Nway Oo Mg

Nway Oo Mg Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nway Oo Mg, News & Media Website, Magway.

မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အေ...
23/12/2024

မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲပြေလည်ရေးလမ်းစ မရရှိနိုင်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှအခိုင်အမာယုံကြည်ပါသည်၊ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်မတရားဖမ်းဆီးခံထားရသောနိုင်ငံရေးအကျဥ်းသားများ အမြန်ဆုံးလွတ်မြောက်ရေးသည် ဦးစွာဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များထဲမှအရေးကြီး လုပ်ငန်းစဥ်တခုဖြစ်ပါသည်။ အာဏာလုစစ်ကောင်စီကြံစည်နေတဲ့ အတုအယောင်ရွေးကောက်ပွဲလတ်တလောပြေလည်ရေးလုပ်ငန်းစဥ်ဟုမှားယွင်းယူဆအားပေးနေသူများအနေနဲ့ ပြဿနာကိုပိုမိုကြီးမားကျယ်ပြန့်လာအောင်မီးမွှေးနေတာဘဲဖြစ်လိမ့်မယ်။

Photo: မူရင်းဖန်တီးသူ Credit

ခြိမ်းခြောက်စာအတွက်ပြန်ထူးသံ–--------------------------------(PVTV Interview မှကောက်နုတ်သည်)ဓားပြဗိုလ်ရဲ့ငိုချင်းရှည်ကြီ...
01/09/2024

ခြိမ်းခြောက်စာအတွက်ပြန်ထူးသံ
–--------------------------------
(PVTV Interview မှကောက်နုတ်သည်)

ဓားပြဗိုလ်ရဲ့ငိုချင်းရှည်ကြီးအပြီးမှာ ဒီစာ ထွက်လာတာ ဖြစ်တယ်။

မဟာမိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် နဲ့ တရုတ်အထူးကိုယ်စားလှယ် တွေ့ဆုံဖို့ ကြေညာအပြီး ဒီစာထွက်လာတယ်။

တွေ့ကရာလူတွေဖမ်း စစ်သားစု၊
လောင်စာဆီ စားသုံးဆီ အကျပ်တည်းတွေကြုံ
ကုန်ဈေးနှုန်းတွေ အဆမတန်တက်
မီတာခတွေ အဆများစွာ တိုးကောက်ချိန်မှာ
ဒီစာထွက်လာတယ်။

တော်လှန်ရေးက တိုက်တိုင်းအောင်
စစ်ဓားပြတွေ တိုက်တိုင်းရှုံး
မေမြို့/မန္တလေး အဝိုင်းခံထားရပြီ၊
သိမ်းရရင် ပြီးပြီ ဆိုတဲ့ အခြေအနေမှာ
ဒီစာထွက်လာတယ်

အာရုံလွှဲချင်တာလား
အချိန်ဆွဲချင်
စိတ်ဝမ်းကွဲစေချင်တာလား

တော်လှန်ရေးသမားအင်အားစုတွေဟာ
သာမန်အချိန်သာ မတူကွဲပြား ရှိချင်ရှိမယ်
အရေးကြုံလာရင်တော့
"အရေးကြီးပြီညီနောင်အပေါင်းတို့"
ဆိုဖို့ အသင့်ရှိပြီးသားပါဆိုတာ သိစေချင်တယ်။

လက်တချောင်းစီချိုးဖို့ သူတို့ကြံတာလား
လက်သီးဆုပ် မဖြည်ဘူး
ဘယ်သူကိုခြိမ်းခြောက်သည်ဖြစ်စေ ဒါ တော်လှန်ရေးအင်အားစုအားလုံးကိုခြိမ်းခြောက်တာပဲ

ခြိမ်းခြောက်သူတွေအနေနဲ့အရှိတရားကိုနားလည်ပါ
သူတို့အကျိုစီးပွားတွေ စစ်ကောင်စီမကာကွယ်နိုင်တော့ဘူး
ပြည်သူတွေလက်ထဲရောက်နေပြီ
ပိုက်လိုင်းဖြတ်သန်းတဲ့မြေပေါ်စုံရပ်ပြီး
ဒါတို့ပြေဒါတို့မြေ လက်ရုံးဆန့်တန်းပြရမလား
အသင့်ပါပဲ

