The Ta'ang Post

The Ta'ang Post Media Sharing Agency

ကျောက်မဲမြို့တွင် စစ်‌ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ကျောက်မဲ၊ ဇူလိုင် ၆ရက်တအာင်းပြည်သ...
06/07/2025

ကျောက်မဲမြို့တွင် စစ်‌ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်

ကျောက်မဲ၊ ဇူလိုင် ၆ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့၊ ရပ်ကွက် (၂)တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၁)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။

ယနေ့ ညသန်းခေါင် (၁၂းဝဝ)နာရီအချိန်တွင် လေကြောင်းဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အဆောက်အဦး (၄)လုံး ထိမှန်ပျက်စီးသွားခဲ့သည်။

အလားတူ ဇူလိုင်လ (၅)ရက်နေ့လည်း စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သီပေါမြို့ကို ဂျက်ဖိုက်တာဖြင့် ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ့ဆေးရုံခွဲစိတ်ဆောင် (၁)ဆောင်၊ စည်ပင်အဆောက်အဦး (၅)အိမ်နှင့် နေအိမ် (၈)အိမ် ထိမှန်ပျက်စီးသွားခဲ့သည်။

ပြီးခဲ့သည့် ဇွန်လတစ်လတွင် တအာင်းပြည်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးအပါအဝင် ပြည်သူလူထု (၂၂)ဦး ထိမှန်ဒဏ်ရာရရှိပြီး (၅)ဦးသေဆုံးကာ နေအိမ် (၆၅)အိမ်၊ စာသင်ကျောင်း (၃)ကျောင်းနှင့် ဘုန်းကြီးကျောင်း (၂)ကျောင်း ထိမှန်ပျက်စီးသွားခဲ့သည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

သီပေါတွင် စစ်‌ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်သီပေါ၊ ဇူလိုင် ၅ရက်တအာင်းပြည်သတင်းတအာင်းပြည်၊ တပ်...
05/07/2025

သီပေါတွင် စစ်‌ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်

သီပေါ၊ ဇူလိုင် ၅ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး ကြဲချတိုက်ခိုက်မှုကြောင့် အဆောက်အဦးတချို့ထိမှန်ပျက်စီးခဲ့သည်။

ယမန်နေ့ ည (၁၀း၅)မိနစ်တွင် (၁)ကြိမ်၊ (၁၀.၁၁)မိနစ်တွင် (၁)ကြိမ် ဂျက်ဖိုက်တာဖြင့် ဗုံး ( ၂) ကြိမ် လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် မြို့တွင်းရှိ ပြည်သူ့ဆေးရုံ ခွဲစိတ်ဆောင် (၁)ဆောင်၊ စည်ပင် အဆောက် အဦး (၅)လုံးနှင့် နေအိမ် (၈)လုံး ထိမှန်ပျက်စီးသွားခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ (၁၂)နေ့တွင်လည်း မန်လီကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ ပေါင် (၅၀၀)ဗုံး (၂)လုံး လာ‌ရောက်ကြဲချတိုက်ခိုက်ရာမှ ဘုန်းကြီးကျောင်း ၊စာသင်ကျောင်း နှင့် နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့သည်။

ပြီးခဲ့သည့် ဇွန်လတစ်လတွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ်(၂)ဦးအပါအဝင် ပြည်သူလူထု (၂၂)ဦးထိမှန်ဒဏ်ရာရရှိပြီး (၅)ဦးသေဆုံးကာ နေအိမ် (၆၅)လုံး၊ စာသင်ကျောင်း (၃)ကျောင်းနှင့် ဘုန်းကြီးကျောင်း (၂)ကျောင်း ထိမှန်ပျက်စီးသွားခဲ့သည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင် ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများလိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

/TNLA
#သတငးနှင့်ပြန်ကြားရေးဌာန

Breaking Newsသီပေါမြို့ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးများလာရောက်ကြဲချတိုက်ခိုက်သီပေါ၊ ဇူလိုင်လ ၄ရက်တအာင်းပြည်...
04/07/2025

Breaking News

သီပေါမြို့ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးများလာရောက်ကြဲချတိုက်ခိုက်

