BLEAK Steam Wallets & Giftcards

BLEAK Steam Wallets & Giftcards Digital Products & Subscriptions
(1)

လှံထမ်းလာတာပဲမြင်ရတယ်၊ ကံထမ်းလာတာမမြင်ရဘူးနော် ညီကိုတို့… ခုထွက်ထားတဲ့ Cosmic Heroes Hoard မှာ မလှတဲ့ Set ဆိုလို့ တစ် Se...
17/09/2025

လှံထမ်းလာတာပဲမြင်ရတယ်၊ ကံထမ်းလာတာမမြင်ရဘူးနော် ညီကိုတို့…

ခုထွက်ထားတဲ့ Cosmic Heroes Hoard မှာ မလှတဲ့ Set ဆိုလို့ တစ် Set လေးတောင်မရှိဘူးဗျာ…

အထူးခြားဆုံးကတော့ Shaker Arcana ကြီးပဲ။

Ti Exclusive Arcana ကို ခုလိုချပေးထားတာက Windranger, Wraith King
အပြင် Shaker ကပါ ထပ်လိုက်လာပြီ…

ကြာရင် Drow တို့ Void တို့ပါ လာတော့မလားပဲ။

Shaker Arcana အလန်းကြီးကို ပိုင်ဆိုင်ဖို့ ပုံးဖောက်ဖို့
Cheap wallet တွေကို လိုက်ရှာနေရင် ကျွန်တော့်ဆီမှာရပါတယ်။

တော်ပြီမဝယ်သေးဘူး Market ပေါ်ရောက်မဲ့ဈေးကို စောင့်ဝယ်မဲ့သူတွေအနေနဲ့လည်း
ကြိုတင် wallet ဖြည့်ထားတာက မမှားဘူးနော်…

အတန်ဆုံးဈေးနဲ့ အမြန်ဆုံးလေး အတူ စိတ်ကျေနပ်အောင် ဆောင်ရွက်ပေးမှာမို့
Wallet အတွက်ဆို Bleak ဆီကိုလာခဲ့လိုက်ပါ 😉

“XG ပြောတဲ့ သူတို့အရှုံး”မခိုင်လုံဘဲလျှောက်ရေးတယ်ပြောလို့ ဒီတစ်ခါတော့ Link ပါ တစ်ခါတည်းယူလာပါတယ်။ https://x.com/xtremega...
16/09/2025

“XG ပြောတဲ့ သူတို့အရှုံး”

မခိုင်လုံဘဲလျှောက်ရေးတယ်ပြောလို့ ဒီတစ်ခါတော့ Link ပါ တစ်ခါတည်းယူလာပါတယ်။

https://x.com/xtremegamingcn/status/1967311200846577680

မြန်မာဘာသာပြန် -

“ပြီးခဲ့တဲ့ Ti 14 (The International 2025) အပြီးမှာ ငါတို့က ပြိုင်ဘက်ကောင်း Falcons ကို
2-3 ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး Runner-up ဆုနဲ့ပဲ ရယူနိုင်ခဲ့ပါတယ်။

ဒီနှစ်က ငါတို့အတွက်တော့ မတင်မကျဖြစ်တဲ့နှစ်ပါ။ ရလဒ်တွေက ထင်သလိုမဖြစ်၊
Roster အပြောင်းအလဲတွေဖြစ်၊ မသေချာမရေရာတဲ့ အချိန်ကာလတွေကို အတူတူဖြတ်သန်ခဲ့ရပါတယ်။
ဒီနှစ် Ti မတိုင်ခင်မှာတင် ငါတို့ ခုလို Grand Finals ကို ရောက်လာလိမ့်မယ်လို့တောင် စိတ်ကူးမထားခဲ့တာ အမှန်ပါပဲ။
ဒီ Runner-Up ဆုဟာ ငါတို့ရဲ့ ညီအကိုတွေရဲ့ DOTA နယ်ပယ်ပေါ်မှာထားတဲ့ စိတ်မာန်ကိုပြသရုံတင်မကပါဘူး
ငါတို့တွေရဲ့ နေ့၊ညပေါင်းများစွာ တစိုက်မတ်မတ်၊ ကြံ့ကြံ့ခံနိုင်စွာ ကြိုးစားမှုတွေကိုပါပြသနေပါတယ်။

ဦးဆုံးအနေနဲ့ ငါတို့ခုအောင်မြင်မှုဟာ ငါတို့ရဲ့ကစားသမားတွေနဲ့ နည်းပြတွေဆီကိုအရင် ဦးတင်ပါတယ်။
သူတို့ရဲ့ ကြိုးစားမှုကြောင့်သာ ခုလို ဒုက္ခပင်လယ်ဝေနေချိန်မှာ
သူများတွေထက် ထူးချွန်ထိုးဖောက်ပြီးတော့ ငါတို့အိပ်မက်ကိုရောက်စေခဲ့တာပါ။
မင်းတို့တွေက ဒုက္ခတွေကို ရင်ဆိုင်နိုင်ကြောင်းပြခဲ့လို့
နောက်ဖြစ်လာမဲ့အရာတွေဆိုတာ အနန္တမက ရှိနေပါတယ်။

