Mar Mar Swe

Mar Mar Swe I aim to help, entertain and inspire others.

“အရမ်းကောင်းလို့ ပြန်လည်ကူးယူပြီး တင်တာပါ”အိန္ဒိယနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဒေလီမြို့မှာ နာမည်ကြီး စမူဆာဆိုင် တစ်ဆိုင် ...
18/04/2025

“အရမ်းကောင်းလို့
ပြန်လည်ကူးယူပြီး တင်တာပါ”

အိန္ဒိယနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဒေလီမြို့မှာ နာမည်ကြီး စမူဆာဆိုင် တစ်ဆိုင် ရှိတယ်။ စမူဆာလေးတွေဟာ အရသာ အလွန်ရှိတဲ့အတွက်ကြောင့် လူကြိုက်အလွန်များတယ်။

စမူဆာဆိုင်ရဲ့ မျက်နှာချင်းဆိုင် လမ်းတစ်ဖက်မှာတော့ ကုမ္ပဏီကြီး တစ်ခုရှိတယ်။ နေ့စဉ်လိုလိုပဲ နေ့လည်စာ စားချိန်ဆိုရင် ကုမ္ပဏီ ဝန်ထမ်းတွေဟာ အဲဒီ ဆိုင်မှာ လာစားလေ့ ရှိကြတယ်။

တစ်ရက် နေ့လည်စာစားချိန်မှာတော့ ကုမ္ပဏီ မန်နေဂျာ ကိုယ်တိုင် နာမည်ကြီး စမူဆာကို လာဆင်းဝယ်တယ်။ အရသာအလွန်ရှိတဲ့ အတွက်ကြောင့် စမူဆာကို ပါဆယ် ထုပ်မသွားတော့ပဲ ဆိုင်မှာ အားပါးတရ ထိုင်စားရင်း ဆိုင်ရှင်နဲ့ စကားစမြည် ပြောကြည့်မိတယ်။ မန်နေဂျာက
ဆိုင်ရှင် အဘိုးကြီးကို စမေးလိုက်တယ်။

“ဦးလေး… ဒီလောက် လက်ရာကောင်းတဲ့ စမူဆာကို ကျွန်တော်ဖြင့် ဒီတစ်သက် တစ်ခါမှ မစားဖူးဘူးဗျာ။ ပြီးတော့ ဆိုင် အပြင်အဆင်နဲ့ အခင်းအကျင်းကလည်း တကယ့်ကို သပ်သပ်ရပ်ရပ်နဲ့ ရှိတယ်။ ဦးလေး အုပ်ချုပ်စီမံမှု တကယ်ကောင်းတယ်ဗျာ။ ဟဲဟဲ… ထင်တာပြောမယ်နော်။ အကယ်၍ ဦးလေးသာ စမူဆာ မရောင်းပဲ ကုမ္ပဏီမှာ အလုပ်ဝင်လုပ်ခဲ့ရင် ခုချိန်မှာ ကျွန်တော့် လိုမျိုး မန်နေဂျာတစ်ယောက်တော့ ကောင်းကောင်း ဖြစ်လောက်တယ်။ နှိမ်ပြောတာတော့မဟုတ်ဘူးနော်။ ဟဲဟဲ။”

အဘိုးကြီးက သူ့ကို ပြုံးပြတယ်။ ပြီးတာနဲ့ သူကြော်လက်စ စမူဆာတွေ ဆက်ကြော်ရင်း ပြန်ဖြေတယ်။

“ဆရာပြောတာ နှိမ်တယ်လို့ မမြင်ပါဘူး ဆရာရယ်။ ဘာလို့လဲ ဆိုတော့ ကျုပ် အလုပ်က ဆရာ့အလုပ်ထက်ကို အဆမတန် ကောင်း နေတာကိုးဗျ။ ဘာလို့ကောင်းတာလဲ သိလား။”

လှောင်တဲ့အသံနဲ့ မန်နေဂျာက ရယ်ရင်း “ပား.. ဟုတ်ပါပြီဗျာ။ ပြောကြည့်ပါဦး ဦးလေးရယ်။နားထောင်ပေးရတာပေါ့”

အဘိုးကြီး – ဒီလိုလေဗျာ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကထဲက ကျုပ်ဟာ ဒီနေရာလေးမှာပဲ စမူဆာရောင်းခဲ့တာ။ အဲဒီတုန်းကတော့ ဗန်းနဲ့ ကြော်ရောင်းတာ ပေါ့ဗျာ။ ဆိုင်တွေဘာတွေနဲ့ ခုလို
ဘယ်ဖြစ်လာဦးမလဲ။ တစ်ချိန်ထဲမှာပဲ မောင်ရင်ဟာ အဲဒီ ကုမ္ပဏီမှာ အလုပ် စလုပ်တယ်။ ဒါ့ကြောင့် မောင်ရင့်ကို ကျုပ် ကောင်းကောင်းကြီး မှတ်မိနေတာ။ ကျုပ်ဟာ အဲဒီတုန်းက တစ်လကို ရင်းဂစ် တစ်ထောင် ဝင်ငွေ ရှိတယ်။ မောင်ရင်ကရော လစာ ဘယ်လောက်ရခဲ့လဲ။

မန်နေဂျာ – စလုပ်လုပ်ချင်းတုန်းက ရူပီး တစ်သောင်းပါ ဦးလေး။ ပြီးတော့ အောက်ခြေ ဝန်ထမ်းပါ။