သီပေါ၊ ဇူလိုင်လ ၄ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ယနေ့ ည (၁၀း၀၀)နာရီကျော်အချိန်တွင် ဗုံးများလာရောက်ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ ဖြစ်စဥ်အသေးစိတ်အချက်အလက်များကို နောက်တွင်ဆက်လက်ရေးသားဖော်ပြသွားမည်။

/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွား  နောင်ချို၊ ဇူလိုင်လ ၄ရက်တအာင်းပ...
04/07/2025

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွား

နောင်ချို၊ ဇူလိုင်လ ၄ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၃) နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ နောင်လင်၊ ကျောက်တော်၊ အုမ္မခါး၊ လုံစံနှင့် လုံရဲကျေးရွာကြား၊ အုမ္မသီးနှင့် ဆမ္မဆယ်ကျေးရွာကြားတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၆)လုံး၊ လက် နက်ကြီး (၁၁၂)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၂၀)လုံး လာရောက်ပစ်ကူတိုက်ခိုက်ခဲ့သည်။

ဖြစ်စဥ်တွင် ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်နေ့ နောင်လင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၂)လုံး၊ လက်နက်ကြီး (၈၅)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၁၃)လုံး ပစ်ကူတိုက်ခိုက်ခဲ့ပါသည်။

အလားတူ ကျောက်တောနှင့် နောင်ရဲကျေးရွာကြားတွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံး (၇)လုံး၊ ဆမ္မဆယ်ကျေးရွာကို လက်နက်ကြီး(၁၅)လုံး၊ နောင်ရဲနှင့် လုံစံကျေးရွာကြားတွင် လက်နက်ကြီး (၁၂)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့သည်။ ထိုနောက် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ငုက္ခလေးကျေးရွာဘက်လည်း စစ်ကောင်စီတပ် သည် လေကြောင်းဖြင့် ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁)ရက်နေ့လည်း အုမ္မခါး၊ မျက်ချီးနု၊ လုံစံနှင့် ကျောက်တောကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းမတော် TNLAတို့ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြု လုပ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နောင်လင်၊ ကျောက်ကြမ်း၊ ကသဲမျှောင်၊ နားမုံနှင့် ရွှေပြည်ညွှန့်ကျေး ရွာဘက်တွင် လက်နက်ကြီး (၄၃)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၂၃)လုံးတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများလိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

ကွတ်ခိုင်တွင် ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ ကွတ်ခိုင်၊ ဇူလိုင်လ ၃ရက်တအာင်းပြည်သတင...
03/07/2025

ကွတ်ခိုင်တွင် ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ

ကွတ်ခိုင်၊ ဇူလိုင်လ ၃ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်နှင့် နမ့်ဖတ်ကာကြားရှိ ရှုခင်းသာတွင် ကားနှင့်ဆိုင်ကယ်ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်တွင် ယမန်နေ့ နံနက် (၁၁း၀၀)နာရီအချိန်တွင် နမ့်ဖက်ကာကို တက်သွားသည့်ကားသည် ရှုခင်းသာအကွေ့ရောက်နေစဥ် အရှိန်မထိန်းနိုင်သောကြောင့် ဆိုင်ကယ်တစ်စီးအား ဝင်တိုက်မိခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်းလာသူ အသက် (၂၃)နှစ်အရွယ် ကိုဝေရန်၏ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ညာဘက်ခြေထောက်လည်း ကျိုးသွားခဲ့ပါသည်။

ထိုနေရာကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး ၎င်းကားသည် ကိုးကန့်တပ်မတော် MNDAAတပ်ဖွဲ့၏ ကားဖြစ်ပြီး ဒဏ်ရာရရှိသွားသည့်အမျိုးသားကိုလည်း ၎င်းတို့ဘက်မှ အပြည့်အဝတာဝန်ယူသွားမည်ဖြစ်ပါသည်။

ပြီးခဲ့သည့် ဇွန်လ (၂၉)ရက်နေ့လည်း ကွတ်ခိုင်မြို့နယ်၊ မန်ပြိန်းကျေးရွာအနီးတွင် ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ပြည်သူလူထုတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသည်။

/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

သတင်းစာရှင်းလင်းပွဲဖိတ်ကြားလွှာ၂၀၂၅ခုနှစ်၊ ဇူလိုင် ၃ရက်မိမိတို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ လက်ရှိဖြစ်ပေ...
03/07/2025

