Cele Myanmar News

Cele Myanmar News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cele Myanmar News, News & Media Website, Magway.

မင်းအောင်လှိုင်ကိုဆန္ဒပြခဲ့တဲ့ ထိုင်းအမတ်က ပါတီကိုယ်စားမင်းအောင်လှိုင်ဆီ လိပ်မူတဲ့ ပေးစာကို ထုတ်ပြန်သြဂုတ်-၇ ၊၂၀၂၆။Peopl...
07/08/2026

မင်းအောင်လှိုင်ကိုဆန္ဒပြခဲ့တဲ့ ထိုင်းအမတ်က ပါတီကိုယ်စားမင်းအောင်လှိုင်ဆီ လိပ်မူတဲ့ ပေးစာကို ထုတ်ပြန်

သြဂုတ်-၇ ၊၂၀၂၆။People's Spring

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ရှေ့မှာ ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှုတွေအတွက် အော်ဟစ်ဆန္ဒပြခဲ့တဲ့ ပြည်သူ့ပါတီ (PP)ရဲ့ အမတ် အနူဆွမ် သွမ်ချိုင်က မင်းအောင်လှိုင်ဆီလိပ်မူတဲ့ပေးစာကိုထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းကိုရောက်ရှိနေတဲ့မင်းအောင်လှိုင်ကို ဩဂုတ် ၇ ရက်နေ့တုန်းက ထိုင်းအထက်
လွှတ်တော် ဥက္ကဋ္ဌ မွန်ကို ဆူရဆတ်ချာနဲ့ အ
တူတွဲပြီးဓာတ်ပုံရိုက်နေချိန်မှာအနူဆွမ်က
ငြိမ်းချမ်း​ရေးအတွက် ၊လူသားချင်းစာနာမှုအတွက် လို့​အော်ဟစ်ဆန္ဒပြခဲ့တာကြောင့် သူ့ကို ရဲတွေက ခေါ်ထုတ်သွားခဲ့ရပါတယ်။

ဆန္ဒထုတ်​ဖော်ခဲ့တဲ့ အနုဆွမ်ဟာအသက် ၆၀ အရွယ်ရှိပြီဖြစ်ပြီး ပြည်သူ့ပါတီကဖြစ်ကာဘန်ကောက်မြို့ မဲဆန္ဒနယ်ကို ကိုယ်စားပြု
အမတ်ဖြစ်ပါတယ်။ချူလာ​လောင်ကွန်း တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘွဲ့ရရှိခဲ့ပြီး၊ အမေရိကန်နိုင်ငံ Fordham တက္ကသိုလ် မှ International Economics, Finance and Development ဘာသာရပ်နဲ့ ​​ဒေါက်တာဘွဲ့ရထားတာဖြစ်ပါတယ်။

ထိုင်းကုန်သည်ကြီးများအသင်းတက္ကသိုလ်၏ စီးပွားရေးပညာဌာနမှာ ဌာနမှူးတာဝန်ယူခဲ့ဖူးပြီး စီးပွား​ရေးပညာရှင်ဖြစ်ပါတယ်။လွှတ်
တော်အတွင်းမှာ အစိုးရရဲ့ စီးပွားရေးမူဝါဒ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ဒီမိုကရေစီရေးဆိုင်ရာ ကိစ္စတွေကို တက်တက်ကြွကြွ ဆွေးနွေးတင်ပြလေ့ရှိပါတယ်။

ဒါအပြင် Thai PBS သတင်းဌာနရဲ့ မူဝါဒဆိုင်ရာဘုတ်အဖွဲ့ဝင်တဦးဖြစ်ပြီး ငွေကြေး၊ စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ အများပြည်သူဆိုင်
ရာမူဝါဒတွေကိုသုံးသပ်ဝေဖန်သူအဖြစ် ထိုင်းမီဒီယာတွေမှာ လူသိများပါတယ်။

သူ့ရဲ့ပေးစာဟာ ပြည်သူ့ပါတီနဲ့ ထိုင်းပြည်သူတွေရွေးကောက်တင်မြှောက်ထားတဲ့ပြည်သူ့ကိုယ်စားလှယ်တဦးအနေနဲ့ မင်းအောင်လှိုင်ဆီ ပေးအပ်တာ ဖြစ်တယ်လို့ အနူဆွမ်က ဆိုပါတယ်။

စာထဲမှာအဓိကကဏ္ဍနှစ်ခုအဖြစ် ‘ပင်လုံစာ
ချုပ်ကိုအခြေခံတဲ့ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးစနစ်မျိုးထူထောင်ဖို့အဆိုပြုချက်’ နဲ့ ‘ထိုင်း-
မြန်မာ နယ်စပ် အရေးကိစ္စတွေကြောင့် ထိုင်းနိုင်ငံနဲ့ထိုင်းပြည်သူတွေအပေါ် သက်ရောက်
မှုများ’ ဆိုတာတွေ ပါဝင်ခဲ့ပါတယ်။

ပေးစာထဲမှာတော့ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တုန်းကမြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်တွေ သဘောတူ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ပါ ကတိကဝတ်တွေကို လေးစားလိုက်နာပြီး ပြည်ထောင်စု မြန်မာနိုင်ငံ တည်ဆောက်ရေး၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှု လုပ်ငန်းစဉ်တွေ စတင်နိုင်ရေး တောင်းဆိုထားပါတယ်။

