Saw Bwar

Saw Bwar အကောင်းဆုံးတွေ မျှော်လင့်ထားရင်
အဆိုးဆုံးတွေ အတွက်လဲ ပြင်ဆင်ထားပါ

လူညံ့တွေက သူများဖျက်ဆီးတာခံရတယ်လူတော်တွေက ကိုယ့်ဘာသာ  ဖျက်ဆီးကြတယ်လူညံ့တစ်ယောက် လမ်းမှားရင် ဘဝပဲ ပျက်ပေမယ့်လူတော်တစ်ယောက...
30/07/2024

လူညံ့တွေက သူများဖျက်ဆီးတာခံရတယ်
လူတော်တွေက ကိုယ့်ဘာသာ ဖျက်ဆီးကြတယ်

လူညံ့တစ်ယောက် လမ်းမှားရင်
ဘဝပဲ ပျက်ပေမယ့်
လူတော်တစ်ယောက် လမ်းမှားရင်
လောကကြီးပါဖျက်နိုင်တယ်

ခံစားရတဲ့ဝေဒနါတွေသာစာစီပြရရင် ကုန်မယ်မထင်ဘူးဝေဒနါတွေကို ပြန်ပြန်မြိုချရင်းနဲဲ့ပဲ​ရှေ့ဆက်နေရတယ်ဒဏ်ရာတွေငြိမ်သက်သွားအောင်ဆ...
29/07/2024

ခံစားရတဲ့ဝေဒနါတွေသာ
စာစီပြရရင် ကုန်မယ်မထင်ဘူး
ဝေဒနါတွေကို ပြန်ပြန်မြိုချရင်းနဲဲ့ပဲ
​ရှေ့ဆက်နေရတယ်
ဒဏ်ရာတွေငြိမ်သက်သွားအောင်
ဆေးလိပ်ခဲနေလဲ မှုတ်ထုတ်လိုက်တဲ့
ဆေးလိပ်ငွေ့နဲ့ ပါမသွားတာက ခက်တယ်
အိပ်ချိန်ရောက်လို့ မျက်စိမှိတ်လိုက်ရင်တောင်
အဆင်မပြေမှုတွေက မျက်ခွံထဲထိ
လာနှောက်ယှက်နေဆဲ
နေအိမ်ဆိုတာတောင်
အိမ်က ဘုရားစင်က ဘုရားထက်
ငွေက ပိုအရေးပါနေတော့
ပူလောင်မှုတွေက
ပြည့်နှက်နေပြန်တယ်
ဝေဒနါတွေ ပြေပါစေတော့ဆိုပီး
ဘုရားသွားတော့လဲ
ရင်ထဲက အပူက
ရင်ပြင်က အပူထက်
ပိုနေပြန်တော့ ရယ်ချင်မိတယ်
ခက်ပြီရော လောကကြီး

အချိန်ကြာလာတာနဲ့အမျှသတိရမိတာကနယ်မြို့လေးတမြို့ရဲ့လမ်းဘေးကအရင်လို လူစုံတဲ့အရက်ဝိုင်းလေးဘာပကာသနတွေမှ မပါဘဲပိုက်ဆံမပါလဲ ဝင်...
29/07/2024

အချိန်ကြာလာတာနဲ့အမျှ
သတိရမိတာက
နယ်မြို့လေးတမြို့ရဲ့
လမ်းဘေးက
အရင်လို လူစုံတဲ့
အရက်ဝိုင်းလေး

ဘာပကာသနတွေမှ မပါဘဲ
ပိုက်ဆံမပါလဲ ဝင်ထိုင်လို့ရတဲ့
ဘော်ဒါတွေ စုံတဲ့
ရှက်ကီ တီးဝိုင်းလေး

အချိန်တန်ရင် အိမ်ပြန်တဲ့
ယိုင်နဲ့နဲ့ ခြေလှမ်းတွေက
အခုချိန်မှာ အမှတ်တရအနေနဲ့ပဲ
တမ်းတနေရပြီပဲ

ရပ်ကွက်လေးတခုရဲ့
ချောင်ထဲက လက်ဖက်ရည်ဆိုင်လေးမှာ
ဘော်ဒါတွေဆုံရင်း ဂိမ်းထိုင်ဆော့ခဲ့တဲ့
အချိန်​တွေကလဲ အတိတ်ကနေ့ရက်တွေမှာ
ဝေဝါးစွာ ထင်ကျန်နေခဲ့တယ်

အလှူတပွဲ အတူနွဲဖို့ဆိုရင်
လူစုဖို့ မခက်ခဲ့တဲ့ နေ့ရက်တွေလဲ
ပုံပြင်လေးတစ်ပုဒ်လို ထင်မှတ်ခဲ့တယ်