ဒေသတွင်း အင်အားကြီး နိုင်ငံရဲ့ခြေလှမ်းကိုကမ္ဘာကြီးမြင်ဖို့လို

ဒီခြိမ်းခြောက်စာနဲ့ ပတ်သက်လို့ တော်လှန်ရေးအင်အားစုတွေ အရေးပေါ်တိုင်ပင်/ချမှတ်နေကြပြီ

seal တံဆိပ်မပါ ဒေသန္တရ လိုလို
ပေးစာပစ်စာလိုလို ဝေဝါးနေပေမဲ့
သွေးတိုးစမ်းတာလား မေးစရာရှိတယ်
ခေါ်သံရှိရင်ထူးသံရှိမှာပဲ

တော်လှန်ပြည်သူတွေက ဘာမဆိုရင်ဆိုင်ဖို့ အသင့်ရှိတယ်

သံရုံး page အောက်က မြန်မာပြည်သူတွေရဲ့comments တွေ ကြည့်လိုက်ပေါ့

တကယ်ရင်ဆိုင်ကြရပြီဆိုရင်
ညီနောင်မဟာမိတ်တွေကြုံရမယ့်အခက်အခဲတွေကိုပါ ထည့်စဉ်းစား နေတယ်
ကူဖြေရှင်းနည်းလမ်းရွေးနေတယ်

ဘဏ္ဍာ ရိက္ခာ စစ်ရေးလိုအပ်ချက် အစုံပါမယ်
အခုလည်းဒီခြိမ်းခြောက်မှုကို
ကိုယ်စီသဘောထား ထွက်ပြော ထွက်ရပ်ပြကြမှာပါ

လူမျိုးရေးမုန်တီး မဟုတ်

အကြောက်တရားနဲ့ငုံ့ခံမှာ မဟုတ်

စိတ်ခံစားမှုအလျောက် ရမ်းသမ်းမှာ မဟုတ်

ဉာဏ်ပညာ သတ္တိနဲ့ တုန့်ပြန်မှာ ဖြစ်တယ်

နောက်ဆုံးပြောချင်တာက
ကျနော်တို့နိုင်ငံနဲ့ ပတ်သက်ပြီး အင်အားကြီးနိုင်ငံအနေနဲ့
သူတို့စကားတွေ ဘယ်လိုပင် အဓိပ္ပာယ်နှစ်ခွ ယူသော်ရ၏တွေပြောပြော
မြန်မာပြည်သူတွေက ရှင်းပြတ်စကားပဲ ရှိတယ်

အနိုင်ကျင့်ဗိုလ်ကျမှုမှန်ရင် ဘယ်အင်အားကြီးကိုမှ အညံ့ခံမှာမဟုတ်
အထူးသဖြင့် အသက်သွေးများစွာ
အရင်းပြုထားတဲ့တော်လှန်ရေးကို ပန်းဝင်ခါနီးမှာ
ဘယ်ခြိမ်းခြာက်မှုအတွက်မှ အပျက်ခံမှာ မဟုတ် ဆိုတာပါပဲ

#မင်းကိုနိုင်
၃၁/၈/၂၀၂၄

13/08/2024

လဖက်ခြောက်ဒုချုပ် စိုးဝင်း မယား

သန်းသန်းနွယ် သည်

ယနေ့တွင် UAE နိုင်ငံသို့ထွက်ခွာ

သွားကြောင်း ခိုင်လုံတဲ့ သတင်း

ရပ်ကွက်ကနေတဆင့် သိရပါတယ်။

13/08/2024

နေပြည်တော် ဘီလူးစီးချိန်

Ko Nay Myo Zin
13-8-2024

11/08/2024

ရုပ်ရှင်ဇာတ်ဝင်ခန်း အရမ်းကောင်းတယ်။
ဖွင့်ကြည့်ပါ

10/08/2024

ငုတ်တုပ်မေ့တယ်ဆိုတာ ဒါကိုပြောတာ

10/08/2024

Tipping Point ကိုကျော်ပြီး End Point ကိုသွားနေပြီ (ရုပ်/သံ)

မြန်မာ့တော်လှန်ရေးအခြေအနေဟာ အလှည့်အပြောင်း ဆုံမှတ် Tipping Point ကိုကျော်ပြီး အပြီးသတ်အဆုံးမှတ် ဖြစ်တဲ့ End Point ကိုသွားနေပြီဖြစ်တယ်လို့ လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူ ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ် က သုံးသပ်ပါတယ်။