၂၁ ရာစုပင်လုံလို့ခေါ်ဆိုခဲ့တဲ့ ​ဒေါ်​အောင်ဆန်းစုကြည် ဦး​ဆောင်တဲ့ငြိမ်းချမ်းရေး ဆွေးနွေးမှုများကိုသူ့အနေနဲ့ အထူးကြိုဆိုထောက်ခံကြောင်း၊ အဲဒီ ဆွေးနွေးမှုတွေဟာ နှစ် ၇၀ ကြာမြင့်ခဲ့တဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်စေပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် လမ်းကြောင်း ဖန်တီးပေးခဲ့ကြောင်း၊ ဒါပေမဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မင်းအောင်လှိုင်က အာဏာသိမ်းခဲ့ပြီး ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို ဖျက်သိမ်းပစ်ခဲ့ကြောင်း၊ အကျိုးဆက် အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခုလုံး အပြီး
တိုင် ရပ်တန့်သွားပြီးအရင်ထက်တောင်ပိုဆိုး
ရွား ပြင်းထန်တဲ့ ပြည်တွင်းစစ်ထဲကို မြန်မာ
နိုင်ငံက ကျရောက်သွားခဲ့ကြောင်း အနူဆွမ်ရဲ့ စာထဲမှာ ပါရှိခဲ့ပါတယ်။

ဒါ့အပြင် ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေနဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေ အတွက်လည်း မင်းအောင်လှိုင် ဦးဆောင်ပြီး ဖြေရှင်းဖို့၊ အဲဒီအတွက် တိကျတဲ့ အချိန်ကာလ သတ်မှတ်ချက်မျိုး ရှိစေဖို့လည်း သူက တောင်းဆိုထားပါတယ်။ PPက အဓိက မီးမောင်းထိုးပြထားတဲ့ နယ်စပ်ဖြတ်ကျော် ပြဿနာတွေကတော့ မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်မှုတွေ၊ အွန်လိုင်း ငွေကြေးလိမ်လည်မှု ကျားဖြန့်လုပ်ငန်းတွေ၊ နယ်စပ်နားမှာ ဖြစ်ပွားတဲ့ စစ်ရေး ပဋိပက္ခတွေ၊ မြန်မာဖက်က အကြောင်း
တရားတွေကြောင့် ထိုင်းပိုင်နက်ထဲမှာ ရေထုနဲ့ လေထု ညစ်ညမ်း အဆိပ်သင့်မှုတွေ ဖြစ်ပါတယ်။

စာရဲ့ အဆုံးသတ်မှာတော့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က မြန်မာ့အရေး ကူညီဖြေရှင်းပေးဖို့ ညှိနှိုင်း လက်ခံထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လေး
စားလိုက်နာပြီး ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ပြန်လည်ထူထောင်ဖို့၊ မြန်မာနဲ့ ထိုင်းပြည်သူတွေရဲ့အကျိုးအတွက်ဆောင်ရွက်ပေးဖို့ မင်းအောင်လှိုင်ကို တိုက်တွန်းထားခဲ့ပါတယ်။

အနုဆွမ်ဟာ သြဂုတ် ၆ ရက်က ပြည်သူ့ပါတီက မင်း​အောင်လှိုင်ခရီးစဥ်​ကြောင့် ထိုင်းနိုင်ငံပုံရိပ်ထိခိုက်နိုင်​ကြောင်း​ဝေဖန်ပြီး ထိုင်းအစိုးရလုပ်သင့်တာ​တွေကို ပြည်သူ့ပါတီကထုတ်ပြန်တာမှာ အဓိကဖတ်ကြားခဲ့သူလည်းဖြစ်ပါတယ် ။

(ထိုင်းအမတ် အနူဆွမ် သွမ်ချိုင်ဟာ ဘန်​ကောက်မြို့ကိုယ်စားပြုအမတ်ဖြစ်ပြီး စီးပွား​ရေးပညာရှင် ဖြစ်ပါတယ် ။
ဓါတ်ပုံ-Khaosod)

07/08/2026

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းလွှတ်တော်သို့ ရောက်ရှိချိန် ထိုင်းလွှတ်တော်အမတ်တစ်ဦးက ကြွေးကြော် ဆန္ဒပြ (ရုပ်သံ)

သံလွင်မြန်မာသတင်း
ဩဂုတ်လ ၇

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းလွှတ်တော်သို့ ရောက်ရှိချိန် ထိုင်းလွှတ်တော်အမတ်တစ်ဦးက ကြွေးကြော် ဆန္ဒပြခဲ့ကြောင်း ထိုင်းသတင်းမီဒီယာ များက သတင်းဖော်ပြသည်။

