းကြဆို #ကျောက်မဲမြို့စစ်ဘေးရှောင်မိဘပြည်သူနေရပ်ပြန်နိူင်ရန်အတွက် သတင်းကောင်းပါ...
08/10/2025

#တစ်လတိတိ အခမဲ့ #ဝိုင်းရှဲချင်းလမ်းညွှန်းကြဆို
#ကျောက်မဲမြို့စစ်ဘေးရှောင်မိဘပြည်သူနေရပ်ပြန်နိူင်ရန်အတွက် သတင်းကောင်းပါ

#သိမ်းစံ အဆင့်မြင့်ခရီးသည် သယ်ယူပို့ဆောင်ရေး မှ အခမဲ့ ခရီးသွားဝန်ဆောင်မှု စတင်ပြီ။

မန္တလေး ကျောက်မဲ ခရီးစဉ်အတွက်
တစ်လတိတိ အခမဲ့ သယ်ယူပို့ဆောင်မှု ပြုလုပ်ပေးမည်။

10.10.2025 ရက်တွင် ခရီးစဉ်စတင်မည်။

နေ့စဉ် တစ်ရက် တစ်ကြိမ် ပြေးဆွဲသွားမည်။

🙏 ထို့အပြင် ပါဝင်ကုသိုလ်ယူချင်သော ကားဆရာများလဲ ဖိတ်ခေါ်ပါသည်

အသေးစိတ်သိလိုသူများ
082-2940449 / 09-47307774 / 09-256506633 / 09-797776863 / 09-666642441
တွင် ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

မှတ်ချက် ။ အိမ်ထောင်စု စာရင်း နှင့် ကျောက်မဲနေထိုင်ကြောင်း အထောက်ထား တင်ပြနိူင်ရပါမည် သိရှိရပါသည် ...
လူသားချင်းစာနာမှုနဲ့အတူ
သိမ်းစံ ယာဉ်လိုင်းမှ တစ်လတိတိ #အခမဲ့ခရီးသွားခွင့်ပေးနေပါတယ်။

#သိမ်းစံယာဉ်လိုင်း #အခမဲ့ခရီး #စစ်ဘေးရှောင်အတွက် #ကျောက်မဲမန္တလေးခရီးစဉ် #သယ်ယူပို့ဆောင်ရေး

လားရှိုးလေကြောင်းခရီးစဉ် ပြန်လည်ပျံသန်းရန် စီစဉ်နေ-------------------------ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လေက...
04/09/2025

လားရှိုးလေကြောင်းခရီးစဉ် ပြန်လည်ပျံသန်းရန် စီစဉ်နေ
-------------------------
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လေကြောင်းလိုင်း ခရီးစဉ်တွေကို ယာယီရပ်နားထားရာမှာ မကြာခင် ပြန်လည်ပျံသန်းနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ မြန်မာအမျိုးသားလေကြောင်း(MNA)က သိရပါတယ်။ မြန်မာအမျိုးသားလေကြောင်းအနေနဲ့ ပြည်တွင်းခရီးစဉ်အဖြစ် မြို့နယ်(၂၆)မြို့နယ်ကို ရန်ကုန်မြို့နဲ့မန္တလေးမြို့ တွေကနေ ပျံသန်းပေးနေတာဖြစ်ပါတယ်။

လတ်တလော ရပ်နားထားတဲ့ လေးကြောင်းခရီးစဉ်တွေက လွိုင်ကော်၊ ဗန်းမော်၊ သံတွဲ၊ လားရှိုးနဲ့ အမ်းမြို့ ခရီးစဉ် တွေဖြစ်ပြီး လားရှိုးခရီးစဉ်ကိုတော့ မကြာခင် ပြန်လည်ပျံသန်းဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ မြန်မာအမျိုးသား လေကြောင်း(MNA)ရဲ့ Chief Commercial Officer ဦးမျိုးသူရက ပြောပါတယ်။

မြန်မာအမျိုးသားလေကြောင်းဟာ ပြီးခဲ့တဲ့ ဩဂုတ်၂၅ ရက်က စတင်ကာ ပြည်တွင်းခရီးစဉ်သစ်တွေအဖြစ် မန္တလေး-မကွေး၊ မြစ်ကြီးနား-မကွေး၊ မကွေး-နေပြည်တော်နဲ့ မကွေး-ရန်ကုန် ခရီးစဉ်တွေကို အပတ်စဉ် တနင်္လာ နေ့တိုင်း ပျံသန်းပေးနေတယ်လို့ သိရပါတယ်။