ဒီအကြောင်းအရာ အပါအဝင် လတ်တလော နိုင်ငံရေး အခြေအနေတချို့နဲ့ ပတ်သက်ပြီး ဧရာဝတီရဲ့ အယ်ဒီတာချုပ် အောင်ဇော် က ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ် ကို သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

ဧရာဝတီ၊ ဩဂုတ် ၉၊ ၂၀၂၄

08/08/2024

Facebook မှာမိမိအကောင့်ကိုပြင်ဆင်ရန်
ဆက်တင်များစုစည်းမှု့
အောက်ပါလင့်ခ်များမှတစ်ခါတည်းဝင်ပြင်နိုင်ရန်
လင့်ပါအတူနေရာညွန်ထားပါတယ်
လိုအပ်ရင် တစ်ခါထဲသိမ်းထားလိုက်ပါ။

(1) အကောင့်အလှဆင်ရန်-Social, Websiteလင့်များသွားထည့်ရန်နေရာ
https://m.facebook.com/profile/edit/infotab/section/forms/?section=contact-info&cb=1548035094&ref=bookmarks

(2) Nickname နာမည်အပိုသွားထည့်ရန်နေရာ
https://m.facebook.com/profile/edit/info/nicknames/?ref=bookmarks

(3) Friend အပ်ထားပြီး လက်မခံသူတွေကို
ဖြုတ်ရန်နေရာ
https://m.facebook.com/friends/center/requests/outgoing/?fb_ref=ft&ref=bookmarks

(4) မိမိမန့်ထားသော commentများ အားလုံးကြည့်ရန် မနှစ်သက်ပါက ပြန်ဖျက်ရန်
https://m.facebook.com/100015890196549/allactivity?log_filter=cluster_116&category_key=commentscluster&ref=bookmarks

(5) မိမိကြည့်ခဲ့ဖူးသောVideoများပြန်ရှာရန်
https://m.facebook.com/100015890196549/allactivity?log_filter=videowatch&category_key=videowatch&ref=bookmarks

(6) Facebook Name ပြောင်းရန်နေရာ
https://m.facebook.com/settings/account/?name

(7) facebookမှာသုံးထားသော
Gmail အသစ်ပြောင်းရန်နေရာ
https://m.facebook.com/settings/email/add

(8) ဖုန်းနံပါတ် အသစ်ပြောင်းရန်နေရာ
https://m.facebook.com/phoneacquire/?source=m_account

(9)facebook အကောင့် ယာယီပိတ်ထားရန်နေရာ
https://m.facebook.com/deactivate/?source=account_settings_page

(10) ဘာသာစကား ရွေးချယ်ရန်-ပြောင်းရန်နေရာ
https://m.facebook.com/language.php

(11) Facebook password အသစ်ပြောင်းရန်နေရာ
https://m.facebook.com/settings/security/password/

(12) Trusted Contacts(TC) ခံထားရန်-
https://m.facebook.com/trusted_contacts/view/?gfid=AQB9boIRRGvN0K_i

(13) မိမိအကောင့် ဘယ်သူဝင်ခိုးသုံးဝင်လဲ ကြည့်ရန်နေရာ
https://m.facebook.com/account_review/?section=sessions

(14) မိမိရဲ့ Post/Comment/Friendများ ကြည့်ရန်
https://m.facebook.com/account_review/?state=overview

(15) facebookအကောင့်ကို 2 Step ခံထားရန်နေရာ
https://m.facebook.com/security/2fac/setup/choose/

(16) App Password ယူရန်နေရာ
https://m.facebook.com/new_sec_settings/app_passwords/

(17) မိမိအကောင့် ခိုးဝင်ရင်Loginဝင်ရင်သိရန် သတိပေးချက်ယူမယ်Notifiactionဖွင့်ထားရန်
https://m.facebook.com/login_alerts/settings/?source=security_settings_page

(18) Add Friends ပိတ်ရန်နေရာ
https://m.facebook.com/privacy/touch/basic/?mds=%2Fprivacy%2Ftouch%2Fselector%2Fdialog%2F%3FsettingFBID%3D8787540733%26return_uri%3D%252Fprivacy%252Ftouch%252Fbasic%252F&mdf=1