ယနေ့ ဩဂုတ်လ ၇ ရက်နေ့ ထိုင်းလွှတ်တော်တွင် အထက်လွှတ်တော်ဥက္ကဋ္ဌ မွန်ခွန် ဆူရာဆတ်ဂျာ (Mongkol Surasajja) က ထိုင်းအစိုးရ၏ ဧည့်သည်အဖြစ် ရောက်ရှိလာသည့် မင်းအောင်လှိုင်ကို ကြိုဆိုမည့် အခမ်းအနားမတိုင်မီ ဆန္ဒပြမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ အဓိက အတိုက်အခံပါတီတစ်ခုဖြစ်သော ပြည်သူ့ပါတီမှ လွှတ်တော်အမတ် အနူဆွန် သမ်ချိုင် (Anusorn Thamjai) က မင်းအောင်လှိုင်ကို ကြိုဆိုသည့် အခမ်းအနားမတိုင်မီ ကြိုဆိုရေး နေရာသို့ ရောက်ရှိလာပြီး မြန်မာ နိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး နှင့် နယ်စပ်ဖြတ် ကျော် ပြဿနာများကို အရေးပေါ် ကိုင်တွယ်ဖြေရှင်းပေးရန် တောင်းဆိုထားသည့် စာတစ်စောင်ကို အထက်လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် မင်းအောင်လှိုင်ထံ ပေးပို့ရန် စီစဉ်ထားကြောင်း သိရသည်။

ယနေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် မင်းအောင်လှိုင်နှင့် ကိုယ်စားလှယ်အဖွဲ့ ထိုင်းလွှတ်တော် ကြိုဆိုရေးနေရာသို့ ရောက်ရှိလာချိန်၌ ထိုင်းလွှတ်တော်အမတ် အနူဆွန် သမ်ချိုင်က "For peace, for humanity" (ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်) ဟု အကြိမ်ကြိမ် ကြွေးကြော် ခဲ့ရာ အခမ်းအနားစီစဉ်သူများနှင့် လုံခြုံရေးအရာရှိများက ဝင်ရောက်တားဆီးခဲ့သည်။

ထို့နောက် လွှတ်တော်ရဲတပ်ဖွဲ့က ထိုင်းလွှတ်တော်အမတ် အနူဆွန် သမ်ချိုင်ကို အခမ်းအနားကျင်းပ ရာ နေရာမှ ခေါ်ဆောင်ကာ ဖယ်ရှားခဲ့ကြောင်း သိရသည်။

မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ်သည် လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် မြန်မာဒီမိုကရေစီ အရေး လှုပ်ရှားသူများ၏ ပြင်းထန်သော ဝေဖန်မှုများကို ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံအတွင်း ဆက် လက်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခနှင့် လူသားချင်းစာနာထောက် ထားရေး အကျပ်အ တည်းများအတွက် မြန်မာစစ်တပ်အပေါ် ပိုမိုဖိအားပေးရန်လည်း တောင်းဆိုမှုများ မြင့်တက်လျက်ရှိ ကြောင်း သိရသည်။

Video = Khaosod သတင်းဌာန

06/08/2026

ဂျပု ထိုင်းရောက်နေပီ
ဘယ်သူမှ ကပ်လို့မရဘူး
လုံခြုံရေး အရမ်းတင်းကြပ်ထားတယ်။

ရာဇဝတ်ကောင် ကို ရာဇဝတ်အားပေး
သူခိုးအားပေး
လူသ၊တ်အားပေးသော
သူများသာ ကြိုဆိုကြလိမ့်မည်။
ဒို့း လိုက်တော့် မအေလိုး မင်းအောင်လှိုင်။

UFC ပြိုင်ပွဲကြီးရဲ့ ထိပ်ဆုံး ခေါင်ပွဲ တဲ့ဒီဝေါဟာရ အတော်ကို ကျေနပ်စရာကြီးဗျ။သိပ်လဲ ဂုဏ်ယူဖို့ကောင်းတယ်။ပန်တိုဂျာ ချန်ပီယ...
06/08/2026