အဘိုးကြီး – ဟုတ်ပြီ။ ခု ၁၀ နှစ်ဆိုတဲ့ ကာလကို ကျုပ်တို့တွေ ဖြတ်သန်းပြီးတဲ့နောက် ဘာတွေ အရာထင် ကျန်ခဲ့သလဲ။ ကျုပ်ဟာ စမူဆာ ဆိုင်တစ်ဆိုင်ပိုင်လာပြီ။ “စမူဆာ ဝါလား” ဆိုင် ဆိုတဲ့ နာမည်နဲ့လည်း လူသိများနေပြီ။ မောင်ရင်ကလည်း အောက်ခြေကနေ မန်နေဂျာ ဆိုတဲ့ အဆင့်ကို ရောက်လာပြီ။ ကဲ… အခုရော မောင်ရင် လစာ ဘယ်လောက် ရသလဲ။

မန်နေဂျာ – ရူပီး တစ်သိန်းဝန်းကျင်လောက်ရှိပါ့မယ် ဦးလေး။

အဘိုးကြီး – ကျုပ်ဟာလည်း တစ်လတစ်လေတော့ ရူပီး ၁ သိန်း ရခဲ့သလို တချို့လတွေမှာ ဆိုရင်တော့ ရူပီး တစ်သိန်း ကျော်ပါတယ်။
ဒီ အဆင့်အထိ ကျုပ်တို့ကြည့်မယ် ဆိုရင်တောင် မောင်ရင့် လုပ်အားနဲ့ ကျုပ်လုပ်အား အဆင့်ဟာ မကွာတော့ဘူး။ ဒါပေမယ့် ကျုပ်ဟာ မောင်ရင့်ထက် သာပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ကလေးတွေရဲ့ အနာဂတ် ကြောင့် ဖြစ်တယ်။

မန်နေဂျာ – ဘယ်လို။ ဘယ်လို။ ရှင်းပြပါဦး ဦးလေးရဲ့။

အဘိုးကြီး – ခုပြောတာလေးကို သေချာနားထောင်ပါ မောင်ရင်။ ကျုပ်ဟာ ဘဝနာခဲ့ရတယ်။ ဗန်းနဲ့ရွက်ကြော်ခဲ့ရတဲ့ဘဝက စလို့ ခုလိုဖြစ်လာတဲ့အထိပင်ပန်းခဲ့ရတာတွေ အများကြီးပါ။ ဒါတွေကို ကျုပ် သားဟာ ပြန်ကျော်ဖြတ်ဖို့ မလိုတော့ဘူး။ သူ့အနေနဲ့ ပညာကို ကောင်းကောင်းသင်ပြီး သူ့ပညာနဲ့ တော်တဲ့ အလုပ်တစ်ခုကို လုပ်ချင်လုပ်။ မလုပ်ချင်ပဲ တစ်နေ့ကျရင် မိဘအလုပ်ဝင်လုပ်ချင်တယ်ဆိုရင် ကျုပ်က အသာအယာ လက်လွှဲလိုက်ရုံပဲ။ ကျုပ်ရှာသမျှ ငွေဟာ သူ့အတွက် ဖြစ်တယ်။ သူဘယ်တော့မှ သုညဆိုတဲ့ အဆင့်က စဖို့ မလိုတော့ဘူး။

မောင်ရင် ရှာသမျှငွေကရော ဘယ်သူ့အတွက်လဲ။ မောင်ရင့် သားသမီး အတွက်လား။ ကုမ္ပဏီပိုင်ရှင် သူဌေးရဲ့ သားသမီး အတွက်လား။ မောင်ရင့်ထိုင်ခုံကိုရော သူတို့ကို လက်လွှဲခဲ့လို့ ရသလား။ ဘယ်ရလိမ့်မလဲကွယ်။ သူတို့လိုချင်ရင် သူတို့ အဖေ လွန်ခဲ့တဲ့ ဆယ်နှစ်က လျှောက်ခဲ့ရတဲ့ လမ်းအတိုင်း အစအဆုံး ထပ်လျှောက် ရတော့မှာ မဟုတ်လား။ သူတို့ လျှောက်နေချိန်မှာတော့ ကျုပ်သားဟာ လုပ်ငန်းတွေ တစ်ခုပြီး တစ်ခုချဲ့ထွင်နေမှာ။ သူတို့ဟာ အဖေ့လို မန်နေဂျာ ဖြစ်တဲ့အချိန်မှာတော့ ကျုပ်သားဟာ လိုက်လို့ မမှီအောင်ကို ဟိုးထိပ်ကို ရောက်နေလောက်ပြီကွယ့်။ ကဲ… ဒီတော့ မောင်ရင်ပဲ ကျုပ်ကိုပြောပြပါ။
ဘယ်သူဟာ အနာဂတ်အတွက် အလုပ်လုပ်နေပြီးတော့ ဘယ်သူကတော့ အချိန်တွေကို ဖြုန်းပစ်နေသလဲ။

စမူဆာ ၂ ခုဖိုးကို စားပွဲပေါ်တင်ပေးပြီးတော့ မန်နေဂျာဟာ တစ်ခွန်းမှ မပြောနိုင်တော့ပဲ ထထွက်သွားခဲ့တယ်။




#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
**********************************

လက်ရှိလုပ်ငန်းနဲ့တွဲလုပ်လို့ရပြီးဒုတိယဝင်ငွေလမ်းကြောင်းဖန်တီးချင်သော ချစ်မိတ်ဆွေတို့အတွက်💥မိသားစုကိုအချိန်အပြည့်အဝပေးရင်...
17/04/2025

လက်ရှိလုပ်ငန်းနဲ့တွဲလုပ်လို့ရပြီးဒုတိယဝင်ငွေလမ်းကြောင်းဖန်တီးချင်သော ချစ်မိတ်ဆွေတို့အတွက်