ကိုယ့် အရှေ့ကလမ်းကို မကြည့်နိုင်လောက်အောင်မျှော်လင့်ချက်များစွာပုခုံးထမ်းထားရသူပဲလမ်းမှားရောက်တာ မထူးဆန်းပါဘူး ဆရာရယ်ဒီလ...
29/07/2024

ကိုယ့် အရှေ့ကလမ်းကို မကြည့်နိုင်လောက်အောင်
မျှော်လင့်ချက်များစွာ
ပုခုံးထမ်းထားရသူပဲ
လမ်းမှားရောက်တာ မထူးဆန်းပါဘူး ဆရာရယ်
ဒီလိုပဲ ရှေ့ဆက်ရတာပေါ့

စောင့်ရတယ်ချစ်ခြင်းတွေကို စောင့်ရတယ်အခွင့်အရေးတွေကို စောင့်ရတယ်အချိန်တွေကို စောင့်ရတယ်မုန်းလိုက်တာကွာ
29/07/2024

စောင့်ရတယ်
ချစ်ခြင်းတွေကို စောင့်ရတယ်
အခွင့်အရေးတွေကို စောင့်ရတယ်
အချိန်တွေကို စောင့်ရတယ်

မုန်းလိုက်တာကွာ

ဘယ်လိုနေနေ ရုန်းကန်ရမယ်ဆိုတာပဲဘဝက သင်ပေးလိုက်တယ်  အမေပြည့်စုံတဲ့ မိသားစုတွေလိုပင်ပန်းနေရင် နားလိုက်ပါလို့ မပြောခဲ့ဘူး
27/07/2024

ဘယ်လိုနေနေ ရုန်းကန်ရမယ်ဆိုတာပဲ
ဘဝက သင်ပေးလိုက်တယ် အမေ
ပြည့်စုံတဲ့ မိသားစုတွေလို
ပင်ပန်းနေရင် နားလိုက်ပါလို့ မပြောခဲ့ဘူး

လူထဲက လူပါပဲဘယ်သူမှ မရွေးချယ်ခဲ့တဲ့လူ
08/06/2024

လူထဲက လူပါပဲ
ဘယ်သူမှ မရွေးချယ်ခဲ့တဲ့လူ

မတတ်သာလို့ ခွဲခွာရရင်တောင်ခဏတာတော့ ​ငို​ကြွေးခွင့်ပြုပါ အရှင်မ
05/06/2024

မတတ်သာလို့ ခွဲခွာရရင်တောင်
ခဏတာတော့ ​ငို​ကြွေးခွင့်ပြုပါ အရှင်မ

ကျေးညီနောင်နောက်ဆက်တွဲ.......................................ဗြိတိသျှကိုကိုမောင်ကျေးညီနောင်ဇာတ်လမ်းဟာ ဒီနိုင်ငံမှာ ဟိုးလ...
17/03/2024

ကျေးညီနောင်နောက်ဆက်တွဲ.......................................
ဗြိတိသျှကိုကိုမောင်

ကျေးညီနောင်ဇာတ်လမ်းဟာ ဒီနိုင်ငံမှာ ဟိုးလေးတကျော်ဖြစ်သွားတယ်။

ဒါနဲ့ပဲ စကားချိုသာလိမ္မာယဉ်ကျေးတဲ့ ကျေး ကို ပိုင်ဆိုင်ထားတဲ့ ရသေ့တွေရဲ့ ကျောင်းဟာ တမုဟုတ်ချင်း နာမည်ကျော်ကြားသွားပါလေရော။

လှူမယ့်တန်းမယ့် ဒကာတွေကလည်း ကြိတ်ကြိတ်တိုး။

လိမ္မာယဉ်ကျေးတဲ့ ကျေးလေးကိုလည်း လာကြည့်ကြတာပေါ့။

ဒီတော့ ရသေ့တို့ရဲ့ အချုပ် ရသေ့ကြီး က ဒီလိုစဉ်းစားလိုက်တယ်။

"တကယ်တော့ ကျေးညီနောင် နှစ်ကောင်လုံးကို လူတွေသိနေကြတာပဲ...ခိုးသားဓားပြတွေလက်ထဲက ကျေး ကို ဒီကျောင်းကိုခေါ်ပြီး..စကားအရာချိုသာအောင်..လိမ္မာယဉ်ကျေးအောင် သင်ပေးလိုက်ရင်...သူတို့ညီအကိုလည်း အတူနေရမယ်.ငါတို့ကျောင်းလည်း ပိုနာမည်ကျော်ပြီး ပိုလူစည်မယ်"