နောက်ဆုံးအနေနဲ့ CN Dota နဲ့ XG ကို အားပေးကြတဲ့ Fan တွေကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။
ခုလိုအားပေးခဲ့ကြတဲ့ထဲကမှ အသင်းရဲ့အကူအညီလိုအပ်ချက်ကို
အမြန်ဆုံးတုံ့ပြန်ပေးခဲ့ကြတဲ့သူတွေကိုတော့ အထူးကျေးဇူးတင်ပါတယ်။
ခင်ဗျားတို့ရဲ့ 8 နာရီအတွင်းမှာ မြန်ဆန်တဲ့စုစည်းမှု၊ ပေါင်းစပ်မှုတွေကြောင့် ဒီ Game က တကယ်ကို
အသင်းဖွဲ့နဲ့ ကစားရတဲ့ Game လို့ ခံစားရစေတာပါ။ (Crowd နဲ့ ဆိုငတာတစ်ခုခုလို့ယူဆလို့ရပါတယ်)
တကယ်တော့ ငါတို့ချစ်တဲ့ DOTA ဆိုတာ ငါတို့ကိုယ်ထဲမှာစီးဆင်းနတဲ့ စိတ်ခွန်အား၊ ခံစားချက်တွေကို သူစိမ်းတွေဖြစ်နေရင်တောင် ချိတ်ဆက်ပေးနိုင်တယ်။

ငါးနှစ်ကြာပြီးတဲ့နောက်မှာ ငါတို့ Finals ကို ပြန်ရောက်ခဲ့တယ်။
သို့ပေမဲ့လည်း အားသွန်ခွန်စိုက်ကြိုးစားခဲ့ပေမဲ့ ငါတို့ Aegis ကို မရခဲ့ပါဘူး။
နောင်တတွေရှိနေပေမဲ့လည်း
ရှေ့လျှောက်မှာ ဘယ်လိုမျိုး အခက်အခဲတွေရင်ဆိုင်ရပါစေ
ငါတို့ဟာ ခွန်အားမာန်အပြည့်နဲ့ အိပ်မက်နောက်ကို ဆက်လိုက်နေပါမယ်.

နောက်နှစ် ရှန့်ဟိုင်မှာ ပြန်ဆုံကြမယ်” - Xtreme Gaming

ဘာသာပြန်ရတာက သူတို့ Chinese to English Translate site/ software တစ်ခုခုကို သုံးပြီးပြန်ထားတဲ့ပုံပါပဲ။

အကောင်းဆုံးကြိုစားပြန်ထားပေးပါတယ်။ ဖတ်ရတာထောက်တဲ့နေရာ ရှရှိသွားရင်တော့ ခွင့်လွှတ်စေလိုပါတယ်။

“စွန့်လွှတ်လိုက်ရတာနဲ့ တန်ရဲ့လား Ame”Ame ရဲ့ သတို့သမီးလောင်းက Ame တစ်ယောက် သူ့ရဲ့အိပ်မက်နောက်လိုက်ရင်း စွန့်လွှတ်ခဲ့ရတာတ...
15/09/2025

“စွန့်လွှတ်လိုက်ရတာနဲ့ တန်ရဲ့လား Ame”

Ame ရဲ့ သတို့သမီးလောင်းက Ame တစ်ယောက် သူ့ရဲ့အိပ်မက်နောက်လိုက်ရင်း
စွန့်လွှတ်ခဲ့ရတာတွေကို ပြောပြခဲ့ပါတယ်။

💬 “သူ Pro ဘက်ကို ကူးသွားတော့ သူက ကျွန်မအနားမှာမရှိတော့ဘူး။
ကျွန်မတို့ လျှောက်မလည်ကြတော့ဘူး၊ ညစာအတူတူမစားဖြစ်ကြတော့ဘူး။
Honeymoon လည်း မသွားဖြစ်တော့ဘူး။

Anniversary တွေ၊ အားလပ်ရက်တွေ၊ မွေးနေ့ပွဲတွေ မှာဆိုရင်လည်း သူရှိမနေခဲ့ဘူး။

ဒါပေမဲ့ ကျွန်မ ဝမ်းနည်းတာ၊ စိတ်မကျေနပ်တာတွေ လုံးဝမရှိပါဘူး။

သူက သူ့အသင်းဖော်တွေနဲ့ သူအချစ်ဆုံး Game အတွက် သူတိုက်ခိုက်နေတာလေ…
ဒီအတွက်လည်း သူ့အသင်းဖော်တွေကို ကျွန်မကျေးဇူးတင်ပါတယ်။

ကျွန်မတို့မှာက ဆက်နေရမဲ့ ဘဝအရှည်ကြီးကျန်နေသေးတယ်။
ဒီအရှုံးက သူ့ကိုစိတ်ဓာတ်ပျက်ပြားစေမှာမဟုတ်ဘူး။
အားလုံး (XG တစ်သင်းလုံး)အသစ်က ပြန်စဖို့အတွက် မျှော်လင့်နေပါတယ်”

ဆိုပြီးတော့ သူတို့ရဲ့အချစ်ရေးကို ပြောပြခဲ့ပါတယ်။
………………………………………………………………………………
ထပ်ပြီးတော့လည်း

💬 “ မနေ့က Ti ပြီးသွားတဲ့အချိန်မှာ ကျွန်မမျက်ရည်မကျခဲ့မိဘူး။
သူတို့တွေကို ဘယ်လို အားပေးရမလဲဆိုတာကိုပဲ တွေးနေမိတယ်။
ဒီ Post ကို ရေးနေတုံးမှာတော့ ငိုနေမိတယ်။