UFC ပြိုင်ပွဲကြီးရဲ့ ထိပ်ဆုံး ခေါင်ပွဲ တဲ့

ဒီဝေါဟာရ အတော်ကို ကျေနပ်စရာကြီးဗျ။

သိပ်လဲ ဂုဏ်ယူဖို့ကောင်းတယ်။

ပန်တိုဂျာ ချန်ပီယံဖြစ်ပြီးနောက်ပိုင်း ဖလိုင်းဝိတ် ချန်ပီယံခါးပတ်ပွဲတွေကို

ခေါင်ပွဲထားတာ အတော်ရှားတယ်။

UFC 301 တုန်းကလဲ မဖြစ်သာလို့ ခေါင်ပွဲထားရတာ

ဘာလို့လဲ ဆိုတော့ ပါရေးရား က ဗြုန်းဒိုင်းကြီး UFC 300 မှာ ဝင်ထိုးပေးလိုက်ရတယ်

အိုလီဗဲရား ကလဲ UFC 300 မှာပဲ ထိုးရတယ်

အဲဒီမှာ တွဲဆိုင်းတွေက UFC 301 အတွက် မကျန်တော့ဘူး။

ကျင်းပမယ့်နေရာက ဘရာဇီး ဆိုတော့

ဟိုအဝေးကြီးက စတိအာစေးကို ခေါ်ပြီး ဖန်တီးလိုက်ရတာ။

အခုလို လိုလိုချင်ချင်နဲ့ ဖန်တီးတာမျိုး မဟုတ်ဘူး။

ဗန် ကတော့ ကစားပုံအရ ၊ စွမ်းဆောင်ရည်ပိုင်းအရ ခေါင်ပွဲရတာပဲ။

UFC ကို ရောက်လာ ကတည်းက PPV Card တွေမှာပဲ ထိုးခဲ့ရတာ များတယ်

လက်စ်ဗီးဂက်စ် က UFC Fight Night ပွဲမျိုးထိုးရတာ အတော့်ကို နည်းတယ်။

ပြောချင်တာက ချန်ပီယံ မဖြစ်ခင် ကတည်းက Match Maker တွေက

သူ့ ကစားပုံကို သတိထားမိပြီးသား။

ဒီကြားထဲ Short Notice တွေ ခဏခဏ လက်ခံပေးတော့ ပိုသဘောကျပြီပေါ့။

အခုတော့ အမြင့်ဆုံး ခေါင်းပွဲမှာ ဦးဆောင်မင်းသားအဖြစ်နဲ့ ထိုးရတော့မယ်။

ဘယ်လောက်ကောင်းလိုက်လဲ။

လက်လှမ်းမီတဲ့ အချက်လက်တွေ အရတော့ အိမ်နီးချင်းက ဒေါင်ဒေါင်မြည် ချန်ပီယံကြီး ဇန်ဝေလီတောင် ခေါင်ပွဲမျိုး မထိုးရဖူးဘူး။

Co-Main ပွဲတွေချည်းပဲ ထင်တယ်။

ဆိုတော့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာပေါ့။

ဒို့ ဖိုက်တာက UFC က ပြိုင်ပွဲကြီးမှာ ခေါင်ပွဲထိုးခွင့်ရတဲ့

ပထမဆုံး အာရှ က ချန်ပီယံ ဖိုက်တာကွ

💪💪💪

Joshua “The Fearless” Van
Credit
Aung Naing Soe

မင်းအောင်လှိုင်ဟာ မြန်မာ့နိုင်ငံရေးစာမျက်နှာကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကို အပြီးဖယ်ထုတ်ဖို့ ကြိုးစားနေတာ။ သူမရဲ့ ...
04/08/2026

မင်းအောင်လှိုင်ဟာ မြန်မာ့နိုင်ငံရေးစာမျက်နှာကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကို အပြီးဖယ်ထုတ်ဖို့ ကြိုးစားနေတာ။ သူမရဲ့ သတင်းကို လုံးဝအမှောင်ချထားဖို့ ကြိုးစားတယ်။ လုံခြုံရေး တင်းကြပ်ထားတယ်။ သူမရဲ့ သတင်း၊ သူမရဲ့တည်ရှိမှုကို လူထုရှေ့ လုံးဝရောက်မလာအောင် သိသိသာသာ ပိတ်ဆို့ထားတယ်။

ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ ဩဇာကို မနာလိုစိတ်ကြီးစွာဖြစ်နေတဲ့ မင်းအောင်လှိုင်ရဲ့ အာဃာတ သီးသန့်ပဲ။ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ တည်ရှိမှုဟာ မင်းအောင်လှိုင် ရင်ဝမှာ စိုက်နေတဲ့ အဆိပ်လူးမြှားပဲ။

နိုင်ငံတကာ ဖိအားကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မဆိုထားနဲ့ အရင်အာဏာရှင်ဟောင်းတွေလို နေအိမ်အကျယ်ချုပ်တောင် ထားမပေးရဲဘူး။ အဲ့လို ဖြစ်လာနိုင်ဖို့ အချို့က မျှော်လင့်ပေမယ့် ကိုယ်ကတော့ မင်းအောင်လှိုင်လို စောက်ကျပ်မပြည့်၊ မနာလိုအားကြီးတဲ့ ဥာဏ်ရည်ဥာဏ်သွေးကနေ ကျက်သရေရှိတဲ့ Result ထွက်လာစရာ အကြောင်းမရှိဘူးလို့ပဲ မြင်တယ်။

အမေစုလွတ်မြောက်ဖို့ဆိုတာ တော်လှန်ရေးတစ်ခုကပဲ အဖြေဖြစ်တယ်။ ဒီ့တော့ ကိုယ်တွေ အားတင်းကြဖို့လိုတယ်။ အားလျော့နေသူတွေလည်း အားဖြည့်အမောဖြေပြီးရင် ပြန်မာန်တင်းကြဖို့လိုတယ်။

အခုလို ဓါတ်ပုံဝါးတားတားလေးတစ်ပုံ ထုတ်ပြဖို့တောင် ကိုထိန်လင်းရဲ့ Proof of life Campaign ကနေ ဖြစ်ပေါ်လာတာတဲ့ သံတမန်မေးခွန်းတွေ၊ သံတမန်ဖိအားတွေကြောင့် ကျဉ်းထဲကြပ်ထဲ ရောက်လွန်းလို့ ICRC လို အဖွဲ့အစည်းကို ကြားခံပြီး အမေစုသက်ရှိထင်ရှား ရှိနေကြောင်း မသဒ္ဓါရေစာ သတင်းထုတ်ပေးတာ။ ဒါ့ကြောင့် Proof of Life ကို ပိုမိုဝန်းရံကြဖို့လိုတယ်။

ဒီကိစ္စရပ်ကိုကြည့်ရင် ဒီလိုဖိအားမျိုးမှာတောင် ဒီနည်းလမ်းကို မတတ်သာတဲ့အဆုံးမှ အတော်လေး နည်းပါးတဲ့ သူမကို မြင်တွေ့ခွင့်ကို ထုတ်ပေးတာဖြစ်တဲ့အတွက် အမေစုလွတ်မြောက်နိုင်ဖို့ဆိုတာ တော်လှန်ရေးရေချိန် မြင့်တက်လာမှသာ ဖြစ်နိုင်ချေရှိတယ်ဆိုတာ ပိုမိုထင်ရှားတယ်။