(19)အကောင်မှာသူချင်းများFriends List ဖျောက်ထားရန်နေရာ
https://m.facebook.com/privacy/touch/basic/?mds=%2Fprivacy%2Ftouch%2Fselector%2Fdialog%2F%3FsettingFBID%3D8787365733%26return_uri%3D%252Fprivacy%252Ftouch%252Fbasic%252F&mdf=1

(20) မိမိfacebook Wallပေါ်မှာတစ်ခြားသူ ပို့စ့်လာရေးလို့မရအောင် ပိတ်ထားရန်နေရာ
https://m.facebook.com/privacy/touch/timeline_and_tagging/?mds=%2Fprivacy%2Ftouch%2Ftimeline_and_tagging_selectors%2Fdialog%2F%3Fcancel_uri%3D%252Fprivacy%252Ftouch%252Ftimeline_and_tagging%252F%26fbid%3D10153940308610734&mdf=1

(21) Tag post တွဲပိုစ်များပိတ်ရန် ပြင်ဆင်ရန် နေရာ
အောက်က link နှစ်ကိုဝင်ပြီး on ထားပေးပါ။
ပထမ link
https://m.facebook.com/privacy/touch/tags/review/?type=tag&gfid=AQB7o-THcAe4uS8X
ဒုတိယ link
https://m.facebook.com/privacy/touch/tags/review/?type=profile&gfid=AQAHnvqPo7PnKLfd

(22) မိမိအကောင့်မှာFollow ဖွင့်ထားရန်
Followဖွင့်မယ်ဆိုPublish အကုန်ထားပေးပါ။
https://m.facebook.com/settings/subscribe/

(23) မိမိအကောင့်မှBlockထားသူတွေကို ပြန်ကြည့်ရန်နေရာ
https://m.facebook.com/privacy/touch/block/

(24) See first/Follow/Unfollow တနေရာတည်းကြည့်ရန်နေရာ
https://m.facebook.com/feed_preferences/home/

(25) Video တွေ Auto Play ပွင့်နေတာကို ပိတ်ရန်-
https://m.facebook.com/settings/videos/

(26)facebook အကောင့်အပြီးဖျက်ရန်နေရာ
https://m.facebook.com/account/delete/?back_uri=https%3A%2F%2Fm.facebook.com%2Fprivacy%2F&account_screen&consent

(27) Page ထောင်ရန် အသစ်ထောင်ရန်နေ
https://m.facebook.com/pages/creation_flow/?step=name&cat_ref_page_id=0&ref_type=bookmark

(28) facebook Group ဖွဲ့ရန် အသစ်ဖွဲ့ရန်နေရာ
https://m.facebook.com/groups/?category=groups&ref=bookmarks

(29)မိမိအကောင့် ID တင်ရန်နေရာ
ID တင်ရင်facebookအကောင့်နာမည်
မွေးရက်လခုနစ်ကိုID Cardပါအတိုင်းအရင်
ပြောင်းပြီးမှာတင်ပါမှားရင် တင်တာမအာင်ပါဘူး။
https://m.facebook.com/help/contact/301294069923254?id=301294069923254

လိုအပ်သူများ shareထားဆေ့ထားပါဗျာ
တစ်ချို့ဆက်တင်တွေကိုဒီပိုစ့်ကပဲ
Editလုပ်ပြီးပြန်ဖြည့်ပေးသွားပါမယ်။


နိုင်ငံကောင်းစားဖို့ တစ်မိသားစုလုံးကို ရင်းခဲ့တဲ့မိန်းမသား တစ်ယောက်ရဲ့နစ်နာခံမှု စွန့်လွတ်နိုင်မှုကိုလည်းနားမလည်နိုင်ခဲ့...
26/07/2024

နိုင်ငံကောင်းစားဖို့
တစ်မိသားစုလုံးကို ရင်းခဲ့တဲ့
မိန်းမသား တစ်ယောက်ရဲ့
နစ်နာခံမှု စွန့်လွတ်နိုင်မှုကိုလည်း
နားမလည်နိုင်ခဲ့ သလို...

မိသားစု ကောင်းစားဖို့
တစ်နိုင်ငံလုံးကို နစ်နာစေရဲတဲ့
ယောင်္ကျားတစ်ယောက်ရဲ့
လောဘ နဲ့ အတ္တကိုလည်း
ဘယ်လိုမှ နားမလည်နိုင်ဘူး...