ဘာလို့ဒီလိုတွေထပ်ခါထပ်ခါဖြစ်နေရတာလဲ ငါမသိတော့ဘူး။
သူတို့ နဲနဲလေးပဲလိုတော့တာ။
ကံမကောင်းတာလား တစ်ခုခုပဲလိုသွားတာလား။
Ame မှာ အခွင့်အရေးကောင်းတွေဆက်ရှိလာမယ်လို့ ငါယုံကြည်တယ်။

သူ့ဘဝတစ်ခုလုံး၊ သူ့ခွန်အားတွေအကုန်လုံးကိုပဲ ရင်းနှီးမြှုပ်နှံခဲ့လို့လေ…”
…………………………………………………………………………………
ဆိုပြီးတော့ Ti Losing Moment ကို ထပ်ပြောခဲ့ပါတယ်။

Ame က ချစ်သူအမျိုးသမီးကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့သူပါ။

ဘယ်လိုလူစားမျိုးလဲဆိုရင် “မင်းရဲ့အိပ်မက်နောက်ကို မလိုက်ရင် မချစ်တော့မဲ့သူ”
အမျိုးအစားပါ။

ကိုယ့်ချစ်သူကို အမြင့်ဆုံးရောက်အောင် တွန်းတင်ပေးမယ်။ စိတ်ဓာတ်ခွန်အားတွေပေးမယ်။
အားငယ်နေရင် ဖေးမကူညီပေးမယ်။ သူ့ရဲ့အောင်မြင်မှုဟာ ကိုယ့်ရဲ့အောင်မြင်မှုဆိုတဲ့ ခံယူချက်မျိုးကို တွေ့နေရပါတယ်။

Ame ရေ မင်းတော့ အမျိုးသမီးကောင်းကိုပိုင်ဆိုင်ထားတာပဲ။
ဆက်ပြီးကြိုစားလိုက်စမ်းပါ။
ကိုယ့်အောင်မြင်မှုကြောင့် ကိုယ်ချစ်တဲ့သူတွေကို ပျော်ရွှင်စေလိုက်ပါ။
အားလုံးက အားပေးနေကြပါတယ်။

“ဝက်ဝံပြန်ကုတ်ခံလိုက်ရတဲ့ Nigma” Nigma ရဲ့ အကောင်းဆုံး Hero တွေထဲကတစ်ကောင်ဖြစ်တဲ့ Ursa နဲ့ သူတို့ ပြန်ကုတ်ခံလိုက်ရပါတယ်။...
13/09/2025

“ဝက်ဝံပြန်ကုတ်ခံလိုက်ရတဲ့ Nigma”

Nigma ရဲ့ အကောင်းဆုံး Hero တွေထဲကတစ်ကောင်ဖြစ်တဲ့ Ursa နဲ့ သူတို့ ပြန်ကုတ်ခံလိုက်ရပါတယ်။

ပထမပွဲမှာတော့ တောင့်ခံထားပြီး အကောင်းဆုံးဆော့ပြခဲ့ပေမဲ့လည်း

ဒုတိယပွဲကတော့ မရှုမလှကိုရှုံးနိမ့်သွားခဲ့တာပါ။

လုံးဝကိုနိုင်ချင်လို့ Ghost ကို Medusa ပေးလိုက်ပေမဲ့လည်း
Mid က Sumail SF က Performance မထွက်သွားပါဘူး။

Sumail ကလည်း Reqium ခွဲဖို့ကကျ
Shaker ကိုခွဲရင်လည်း အနီးကပ်ထောင်းခံရ
Puck ကို ခွဲပြန်ရင်လည်း Phase Shift နဲ့ ရှောင်
Ursa ကို ခွဲပြန်ရင်ကျတော့လည်း Ulti Enrage ကောက်သံုးလိုက်ရင်
Damage Output က ဘာမှထွက်လာမှာမဟုတ်ပါဘူး။

ဒီတော့ Sumail က လုပ်ကွက်မထွက်တာထက်၊ လုပ်စရာအကွက်ကိုမရှိခဲ့တာပါ။

Ghost အနေနဲ့လည်း Defensive Item တွေနဲ့ Carry ဖို့လုပ်ခဲ့ပေမဲ့လည်း
Mid Game မှာပဲ ပွဲ End လိုက်လို့ ဘာမှမလုပ်လိုက်ရပါဘူး။

ဒီပွဲရဲ့ Stand-out player ကတော့ XinQ ပါ။

တစ်ချိန်လုံး Mortimer Kisses နဲ့ Nigma ရဲ့ Formation ကို ဖြိုခဲ့ပြီး
Early မှာလည်း GH ကို အကြိမ်ကြိမ်သတ်နိုင်ခဲ့ပါတယ်။

Nigma အနေနဲ့ Ti ကနေ ခါးသီးတဲ့အရှုံးရလဒ်နဲ့ထွက်သွားရပေမဲ့
Ti 5th-6th Place ဆိုတာက မျှော်လင့်ထားတာထက်ကို ပိုကောင်းတဲ့ရလဒ်မို့
Fan တွေက ကျေကျေနပ်နပ်လက်ခံကြပါတယ်။

တစ်နေ့သောအခါ Tundra ရုံးခန်းထဲမှာ… 💬 33 - ဟေ့ရောင် လစ်ကြီး ငါ့ကို ရေခဲသေတ္တာထဲက Redbull တစ်ဘူးယူပေးစမ်းကွာ… 💬 လစ်ကြီး - ...
12/09/2025