💥မိသားစုကိုအချိန်အပြည့်အဝပေးရင်းအိမ်ထဲကနေဝင်ငွေရှာချင်သူတွေ
💥 Full Time အလုပ်ကိုလုပ်ရင်း၊ဒုတိယဝင်ငွေလမ်းကြောင်းရှာချင်သူတွေ
💥ကျောင်းတဖက်နဲ့အပိုဝင်ငွေရှာချင်သူတွေ
💥သားသမီးတွေကိုလက်ဆင့်ကမ်းအမွေလွှဲပြောင်းပေးချင်သူတွေ
💥သတ်မှတ်တဲ့အတိုင်းအတာတစ်ခုရောက်ရင် သက်ပြည့်ကိုစောင့်စရာမလိုပဲ ပင်စင်လစာမျှော်မှန်းချင်သူတွေ
💥အချိန်အများကြီးမပေးနိုင်တဲ့သူတွေ
💥ကိုယ်သွားလေရာကိုနဲ့တပါတည်းယူဆောင်ရင်းလုပ်လို့ရတဲ့စီးပွားရေးမျိုးစိတ်ဝင်စားရင်
Online Digital Business ကိုလေ့လာကြည့်ဖို့အကြုံပြုချင်ပါတယ်
မနက်ဖြန်နံနက် 🇲🇲မြန်မာအချိန် (7:30 AM) မှာလဲ
ကျမရဲ့website ဖြစ်တဲ့
👩‍💻𝗐𝗐𝗐.𝗆𝖺𝗋𝗆𝖺𝗋𝗌𝗐𝖾.𝖼𝗈𝗆👩‍💻
မှာ နမည် နဲ့ အီးမေးဖြည့်Register လုပ်ပြီး တာနဲ့ "Free live Webinar "ကိုလေ့လာလို့ရပါပြီရှင့်
Webinar link ကို အီးမေးကနေတဆင့် ပို့ပေးမှာဖြစ်တဲ့အတွက်
Register မလုပ်ရသေးသူတွေလဲ Register လုပ်ပီးဝင်လေ့လာကြည့်ဖို့ပြောချင်ပါတယ်

Life changing ဖြစ်နိုင်တဲ့ စီးပွါးရေးအခွမ့်အလမ်းပါ ကိုယ့်ဘဝတိုးတက်ပြောင်းလဲချင်ရင် လေ့လာကြည့်ပါလို့ပဲ ဖိတ်ခေါ်ပါရတယ်

Digital နည်းပညာကို အသုံးပြုလာကြတဲ့ ခေတ်ကြီးမှာ အလိုအလျောက်လည်ပတ်တဲ့ Systemကိုအသုံးပြုပြီးတော့ ဝင်ငွေရှာနည်းမျိုးစုံကို က...
16/04/2025

Digital နည်းပညာကို အသုံးပြုလာကြတဲ့ ခေတ်ကြီးမှာ အလိုအလျောက်လည်ပတ်တဲ့ Systemကိုအသုံးပြုပြီးတော့ ဝင်ငွေရှာနည်းမျိုးစုံကို ကျင့်သုံးလာကြတဲ့အချိန်မှာ
မိမိအိမ်ထဲမှာပဲနေပီး တစ်ကမ္ဘာလုံးကိုထိ ထိုးဖောက်ဝင်ရောက်လို့ရတဲ့ online digital business စီးပွားရေးဆိုတဲ့ ကောင်းမွန်တဲ့ စီးပွားရေးတစ်ခု ပေါ်ပေါက်လာတယ်
ဒီစီးပွားရေးက
🌻အရင်းအနှီးအများကြီးရင်းစရာမလိုဘူး
🌻ကိုယ်ရဲ့ ကိုယ်ပိုင်အချိန်ကိုလည်းအများကြီးပေးစရာမလိုပဲလုပ်လို့ရတယ်
🌻မိတ်ဆွေသူငယ်ချင်းတွေကိုလည်းစိတ်အနှောက်အယှက်ပေးစရာမလိုဘူး
🌻အသက်အရွယ်ကန့်သတ်ချက်မလိုဘူး
🌻ဘွဲ့၊ဒီဂရီမလို ဘူး
🌻အချိန်၊နေရာ/ဆိုင်ခန်း/ရုံးခန်းမလိုဘူး
🌻လူခေါ်စရာမလို/ ဈေးရောင်းစရာမလိုဘူး
🌻ပစွည်းတေကိုသိုလှောင်ထားစရာမလိုဘူး
🌻အတွေ့အကြုံမလို ဘူး
မိတ်ဆွေတို့က
📶Internet, 📱phone, 💻laptop ရှိရုံနဲ့ အသက် ၁၈နှစ်ပြည့်ပီးသောလူမျိုး၊ဘာသာ ၊ကျား၊မ မရွေး လုပ်ကိုင်နိုင်ပါတယ်
စိတ်၀င်စားလို့လေ့လာချင်ရင် မည်သူမဆို ဖိတ်ခေါ်ပါတယ်။
👉လေ့လာချင်တယ်ဆိုရင်တော့
🌍𝗐𝗐𝗐.𝗆𝖺𝗋𝗆𝖺𝗋𝗌𝗐𝖾.𝖼𝗈𝗆🌏 မှာ မိတ်ဆွေရဲ့ နာမည် ၊email အမှန်နဲ Register လုပ်ပြီးအခမဲ့အရင်လေ့လာနိုင်ပါတယ်
သိချင်တာများရှိရင်လည်း messager ကနေစာပို့မေးမြန်းနိုင်ပါတယ်