သတင်းစာရှင်းလင်းပွဲဖိတ်ကြားလွှာ

၂၀၂၅ခုနှစ်၊ ဇူလိုင် ၃ရက်

မိမိတို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေးအခြေအနေနှင့် ဇွန်လ (၁)လတာ လှုပ်ရှားမှုအခြေအနေများကို Zoom (Online)ဖြင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း မီဒီယာနှင့် အဖွဲ့အစည်းအသီးသီးမှ တက်ရောက်နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။

PSLF/TNLA ကျင်းပပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲတွင် တက်ရောက်မည့် မီဒီယာများအနေဖြင့် PSLF/TNLA Spokesperson Office ၏ Signalနှင့် Telegramသို့ အမည်စာရင်းနှင့် မေးမြန်းလိုသည့် မေးခွန်းများအား (ဇူလိုင်လ ၄ ရက် ညနေ ၄ နာရီ) မတိုင်ခင်အချိန်တွင် နောက်ဆုံးထားပေးပို့အကြောင်းကြားပါရန် မေတ္တာရပ်ခံအပ်ပါသည်။

/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

ကွတ်ခိုင်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသည့် အမျိုးသား (၂)ဦး ဖမ်းဆီးရမိကွတ်ခိုင်၊ ဇူလိုင်လ ၃ရက်တ...
03/07/2025

ကွတ်ခိုင်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသည့် အမျိုးသား (၂)ဦး ဖမ်းဆီးရမိ

ကွတ်ခိုင်၊ ဇူလိုင်လ ၃ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မန်နောင်ကျေးရွာတွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသည့် အမျိုးသား (၂)ဦးကို ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် ပြီးခဲ့သည့် ဇူလိုင်လ (၁)ရက်နေ့တွင် နံနက် (၉း၀၀)နာရီအချိန်တွင် ဦးအိုက်နိုင်နှင့် ဦးအေပတ် သည် မူးယစ်ဆေးဝါးသုံးစွဲသည်ဟု သတင်းရရှိကာ ၎င်း၏နေအိမ်ကို မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ပါသည်။

အဆိုပါ ဦးအိုက်နိုင်ထံ မူးယစ်ဆေးဝါး (၁)ဂရမ်နှင့် ဦးအေပတ်ထံ မူးယစ်ဆေးဝါး (၂)ဂရမ်တို့ကို တွေ့ရှိခဲ့ပြီး ၎င်းတို့ကို မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ် သည်။

ပြီးခဲ့သည့် ဇွန်လ (၂၆)ရက်နေ့တွင် PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မန်တုံမြို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိခဲ့သည်။

/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၄)ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ ဆက်လက်တိုက်ပွဲဖြစ်ပွား  နောင်ချို၊ ဇူ...
02/07/2025

နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၄)ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ ဆက်လက်တိုက်ပွဲဖြစ်ပွား

နောင်ချို၊ ဇူလိုင်လ ၂ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၃) နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ အုမ္မခါး၊ မျက်ချီးနု၊ လုံစံနှင့် ကျောက်တောကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဥ်တွင် ယမန်နေ့ ဇူလိုင်လ (၁)ရက်နေ့ အုမ္မခါးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေအချိန် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး(၂) လုံးလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုအပြင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နောင်လင်ကျေးရွာတွင် လက်နက်ကြီး (၃၅)လုံး၊ ဒရုန်းဖြင့် ဗုံး (၂၃)လုံး၊ နားမုံနှင့် ရွှေပြည်ညွှန့်ကျေးရွာတွင် လက်နက်ကြီး(၄)လုံး၊ ကျောက်ကြမ်းကျေးရွာတွင် လက်နက်ကြီး (၂)လုံးနှင့် ကသဲမျှောင်ကျေးရွာတွင် လက်နက်ကြီး (၂)လုံးတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် သုံးဆယ်ကျေးရွာဘက်ကို လေကြောင်းဖြင့် ဗုံး (၁၁)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၃) ဦး သေဆုံးပြီး (၁) ဦးထိခိုက်ဒဏ်ရာရှိကာ နေအိမ် (၂) လုံးနှင့် ဘုန်းကြီးကျောင်း (၂) ကျောင်းလည်း ထိမှန်ပျက်စီးခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ (၃၀)ရက်နေ့လည်း နောင်ချိုမြို့နယ်ရှိ မျက်ချီးနုကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ထိုနောက်တွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အုမ္မခါး၊ လုံစံ၊ ကသဲမျှောင်နှင့် နောင်လင်ကျေးရွာတို့ကို လက်နက်ကြီး (၄၆)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၈)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများလိုက် နာဆောင်ရွက်ရန်လိုအပ်ပါသည်။