တစ်နေ့သောအခါ Tundra ရုံးခန်းထဲမှာ…

💬 33 - ဟေ့ရောင် လစ်ကြီး ငါ့ကို ရေခဲသေတ္တာထဲက Redbull တစ်ဘူးယူပေးစမ်းကွာ…

💬 လစ်ကြီး - ဟုတ်ဟုတ် ကိုသရီး တခြားရော

💬 33 - အဲ့တာပဲ…

15 မိနစ်ခန့်ကြာသော်…

💬33 ဟရောင်လစ်ကြီး ငါမှာလိုက်တဲ့ Redbull ရော

💬 လစ်ကြီး - ဟာဟုတ်သား ငါ Carry ဖို့မေ့လာတာ

ထိုစဥ်လစ်ကြီးမှ အသင်းမှ Kick ခံရမည်စိုးသဖြင့် 33 ၏ ခြေသလုံးကို ကိုင်ကာ ငိုယို၍တောင်းပန်လေသည်…

33 ကလည်း ခေါင်းတညိတ်ညိတ်နှင့်ပြန်ပြောလိုက်သည်မှာ…

💬 33 - မင်းက ဘာကိုမှ မ Carry နိုင်ပါလား???

ဒီအဖြစ်အပျက်ဖြစ်ပြီးတဲ့နောက်မှာ 33 တစ်ယောက် လစ်ကြီးကို ပစ်တီးပြီး အသင်းထဲကထုတ်ဖို့ ကြိုးစားပါတော့တယ်။

မကြာခင်ကာလမှာ Crystallis တစ်ယောက် အသင်းပျောက်ဦးမှာကို မြင်ယောင်နေပါသေးတယ်။

“You can’t beat Satanic”Heroic ဆိုတဲ့ SA Pride အသင်းကြီးတစ်သင်းလုံးက 18 နှစ်သား Satanic လေးလုပ်ချင်တိုင်းလုပ်တာ ခံလိုက်ရ...
11/09/2025

“You can’t beat Satanic”

Heroic ဆိုတဲ့ SA Pride အသင်းကြီးတစ်သင်းလုံးက
18 နှစ်သား Satanic လေးလုပ်ချင်တိုင်းလုပ်တာ ခံလိုက်ရပါတယ်။

Game 1 ကတော့ ကောင်းကောင်းမွန်မွန်ဆော့တာဆိုပေမဲ့
Game 2 ကတော့ Heroic ကစားသမားတွေက Crusader Rank Player လို့ မြင်အောင်ကို ရိုက်ပြသွားတာပါ။

GPM ကလည်း 960 ကျော်ခဲ့ပြီး
Last Hits ကလည်း မိနစ် 30 မှာ 500 ကျော်တာဆိုတော့
တော်တော်ကို Farm နိုင်တဲ့ လယ်သမားလေးပါ။

တစ်ချိန်လုံး Yatoro ရဲ့ လောင်းရိပ်အောက်မှာမိနေတဲ့
Satanic တစ်ယောက် သူ့ရဲ့စီနီယာထွက်သွားပြီးတဲ့နောက် ဘယ်သူမှတားမရတော့ပါဘူး။

နောက်တစ်ပွဲကလည်း XG vs Pari ဆိုတော့ ပိုလို့တောင်ကြည့်ကောင်းဦးမှာပါ။
Legend vs Golden Boy, Ame vs Satanic ဆိုတော့ ကြည့်ဖို့တောင် မစောင့်နိုင်တော့ဘူးဗျာ…

“Ti လက်ကျန် 8 သင်းနဲ့ Play Style များ”  Spirit နဲ့ Liquid လို တကယ့် Power house တွေထွက်သွားပေမဲ့ ကျန်နေတဲ့ Ti 8 သင်းက လု...
10/09/2025

“Ti လက်ကျန် 8 သင်းနဲ့ Play Style များ”

Spirit နဲ့ Liquid လို တကယ့် Power house တွေထွက်သွားပေမဲ့
ကျန်နေတဲ့ Ti 8 သင်းက လုံးဝကို တမူထူးခြားတဲ့ Play Style ကိုယ်စီနဲ့ ဆော့နေကြပါတယ်။

🗡️ Nigma > Never Give Up + 4 Protect 1

🗡️ Parivision > Farm to Fight > Fight to Win

🗡️ BB > Farm to Win / 4 Fight 1 Farm

🗡️ Falcons > Tri Core + Farm to Win

🗡️ Tundra > Meta Break + Mental Break to Win

🗡️ XG > Dominate to Win

🗡️ Heroic > Just Fight

🗡️ Tidebound > 4 Protect 1 + Farm to Win ဆိုတဲ့ စတိုင်တွေ ကွဲထွက်လာပါတယ်။

တူညီနေတဲ့ Fight To Win Style ကတော့ အသင်းတိုင်းနီးပါးရှိပေမဲ့
DOTA ရဲ့ အနှစ်ကို က Team Fights တွေကိုး…

ဒီထဲမှာ Risk အများဆုံးယူထားတဲ့ စတိုင်ကတော့ Falcons ပါပဲ။
သူတို့အနေနဲ့ Tri Core က တစ်ကောင်ကျိုးသွားရင် တော်တော်ပြန်ဆယ်ရမဲ့ Game တွေကို မြင်ယောင်နေပါတယ်။