အလောဘ နဲ့ လောဘ ပြယုဂ်နှစ်ခု ၊
မြင့်မြတ်ခြင်း နှင့် ယုတ်ညံ့ခြင်းတို့၏
ပြယုဂ်လည်း ဖြစ်ပါတယ်...

13/07/2024

အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်တွေ ဂိုထောင်လိုက်ကြီးMNDAAကို လက်ဆောင်ပေးအပ်
၁၃-၇-၂၀၂၄

12/07/2024

၁၀၂၇ ( အပိုင်း ၂ ) နောက်ကွယ်မှ တရုတ်ကုန်သည်များ
( နှင့် ) UWSA ရဲ့တန့်ယန်းခရီး
——————————-+——————————————

၁။
၁၀၂၇ ( အပိုင်း ၂ ) ဟာတရုတ်ဒေသဆိုင်ရာအာဏာပိုင်များနဲ့ မြောက်ပိုင်းညီနောင်တွေဆွေးနွေးပြီးမှအကောင်အထည်ဖော်ခဲ့တာဖြစ်တယ်။ တရားဝင်ဆွေးနွေးမှုဆိုတာထက် အလုပ်ဖြစ်ရေးစကားပြောကြတဲ့ စကားဝိုင်းတွေကနေ သဘောတူညီချက်ကဲ့သို့ ပုံစံမျိုးနဲ့ ဆောင်ရွက်ခဲ့တာဖြစ်တယ်။

၂။
ဒီဒုတိယလှိုင်းရဲ့နောက်ကွယ်မှာတရုတ်ကုန်သည်တွေရဲ့ အားပေးထောက်ခံမှုအများကြီးပါခဲ့တယ်။ တရုတ်ကုန်သည်တွေက တရုတ်ဒေသဆိုင်ရာအာဏာပိုင်တွေကိုဖိအားပေးတယ်။ တရုတ်ဒေသဆိုင်ရာအာဏာပိုင်တွေက တရုတ်ဗဟိုအစီုးရကိုသတင်းပို့တယ်။

၃။
တရုတ်ဗဟိုအစီုးရကလည်း ဟိုင်ဂင်သဘောတူညီချက်အပြီး၊ နောက်ဆက်တွဲဆွေးနွေးပွဲတွေလုပ်နေတုန်း မင်းအောင်လှိုင်က ပြောမနိုင်ဆိုမရနဲ့ ရှမ်းမြောက်မှာစစ်အင်အားတွေတိုးချဲ့၊ ဒရုန်းတပ်ဖွဲ့တွေဖွဲ့၊ လက်နက်ကြီးတွေပစ်၊ လေယဉ်နဲ့ဗုံးကျဲစတာတွေလုပ်တာတွေကြောင့် မင်းအောင်လှိုင်ကိုစိတ်ပျက်နေတာဖြစ်တယ်။

၄။
စစ်ကောင်စီလုပ်ရပ်တွေကြောင့် မေလမှာ နယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်ဖို့ဆွေးနွေးပွဲတွေပျက်သွားခဲ့တယ်။ အဲ့ဒီမှာတင် ကုန်သည်တွေက စစ်ကောင်စီကို လုံးဝစိတ်ပျက်သွားကြတယ်။ ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုလုံးသာERO တွေကထိန်းချုပ်ထားရင်ပိုပြီးအဆင်ပြေမယ်လို့မြင်သွားကြတယ်။ ဒါကြောင့် ညီနောင်မဟာမိတ်တွေ ရှမ်းမြောက်တစ်ခုလုံးကို ဝင်သိမ်းဖို့ကိုထောက်ခံအားပေးကြတော့တယ်၊ တတ်နိုင်သမျှဝိုင်းကူညီကြတော့တယ်။

၅။
တရုတ်ဗဟိုအစီုးရကလည်း မင်းအောင်လှိုင်ကိုစိတ်ပျက်နေချိိန်၊ ဒေသန္တရအစီုးရကလည်းမင်းအောင်လှိုင်ကိုချဉ်နေချိန်၊ တရုတ်ကုန်သည်တွေကလည်း မင်းအောင်လှိုင်ကိုဖယ်ရှားချင်နေချိန်၊ မင်းအောင်လှိုင်ရဲ့လေကြောင်းကနေတိုက်ခိုက်လို့ TNLA တပ်သား ၃ ဦးကျဆုံးခဲ့ရတယ်။ ဒါနဲ့ပဲ TNLA က ဇွန်လ ၂၅ ရက်နေ့မှာ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်တို့ကိုထိုးစစ်ဆင်ပြီး ၁၀၂၇ ( အပိုင်း ၂ ) စတင်ခဲ့တာဖြစ်တယ်။