Thanks,🥰
Mar Mar Swe
Business Consultant & Mentor

💥 𝓑𝓾𝓼𝓲𝓷𝓮𝓼𝓼 𝓣𝓮𝓼𝓽𝓲𝓶𝓸𝓷𝓲𝓪𝓵s 💥          ❄️𝘛𝘰 𝘭𝘦𝘢𝘳𝘯 𝘩𝘰𝘸 𝘺𝘰𝘶 𝘤𝘢𝘯 𝘵𝘰𝘰, 𝘰𝘶𝘳 𝘭𝘪𝘷𝘦 𝘸𝘦𝘣𝘪𝘯𝘢𝘳 𝘪𝘴 𝘰𝘯 𝘦𝘷𝘦𝘳𝘺 𝘞𝘦𝘥𝘯𝘦𝘴𝘥𝘢𝘺 𝘢𝘯𝘥 𝘍𝘳𝘪𝘥𝘢𝘺 𝘢𝘵 6:30...
15/04/2025

💥 𝓑𝓾𝓼𝓲𝓷𝓮𝓼𝓼 𝓣𝓮𝓼𝓽𝓲𝓶𝓸𝓷𝓲𝓪𝓵s 💥

❄️𝘛𝘰 𝘭𝘦𝘢𝘳𝘯 𝘩𝘰𝘸 𝘺𝘰𝘶 𝘤𝘢𝘯 𝘵𝘰𝘰, 𝘰𝘶𝘳 𝘭𝘪𝘷𝘦 𝘸𝘦𝘣𝘪𝘯𝘢𝘳 𝘪𝘴 𝘰𝘯 𝘦𝘷𝘦𝘳𝘺 𝘞𝘦𝘥𝘯𝘦𝘴𝘥𝘢𝘺 𝘢𝘯𝘥 𝘍𝘳𝘪𝘥𝘢𝘺 𝘢𝘵 6:30𝘈𝘔 (Myanmar Time).

𝘚𝘪𝘮𝘱𝘭𝘺 𝘳𝘦𝘨𝘪𝘴𝘵𝘦𝘳 𝘢𝘵 👇
🌐𝗐𝗐𝗐.𝗆𝖺𝗋𝗆𝖺𝗋𝗌𝗐𝖾.𝖼𝗈𝗆🌐
𝘵𝘰 𝘸𝘢𝘵𝘤𝘩 𝘰𝘶𝘳 90𝘮𝘪𝘯𝘴 𝘸𝘦𝘣𝘪𝘯𝘢𝘳 𝘢𝘵 𝘯𝘰 𝘤𝘰𝘴𝘵. 𝘐𝘧 𝘺𝘰𝘶 𝘤𝘢𝘯𝘯𝘰𝘵 𝘮𝘢𝘬𝘦 𝘪𝘵 𝘵𝘰 𝘰𝘶𝘳 𝘭𝘪𝘷𝘦 𝘴𝘦𝘴𝘴𝘪𝘰𝘯, 𝘯𝘰 𝘱𝘳𝘰𝘣𝘭𝘦𝘮. 𝘐'𝘭𝘭 𝘴𝘦𝘯𝘥 𝘺𝘰𝘶 𝘵𝘩𝘦 𝘭𝘪𝘯𝘬 𝘵𝘰 𝘸𝘢𝘵𝘤𝘩 𝘳𝘦𝘱𝘭𝘢𝘺.

✩ 𝗧𝗵𝗲 𝗽𝗼𝘄𝗲𝗿 𝗶𝘀 𝘄𝗶𝘁𝗵𝗶𝗻 𝘆𝗼𝘂 𝘁𝗼 𝗰𝗿𝗲𝗮𝘁𝗲 𝘆𝗼𝘂𝗿 𝗼𝘄𝗻 𝗼𝗽𝗽𝗼𝗿𝘁𝘂𝗻𝗶𝘁𝗶𝗲𝘀. ✩

𝘚𝘦𝘦 𝘺𝘰𝘶 𝘵𝘩𝘦 𝘰𝘵𝘩𝘦𝘳 𝘴𝘪𝘥𝘦
Mar Mar Swe

ဘဝက ခက်ခဲ ခဲ့လွန်းလို့ စိတ်ပျက်မိတဲ့ အကြောင်းသူငယ်ချင်းတယောက်ကို ရင်ဖွင့်မိတုန်းက သူပြန်ပြောတာလေး သဘောကျမိတယ်။သူက " မင်း...
14/04/2025

ဘဝက ခက်ခဲ ခဲ့လွန်းလို့
စိတ်ပျက်မိတဲ့ အကြောင်း
သူငယ်ချင်းတယောက်ကို
ရင်ဖွင့်မိတုန်းက သူပြန်ပြောတာလေး
သဘောကျမိတယ်။

သူက " မင်းမှာနေစရာရှိလား "
မေးတော့ ...

" ရှိတယ်။ ငါ့အိမ်တော့မဟုတ်ဘူး။
ငါ့ မိဘအိမ် " လို့ ဖြေတော့ ..

သူက " မင်းမှာ နေစရာ ရှိသေးတာဘဲတဲ့။
နေစရာမိဘအိမ်တောင် မရှိတော့တဲ့
လူတွေအများကြီးဘဲ " တဲ့။

" မင်းမှာ စားဖို့ကောရှိလား " မေးတော့ ..

" အမေ့အိမ်ရှိတော့ စားစရာလည်းရှိတယ်"
လို့ ဖြေတော့ ...

သူက " တနေ့တနေ့ မိသားစု ဝဝလင်လင်
စားဖို့တောင် အနိုင်နိုင် ရုန်းကန်နေကြရတဲ့
မိသားစုတွေ အများကြီးဘဲ " တဲ့။

" မင်းမှာ ဝတ်ဖို့ကောရှိလား " လို့
ဆက်ပြီး မေးတော့ ...