Tundra ကတော့ ကလိမ်ကကျစ်ဉာဏ်နဲ့ ဆော့တတ်တဲ့အသင်းပါ။
မာယာများတတ်ပြီး အထင်သေးတာနဲ့ ကိုယ့်အသင်းကို ဖြုတ်ချသွားနိုင်တဲ့အရည်အချင်‌းတွေရှိပါတယ်။
Carry Crystallis ကလည်း သူ့ရဲ့ Out of meta ဖြစ်နေပေမဲ့ Comfort ဖြစ်တဲ့
Bloodseeker, Razor လိုကောင်တွေကို ထုတ်ခဲ့လို့ မထင်မှတ်ဘဲ
Surprise Madafaka အလုပ်နိုင်ဆုံးအသင်းပါ။

China 2 သင်းဖြစ်တဲ့ XG, Tidebound တို့ကတော့ သူတို့ရဲ့ကစားကွက်အတိုင်း
Farm လို့ ဝမှလိုက်ချကြမှာပါ။ XG.Ame ကတော့ မြန်တဲ့ Hero တွေ Sven, Ursa လိုကောင်တွေကို ကိုင်နေပေမဲ့ TT.Shiro ကတော့ Medusa, Morph, Gyro လို Late Game Hard Carry တွေနဲ့ ဆော့တတ်ပါတယ်။

EEU အသင်းတွေက အတင်းချကြတယ်ဆိုပေမဲ့ BB နဲ့ Pari ကတော့ လိုအပ်မှချကြပါတယ်။
သူတို့က Farm > Fight > Objective သွားကြတာပါ။
Fight နိုင်လိုက်တာနဲ့ Objective ကို ရအောင်ယူတဲ့အကျင့်ရှိပါတယ်။
ဒီ 2 သင်းက Laning တော်တော်ကောင်းပြီး Offlane တွေကလည်း
Zoo Hero Specialist တွေမို့ ပြိုင်ဘက်အသင်းတွေကိုက မချဘဲ
Out Farm လုပ်ပြီး သေချာပြီဆိုမှ ချကြတာပါ။
မဟုတ်လို့ Fight ရှုံးသွားရင် Tower တွေနဲ့အတူ Map Control ပါ ပေးလိုက်ရလို့ပါ။

Heroic နဲ့ Nigma ကတော့ အမှားများပါတယ်။
သူတို့အရမ်းသာနေရင်တော တစ်ဖက်သတ်ပွဲသိမ်းသွားတဲ့ ပွဲက အရမ်းရှားပါတယ်။
ဒီ 2 သင်းက ချရတာ အရမ်းကြိုက်တဲ့အသင်းပါ။

ဒါတွေကတော့ Ti လက်ကျန် 8 သင်းနဲ့ သူတို့ရဲ့ Play Style တွေပါ။

19/08/2025

ပြည်တွင်းအသုံးပြုလို့ရတဲ့ ဖလစ် Subscription Account လေးတွေ ကျသွားတာမလို့ အမြန်ဆုံးပြန်ရအောင်ကြိုးစားနေပါတယ်ခ‌ဗျာ 😓

အသုံးမပြုလိုက်ရတဲ့ ရက်အစားထိုးပြန်ပေးမှာမလို့ ခေတ္တစောင့်ဆိုင်းပေးဖို့ မေတ္တာရပ်ခံပါတယ်ခဗျာ 🙏🙏

“ဆော့လေ ပိုကောင်းလေ”Battle Pass ထွက်မယ်ဆိုတဲ့ ကောလဟလတွေကို Gaben ကြီးက ချိုးဖျက်လိုက်ပြီး Battle Pass ထက်ပိုကောင်းတဲ့ အစ...
06/08/2025

“ဆော့လေ ပိုကောင်းလေ”

Battle Pass ထွက်မယ်ဆိုတဲ့ ကောလဟလတွေကို Gaben ကြီးက ချိုးဖျက်လိုက်ပြီး

Battle Pass ထက်ပိုကောင်းတဲ့ အစီအစဥ်နဲ့အတူ ပွဲထွက်လာပါတယ်။

7.39d နဲ့အတူတူ “Quartero’s Curios” ဆိုတဲ့ ‌ဆော့လေ Level မြင့်လေ

Cosmetics တွေရလေဆိုတဲ့ Update ထွက်လာပါတယ်။

Battle Pass ကမှ ပိုက်ဆံပေးဝယ်နေရပါသေးတယ်။

ခုက Free For All ပါ။ Set တွေကလည်း တော်တော်လေးလှပါတယ်။

Gaben ကြီးအနေနဲ့

✔️ Player Count ပြန်တက်လာပြီး

✔️ Battle Pass မထုတ်ချင်တဲ့ ရည်ရွယ်ချက်က

ခု Update မှာ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် အောင်မြင်သွားပါတယ်။

တစ်ပွဲနိုင်ရင် +650 Exp

တစ်ပွဲရှုံးရင် +250 Exp ပေးထားပြီး 1000 Exp ကို Level တစ်ခုအနေနဲ့သတ်မှတ်ထားပါတယ်။