ဝိုးတဝါးဓါတ်ပုံလေးကနေအောင် ပြည်သူကို အင်အားပေးနိုင်တဲ့၊ သူမရဲ့ ကျန်းမာနေခြင်းကပင် ပြည်သူကို ခွန်အားဖြစ်စေနိုင်တဲ့ ဖြစ်တည်မှု။ ဒီဖြစ်တည်မှုဟာ မြန်မာ့နိုင်ငံရေးကနေ သူမကို ဖယ်ထုတ်ဖို့ မဖြစ်နိုင်ဘူးဆိုတာကို လူထုကို ပိုမိုပြသကြဖို့လိုတယ်။

လူထုက သူမကို မေ့မသွားသရွေ့၊ လူထုရင်ထဲမှာ သူမဟာ အခိုင်မာဆုံးရှိနေသရွေ့ စစ်အာဏာရူးတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ကဒ်ကို လက်လွတ်စပယ်မလုပ်နိုင်ဘဲ ကောင်းမွန်စွာ ထိန်းသိမ်းထားကြလိမ့်မယ်။

ICRCက အမေစုနဲ့ တွေ့ဆုံတယ်ဆိုတာ အတည်ပြုထားပြီး ဖြစ်တာမို့ AI လား ဘာလားညာလားတွေ အငြင်းပွါးပြီး အချင်းချင်း ငြင်းခုန်နေကြမယ့်အစား သူမဟာ လူထုရင်ထဲမှာ ဘယ်လိုမှ ဖျောက်ဖျက်မရ၊ အမြဲတည်ရှိနေကြောင်း၊ အမြဲယုံကြည်ချစ်ခင်နေကြောင်း လူထုရဲ့ မေတ္တာတရားကို ပြသနိုင်တာက စစ်ကောင်စီကို ပိုမိုအထိနာစေလိမ့်မယ်။

သူမရဲ့ ပုံရိပ်ကို ဖျောက်ဖျက်ချင်တဲ့ စစ်အာဏာရူးတွေအတွက် သူမအပေါ် လူထုရဲ့ မေတ္တာ၊ လူထုရဲ့ ယုံကြည်မှု၊ လူထုရဲ့ မျှော်လင့်ချက်ဟာ ဒီကောင်တွေအတွက် အနာကျင်ရဆုံး ဖြစ်တာမို့ ဒီဖြစ်ရပ်ကနေ ဒီအမြတ်ကို ယူကြရမယ်။

ဓါတ်ပုံတစ်ပုံတည်းအတွက်မဟုတ်၊ လူထုယုံကြည်ရသူ (သို့မဟုတ်) အမေ့သားနဲ့ အမေစု ဆုံစည်းခွင့်ရဖို့ Proof of Life ကို ဆက်တွန်းကြပါမယ်။

အမေ ကျန်းမာနေပါစေ
အမေသက်တော်ရာကျော် ရှည်ပါစေ
ဒီဆုတောင်းလေးတွေနဲ့ လူထုမေတ္တာကို တနံတလျား ပြသပေးကြပါ။

ငါတို့အားလုံးရဲ့အမေ နေကောင်းကျန်းမာ သက်တော်ရာကျော် ရှည်ပါစေ။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC ၏ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် တွေ့ဆုံဟု စစ်တပ...
03/08/2026

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC ၏ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် တွေ့ဆုံဟု စစ်တပ်က ဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်

ရန်ကုန်၊ ဩဂုတ် ၃

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ် စားလှယ် Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။

တွေ့ဆုံမှုကို မည်သည့်နေရာတွင် ပြုလုပ်ခဲ့သည်၊ ဆွေးနွေးခဲ့သည့် အကြောင်း အရာများနှင့် တွေ့ဆုံချိန် ကြာမြင့်မှု စသည့် အသေးစိတ်အချက်အလက်များကိုမူ စစ်တပ်က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ် တပ် ၏ မတရားဖမ်းဆီးထိန်းသိမ်းခံထားရပြီး လက်ရှိတွင် စစ်ကောင်စီက မတရားအမှုဆင်ထားသော ပုဒ်မများဖြင့် ထောင်ဒဏ်နှစ်ရှည်ချမှတ်ထားခြင်းခံထားရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားသည်မှာ ရက်ပေါင်း ၂,၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး မိခင်ဖြစ်သူ အသက်ရှင်နေသည်ဆိုသော ယုံကြည်စိတ်ချရပြီး လွတ်လပ်စွာ အတည်ပြုနိုင်သည့် သက်သေအထောက်အထားတစ်စုံတစ်ရာကို ယနေ့အချိန်အထိ မရရှိသေးကြောင်း သားဖြစ်သူ ကင်မ်အဲရစ် (Kim Aris) က လူမှုကွန်ရက်မှတစ်ဆင့် ဇူလိုင်လ ၃၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာ သိမ်းချိန်မှစတင်ပြီး လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးကာ ဓားစာခံသဖွယ် ထိန်းသိမ်းထားခဲ့ပြီး ရက်ပေါင်း ၂,၀၀၀ ကျော်ကြာသည့်တိုင် မိသားစုဝင်များနှင့်သာမက ပြင်ပကမ္ဘာနှင့်ပါ တွေ့ဆုံဆက်သွယ်ခွင့်မပေးဘဲ ဖုံးကွယ်ထားကြောင်း သားဖြစ်သူက ပြောဆိုထားသည်။

