
25/05/2025
ကယားပြည်နယ် ထွက် နိုင်ငံကျော် ဘော်လုံးသမားလေး
သူ့နာမည်က ရန်ကျော်ထွေး
ဘောလုံးအသိုင်းအဝိုင်းကလူတွေက
ကယားလေးလို့ ခေါ်ကြတယ်
နေသူလိူင် အန်ထော်နီတို့နောက်ပိုင်း ကယားပြည်နယ်ကထွက်ပေါ်လာတဲ့ တိုက်စစ်မူးတစ်ယောက်...။
လက်ရှိမြန်မာတိုက်စစ်မူးတွေထဲမှာ သူ့ရဲ့ဂိုးသွင်းနူန်းက ကြောက်စရာကောင်းတယ်..
သူ့အဆုံးသတ်ကောင်းတဲ့တိုက်စစ်မူး
ဂိုးဧရိယာထဲမှာ ပြိုင်ဘက်ကိုဒုက္ခအပေးနိုင်ဆုံးတိုက်စစ်မူးတွေထဲတစ်ယောက်ဖြစ်တယ်
နေပြည်တော် မနောမြေ ဇွဲကပင် ဆောက်သမ်း ဧရာဝတီ ရန်ကုန် ဒဂုံ။
ဒီအသင်းတွေမှာ သူကပင်တိုင်ဂိုးသွင်းရှင်လိုဖြစ်ခဲ့တဲ့သူ။
ဧရာဝတီနဲ့ရန်ကုန်မှာကစားရင် ဂိုးသွင်းအများဆုံးဆုကိုရရှိခဲ့တဲ့သူလည်း ဖြစ်တယ်..
စည်းကမ်းကောင်းတယ် ကြိုးစားတယ် ဒါ့ကြောင့်လည်းသူကစားခဲ့တဲ့အသင်းတိုင်းမှာ မရှိမဖြစ်ကစားသမားလို့တောင်ပြောလို့ရတယ်...
သူ့ကိုကြည့်လိုက်ရင် အမြဲတမ်းပြုံးရွှင်နေတတ်သလို အနေအထိုင်လည်းအရမ်းကောင်းတဲ့ကစားသမား..
ဒါပေမဲ့
လက်ရွေးစင်အသင်းကြီးမှာတော့သူကပါလိုက်မပါလိုက်။လက်ရွေးစင်လူဖြတ်ပြီဆို သူ့ကိုဘာလို့မရွေးတာလဲလို့ ပရိသတ်တိုင်းလိုလိုမေးခွန်းထုတ်တတ်ကြတယ်..
သူ့မှာလည်း ခံစားချက်တွေရှိမှာပဲ.. ဘာကြောင့်သူ့ကိုချန်ထားတာလဲဆိုတဲ့အဖြေကလည်း တာဝန်ရှိသူတွေဆီမှာလည်းရှိမှာပဲ..
ဒါပေမဲ့သူ့နဲ့ပတ်သတ်ရင် သဘောအကျဆုံးအချက်ကတော့ လက်ရွေးစင်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အမြဲကြိုးစားနေတဲ့သူတစ်ယောက်။
ဂိုးသွင်းနူန်းလည်းကျမသွားဘူး..သူ့အလုပ်ကိုပဲ အာရုံစိုက်ထားတယ်
ဒီအချက်ကိုအရမ်းသဘောကျတယ်
တချို့သောကစားသမားတွေဟာ ခြေစွမ်းကောင်းတယ် ဒါပေမဲ့လက်ရွေးစင်မပါတဲ့အခါတွေများလာတဲ့အခါမှာ ပြန်ကျသွားတာတွေရှိတယ်
သူကတော့အဲလိုမဟုတ်ဘူး
အခုချိန်ထိဂိုးသွင်းနူန်းကောင်းနေတုန်းပဲ အခုချိန်ထိ ကြိုးစားနေတုန်းပဲ