Item Reward System ကနေ သတ်မှတ်ထားတဲ့ Level ကိုရောက်ရင်

Item တစ်ခုရမှာပါ။ ဒါ့အပြင် Antiques reward တွေကနေ Immortals & Arcana တွေရဖို့

Chance ရှိနေပါတယ်။ Non-Tradable တွေဖြစ်ဖို့များပါတယ်။

ကဲကဲ ရပ်ကြည့်မနေနဲ့လေ DOTA ပြေးဆော့ဖို့ အချိန်ကောင်းပဲ။

ဪ ဒါနဲ့ DOTA Plus ဝယ်ဖို့၊ Steam Wallet ဖြည့်ဖို့အတွက်

Cheap & Instant Wallet တွေကို ကျွန်တော်ဆီမှာ “ဈေးနှုန်းချိုချို” နဲ့ ဝယ်လို့ရပါတယ်နော် ✌️

“အပြောင်းအလဲကြီးများနဲ့ ဖြတ်သန်းရဦးမဲ့ Ti”မကြာခင်မှာ Ti က စတင်တော့မှာပါ။ အမှတ်တရတွေ၊ အတိတ်တွေနဲ့ပြည့်နေခဲ့တဲ့ “ကြီးမြတ်စ...
23/07/2025

“အပြောင်းအလဲကြီးများနဲ့ ဖြတ်သန်းရဦးမဲ့ Ti”

မကြာခင်မှာ Ti က စတင်တော့မှာပါ။

အမှတ်တရတွေ၊ အတိတ်တွေနဲ့ပြည့်နေခဲ့တဲ့

“ကြီးမြတ်စွာ ဂုဏ်သရေရှိသော” ပြိုင်ပွဲကြီးကို နိုင်ဖို့က DOTA Player တိုင်းရဲ့ အိပ်မက်ဆိုရင်လည်းမမှားပါဘူး။

ဒါပေမဲ့ ပြီးခဲ့တဲ့ Ti တွေဟာ “ဆား” မပါတဲ့ ဟင်းလို ပေါ့ပျက်ပျက်နဲ့ ကြည့်ရခက်ခဲ့ပါတယ်။

ဒီကြည့်ရခက်စေတဲ့ အကြောင်းအရင်း ၃ ရပ်ကတော့

🔴 Battle Pass မရှိခြင်း

Valve အနေနဲ့ DOTA ကို ဘေးခဏချိတ်ထားပြီးတော့ Battle Pass တွေကို မထုတ်တော့ပါဘူး။

ဒီတော့ Battle Pass နဲ့အတူတူ ပါလာမဲ့ Rare & Exclusive Item တွေကို

DOTA Player တွေက တောင့်တနေကြပါတယ်။

ခု Battle Pass ထွက်တာနဲ့ တန်းဝယ်ဖို့ပြင်ထားတဲ့ DOTA Player တွေကိုက

တော်တော်များများရှိနေပါတယ်။

ဒီ Battle Pass Sales က ရတဲ့ 25% ကို Ti Prize Pool ထဲကိုသွားတာမို့

Ti ရဲ့ ဆုကြေးကို မြှင့်တင်ဖို့က Battle Pass ရောင်းအားနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။

🔴 ဆုကြေးအဆမတန်နည်းပါးသွားခြင်း

အပေါ်ကပြောခဲ့တဲ့ Battle Pass မထုတ်ဘဲ Valve က PGL နဲ့ပေါင်းပြီး

အိတ်စိုက်ဆုကြေး ထုတ်ပေးတော့ ဟိုးအရင်နှစ်တွေကလိုမဟုတ်ဘဲ

တော်တော်ကို နည်းသွားပါတယ်။

Ti နိုင်ရင် ဘဝပြောင်းလောက်တဲ့ ဆုကြေးကနေ

Ti နိုင်လည်း ဆက်ကစားရမဲ့ ဆုကြေးအဆင့်သာရှိနေပါတယ်။

Valve အနေနဲ့ သင့်တင့်တဲ့ဆုကြေးငွေနဲ့လည်ပတ်တဲ့ Pro လောက တစ်ခုရှိချင်တာနားလည်ပေမဲ့

Ti ဆိုတာ Play Level မြင့်မြင့် ဆုကြေးမြင့်မြင့်ရှိသင့်တယ်ဆိုတာကို ခုထိမေ့နေပုံပါပဲ။
🔴 True sight where???

DOTA Fan တွေ အကြိုက်ဆုံးဖြစ်တဲ့ True Sight ကို Valve က ဖျက်သိမ်းလိုက်တာဟာ

DOTA အသင်းတွေရဲ့ နောက်ကွယ်က ဆက်ဆံရေးတွေ၊ အသင်းအနေအထားတွေကို လေ့လာခွင့်ကို

ပိတ်လိုက်သလိုပါပဲ။

True Sight ဟာ အသင်းတွေရဲ့ အစစ်မှန်ဆုံးသရုပ်ကို ပြသပေးတာမို့

လူကြိုက်များတဲ့ အစီအစဥ်ဆိုပေမဲ့ Valve က ဘာလို့ဆက်မလုပ်လဲဆိုတာကို

ယနေ့ထိတိုင်အဖြေရှာမရဖြစ်နေဆဲပါ။

ဒီနှစ် Germany နိုင်ငံမှာကျင်းပမဲ့ Ti ကို Host မဲ့ PGL Studios အနေနဲ့

Twist လေးတွေနဲနဲထည့်ပြီး ထုတ်လုပ်ဖို့ကို မျှော်လင့်နေကြပါတယ်။

မဟုတ်ရင် Ti က “ဂုဏ်မြင့်တဲ့ အပြားကြီး” တစ်ပြားအဖြစ်ပဲ လူတွေက ထင်ကြေးပေးပြီး

နှာခေါင်းရှုံ့ကြမှာပါ။

02/06/2025

https://t.me/bleakdigitalproducts

ကနေ ဝန်ဆောင်မှု ဆက်လက်ပေးနေပါတယ်။
လိုတာရှိရင် လာခဲ့လိုက်ပါ။

PAGE အသစ်ကိုလည်း ပြန်လည်ဖန်တီးသွားမှာမို့ ခဏလေးသည်းခံပေးဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျ။