/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

တအာင်းပြည်တွင် ဇွန်လအတွင်း တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၃)ဦးနှင့် သုံးစွဲသူ (၁)ဦး ဖမ်းဆီးနိုင်ခဲ့  တ...
02/07/2025

တအာင်းပြည်တွင် ဇွန်လအတွင်း တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၃)ဦးနှင့် သုံးစွဲသူ (၁)ဦး ဖမ်းဆီးနိုင်ခဲ့

တအာင်းပြည်၊ ဇူလိုင်လ ၂ရက်

တအာင်းပြည်၊ ကျောက်မဲ၊‌ ကွတ်ခိုင်၊ မိုင်းငေါ့၊ နမ့်ဆန်နှင့် မန်တုံမြို့နယ်တို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၃)ဦးနှင့် သုံးစွဲသူ (၁)ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့သည်။

ကျောက်မဲမြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၉)ဦးတို့အတူ ဘိန်းဖြူ(၃၇)ခွက်၊ LIPOVITAN-D အချိုရည်ပုလင်း (၅)ပုံ (၄)ပုံခန့်၊ အုန်းဆီဗူး (၃)ပုံ (၂)ပုံခန့်၊ ရွှေအုန်းပင်အုန်းဆီဗူး (၆)ပုံ (၁)ပုံနှင့် တစ်လက်မခန့်ရှိသော ဗူး (၇)ဗူး ထည့်ထားသည့်ဘိန်းဖြူ၊ ယာမဆေးပြား (၉၅၆၁)ပြားနှင့် ငွေသား (၁၈၅၂၀၀)ကျပ်နှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါသည်။

အလားတူ ကွတ်ခိုင်မြိုနယ်လည်း ပြီးခဲ့သည့် ဇွန်လ(၂၀)ရက်နေ့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ကိုကျော်နိုင်ထွန်းသည် မူးယစ်ဆေးဝါးရောင်းဝယ်နေသည်ဟုသတင်းရရှိပြီး ၎င်း၏နေအိမ်အတွင်းသွားရောက်စစ်ဆေးရာတွင် ယာမဆေးပြား (၂၄၀၀၀၀)ပြား၊ ဘိန်းမည်း (၅)ကျပ်သား၊ ကား (၁)စီး၊ ဖုန်း (၄)လုံး၊ Tablet(၁)လုံး၊ မူးယစ်‌ဆေးဝါးနှင့် ဆက်စပ်သည့်ပစ္စည်းများကို မြို့နယ်ရဲတပ်ဖွဲ့မှဘဖမ်းဆီးရမိခဲ့ပါသည်။

ထိုအပြင် မိုင်း‌ငေါ့မြိုနယ်၊ မန်ဝေးကျေးရွာကို မူးယစ်ဆေးဝါးသွားပို့မည့် ဦးအိုက်ဆိုင်သည် စစ်ဆေးရေးဂိတ်ရောက်နေစဉ် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ စစ်ဆေးရာတွင် ယာမဆေးပြား (၁၉၈) ပြား၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့်ပစ္စည်းများကို မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါသည်။

ပြီးခဲ့သည့် ဇွန်လ (၁၄)ရက်နေ့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ နမ့်ဆန်တွင် စစ်ဆေးမှုပြုလုပ်နေစဉ် အသက် (၂၆)နှစ်အရွယ် ကိုဂျန်နီကို စစ်ဆေးရာတွင် မူးယစ်ဆေးဝါးသုံးစွဲထားကြောင့် စစ်ဆေးတွေ့ရှိခဲ့ပြီးမြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါသည်။