မိခင်နှင့် အဆက်အသွယ် ပျောက်ဆုံးနေသည့် ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သော ယုံကြည်စိတ်ချရသည့် သတင်းအချက်အလက်များ ရရှိနိုင်ရန် အစိုးရများ၊ သံတမန်များနှင့် အမှန်တရားကို သိရှိနိုင်သူ မည်သူမဆိုကို ဆက်သွယ်မေးမြန်းခဲ့သော် လည်း ဒေါ်အောင်ဆန်းစုကြည် မည်သည့်နေရာတွင် ရှိနေသည်ကို မသိရှိရသေးသလို ကျန်း မာရေးနှင့် လက်ရှိအခြေအနေကိုလည်း မသိရှိရသေးကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသည်ဆိုသော ယုံကြည်စိတ်ချရပြီး လွတ် လပ်စွာ အတည်ပြုနိုင်သည့် သက်သေအထောက်အထားတစ်စုံ တစ်ရာကိုလည်း မရရှိသေးကြောင်း ကင်မ်အဲရစ်က ဆက်လက်ပြောဆိုသည်။

ကင်မ်အဲရစ်က အသက် ၈၁ နှစ်အရွယ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တစ်ဦးကို စစ်တပ်က အဘယ် ကြောင့် ဖုံးကွယ်ထားရသနည်း၊ သားတစ်ဦးအနေဖြင့် မိခင်နှင့် စကားပြောခွင့်ပင် အဘယ်ကြောင့် မရရှိရသနည်းဟု မေးခွန်းထုတ်ထားသည်။

ထို့အပြင် ရက်ပေါင်း ၂,၀၀၀ ကျော် ကြာမြင့်လာသည့်တိုင် မည်သည့်အစိုးရကမျှ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းဖြင့် ဆက်သွယ်ခွင့်တစ်ကြိမ်ပင် မရရှိစေခဲ့သည့်အပြင် အသက်ရှင်နေသည်ကို လွတ်လပ်သော အဖွဲ့အစည်းတစ်ခုက အတည်ပြုထားသည့် သက်သေအထောက်အထားတစ်ခုမျှ မရှိသေးကြောင်း ၎င်းက ဆက်လက်ထောက် ပြသည်။

မိခင်ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ "ဒီတိတ်ဆိတ်မှုကို အဆုံးသတ်သင့်နေပါပြီ" ဟု ကင်မ်အဲရစ်က တိုက် တွန်းထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိအခြေအနေနှင့်ပတ်သက်သည့် ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို ထုတ်ပြန်ပေးရန်လည်း သူက တောင်းဆိုထားသည်။

ဂျပန် ငလျင်ဘေးအတွက် ယန်း ၁ သန်း လှူဒါန်းလိုက်တဲ့ တိုင်ရာ-------------ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းတုန်းက ဂျပန်နိုင်ငံမှာ...
02/08/2026

ဂျပန် ငလျင်ဘေးအတွက် ယန်း ၁ သန်း လှူဒါန်းလိုက်တဲ့ တိုင်ရာ
-------------

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းတုန်းက ဂျပန်နိုင်ငံမှာ ပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပါတယ်။

အဲဒီ ငလျင်ကြောင့် အဆောက်ဦးပေါင်း ၁၅၀၀ ထက် မနည်းပျက်စီးခဲ့ပြီး ၊ လူပေါင်း ၉၀၀၀ ကျော် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ရကာ ၊ ၃၆ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

ဒီသဘာ၀ဘေးအန္တရာယ် ကူညီရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် ဗန်ရဲ့ ပြိုင်ဘက်ဟောင်း တက်ဆူရိုတိုင်က ယန်း ၁ သန်း လှူဒါန်းလိုက်ပါတယ်။

" သတင်းတွေထဲမှာ အဆောက်ဦးတွေပြိုကျတာ ၊ ရေတွေပြတ် ၊ မီးတွေပျက်တာတွေ မြင်ပြီး တော်တော်လေးတောင် တုန်လှုပ်သွားမိခဲ့ပါတယ်။ ဒါ့ကြောင့် တတ်နိုင်သလောက်လေးကို လှူဒါန်းတာပါ။ ငလျင်ဘေးဒဏ်ခံရတဲ့ပြည်သူတွေလဲ အမြန်ဆုံး ပြန်လည်ထူထောင်ရေးတွေ လုပ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်" လို့ သူက ပြောဆိုသွားပါတယ်။

တိုင်ရာ အဲဒီအဖြစ်ပျက် မတိုင်ခင်ကာလတုန်းကတော့ ထိုင်းကို လာပြီး နာမည်ကြီး မွေထိုင်း Gym တွေမှာ သင်ယူလေ့လာမှုအချို့ ပြုလုပ်သွားခဲ့ပါတယ်။

 နဲ့ MMA ပရိသတ်တွေကြားမှာ လက်ရှိအချိန်အထိ အများဆုံး ဆွေးနွေးခံနေရတဲ့ အကြောင်းအရာတစ်ခုကတော့ ပန်တိုဂျာရဲ့ စိန်ခေါ်မှုတွေက်...
02/08/2026