ဒါနဲ့ပဲ ရသေ့ကြီးဟာ သူ့ကိုယ်စားလှယ်တွေကို ခိုးသားဓားပြတွေရှိရာလွှတ်ပြီး ကျေး ကို အဝယ်စေခိုင်းလိုက်တယ်။

ကြိုက်စျေးပေါ့။

ခိုးသားဓားပြတွေလည်း ရသေ့ကြီးဆီ စောက်ဆဲသန်တဲ့ ကျေး ကို ရောင်းချလိုက်ပါတယ်။

ဒီလိုနဲ့..ရသေ့ကြီးကျောင်းမှာ ကျေးလေးနှစ်ကောင်ဖြစ်သွားပါပြီ။..............................
ဒုတိယကျေးလေး ရောက်လာပြီးကတည်းက စလို့..ရသေ့ကျောင်းကို ဘယ်သူမှ မလာကြတော့ပါဘူး။

ဆွမ်းကပ်မယ့်လူအုပ်ကြီးလား တဖြည်းဖြည်း ကျဲပါးသွားကြပါပြီ။

ဘာလို့လဲဆိုတော့..ဟိုအဆဲသန်ကျေးရောက်ပြီးကတည်းက.လိမ္မာပြီးသားကျေးတင်မက...တကျောင်းလုံးက ရသေ့တွေပါ အကုန်ဆဲတတ်သွားလို့ပါပဲ။.

တကျောင်းလုံး မိုးမွှန်အောင်ဆဲဆိုနေကြတော့..ရသေ့ကြီးဟာ ကျောင်းပြတင်းကနေ စိတ်ပျက်လက်ပျက်နဲ့ ညည်းတွားလိုက်တယ်။

"ငါလိုးမ ကျေး...စောက်ဒုက္ခတွေပေးတာ..." တဲ့။
Crd - ဗြိတိသျှကိုကိုမောင်

ဒီလိုပါပဲ လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေတာမဟုတ်လား
12/03/2024

ဒီလိုပါပဲ
လူဆိုတာ
မျှော်လင့်ချက်နဲ့
အသက်ရှင်နေတာမဟုတ်လား

ညဥ့်နက်တဲ့အထိ အမူးလွန်အောင် သောက်ပြီးနောက် ကိုရင်မောင်တစ်ယောက် အိမ်ပြန်ရောက်တဲ့အခါ... အိပ်ပျော်နေတဲ့ သူ့မိန်းမရဲ့နဖူးကို...
29/02/2024

ညဥ့်နက်တဲ့အထိ အမူးလွန်အောင် သောက်ပြီးနောက် ကိုရင်မောင်တစ်ယောက် အိမ်ပြန်ရောက်တဲ့အခါ... အိပ်ပျော်နေတဲ့ သူ့မိန်းမရဲ့နဖူးကို ခပ်ဖွဖွလေးနမ်းပြီး ဘေးမှာပဲ ခွေခွေလေး အိပ်ပျော်သွားပါတယ်။

သူနိုးလာတဲ့အခါမှာတော့....

ဘေးမှာ သူ့မိန်းမ မရှိတော့တဲ့အပြင် ဝတ်ရုံအဖြူနဲ့လူကြီးတစ်ယောက် မတ်တပ်ရပ်နေတာကိုသာ မြင်လိုက်ရတဲ့အတွက်...

"ဟင်.... ခင်ဗျား.. ခင်ဗျား ဘယ်သူလဲ။ ကျုပ်မိန်းမရော ဘယ်ရောက်သွားလဲ"

ဝတ်ရုံအဖြူနဲ့လူဟာ စာနာနားလည်စွာနဲ့ပဲ...

"စိတ်လျှော့ပါ ချစ်သား... မင်း အခုရောက်နေတာက မင်းရဲ့အခန်း မဟုတ်တော့ဘူး။ ကောင်းကင်ဘုံနဲ့ ငရဲပြည်ကြား ဖြစ်နေပြီ။ ငါက နတ်မင်းကြီးတစ်ပါးဖြစ်ပြီး မင်းကို ဘယ်ကို ပို့ရမလဲဆိုတာ ဆုံးဖြတ်ရတော့မယ်"

"ဟင်... ဒါဆို ကျုပ်သေသွားပြီပေါ့။ ဒါတော့ မတရားဘူး... ကျုပ် သေရမယ့်အရွယ် မဟုတ်သေးဘူး။ နောက်ပြီး ဘယ်သူ့ကိုမှ နှုတ်မဆက်ရသေးဘူးလေ... အနည်းဆုံးတော့ ကျုပ်မိန်းမကို နှုတ်ဆက်ချင်တာပေါ့"

နတ်မင်းကြီးဟာ အနည်းငယ်စဥ်းစားပြီး...