မန်တုံမြို့နယ်၊ ဟိုခိုရပ်ကွက်တွင် နေထိုင်သည့် ဒေါ်ယာအိုဆိုသူသည် မူးယစ်ဆေးဝါးရောင်းဝယ်သည့်ဟု သတင်းရရှိကာ ဇွန်လ (၂၆)ရက်နေ့တွင် မြို့နယ်ရဲတပ်ဖွဲ့မှ ၎င်း၏နေအိမ်အတွင်း သွားရောက်စစ်ဆေးခဲ့ရာ ယာမဆေးပြား (၃)ထုပ်နှင့် ပိုက်ဆံ (၅၄၇,၅၀၀)ကျပ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် သုံးစွဲသူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်ဖွဲ့မှ အကျင့်စာရိတ္တပြုပြင်ရေးစခန်း ပို့ဆောင်ပေးခြင်းနှင့် ပြစ်မှုကြီးသည့်သူများကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလအတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၀)ဦးနှင့်သုံးစွဲသူ (၂၀)ဦးတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။

/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

တအာင်းပြည်တွင် ဇွန်လအတွင်း စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထု  ...
02/07/2025

တအာင်းပြည်တွင် ဇွန်လအတွင်း စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၅)ဦး သေဆုံး၊ (၃၂)ဦး ထိခိုက်ဒဏ်ရာရ

တအာင်းပြည်၊ ဇူလိုင်လ ၂ရက်

တအာင်းပြည်တွင် ဇွန်လတစ်လအတွင်း နောင်ချို၊ နမ္မတူ၊ ကျောက်မဲနှင့် မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၅)ဦး သေဆုံးခဲ့ပြီး (၃၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၇၅)လုံး၊ စာသင်ကျောင်း (၄)ကျောင်းနှင့် ဘုန်းကြီးကျောင်း (၄)ကျောင်းထိမှန်ပျက်စီးသွားခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ (၄)ရက်နေ့တွင် စစ်ကောင်စီတပ်မှ နောင်ချိုမြို့၊ ဈေးရပ်ကွက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၄)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂)လုံးလည်း ထိမှန်ပျက်စီးသွားခဲ့သည်။

အလားတူ ဇွန်လ (၁၀)ရက်နေ့လည်း နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ဟောင်ဝေဇာဖြင့် လက်နက်ကြီး ပစ်ခတ်လိုက်သောကြောင့် အမျိုးသား (၁)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။ ထိုအပြင် ဇွန်လ (၁၂)ရက်နေ့လည်း နမ္မတူမြို့နယ်၊ မန်လီကျေးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၁)လုံး၊ ဘုန်းကြီးကျောင်း (၁)ကျောင်းနှင့် စာသင်ကျောင်း (၁)ကျောင်းအပြင်ပြည်သူလူထုများ၏ နေအိမ်တချို့လည်းထိခိုက်ပျက်စီးသွားခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ (၁၆)ရက်နေ့လည်း နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၂)ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါသည်။ ထိုနောက် စစ်ကောင်စီတပ်သည် နောင်ချိုမြို့အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဟောင်ဝေဇာဖြင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်သောကြောင့် နေအိမ် (၂)လုံး ထိမှန်ပျက်စီးဆုံးရှုံးသွားခဲ့သည်။

ကျောက်မဲမြို့အတွင်းလည်း ပြီးခဲ့သည့် ဇွန်လ (၂၄)ရက်နေ့နှင့် (၂၉)ရက်နေ့တွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမှရှိဘဲ ပြည်သူလူထုများကိုဦးတည်၍ ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၄)ဦးတို့ သေဆုံးခဲ့ရပြီး အမျိုးသား (၁၃)ဦး၊ ကလေး(၃)ဦးနှင့် အမျိုးသမီး(၇)ဦးတို့ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၆၅)လုံး၊ ဘုန်းကြီးကျောင်း (၂)ကျောင်းနှင့် စာသင်ကျောင်း (၃)ကျောင်း ထိခိုက်ပျက်စီးသွားခဲ့သည်။

အလားတူ ဇွန်လ (၂၅)ရက်လည်း မိုးကုတ်မြို့၊ အုန်းကိုင်းရပ်ကွက်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် (၁)ဦးနှင့် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်(၅)လုံး၊ ဘုန်းကြီးကျောင်း (၁)ကျောင်း၊ ပြည်သူလူထုများ၏ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားခဲ့သည်။