နဲ့ MMA ပရိသတ်တွေကြားမှာ လက်ရှိအချိန်အထိ အများဆုံး ဆွေးနွေးခံနေရတဲ့ အကြောင်းအရာတစ်ခုကတော့ ပန်တိုဂျာရဲ့ စိန်ခေါ်မှုတွေက်ို မြန်မာ UFC ဖိုက်တာ Joshua Van ရဲ့ နောက်ဆုံးတုံ့ပြန်မှုတစ်ခုဘဲ့ ဖြစ်ပါတယ်။
Credit
Myanmar Sports

Alexandre Pantoja က မကြာသေးခင် အင်တာဗျူးအချို့မှာ Joshua Van ကို လျှော့တွက်သလို၊ မလေးမစားပြောဆိုထားတဲ့ မှတ်ချက်တွေအပေါ် Joshua Van က တိတ်တဆိတ်မနေဘဲ ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့ပါတယ်။

Joshua Van ဟာ Pantoja ရဲ့ ဓာတ်ပုံကို အမှိုက်ပုံးထဲ ပစ်ထည့်တဲ့ ဗီဒီယိုတစ်ခုကို လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ပြီး၊ မင်းဘက်က လေးစားမှု မရှိရင် ငါ့ဘက်ကလည်း လေးစားမှု မရှိဘူး ဆိုတဲ့ သဘောထားကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

MMA လောကမှာတော့ ပြိုင်ဘက်ရဲ့ ပုံကို အမှိုက်ပုံးထဲ ပစ်ထည့်ပြသတာဟာ သာမန်လုပ်ရပ်တစ်ခု မဟုတ်ဘဲ ပြင်းထန်တဲ့ စိန်ခေါ်မှုတစ်ရပ်အဖြစ် သတ်မှတ်ခံရလေ့ရှိပါတယ်။ ပွဲမတိုင်ခင် စိတ်ဓာတ်ရေးရာ ဖိအားပေးမှု (Mind Games) တွေ၊ ပွဲအပေါ် စိတ်ဝင်စားမှု မြင့်တက်စေဖို့ Promotion လုပ်တာတွေက MMA မှာ မဆန်းပေမယ့် Joshua Van ရဲ့ ယခုတုံ့ပြန်မှုကတော့ ပရိသတ်တွေကြား အမြင်နှစ်ဖက် ကွဲပြားစေခဲ့ပါတယ်။

ပရိသတ်တစ်ဖက်ကတော့ ပြိုင်ဘက်အပေါ် အခြေခံလေးစားမှု (Respect) ကို ထိန်းသိမ်းသင့်တယ်လို့ ယူဆကြပါတယ်။ အခြားတစ်ဖက်ကတော့ ကိုယ့်ကို မလေးမစားပြုမူလာတဲ့အခါ ပြန်လည်တုံ့ပြန်တာက သဘာဝကျပြီး၊ ဒီလို Rivalry တွေက ပွဲကို ပိုမိုစိတ်လှုပ်ရှားဖွယ် ဖြစ်စေတယ်လို့ မြင်ကြပါတယ်။

ဒါပေမယ့် နောက်ဆုံးအဆုံးအဖြတ်ပေးမယ့်အရာက ဆိုရှယ်မီဒီယာပေါ်က ဗီဒီယိုတွေ၊ စကားစစ်ထိုးမှုတွေ မဟုတ်ပါဘူး။ Octagon ကြိုးဝိုင်းထဲ ရောက်တဲ့အချိန်မှာ ဘယ်သူက ပိုကောင်းတဲ့ ဖိုက်တာလဲ၊ ဘယ်သူက အနိုင်ရထိုက်လဲဆိုတာကို လက်တွေ့စွမ်းဆောင်ရည်နဲ့သာ သက်သေပြရမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Pantoja ဘက်က ဒီဗီဒီယိုအပေါ် ဘယ်လိုတုံ့ပြန်မလဲ၊ စကားနဲ့ ပြန်ဖြေမလား၊ ဒါမှမဟုတ် ကြိုးဝိုင်းထဲမှာပဲ အဖြေပေးမလားဆိုတာက UFC နဲ့ MMA ပရိသတ်တွေ စောင့်ကြည့်နေတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတစ်ခု ဖြစ်လာနေပါတယ်။
ပရိတ်သတ်တို့ရော ဗန်ရဲ့တုံ့ပြန်မှုဟာ ပြိုင်ဖက်အပေါ်မလေးစားမှုမရှိတဲ့ပုံစံဖြစ်သွားသလား အမြင်လေးတွေပြောသွားပေးကြပါအုံး...

"Job is not finished" လို့ ပန်တိုဂျာက စတေးတပ် တင်လိုက်ပါပြီ။သဘောကတော့ "ပွဲ မပြီးသေးဘူး" မကျေပွဲ ဆော်ကြတာပေါ့ ဆိုတဲ့ အဓိပ...
01/08/2026

"Job is not finished" လို့ ပန်တိုဂျာက စတေးတပ် တင်လိုက်ပါပြီ။

သဘောကတော့ "ပွဲ မပြီးသေးဘူး"

မကျေပွဲ ဆော်ကြတာပေါ့ ဆိုတဲ့ အဓိပ္ပါယ်မျိုးပါ။

စပြီး သူ့ဘက်က ကြွေးကြော်လိုက်တဲ့ သဘောပါပဲ။

UFC က ဘယ်အချိန် တရားဝင် ချပြမလဲ စောင့်ကြည့်ကြတာပေါ့။

👊👊
Credit Aung Naing Soe

Alexandre Pantoja က Joshua Van ကို ဘာကြောင့် မရပ်မနား စိန်ခေါ်နေတာလဲ…?Myanmar Sports UFC Flyweight ချန်ပီယံ Alexandre Pa...
01/08/2026

Alexandre Pantoja က Joshua Van ကို ဘာကြောင့် မရပ်မနား စိန်ခေါ်နေတာလဲ…?

