Aung Pyae Phyo

Aung Pyae Phyo From solo movement to goal 🎼

23/03/2024

ရွှေဝယ်မောင်းမကန်
တေးရေး - ကိုဆု
တေးဆို - ခွန်းဆင့်လှိုင်း

တိတ်ခွေခေတ်မှတေးသီချင်းလေးတစ်ပုဒ်ပါခင်ဗျာ..
Background ပြုလုပ်ဖို့ video ကတော့ Youtube ကနေသွားရှာပြီး edit ထားတဲ့အတွက်မူရင်းရိုက်ကူးထားသူအား ပေးပါတယ်ခင်ဗျာ....

#မောင်းမကန်ကမ်းခြေ #ထားဝယ် #တိတ်ခွေခေတ်

02/03/2024

"အားအင်အပြည့်မွေး တို့ ထ(၄)''

မူပိုင်/တေးရေး/တေးဆို/ဂီတမှုး/
ဒါရိုက်တာ/Editor/Mixing/Camera man ~ အောင်ပြည့်ဖြိုး(EDU Xinger)

Phone camera supported by Hein Pyae Thu

အဆိုထက်စာသားလေးတွေကိုပိုပြီးအာရုံစိုက်ကြည့်ပေးကြဖို့တောင်းဆိုပါတယ်ခင်ဗျာ၊သီချင်းကဝါသနာအရဆိုတာမလို့အဆိုကတော့မကောင်းလို့သည်းခံပေးကြပါခင်ဗျာ။

ဆယ်နှစ်တာတက်ခဲ့တဲ့သံယောစဉ်လေးရယ်၊တခြားကျောင်းတွေထက်ကိုယ့်ကျောင်းကိုသာစေချင်တဲ့စိတ်လေးနဲ့လုပ်ပေးဖြစ်ခဲ့ပါတယ်ခင်ဗျာ။

ကျောင်းပိတ်မှရိုက်ဖို့အားတဲ့အတွက်ကျောင်းပိတ်ချိန်ပုံရိပ်တွေပဲမြင်တွေ့ရမှာပါ၊ရိုက်ချင်တာကတော့ကလေးတွေဆော့ကစားနေပုံတွေနဲ့စာသင်ကြားပုံတွေကိုရိုက်ချင်တာပါ၊ကင်မရာတွေနဲ့ Video editing အတွက်အချိန်ပေးနိုင်တဲ့အချိန်ကျရင်တစ်ခေါက်ပြန်လာပြီးရိုက်ချင်ပါသေးတယ်။

စာသားအကြောင်းရှင်းပြရရင် ပန်းဆိုတာကျောင်းသား/သူတွေကိုရည်ညွှန်းပါတယ် ရောင်စုံခြယ်ပန်းတိုင်းဖူးလွင်ဆိုတဲ့အတွက် ကိုယ်စီအရည်အချင်းတွေနဲ့လှပနေပြီးပန်းကလေးများသဖွယ်ဖူးပွင့်နေတဲ့ဥယျာဉ်ကြီးလို့အဓိပ္ပါယ်ရပါတယ်ခင်ဗျ။

ကျောင်းတော်ကြီးမှာဥာဏ်ပညာအလင်းစွမ်းအားမျှဝေပေးနေနဲ့ ဆရာ/ဆရာမ တစ်ဦးတစ်ယောက်ချင်းစီကိုဂါရဝပြုကန်တော့လျက်ပါခင်ဗျာ။

ဆရာ/ဆရာမတို့ရဲ့ကျေးဇူးကိုဒီသီချင်းလေးနဲ့ဆပ်ပါရစေ။

ဘယ်လိုအခြေအနေမျိုးနဲ့ပဲကြုံနေပါစေ ''Our B.E.H.S(4) is the best'' ပါပဲခင်ဗျာ။

ကျောင်းတော်ကြီးလည်းနောင်အနာဂတ်မှာထွန်းတောက်လာမယ့်လူရည်မွန်လေးများမွေးထုတ်ပေးရာမိခင်နေရာအဖြစ်တည်ရှိနိုင်ပါစေ။

Page မှာလည်းတင်ပေမယ့် page ကလူကြည့်နည်းလို့အကောင့်ကနေပဲတင်ပေးလိုက်ပါတယ်ခင်ဗျာ။

Reacted ပေးသူတစ်ဦးတစ်ယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

အောင်ပြည့်ဖြိုး(EDU Xinger)

#ကိုယ်ပိုင်သံစဥ် #ကျောင်းသီချင်း #အထက၄ #အောင်ပြည့်ဖြိုး #ပညာရေး

01/11/2023

"အရေးပြိုင်ပွဲ"

ခေါင်းစဥ် ~ ဝါကျွတ်ခါမီ တူရာသီ
ရေးစပ်သီကုံးသူ ~ မောင်အောင်ပြည့်ဖြိုး
ပံ့ပိုးအတီး ~ ဦးမိုးခိုင်စိုး
သီဆိုသူ ~ တီချယ်ခင်ချမ်းငြိမ်း(ယဥ်ကျေးမှု)နှင့်ကျွန်တော်

ဒုတိယဆုရကျွန်တော့်သီချင်း(မကွေး) 💢

သန့်ရှင်းဖြူစင်စွာဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့်အတွက် ကိုယ့်ကိုကိုယ်ဂုဏ်ယူမိပါတယ်..
#၂၄ကြိမ်မြောက်
#မြန်မာ့ရိုးရာယဥ်ကျေးမှု #အဆိုအကအရေးအတီးပြိုင်ပွဲ #အရေးပြိုင်ပွဲ

Address

Magway

Opening Hours

Saturday 10:00 - 23:45
Sunday 10:00 - 23:45

Website

Alerts

Be the first to know and let us send you an email when Aung Pyae Phyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share