ပြီးခဲ့သည့် မေလတစ်လအတွင်း အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်မှ နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံနှင့် မန်တုံမြို့နယ်တို့တွင် လေကြောင်းဖြင့် (၂၆)ကြိမ်၊ လက်နက်ကြီး (၇၇၆) လုံး၊ ဒရုန်းဖြင့် ဗုံး (၃၂၉)လုံးနှင့် အဆိပ်ငွေ့ဗုံး (၁၁၄)လုံးတို့ကို ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၈)ဦး သေဆုံးပြီး (၁၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်အများအပြား ထိမှန်ပျက်စီးသွားခဲ့ပါသည်။

/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

တအာင်းပြည်တွင် ဇွန်လအတွင်း တအာင်းစာအဖွဲ့-TLAမှ ကျေးရွာ (၇)ရွာကိုအခြေခံတအာင်းရုံးသုံးစာသင်တန်း ဖွင့်လှစ်နိုင်ခဲ့တအာင်းပြည...
02/07/2025

တအာင်းပြည်တွင် ဇွန်လအတွင်း တအာင်းစာအဖွဲ့-TLAမှ ကျေးရွာ (၇)ရွာကိုအခြေခံတအာင်းရုံးသုံးစာသင်တန်း ဖွင့်လှစ်နိုင်ခဲ့

တအာင်းပြည်၊ ဇူလိုင်လ ၂ရက်

တအာင်းပြည်တွင် ဇွန်လတစ်လအတွင်း တအာင်းစာအဖွဲ့-TLAမှ ကျေးရွာ (၇)ရွာကို အခြေခံတအာင်းရုံးသုံးစာသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲကျင်းပပြုလုပ်ပေးခဲ့ပြီးဖြစ်ပါသည်။

အဆိုပါကျေးရွာများတွင် မန်တုံမြို့နယ်မှ ဟူတုန်ကျေးရွာ၊ ကျောက်မဲမြို့နယ်မှ ပန်ဖျက်ကျေးရွာ၊ ကောင်းခါးကျေးရွာ၊ မိုင်းလုံမြို့နယ်မှ တောင်နီကျေးရွာ၊ ကုံးမုံကျေးရွာ၊ ကုန်းသာကျေးရွာနှင့် မိုးကုတ်မြို့နယ် ညောင်ကုန်းကျေးရွာတို့ဖြစ်ကြသည်။

ထိုကျေးရွာများမှ သံဃာတော်အပါ (၄၁)ပါး၊ သင်တန်းသား (၅၅)ဦးနှင့် သင်တန်းသူ (၁၈၉)ဦးတို့ စုစုပေါင်း (၂၈၅)ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းပြီးမြောက်ကြောင့်သင်တန်းဆင်းလက်မှတ် (Certificates) များကို ချီးမြှင့်ပေးခဲ့သည်။

အခြေခံတအာင်းရုံးသုံးစာသင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်သည် တအာင်းစာသည် တအာင်းပြည်ကို လွမ်းခြုံနိုင်ရေး၊ တအာင်းလူမျိုးအားလုံး တအာင်းစာများများဖတ်နိုင်ရန်အတွက် စာအုပ်များထုတ်လုပ်နိုင်ရေး၊ တအာင်းပြည်အတွင်း တအာင်းစာသင်တန်းကို ဖွင့်လှစ်နိုင်ရေးနှင့် တအာင်းလူမျိုးအားလုံး တအာင်းစာများကိုပြောတက်၊ ရေးတက်၊ဆိုတက်၊သုံးတက်နိုင်ရန်တို့ဖြစ်ပါသည်။

ပြီးခဲ့သည့် မေလအတွင်းလည်း တအာင်းစာပေအဖွဲ့-TLAမှ မိုးကုတ်၊မိုးမိတ်၊ မိုင်းငေါ့မြို့နယ်တို့မှ ကျောင်း သား/သူ စုစုပေါင်း (၂၀၅)ဦးတို့ကို အခြေခံတအာင်းရုံးသုံးစာသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

တအာင်းပညာရေးထီ၏ (၂၅)ကြိမ်မြောက် အမြင့်ဆုံး သိန်း(၅၀၀)ဆုကို ကွတ်ခိုင်မြို့နယ်၊ ဟွေခုတ်ကျေးရွာက ဦးအိုက်တီမှ ဆွတ်ခူးရရှိ တ...
02/07/2025