၆။
၁၀၂၇ ( အပိုင်း ၂ ) ဖြစ်ပြီး ၊ တော်လှန်ရေးတပ်ဖွဲ့တွေက ရက်ပိုင်းအတွင်းမှာတင် တပ်စခန်းပေါင်း ၅၀ ကျော်သိမ်းလိုက်တဲ့အခါ တရုတ်ကိုဝင်တားပေးဖို့ စစ်ကောင်စီက လှမ်းပြီးတောင်းဆိုတယ်။ တရုတ်ဖက်က အဲ့ဒါကိုလုံးဝမတုန့်ပြန်တာတွေ့ရတယ်။

၇။
တရုတ်ရဲ့ခွင့်ပြုချက်ရသွားပြီဖြစ်တဲ့အတွက် ဇူလိုင်လ ၃ ရက်မှာ MNDAA ဟာစစ်ထဲဝင်ပါလာပြီး လားရှိုးကိုဝင်သိမ်းတယ်။ လားရှိုးကို စစ်ကောင်စီက အပြင်းအထန်ခုခံတယ်။ လေယဉ်တွေ လက်နက်ကြီးတွေနဲ့ တရစပ်ပစ် တယ်။ လားရှိုးတစ်မြို့လုံးပြာပုံဖြစ်သွားလောက်တဲ့အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်တယ်၊ လက်နက်ကြီးတွေနဲ့ပစ်တယ်။ လားရှိုးကို စိစိညက်ညက်ကြေသွားရလောက်အောင်ဖျက်ဆီးပစ်ဖို့ မင်းအောင်လှိုင်ကအမိန့်ပေးခဲ့တယ်။

၈။
လားရှိုးဒေသဟာ “ ဝ “ဒေသနဲ့ကပ်လျက်ဖြစ်တယ်။ လားရှိုးမှာ “ ၀ “ တိုင်းရင်းသားတွေ၊ “ ဝ “ ခေါင်းဆောင်တွေအများကြီးနေထိုင်ကြတယ်။ အဲ့ဒီ “ ဝ “ တိုင်းရင်းသားတွေက UWSA ကိုဝင်ကယ်ပေးဖို့တောင်းဆိုတယ်။ UWSA ကတရုတ်မျက်နှာကိုလှမ်းကြည့်တယ်။ တရုတ်ကုန်သည်ကြီးတွေက ဆက်လုပ်ဆိုပြီးပြောတယ်။ တရုတ်အာဏာပိုင်တွေက “ ဘာမှဝင်မပြောတော့ဘူး ၊ အဆင်ပြေသလိုသာလုပ်” ဆိုတဲ့အနေအထားမျိုးနဲ့ မီးစိမ်းပြတယ်။ ဒါကြောင့် လားရှိုးဒေသခံတိုင်းရင်းသားတွေရဲ့ တောင်းဆိုမှုနှင့် UWSA က စစ်ထဲပါဝင်လာခဲ့တယ်။

၉။
“ ဝ “ တိုင်းရင်းသားတွေရဲ့တောင်းဆိုချက်က လားရှိုးတစ်ဝိုက်ကနေ စစ်ကောင်စီတပ်တွေကို အပြီးသတ်ဖယ်ရှားရှင်းလင်းရာမှာ UWSA အနေနှင့် MNDAA ကိုကူညီပေးဖို့ဖြစ်တယ်။ UWSA အနေနဲ့က ကြားနေမယ်ဆိုတဲ့ မူဝါဒရှိတော့ စစ်ထဲကို ပေါ်ပေါ်ထင်ထင်ဝင်ပါလို့မရဘူး။ ဒါနဲ့ UWSA က တန့်ယန်းကို “ စစ်မီးကူးစက်မှာစီုးတယ်” ဆိုတဲ့ခေါင်းစဉ်တပ်ပြီး တန့်ယန်းမြို့ နဲ့ မိုင်းရယ်ဖက်က “ မိုင်းပတ်” အထိကို ဝင်သိမ်းတယ်။