“7.39 ရဲ့ အသေးစိတ် PATCH NOTES” ▶️ Tormentor > 15 Mins > 20 Mins ကို ရွေ့ ▶️ Map က နဲနဲလေးပြောင်းလဲသွားတယ်။ အသိသာဆုံးကတေ...
24/05/2025

“7.39 ရဲ့ အသေးစိတ် PATCH NOTES”

▶️ Tormentor > 15 Mins > 20 Mins ကို ရွေ့

▶️ Map က နဲနဲလေးပြောင်းလဲသွားတယ်။ အသိသာဆုံးကတော့

နေရာရွေ့သွားတဲ့ Radiant Safelane Pull Camp လေး…

▶️ Lifesteal Amplification and Spell Lifesteal Amplification ဆိုတဲ့

Mechanics တွေကို ဖြုတ်လိုက်ပြီးတော့

Health Restoration ဆိုတဲ့ ကိုယ့်သွေးပြန်တက်တဲ့ Mechanics ကို ထည့်လိုက်တယ်။

ဒီတော့ Amplification တွေမရှိတော့ သွေးတွေ ဝုန်းဒိုင်းကြီးတက်တာတွေက တော်တော်ကြီးကို

လျော့သွားမယ်။ ဒီရဲ့ Effect တွေက Sange, Kaya, Meteor hammer နဲ့ Abyssal Blade တွေမှာ

တအားသိသာသွားတယ်။ အထူးသဖြင့် Spell Lifesteal လုပ်ပြီး Mana Amp ကို မှီခိုတဲ့

Storm, Medusa လိုကောင်တွေကို အကြီးကြီး Nerf လိုက်တာပါပဲ။

▶️ Blink Dagger က Overshoot Range ကို ဖျောက်လိုက်တယ်။

အရင်က Dagger သုံးရင် စက်ဝိုင်းစိမ်းလေးရဲ့အပြင်ဘက်ကို ထွက်အောင်ခုန်လို့ရခဲ့တယ်။

ခုတော့ မရတော့ဘူး စက်ဝိုင်းစိမ်းရဲ့အတွင်းထဲမှာပဲ ခုန်နိုင်တော့တယ်။

▶️ Item တွေထဲမှာနောက်ထပ် Nerf ခံရတာကတော့ Radiance ပဲ…

Evasion ကို 5% တောင်လျော့ချပစ်လိုက်တော့ တချို့ခုတ်ချက်တွေက

မလွဲတော့ဘဲသိသာလာမှာပါ။

⚙️ Neutral Item တွေလာပြီ

🟡 Dormant Curio : သူက နောက်ထပ်ရမဲ့ Neutral ကို သိသိသာသာ Boost ပေးမဲ့ Neutral လို့ အကျဥ်းချုံးပြောလို့ရတယ်။ Active တွေမဟုတ်ဘဲ Passive တွေဖြစ်တဲ့ enchantment တွေကို Boost ပေးမှာပါ။

🟡Sister's Shroud : သူက HP 50% အောက်ကျသွားရင် Evasion 200% ရှိတဲ့ 8s တစ်ခုဖြစ်သွားမယ်။
Evasion 200% ဆိုတော့ Physical Hit ဘာမှလုပ်မရပါဘူး။ အမြင်သာဆုံးပြောရရင်
Windranger ရဲ့ Windrun သုံးနေတုံး Physical Hit လို့မရတဲ့ အနေအထားဖြစ်သွားမယ်။ သုံးပြီးလို့ အချိန်တန်ရင် ပြန်သုံးလို့ရမှာမဟုတ်ဘဲ သေသွားမှ သို့မဟုတ် Enemy Hero ၁ ကောင်ကို သတ်နိုင်မှ

CD reset ပြန်ကျမှာပါ။

🟡 Poor Man's Shield လေးပြန်ပါလာတယ်။

🟡 Jidi Pollen Bag သူက AOE 700 အတွင်းမှာရှိတဲ့သူတွေဆီကို Pollen တွေဖြန့်လိုက်တယ်။
သွေးပြန်တက်နှုန်း 20% ကို 12s လျော့ပစ်တယ်။
ပြီးတော့ သွေးရဲ့ 12% ကို Damage ထိပေးမယ်။
No Mana Cost. Cooldown: 45s
မာတဲ့ကောင်တွေ၊ HP များတဲ့ကောင်တွေကို လုပ်ဖို့ ရှယ် Item ပါပဲ။

🟡 Dezun Bloodrite က AOE ကို +15% တိုးပေးမယ်
ဒါပေမဲ့ Mana 100 ကုန်သွားတိုင်း သွေး 35 ကို စားမယ်။
Soulring လို။ ဒီတော့ AOE Hero တွေတော်တော်ကြိုက်တဲ့ Neutral ဖြစ်လာမှာပါ။