တအာင်းပညာရေးထီ၏ (၂၅)ကြိမ်မြောက် အမြင့်ဆုံး သိန်း(၅၀၀)ဆုကို ကွတ်ခိုင်မြို့နယ်၊ ဟွေခုတ်ကျေးရွာက ဦးအိုက်တီမှ ဆွတ်ခူးရရှိ

တအာင်းပြည်၊ ဇူလိုင်လ ၂ရက်

တအာင်းပြည်ပညာရေးကိုရည်ရွယ်၍ ဖွင့်လှစ်နေသည့် တအာင်းပညာရေးထီ၏ (၂၅)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုကို ကွတ်ခိုင်မြို့နယ်၊ဟွေခုတ်ကျေးရွာက ဦးအိုက်တီမှ ဆွတ်ခူးရရှိသွားခဲ့သည်။

တအာင်းပြည် တအာင်းပညာရေး ရန်ပုံငွေအတွက် (၂၅)ကြိမ်မြောက်ထီဖွင့်ပွဲအား တအာင်းပြည်တစ်နေရာတွင် ဇူလိုင်လ (၁)ရက် နံနက်ပိုင်းအချိန်တွင် တအာင်းပြည်ပညာရေးကောင်စီ-TLECမှ ဦးဆောင်ဖွင့်လှစ်ခဲ့သည်။

သိန်း (၅၀၀)ဆု၏ဂဏာန်းသည် အက္ခရာ (A-83139) ဖြစ်ကာ သိန်း (၅၀၀)ဆု၊ သိန်း(၁၀၀)ဆု (၁)ဆု၊ သိန်း(၅၀) ဆု (၁)ဆု၊ သိန်း(၃၀)ဆု (၂)ဆု၊ (၁၀)သိန်းဆု (၃)ဆု၊ (၅)သိန်းဆု (၁၀)ဆု၊ (၂) သိန်းဆု (၅၀)ဆု၊ သိန်း (၅၀၀)ဆု၏ အက္ခရာကွဲ ဂဏာန်းတူဆုများ၊ အက္ခရာတူ နောက်ဆုံးဂဏာန်းလေးလုံးတူဆုများ၊အက္ခရာတူ နောက်ဆုံးဂဏာန်းသုံးလုံးတူဆုများ၊ အက္ခရာတူ နောက်ဆုံးဂဏာန်းနှစ်လုံးတူဆုများအပြင် သိန်း(၁၀၀)ဆု၏ အက္ခရာကွဲ ဂဏာန်းတူဆုများ ပေးအပ်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီလတွင် တအာင်းပညာရေးထီ၏ (၂၄)ကြိမ်မြောက်အမြင့်ဆုံး သိန်း (၅၀၀)ဆုကို ကွတ်ခိုင်မြို့၊ ရပ်ကွက် (၈)တွင်နေထိုင်သည့် လွေးအီကြာမိုင်မှ အက္ခရာ (C-85195) ဆွတ်ခူးရရှိသွားခဲ့သည်။

တအာင်းပညာရေးကောင်စီ-TLECသည် ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ စာသင်ကျောင်းပေါင်း (၆၀၀) ကျော်၊ ကျောင်းသူ/သား (၆၆၀၀၀)ကျော်နှင့် ဆရာ/မ(၃၅၀၀)ကျော်ဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဖွင့်လှစ်ရန်ကျန်ရှိနေသည့်မြို့နယ်များမှ အခြေခံပညာ စာသင်ကျောင်းများဆက်လက်ဖွင့်လှစ်သွားလျှက်ရှိသည်။

ထိုကြောင့် စာသင်ကျောင်းများလိုအပ်သည့် ရန်ပုံငွေနှင့်ဆရာ/ဆရာမများအတွက် လိုအပ်သည့် လစာငွေများအား တအာင်းထီ ရောင်းရသည့်ငွေမှ လစဥ်ထောက်ပံ့ပေးနေခြင်းဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများအနေဖြင့်တအာင်းပြည်မှ ကလေးငယ်များ၏ ပညာရေးအား အထောက်အပံ့ဖြစ်ရန် တအာင်းပညာရေးထီအား ထိုးပေးကြရန်လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါသည်။

/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Address

Lashio

Website

Alerts

Be the first to know and let us send you an email when The Ta'ang Post posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share