၁၀။
“ ဝင်သိမ်း “ တာကို “ ဝင်သိမ်း “ တာလို့မပြောပဲ “ ဝင်ကာကွယ်ပေးတယ်” ဆိုပြီးဝင်လာတယ်။ MNDAA နှင့် စစ်ကောင်စီနှစ်ဖက်စလုံး ဘယ်သူမှမနေရဘူးဆိုပြီး “ မောင်းထုတ်” တယ်။ နှစ်ဖက်စလုံးကိုလက်မခံဘူးသာပြောတာ၊ အဲ့ဒီမှာရှိနေတာက စစ်ကောင်စီတပ်တွေဖြစ်ပြီး၊ MNDAA ကလုံးဝမရှိတော့ ၊ တကယ်တမ်း UWSA ရဲ့မောင်းထုတ်တာကိုခံရတာ စစ်ကောင်စီတပ်တွေဖြစ်တယ်။ UWSA က အင်အား ၂၀၀၀ ကျော်နှင့် ဝင်ရောက်သိမ်းပ်ုက်တာဖြစ်တယ်။

၁၁။
UWSA က စစ်ကောင်စီနဲ့ဆွေးနွေးတယ်ဆိုတာက လူကြားကောင်းအောင်ပြောတာဖြစ်တယ်။ “ ဝ “ ခေါင်းဆောင်တွေရဲ့ပါးနပ်မှုဖြစ်တယ်။ တကယ်က UWSA က စစ်ကောင်စီကို “ ဝင်သိမ်းမယ်ဆိုတဲ့အကြောင်း” အသိပေးရုံသက်သက် အသိပေးတာဖြစ်တယ်။ စစ်ကောင်စီက “ ဝ “ ရဲ့ပြောဆိုချက်ကိုလုံးဝမငြင်းရဲပဲ “ ငြိမ်ခံ “ လိုက်းတဲ့အနေအထားဖြစ်တယ်။ “ ဝ “ ခေါင်းဆောင်တွေက မင်းအောင်လှိုင်ကို “ ဆီမစွတ်ဘူး “ လို့ပြောလို့ရတယ်။ နွေဦးတော်လှန်ရေးမှာ “ ဝ “ တွေ သေနတ်တစ်ချက်မှမဖေါက်ရပဲ ရသွားတာ “ ၃ မြို့ “ ရှိသွားပြီဖြစ်တယ်။

၁၂။
အရင်က လားရှိုးအနောက်ဖက် တစ်လျောက်မှာစစ်ကောင်စီရဲ့လမ်းကြောင်းတွေကို TNLA ကပိတ်ဆို့၊ဖြတ်တောက်ထားတယ်၊ TNLA ရဲ့အနောက်ဖက်မှာ MDY-PDF ဖြတ်တောက်ထားတဲ့အတွက် MNDAA ထိုးစစ်ဆင်နေတဲ့ လားရှိုးကို စစ်ကောင်စီက အနောက်ဖက်ကနေ စစ်ကူပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ လားရှိုးရဲ့ အရှေ့ခြမ်းမှာရှိတဲ့ တန့်ယန်း နှင့်မိုင်းရယ်ဖက်ကနေစစ်ကောင်စီဟာ အင်အားဖြည့်တင်းတာ၊ တပ်ဆုတ် တပ်ခွါတာတွေလုပ်နေရတာဖြစ်ပါတယ်။

၁၃။
ဇူလိုင် ၁၁ ရက် ( မနေ့ ) က “ ဝ” ခေါင်းဆောင်တွေက အမျော်အမြင်ရှိစွာနဲ့ တန့်ယန်း နှင့် မိုင်းရယ်ကို သေနတ်တစ်ချက်မှမဖေါက်ရပဲ ဝင်သိမ်းလိုက်ပြီဖြစ်တဲ့အတွက် လားရှိုးအရှေ့ခြမ်းမှာ စစ်ကောင်စီတပ်တွေ မကြာခင်လုံးဝကင်းစင်းသွားတော့မှာဖြစ်တယ်။ လားရှိုးဟာဖက်ပေါင်းစုံကနေ ဝိုင်းပတ်ပိတ်ဆို့ခံလိုက်ရပြီဖြစ်တယ်။ မကြာတော့တဲ့အချိန်အတွင်းမှာ လားရှိုးမြို့ထဲကစစ်ကောင်စီတပ်ဟာ “ လောက်ကိုင် ဒကစ “ ကြုံတွေခဲ့ရတဲ့ကံကြမ္မာမျိုးကြုံတွေရပါတော့မယ်။