" ရှိတယ်။ ဟောင်းနေပေမယ့် လူလူသူသူ
ဝတ်ဖို့တော့ ရှိပါသေးတယ် " ဖြေတော့

" အရမ်းအေးတဲ့ ဒေသမှာတောင်
ဝတ်စရာမရှိလို့ အအေးဒါဏ်ကို
အံကြိတ်ပြီး ခံနေရတဲ့
လူတွေအများကြီးဘဲ " တဲ့။

ပြီးတော့ သူက ဆက်ပြောတယ် ...

" မင်းကသာ မင်းဘဝကို
စိတ်ပျက်ပြီး အလိုမကျဖြစ်နေတာ

ဒီကမ္ဘာမှာ မင်း အခုရနေတဲ့
ခံစားခွင့်လေးကို ရချင်နေတဲ့
လူတွေ အများကြီးဘဲ "တဲ့။

" မင်းအခု စိတ်ပျက်နေတဲ့
မင်းဘဝက တချို့လူတွေရဲ့
အိပ်မက် ဖြစ်နေတတ်တယ်ဆိုတာကို
မမေ့ပါနဲ့ " တဲ့။

" အပေါ်ကို မော့ကြည့်တာများသွားရင်
မင်းဘဝက ဘယ်တော့မှ
အလို ပြည့်စုံပြီး ပျော်ရွှင်ရမှာမဟုတ်ဘူး။

အောက်ခြေက ဘဝတွေကို
ငုံ့ကြည့်ပြီး စာနာသနားတတ်ရင်
မင်းအခုနေတဲ့ ဘဝကို
မင်းပိုပြီး ကျေနပ်ပျော်ရွှင်လာလိမ့်မယ် "တဲ့။

စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ အဲဒီလို
တကယ်ကို တန်ဖိုးရှိတဲ့စကားတွေ
ကြားလိုက်ရတော့ တော်တော်ကို
အားတွေပြည့်ခဲ့ရပါတယ်။

သူ့ဆီက အဲဒီစကားကို
ကြားပြီးနောက်ပိုင်း ဘဝကဘယ်လောက်ဘဲ
ခက်ခဲ ခက်ခဲ ကျွန်တော် ဘယ်တော့မှ
မငြီးငြူ ဖြစ်တော့ဘူး။

တခုခုဆိုးဝါးတာကြုံရင်တောင်
" ငါ့ထက် ခက်ခဲနေတဲ့သူတွေတောင်
ဒါတွေ ကျော်ဖြတ်နေကြတာဘဲ

ငါလည်းကျော်ဖြတ်နိုင်မှာပါလို့
တွေးတတ်သွားတယ် "

ကျွန်တော် ခံစားခဲ့ရဖူးသလို
ကိုယ့်ဘဝကိုယ် စိတ်ပျက်ပြီး
အလိုမကျ ၊ အားမလိုအားမရ
ဖြစ်နေနိုင်တဲ့သူတွေ ရှိနေနိုင်လို့ ။

စာဖက်သူများ
မိမိဘဝကိုမြတ်နိုးတန်ဖိုးထားနိုင်ကြပါစေ🙏🙏🙏

နှစ်သစ်ဆုတောင်းနှစ်ဟောင်းကုန်ပျောက် နှစ်သစ်ရောက် ထွန်းတောက်မင်္ဂလာ ရှိပါစေနှစ်သစ်မင်္ဂလာ ဒီချိန်ခါ စိတ်မှာညစ်မဲ ကင်းပါစေ...
13/04/2025

နှစ်သစ်ဆုတောင်း

နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ရောက် ထွန်းတောက်မင်္ဂလာ ရှိပါစေ

နှစ်သစ်မင်္ဂလာ ဒီချိန်ခါ စိတ်မှာညစ်မဲ ကင်းပါစေ

နှစ်သစ်မင်္ဂလာ များသတ္တာ ချမ်းသာကိုယ်စိတ် မြဲပါစေ

တစ်နှစ်ပတ်လုံး စိတ်ဖြူဖုံး ရွှင်ပြုံးကြည်သာ ရှိပါစေ

ကုသိုလ်ကျန်းမာ ပညာစီးပွား ဒီရေလား တိုးပွားကြပါစေ

ချမ်းမြေ့ဆရာတော်

မနက်ဖြန်နံနက်ကစပြီး အဓိဌာန်ဝင်ကြရအောင်နော် ဓမ္မမိတ်ဆွေတို့ 🙏🙏🙏
12/04/2025

မနက်ဖြန်နံနက်ကစပြီး အဓိဌာန်ဝင်ကြရအောင်နော် ဓမ္မမိတ်ဆွေတို့ 🙏🙏🙏

မဂ်လာရှိသောနံနက်ခင်းလေးပါရှင့် မိတ်ဆွေများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ...
10/04/2025

မဂ်လာရှိသောနံနက်ခင်းလေးပါရှင့် မိတ်ဆွေများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်
ဒီနေ့မှာလဲ မိတ်ဆွေတို့အတွက်အပတ်စဉ်လေ့လာခွင့်ရနေတဲ့

🌻FREE LI VE WEBINAR 🌻လေးရှိပါတယ်ရှင့်

ကျွန်မရဲ့ Website မှာ Register ဖြည့်ပြီးသူများအနေနှင့်
မိမိရဲ့ Email ကို ပြန်စစ်ကြည့်ပြီး (အခမဲ့) Webinar, Training video လေ့လာကြည့်လို့ရပါပြီ.

နိုင်ငံတကာသီးပွားရေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်
Webinar ကို English ဘာသာဖြင့်
ဆွေးနွေးထားတာဖြစ်ပြီး
မြန်မာဘာသာဖြင့် လေ့လာသိရှိလိုပါက
Page Messenger မှတဆင့် ဆက်သွယ်လို့ရပါတယ်ရှင့်

Register မဖြည့်ရသေးသူများ နှင့်
Business ကို စတင်လေ့လာသိရှိလိုသူများအနေနှင့်
💻𝗐𝗐𝗐.𝗆𝖺𝗋𝗆𝖺𝗋𝗌𝗐𝖾.𝖼𝗈𝗆💻မှာ နာမည်၊Gmail ကို
Register လုပ်ပြီး စတင်ဝင်ရောက်လေ့လာနိုင်ပါတယ်.

Mar Mar Swe
Business Consultant & Mentor

🩷ကုသိုလ် ထုံအောင် ဆောင်ရွက်ပါ။🩷အဆင်မပြေတာတွေကြုံတဲ့အခါတိုင်းကုသိုလ်ကောင်းမှုကိုပိုပြီးပြုလုပ်ပါအဆင်မပြေလည်းကုသိုလ်လုပ်၊ ...
10/04/2025

🩷ကုသိုလ် ထုံအောင် ဆောင်ရွက်ပါ။🩷

အဆင်မပြေတာတွေ
ကြုံတဲ့အခါတိုင်း

ကုသိုလ်ကောင်းမှုကို
ပိုပြီးပြုလုပ်ပါ

အဆင်မပြေလည်း
ကုသိုလ်လုပ်၊

အဆင်ပြေရင်လည်း
ကုသိုလ်လုပ်၊

အတိုက်အခိုက်
ကြုံရင်လည်
ကုသိုလ်လုပ်၊

အနှောက်အယှက်
ရှိရင်လည်း
ကုသိုလ်လုပ်၊

ပိုပြီး
အဆင်မပြေရင်
ပိုပြီး ကုသိုလ်လုပ်၊

လုပ်နေရင်းနဲ့ ကို
ပိုဆိုးလာနေရင်လည်း
စိတ်ဓာတ် မကျနဲ့

ယုံကြည်မှု့ အပြည့်
ဇွဲကြီးကြီးနဲ့သာ
ဆက်လုပ်

သေချာပေါက်ကို
ကုသိုလ်▪︎▪︎▪︎က
ကိုယ့်ကို
စောင့်ရှောက်ပါလိမ့်မယ်

ယုံကြည်မှု့ နဲ့
ဇွဲရှိမှုကိုတော့
မလျော့စေနဲ့

ဘဝ▪︎▪︎▪︎မှာ
ကုသိုလ်တွေ
အားကြီးလာရင်

အကုသိုလ်တွေ
အဆိုးတွေ
အားနည်းသွားမှာပဲလေ

သောက်ရေခွက်လောက်
ရှိတဲ့ ရေထဲကို
ဆားတစ်ကုတ်လောက်
ပစ်ထည့်ရင်

အဲဒီ ရေခွက်
ငန်တူးသွားမှာပေါ့

ရေ အပြည့်ရှိနေတဲ့
ရေကန်ကြီးထဲကို
ဆားတစ်ကုတ်လောက်
ပစ်ထည့်ကြည့်ပါလား

《ရေ》အရသာ
ဘာမှ ပြောင်းမှာ
မဟုတ်ဘူး

ရေက များနေတာကိုး

ဒီလိုပဲ
ကုသိုလ် အားကြီးနေရင်
အကုသိုလ်ဟာ
အသေးအမွှားလေးပဲ
ဖြစ်သွားမှာပေါ့

ဒါကြောင့်

ကုသိုလ်ကောင်းမှု့ ကို
လျော့မတွက်ပါနဲ့

အဆင်'တစ်ခါ
မပြေတိုင်
ကုသိုလ် တစ်ခု
တိုးလုပ်ပါ

ပိုပြီး▪︎▪︎▪︎မပြေရင်
ပိုပြီးလုပ်ပါ၊

ကုသိုလ်'အား ကြီးလာရင်
အားလုံး▪︎▪︎▪︎က
အဆင်ပြေသွားမှာ
အမှန်ပါပဲ၊

🙏ကျေးဇူးတော်ရှင်

ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး
《ဒေါက်တာ》နန္ဒမာလာဘိဝံသ၊

 #သင်္ကြန်အကြိုနေ့မှနှစ်ဆန်း၁ရက်နေ့ထိ     " မေတ္တသုတ်(၅) ရက်အဓိဋ္ဌာန် "နှစ်သစ်ပိတ်ရက်လေးမှာ အိမ်တွင်းကုသိုလ်တွေပြုလုပ်ရင...
09/04/2025

#သင်္ကြန်အကြိုနေ့မှနှစ်ဆန်း၁ရက်နေ့ထိ
" မေတ္တသုတ်(၅) ရက်အဓိဋ္ဌာန် "

နှစ်သစ်ပိတ်ရက်လေးမှာ အိမ်တွင်းကုသိုလ်တွေ
ပြုလုပ်ရင်း မေတ္တသုတ် အဓိဋ္ဌာန်ဝင်ကြရအောင်

၁။ နံနက်စောစောထ၍ ကိုယ်လက်သန့်စင်ပြီးလျှင်
ဘုရားရှင်ရှေ့တော်မှောက်၌ ငါးပါးသီလ ခံယူပါ။

၂။ ထို့နေ့အတွက် မေတ္တသုတ်ကို (၉)ခေါက်
အဓိဋ္ဌာန်ဝင်ခွင့်ပြုပါရန် ဘုရားရှင်ထံ
လျှောက်ထား ခွင့်ပန်ပါ။