🟡 Giant’s Maul က တူနဲ့ခေါင်းကို ခေါက်လိုက်သလိုပဲ
Crit Damage ထမယ်၊ slow သွားမယ်၊ Attack Speed လျော့သွားမယ်။

🟡 Outworld Staff ကတော့ OD ရဲ့ Skill 2 မြှုပ်တာကို
Budget Version ပါပဲ။

🟡 Divine Ralagia က Tier 5 အသစ်။ သူက Damage Output ရဲ့ 20% ကို ထုတ်ပေးတယ်။
ဒါပေမဲ့ သေရင်သုံးစားမရတော့ဘူး။

🟡 Helm of the Undying က Wraith King Ulti ပါပဲ။

⚔️ Hero Highlight

🟢 Abaddon - Facet အသစ်က Mistcoil ပစ်တာကို Damage ထုတ်ပြီး Item Effect တွေပါရတယ်။

Fury ဆက်ပြီး Mistcoil ပစ်ရင် Cleave ဖွာမယ်။

Maelstrom ဆက်ပြီး ပစ်ရင် လျှပ်စီးထမယ်။

🟢 Batrider - Stoked က သူကိုယ်တိုင်မီးလောင်ခံရမယ်။ Movement Speed 40% MAX ရမယ်။

Arsonist က Q သုံးပြီးတာဝါချိုးတာကို Level 1 ခုထပ်တိုးပေးတယ်။ (Max Level 5)

🟢 Bloodseeker - Old blood facet အသစ်က Q ကို လူတကာပေါ်တင်ပေးလို့ရတယ်။

Enemy တွေပေါ်မှာတင်ရင် Enemy Silence မိမယ်။

🟢 Clockwerk - Chainmeal က Chainmail တွေကို ဘူဖေးစားလို့ရတယ်။

စားသလောက် ကြီးလာမယ်။ Armor လည်းတိုးလားမယ်။

🟢 Disruptor - Facet အသစ် Transferrence က ကိုယ့်လူတွေရော ကိုယ်ရောအလုပ်ခံရင်

သုံးပေးလိုက်ရင် Enemy က နောက်ကို တွန်းပို့မယ်။

🟢 Shaker - Resonating Ridge Facet က Fissure နဲ့ ထိသမျှ Enemy တွေကို

Echo Slam မှာ ထွက်တဲ့ Damage ရဲ့ 60% ကို ထုတ်ပေးတယ်။

Echo Slam က Level မြင့်လေ Fissure က Damage ထွက်လေ ပုံစံမျိုးဖြစ်သွားတယ်။

🟢 Monkey King - Changing of the guard Facet က Wukoong’s Command ထဲက

မျောက်တွေနဲ့ နေရာလဲလို့ရမယ်။

🟢 Mu**ta - Quickdraw fact က Deadshot ပစ်လိုက်လို့ထိတဲ့ Enemy ကို

Disable နေတုံး ထိုင်ပစ်နေရင် Passive effect (၂ လက်နဲ့ပစ်တာ) ဝင်မယ်။

ဒီ Passive effect ဝင်တိုင်းမှာ Deadshot CD ကို 1s လျော့ပေးမယ်။

(Core ဆော့စေချင်လို့ပါ)

🟢 NP - Nature's Profit Facet က ထူးဆန်းသလိုလိုနဲ့ သိပ်မကောင်းဘူး။

NP ရဲ့ 750 AOE အတွင်းမှာ enemy သေသွားရင် သစ်ပင်လေးပေါက်လာမယ်။

ဒီသစ်ပင်လေးက သေသွားတဲ့ Enemy ရဲ့ Level ကို 1.5x ရွှေအိတ်လေး 2 အိတ်ချပေးမယ်။

ဥပမာ Level 10 Enemy သေသွားရင် 10x 1.5= 15 gold ကျမယ်။

2 အိတ်ဆိုတော့ Gold 30… သွားကောက်တုံးလျှောသွားရင် ပြန်ပေးရမှာနဲ့ မတန်ပါဘူး။

ဒါတွေကတော့ 7.39 ရဲ့ Item , Neutral , Hero Changes တွေပါ။

Treasure ဖောက်ဖို့ Wallet တွေလိုရင် ကျွန်တော့်ဆီလာခဲ့လိုက်ပါ…

Cheap Wallet 300$ နဲ့အထက်ဝယ်ယူမယ်ဆိုရင် Special Exchange Rate ရှိပါမယ်ခဗျာ

Cheap Wallet ရောင်းလာတဲ့သက်တမ်း 3 နှစ်အတွင်းမှာ နာမည်ပျက်မရှိခဲ့ဖူးပါ Account Security အတွက်လည်း 100% စိတ်ချထားလို့ရပါတယ်ခဗျာ

“လိုချင်တာ အကုန်ရှိ BLEAK!!!”
📞 +95 9 785 343402
✉️ t.me/bleakdigitalproduct

Address

Magway

Opening Hours

Monday 08:00 - 23:00
Tuesday 08:00 - 23:00
Wednesday 08:00 - 23:00
Thursday 08:00 - 23:00
Friday 08:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00

Telephone

+959785343402

Alerts

Be the first to know and let us send you an email when BLEAK Steam Wallets & Giftcards posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share