21/05/2024
မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြားမှာ နေ့ရက်တိုင်းကိုကျွန်တော်တို့ဖြတ်သန်းကြရတယ်။ဝမ်းနည်းခြင်း၊နာကျင်ခြင်းတွေနဲ့ ကိုယ့်ဝန်ကိုယ်ထမ်းပြီးလဲကျမသွားအောင်အားတင်းပြီးရှေ့ဆက်နေကြရတာလူတိုင်းပါပဲ။ ဘဝဆိုတာ တိုက်ပွဲ ပဲဆိုပြီးကိုယ့်ဘာသာအားပေးလို့ မာန်ကိုတင်းရင်းစမ်းသပ်မှုတိုင်းကိုရင်ဆိုင်ကျော်ဖြတ်ကြရတယ်။တစ်ချို့နာကျင်မှုတွေကကမ်းကုန်အောင်ပါပဲ။သေချင်လောက်အောင် စိတ်ရောကိုယ်ပါပင်ပန်းရတယ်။အရာအားလုံးကိုလက်လျှော့လိုက်ဖို့ထိတွေးမိတယ်။စိတ်ပင်ပန်းလွန်းအားကြီးလာတဲ့အခါခံစားချက်တွေပါသေဆုံးသွားတာမျိုး၊ကိုယ်တစ်ယောက်ထဲရှင်သန်နေရတဲ့လောကကြီးက အဆိပ်သင့်နေတာမျိုး ၊ရွေးချယ်စရာမရှိတော့အောင်ဖိအားပေးခံလာရတယ်။မျက်ဝန်းတွေကိုစိတ်ထွက်ပေါက်ရာအဖြစ်ရွေးချယ်လိုက်တဲ့အခါ မျက်ရည်တွေကအတားအဆီးမရှိ၊ငိုရလွန်းလို့ရှိုက်သံပျောက်တဲ့အထိ နာကျင်မှုတွေကိုဘယ်သူကဂရုစိုက်မှာတဲ့လဲ။မျက်ရည်ကခမ်းခြောက်တတ်သလားတော့မသိ ငိုရလွန်းလို့တောက်ပတဲ့မျက်ဝန်းတစ်စုံကတော့အသက်မဲ့သွားပြီ။ထပ်ပြီးရှင်သန်ဖို့ရွေးချယ်လိုက်တဲ့အခါ အသက်မဲ့သွားတဲ့စိတ်အစုံကတော့လေးကန်စွာရှေ့ဆက်ရဦးမှာပဲ။အများကြီးမျှော်လင့်ရင်အများကြီးပင်ပန်းရမှန်းသိတတ်သွားသူတစ်ယောက်က ဘယ်အရာကိုမှမျှော်လင့်ချက်အကြီးကြီးမထားမိဖို့ဆင်ခြင်မိသွားတယ်။မဟုတ်ဘူး အသက်ရှင်ရုံကလွဲလို့ မျှော်လင့်ချက်တွေကသေသွားခဲ့တာ။ဖြစ်ချင်တာထက်ဖြစ်သင့်တာကိုပဲဦးစားပေးရလွန်းတဲ့အခါမှာ သူ့ရည်မှန်းချက်ပါပျောက်ဆုံးသွားခဲ့တာ။ဒီလူခုချိန်ထိရပ်တည်နေနိုင်တာကိုပဲအံ့အားသင့်မိတယ်။ရှင်သန်လိုက်ဦးပေါ့ မင်းခံနိုင်ရည်ရှိသရွေ့...