၃။ ခွင့်ပန်ထားသည့်အတိုင်း အောင်မြင်အောင်
ကျင့်ဆောင်မည်ဖြစ်ပါကြောင်း ဘုရားရှင်ထံ၌
ကတိပေး လျှောက်ထားပါ။

၄။ သမန္တာ စက္ကဝါဠေသု မှစ၍ ရွတ်ဆိုပြီး
နတ်ဗြဟ္မာတို့အား ပရိတ္တရားနာ
ကြွပါရန် ဖိတ်ကြားပါ။

၅။ မေတ္တသုတ်ပရိတ်တော်ကို
စတင် ရွတ်ဖတ် ပူဇော်ပါ။

လိုက္နာ ဆောင်ရွက်ရန်
***************************
နေ့စဉ် (၉) ခေါက်နှုန်းဖြင့်
သင်္ကြန်ပိတ်ရက်(၅)ရက်
အဓိဋ္ဌာန် ဝင်ရပါမယ်

နေ့စဉ် (၉)ခေါက် အဓိဋ္ဌာန်
အောင်မြင်သွားတိုင်း မေတ္တာပို့ရပါမယ်

မေတ္တာပို့နည်း
******************
(၁) ဧတံ ပုညဘာဂံ ဤကဲ့သို့ ကျင့်ကြံပွားများအားထုတ် လှူဒါန်းပူဇော်ကန်တော့ရသော ကုသိုလ်ကောင်းမူကံစေတနာ အဖို့ဘာဂတို့အား အနန္တစကြဝဠာ အတွင်း၌ မှီတင်းဖြစ်ပေါ်နေထိုင်ကြကုန်သော အနတ္တလူနတ်ဗြဟ္မာ၊အနတ္တသတ္တဝါများအားလုံး ၊အရပ်လေးမျက်နာ ၊အရပ်ရှစ်မျက်နာ၊ အရပ်ဆယ်မျက်နှာ၌ ရှိကြကုန်သော အနန္တ နတ်၊ လူ ဗြဟ္မာ အနန္တသတ္တဝါအားလုံး မည်သို့သော ပုဂ္ဂိုလ် သတ္တဝါမျှမကျန်။

(၂) သာသနာတော်အား စောင့်ရှောက်
လျက်ရှိသော ဘိုးတော်သိကြားမင်းနှင့်တကွ
သာသနာစောင့်နတ်မင်းကြီး ၄ ပါး
အားလည်းကောင်း။

(၃) တောစောင့်နတ်၊ တောင်စောင့်နတ်၊
မြို့စောင့်နတ်၊ ရွာစောင့်နတ်၊အာကာသစိုး၊
ရုက္ခစိုး၊ဘုမ်းမစိုး၊သမုဒ္ဒရာစောင့်နတ်၊မီးစောင့်နတ်၊ရေစောင့်နတ်၊လေစောင့်နတ်၊နေစောင့်နတ်၊လစောင့်နတ်၊နတ်မင်းအပေါင်းနှင့်
ကျွန်ု၏ကိုယ်စောင့်နတ်တို့အားလည်းကောင်း၊
သာသနာတော်အားစောင့်ရှောက်လျက်ရှိကြကုန်သော နတ်မင်းအပေါင်းတို့အားလည်းကောင်း။

(၄) ဝိရူပက္ခမြွေနတ်နဂါးမင်း၊
ဆဗျာပုတ္တမြွေနတ်နဂါးမင်းနှင့်တကွ
နတ်နဂါးမင်းအပေါင်းတို့အားလည်းကောင်း။

(၅) ဘုရားသိုက်၊နဂါးသိုက်၊ကုလားသိုက်၊
ရှမ်းသိုက်၊ဘီလူးသိုက် အစရှိသဖြင့် သိုက်နန်းရှင်၊ သိုက်ချုပ်၊ သိုက်ဝင်အပေါင်းတို့နှင့်တကွ
နဂါး ဂဠုန် ကု မ်ဘဏ် ယက္ခ၊ဂန္ဓဗ္ဗ
နတ်အပေါင်းတို့အားလည်းကောင်း။

(၆) ဘုရားတပည့်တော်ဘဝအဆက်ဆက်
သံသရာ၌ တော်စပ်ခဲ့သော မိခင်၊ဖခင်၊ဆရာသခင်၊ကျေးဇူးရှင်များနှင့်ဆွေတော်အပေါင်း
မျိုးတော်ရှစ်သောင်းတို့အားလည်းကောင်း၊
ယခုဘဝတော်စပ်ကြကုန်သော မိခင်၊ဖခင်၊ဆရာသခင်၊ကျေးဇူးရှင်များနှင့်ဆွေတော်အပေါင်း မျိုးတော်ရှစ်သောင်းတို့အား လည်းကောင်း၊၊

(၇) ပထဝီ၊တေဇော၊အာဘော၊ဝါယော
ဓာတ်အကြီးလေးပါးကို မှီ၍ ဖြစ်ပေါ်
ကြကုန်သော အနန္တ နတ် လူ ဗြဟ္မာ
အနန္တသတ္တဝါအားလုံးတို့အား လည်းကောင်း ၊
သြကာသလောက၊သင်္ခါရလောက၊သတ္တလောကလောကသုံးပါး ကိုမှီ၍ ဖြစ်ပေါ်ကြကုန်သော အနန္တ နတ် လူ ဗြဟ္မာ အနန်တသတ္တဝါအားလုံးတို့အား လည်းကောင်း ၊ ယမမင်းနှင့်တကွ ငရဲသူ ငရဲသားတို့အားလည်းကောင်း။