မျိုးရန်နောင်သိန်း
၂၀၂၄ ခုနှစ် ဇူလိုင် ၁၂ ရက်





#၁၀၂၇အပိုင်း၂


#

လေဘာခေါင်းဆောင် Keir Starmer ဗြိတိန်ဝန်ကြီးချုပ် သစ်ဖြစ်လာ ဒေါင်းနင်းလမ်း အမှတ် ၁၀ ကို ဝင်ရောက်ဇူလိုင် ၅ - ၂၀၂၄မနေ့က ယူက...
05/07/2024

လေဘာခေါင်းဆောင် Keir Starmer ဗြိတိန်ဝန်ကြီးချုပ် သစ်ဖြစ်လာ ဒေါင်းနင်းလမ်း အမှတ် ၁၀ ကို ဝင်ရောက်

ဇူလိုင် ၅ - ၂၀၂၄

မနေ့က ယူကေ အထွေထွေ ရွေးကောက်ပွဲမှာ လောဘာပါတီ နိုင်ငံနဲ့တဝန်း အပြတ်အသတ် အနိုင်ရပြီးနောက် ပါတီခေါင်းဆောင် Keir Starmer ဟာ ဒီကနေ့မှာတော့ ဗြိတိန် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

Keir Starmer ဟာ ဒီကနေ့ မနက်ပိုင်းမှာ ဘက်ကင်ဟမ် နန်းတော်ဆီ သွားရောက်ပြီး ဘုရင်းမင်းမြတ် ဆီကနေ ဝန်ကြီးချုပ် ခန့်အပ်မှုကို လက်ခံပြီးနောက် ဝန်ကြီးချုပ် အဖြစ် ဒေါင်းနင်းလမ်းကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

သူ့ရဲ့ ဝန်ကြီးချုပ် အဖြစ် ပထဆုံး မိန့်ခွန်းကို ဒေါင်းနင်းလမ်း အမှတ် ၁၀ ရှေ့မှာ ပြောကြားရာ
‘’လေဘာ ကို မဲပေးသည် ဖြစ်စေ မပေးသည်ဖြစ်စေ... ခင်ဗျားတို့ကို တိုက်ရိုက် ပြောကြားလိုတာက... ကျွန်တော့် အစိုးရက တာဝန် ထမ်းဆောင် ပေးမှာ ဖြစ်တယ်...’’
‘’ရာထူးကထွက်သွားတဲ့ ဗြိတိသျှ - အာရှ သား ဝန်ကြီးချုပ် ရစ်ရှီဆူးနက်ကို သူ့ရဲ့ အတိုင်းနဲ့ အလွန် ကြိုးပမ်မှုတွေ အောင်မြင်မှုတွေ အတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုကြောင်း’’ ဦးစွာပြောပါတယ်။

ဒါပေမယ့် ခုချိန်မှာတော့ တိုင်းပြည်ဟာ နိုင်ငံတော်သစ် အတွက် ပြောင်းလဲဖို့ ဆုံးဖြတ်ချက် ခိုင်မာစွာ မဲပေးခဲ့ကြပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့ အတူတကွ ရှေ့ကို ဆက်လက်ချီတက်ရမှာ ဖြစ်ပြီး ယုံကြည်မှု မဲ့နေတဲ့ အနာကို ပျောက်ကင်းအောင် စကားလုံးတွေ နဲ့ မဟုတ်ဘဲ အလုပ်နဲ့ သာ ဆောင်ရွက်နိုင်မှာဖြစ်တယ်... ကျွန်တော်တို့ ဗြိတိန်ကို ပြန်လည် တည်ဆောက်ကြမယ်... ဒီကနေ့ပဲ အစပြုနိုင်ပြီ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

ဒီကနေ့ ညနေမှာပဲ မစ္စတာ Starmer ဟာ သူ့ရဲ့ ပထမဆုံး ကဘိနက် အစိုးရ အဖွဲ့ကို ကြေညာမှာ ဖြစ်ပါတယ်။

Credit Media
https://www.tiktok.com/

Address

Magway

Website

Alerts

Be the first to know and let us send you an email when Nway Oo Mg posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share