"မင်း နှုတ်ဆက်လို့တော့ ရမယ်... ဒါပေမယ့် လူ့ပြည်ကိုတော့ လူအဖြစ် ပြန်သွားလို့ မရဘူး။ ခွေး ဒါမှမဟုတ် ကြက်မတစ်ကောင် ဘဝနဲ့ပဲ ခဏပြန်လို့ရမယ်... ကြိုက်ရာကိုရွေးပါ" လို့ ဆိုတဲ့အခါ...

ဘေးတစ်အိမ်ကျော်မှာ ကြက်ခြံတစ်ခုရှိနေတာ သတိရသွားတဲ့ ကိုရင်မောင်ဟာ

"ကြက်မအဖြစ်နဲ့ပဲ ပြန်သွားပါမယ်" လို့ ပြန်ဖြေလိုက်ပါတယ်။....

ချက်ချင်းဆိုသလိုပဲ ကြက်မဘဝနဲ့ ကြက်ခြံထဲ ရောက်သွားတဲ့ ကိုရင်မောင်ဟာ ဘေးပတ်လည်မှာ အခြား ကြက်မတွေ အများကြီးရှိနေတာကို သတိထားမိလိုက်သလို.... ဘဝတူတွေကြား ပျော်ရွှင်သလိုခံစားမိပေမယ့် သူ့ရင်ထဲ တစ်ဆို့ဆို့နဲ့ နေလို့မကောင်းသလိုလည်း ဖြစ်နေတာပေါ့။

ဒီအချိန် ကြက်ခြံပိုင်ရှင်ရဲ့...

"ဟောဒီမှာ... ဒါက အသစ်ရောက်တဲ့ ကြက်မလေး မဟုတ်လား။ သူ မကြာခင် ဥ ဥတော့မယ်ကွ... သိလား" ဆိုတဲ့ စကားကို ကြားရချိန်... ကိုရင်မောင်ဟာ တစ်စုံတစ်ရာကို သတိရမိသွားပြီး ကြိုးစားပြီးညှစ်ကြည့်တဲ့အခါ....

သူ့အမြှီးရဲ့နောက်ကနေ ဥတစ်လုံး ထွက်ကျသွားပြီး သူလည်း နေလို့ထိုင်လို့ ကောင်းသွားပါလေရော။

ဒါ့အပြင် ဥ ဥအပြီးမှာ မိခင်တစ်ယောက်ရဲ့ မေတ္တာကိုလည်း ခံစားနားလည်သွားတာပေါ့။ ရင်ထဲမှာလည်း ပီတိတွေ ဖြာလို့...။

ဒါနဲ့ပဲ ဒုတိယ ဥတစ်လုံး ထပ်မံဥကြည့်ပါတယ်။ ဥ ဥအပြီးမှာ သူဟာ နေထိုင်ကောင်းရုံမက ကြက်မတစ်ကောင် ဘဝကိုပါ ပိုမိုခင်တွယ် သာယာလာပြီး ဂုဏ်ယူနေမိပါတယ်။

ဒီလိုနဲ့ တတိယ ဥတစ်လုံးကို ထပ်ဥဖို့ ကြိုးစားနေဆဲ...

"ဒုန်း" ခနဲ သူ့ခေါင်းကို တစ်စုံတစ်ရာနဲ့ ထုနှက်ခံလိုက်ရတဲ့အပြင် ...

"သေချင်းဆိုး... အရက်တွေ မသောက်ပါနဲ့ပြောတာ မရဘူး... အမူးလွန်ပြီး အိပ်ရာထဲ အီးတွေပါချနေပြပြီ.... ထစမ်း... သေနာကြီး... ထစမ်း" ဆိုတဲ့

သူ့မိန်းမရဲ့ စကားသံကို ကြားလိုက်ရပါတော့တယ်...။

Crd to Owner

မြန်မာလူငယ် = အတင်းလူကြီးဆန်ရခြင်းနှင့်                        မရေရာသော အနာဂတ်ကို                        မဖြစ်နိုင်သော အ...
18/02/2024

မြန်မာလူငယ် = အတင်းလူကြီးဆန်ရခြင်းနှင့်
မရေရာသော အနာဂတ်ကို
မဖြစ်နိုင်သော အိမ်မက်များဖြင့်
ရှေ့ဆက်နေရသော လူငယ်

Address

Lashio

Alerts

Be the first to know and let us send you an email when Saw Bwar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category