Myanmar Sports

UFC Flyweight ချန်ပီယံ Alexandre Pantoja ဟာ မြန်မာနွယ်ဖွားစတား Joshua Van ကို မီဒီယာအင်တာဗျူးတွေနဲ့ လူမှုကွန်ရက်တွေကတစ်ဆင့် ဆက်တိုက် စိန်ခေါ်ပြောဆိုနေပြီး MMA ပရိသတ်တွေအကြား စိတ်ဝင်စားမှု မြင့်တက်လာနေပါတယ်။ UFC ဘက်ကတော့ နှစ်ဦးပြန်လည်တွေ့ဆုံမယ့်ပွဲကို တရားဝင် အတည်မပြုသေးပေမယ့် Pantoja ရဲ့ ပြောဆိုမှုတွေဟာ ပရိသတ်တွေအတွက် ဆွေးနွေးစရာ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

အခြေအနေကို သုံးသပ်ကြည့်မယ်ဆိုရင် Pantoja ရဲ့ ဆက်တိုက်စိန်ခေါ်မှုတွေဟာ ပွဲဖြစ်မြောက်ရေးအတွက် စိတ်ဝင်စားမှုကို ကြိုတင်ဖန်တီးလိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်နိုင်ပါတယ်။ Joshua Van ဟာ လက်ရှိ Flyweight Division မှာ အရှိန်အဟုန်နဲ့ တက်လာနေတဲ့ စတားတစ်ဦးဖြစ်ပြီး ပရိသတ်စိတ်ဝင်စားမှု မြင့်မားနေတာကြောင့် နှစ်ဦးပြန်တွေ့မယ့်ပွဲဟာ စီးပွားရေးအရလည်း တန်ဖိုးကြီးမားနိုင်တဲ့ တွဲဆိုင်းတစ်ခုဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ တွေ့ဆုံမှုရလဒ်အပေါ် Pantoja ဘက်က အပြည့်အဝ မကျေနပ်သေးတာလည်း ထင်ရှားပါတယ်။ ပွဲအပြီး အင်တာဗျူးတွေမှာ Joshua Van ကို အကြိမ်ကြိမ် ပြန်လည်စိန်ခေါ်ခဲ့သလို၊ မိမိအနေနဲ့ နောက်တစ်ကြိမ် ပြန်လည်ယှဉ်ပြိုင်ခွင့် ရရှိမယ်ဆိုရင် မတူညီတဲ့ရလဒ်ကို ဖန်တီးနိုင်မယ်လို့ ယုံကြည်နေတဲ့ သဘောထားကိုလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။ Joshua Van ဘက်ကလည်း အဲဒီပြောဆိုမှုတွေကို ယုံကြည်မှုအပြည့်နဲ့ တုံ့ပြန်ထားတာကြောင့် ပြိုင်ဆိုင်မှုက ပိုမိုပြင်းထန်လာနေပါတယ်။

တစ်ဖက်မှာလည်း အသက် ၃၆ နှစ်အရွယ် ရောက်ရှိနေတဲ့ Pantoja အတွက် လက်ကျန်ကစားသမားဘဝဟာ အလွန်အရေးကြီးတဲ့ အချိန်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ Joshua Van ကတော့ Flyweight Division ရဲ့ အနာဂတ်ကို ဦးဆောင်လာနိုင်တဲ့ လူငယ်စတားတစ်ဦးအဖြစ် အရှိန်အဟုန်နဲ့ တက်လာနေပါတယ်။ ဒါကြောင့် Pantoja အနေနဲ့ မိမိရဲ့ ချန်ပီယံအဆင့်အတန်းကို ထပ်မံသက်သေပြဖို့နဲ့ အရေးပါတဲ့ပွဲကြီးတွေကို ဆက်လက်ရရှိနိုင်ဖို့ Joshua Van နဲ့ အမြန်ဆုံး ပြန်လည်ရင်ဆိုင်ချင်နေတာလည်း ဖြစ်နိုင်ပါတယ်။

လက်ရှိအချိန်အထိ UFC ကတော့ ဒီ Rematch ကို တရားဝင်ကြေညာထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် Pantoja ရဲ့ ဆက်တိုက်စိန်ခေါ်မှုတွေနဲ့ Joshua Van ရဲ့ တုံ့ပြန်မှုတွေကြောင့် ဒီတွဲဆိုင်းဟာ Flyweight Division မှာ ပရိသတ်အများဆုံး စောင့်မျှော်နေတဲ့ ပွဲတွေထဲက တစ်ပွဲအဖြစ် သတ်မှတ်ခံနေရပါတယ်။
ပရိတ်သတ်တို့ရော ဗန်အပေါ် ပန်တိုဂျာရဲ့စိန်ခေါ်မှုတွေနဲ့ပက်သက်ပြီးဘယ်လိုမြင်လဲ အမြင်လေးတွေဆွေးနွေးသွားကြပါအုံး..

Address

Magway

Website

Alerts

Be the first to know and let us send you an email when Cele Myanmar News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share