04/09/2025

ယနေ့ 4 - 9 - 2025 မန္တလေး ငလျင်

တော်တော်ကြမ်းတယ်လို့ သိရပါတယ်။

03/09/2025

လားရှိုး (ရပ်ကွက်-၁ )
သံတိုသံစ ရောင်းဝယ်သော အိမ်မှ / ဗူးခွန်ထုရင်
မိုင်ပေါက်ကွဲ ဟုသိရပါသည်။
" ၄ - ဦး ဒဏ်ရာရရှိ " ရန်တိုင်အောင် နှင်းဆီ လမ်းသွယ်

မကြာမီရက်အတွင်း လားရှိုး-ဟိုပိတ်ကြား မြို့ရှောင်လမ်းက တံတားဖြတ်လို့ရ​ေတာ့မယ်.....
27/08/2025

မကြာမီရက်အတွင်း လားရှိုး-ဟိုပိတ်ကြား မြို့ရှောင်လမ်းက တံတားဖြတ်လို့ရ​ေတာ့မယ်.....

ယနေ့ (22 - 8 - 2025 )သရုပ်ငွေ 100Y 56500MMkဒေါ်လာဈေး ရွှေဈေး Yဈေးတွေ ဒီရက်ပိုင်းထဲထိုးကျလာပါတယ်။Lashio General Guide
22/08/2025

ယနေ့ (22 - 8 - 2025 )

သရုပ်ငွေ 100Y 56500MMk

ဒေါ်လာဈေး ရွှေဈေး Yဈေးတွေ ဒီရက်ပိုင်းထဲ

ထိုးကျလာပါတယ်။

Lashio General Guide

18/08/2025

ရွေးကောက်ပွဲကို
ဒီဇင်ဘာ ၂၈ ရက်နေ့
စတင်ကျင်းပမယ်လို့
တရားဝင်ကြေငြာသွားပါတယ်။

လမ်းပိတ်ထားခြင်းမရှိပါ  နမ့်လန်-မိုင်းကိုင်လမ်းပိုင်း!နမ့်လန်-ကျောက်ဂူလမ်းပိုင်း!နောင်ပိန်(အထက်ရဲရွာ)-သာစည်လမ်းပိုင်းမျာ...
11/08/2025

လမ်းပိတ်ထားခြင်းမရှိပါ

နမ့်လန်-မိုင်းကိုင်လမ်းပိုင်း!နမ့်လန်-ကျောက်ဂူလမ်းပိုင်း!နောင်ပိန်(အထက်ရဲရွာ)-သာစည်လမ်းပိုင်းများကို
ယနေ့အထိလမ်းပိတ်ထားခြင်းမရှိပါ။အိမ်စီးကားငယ်
ခရီးသည်ကားငယ်များအတက်အဆင်းပုံမှန်သွားလာ
နေကြပါတယ်။ကုန်တင်သည့်ကားတော့မပြောတတ်ပါ။

ဒီရက်ပိုင်းရာသီဥတုကောင်းမွန်နေ၍နမ့်လန်-ကျောက်ဂူ
လမ်းပိုင်း!နောင်ပိန်(အထက်ရဲရွာ)-သာစည်လမ်းပိုင်းကို
ကားငယ်တွေအဆင်ပြေစွာသွားလာနေကြပါတယ်။

ရာသီဥတုကောင်းရင်တော့ကျောက်ဂူလမ်းနဲ့သာစည်
လမ်းတွေကခရီးတိုပါတယ်။ပြင်ဦးလွင်-နောင်ချိုမှ
ရပ်စောက်လမ်းအတိုင်းလမ်းကြောင်းဖြစ်ပါတယ်။မိုး
အခြေအနေအရအပြောင်းအလဲတော့ရှိတတ်ပါတယ်။

ဒါကတော့လက်တလောသိထားသမျှလမ်းကြောင်း
အနေအထားဖြစ်ပါတယ်။အခြေအနေအချိန်အခါအရ
အပြောင်းအလဲရှိတတ်ပါတယ်။ခရီးသွားနဲ့ယာဥ်မောင်း
မိတ်ဆွေများဘေးကင်းပါစေ။မူလလမ်းမကြီးတွေကို
အမြန်ပြန်လည်အသုံးပြုနိုင်ကြပါစေ။(11.8.2025)



Konay Konay

Address

Shan State
Lashio
06301

Telephone

+8615894440287

Website

Alerts

Be the first to know and let us send you an email when Lashio General Guide posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share