ဘေးရန်ခပ်သိမ်းကင်းငြိမ်း ချမ်းသာကြပါစေ၊
ဒေါသ ခပ်သိမ်း ကင်းငြိမ်း ချမ်းသာကြပါစေ၊
ဆင်းရဲ ခပ်သိမ်းကင်းငြိမ်း ချမ်းသာ ကြပါစေ၊
နှလုံးစိတ်ဝမ်းကင်းငြိမ်းချမ်းသာယာ ကြပါစေ ကုန်သတည်း။

တပည့်တော်-
ပြုခဲ့သော ကုသိုလ် ကောင်းမူကံ
စေတနာ ၊ ဒါနကုသိုလ် ၊ သီလ ကုသိုလ်၊
ဘာဝနာကုသိုလ်၊ သစ္စာကုသိုလ်
မေတ္တာ ကုသိုလ် အစုစုတို့အား
ဝသုန္ဓရေ မြေနတ်သားအား
သက်သေအရာထား၍ လည်းကောင်း
အမျှအတန်းပေးဝေပါ၏။

တပည့်တော်နှင့် ထပ်တူထပ်မျှရ၍
သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေ။

ကျွတ်နိုင် လွတ်နိုင် နိဗ္ဗာန်သို့
မျက်မှောက်ပြုနိုင်ကြပါစေ။

အမျှ အမျှ အမျှ ၊
အမျှ အမျှ အမျှ ၊
အမျှ အမျှ အမျှ ၊
ယူတော်မူကြပါကုန်လော့ 🙏🙏🙏

သူတော်ကောင်း သူတော်မြတ် အပေါင်းတို့၏ ပြု ပြုသမျှ ကောင်းမူကုသိုလ် အစုစုတို့အားလည်း ကျွန်ုပ်မှဝမ်းမြောက်ဝမ်းသာ သာဓု အနုမောဒနာ ခေါ်ဆိုပါ၏။ ထပ်တူထပ်မျှ ရ ရပါလို၏။

သာဓု သာဓု သာဓု ။
သာဓု သာဓု သာဓု ။
သာဓု သာဓု သာဓု ။

၆။ ထို့ကဲ့သို့ အမျှပေးဝေပြီး နောက်ဆုံး၌
မိမိအဓိဋ္ဌာန်ကို သစ္စာပြု၍ လိုရာဆုကို
တောင်းရမည်။
( အဓိဋ္ဌာန်ကာလအတွင်း တစ်မျိုးတည်းသော
ဆုကိုသာ တောင်းရမည်)

အချိန်မပေးနိုင်သူများ အလုပ်မအားလပ်သူများ
မေတ္တသုတ်ပရိတ်တော်ကို နေ့စဉ်
(၉) ခေါက် အဓိဋ္ဌာန်ဖြင့် ပုံမှန် ရွတ်ဖတ်
ပူဇော်နိုင်ပါက အကျိုးထူးများ
ရစေနိုင်မည် ဖြစ်ပါတယ်ရှင့်🙏🙏🙏

နှစ်သစ်မှာလိုအင်ဆန္ဒတွေပြည့်စုံကြပါစေ🙏🙏🙏

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်
#စာပေဗဟုသုတုလူတိုင်းရ

Online Digital Business ကိုစိတ်ဝင်စားတယ်  💥 စီးပွားရေးကဘယ်လိုလုပ်ငန်းမျိုးလဲ💥ဘယ်သူတွေအောင်မြင်နေတယ်💥ဘယ်လောက်ထိအောင်မြင်မ...
08/04/2025

Online Digital Business ကိုစိတ်ဝင်စားတယ်
💥 စီးပွားရေးကဘယ်လိုလုပ်ငန်းမျိုးလဲ
💥ဘယ်သူတွေအောင်မြင်နေတယ်
💥ဘယ်လောက်ထိအောင်မြင်မှုရနေကြပြီလဲ
💥အောင်မြင်မှုအဆင့်ရောက်အောင်ဘယ်လိုတွေကျော်ဖြတ်ခဲ့ကြတယ်ဆိုတဲ့အကြောင်းအရာတွေကို အောင်မြင်မှုတွေရနေကြတဲ့ 🌐နိုင်ငံတကာက Business Owner တွေက ပြောပြပေးသွားမဲ့ "Free Live Webinar" ရှိပါတယ်ရှင့်

စိတ်ဝင်စားတယ်ဆိုရင် ကျမရဲ့website
👩‍💻𝗐𝗐𝗐.𝗆𝖺𝗋𝗆𝖺𝗋𝗌𝗐𝖾.𝖼𝗈𝗆👩‍💻
မှာ နမည် နဲ့ အီးမေးဖြည့်ပါ
Webinar link ကို အီးမေးကနေတဆင့် ပို့ပေးပါလိမ့်မယ်

Register လုပ်ပီးတဲ့သူတွေဆီကိုလဲ အီးမေးကနေတဆင့် ထပ်ပို့ပါလိမ့်မယ်
မလုပ်ကသေးသူတွေလဲ Register လုပ်ပီးဝင်လေ့လာကြည့်ပါ

Life changing ဖြစ်နိုင်တဲ့ စီးပွါးရေးအခွမ့်အလမ်းပါ ကိုယ့်ဘဝတိုးတက်ပြောင်းလဲချင်ရင် လေ့လာကြည့်ပါလို့ ဖိတ်ခေါ်ပါရတယ်

Thanks 😊
Mar Mar Swe
👩‍💻𝗐𝗐𝗐.𝗆𝖺𝗋𝗆𝖺𝗋𝗌𝗐𝖾.𝖼𝗈𝗆👩‍💻
Business owner/ mentor

Address

Sone Kone
Magway

Website

Alerts

Be the first to know and let us send you an email when Mar Mar Swe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share