
05/10/2024
မကွေးမြသလွန် စေတီတော် ၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပပြုလုပ်မည်
**************************
မကွေးတိုင်းဒေသကြီး၊မကွေးမြိုရှိ ရှေးဟောင်းသမိုင်းဝင် မြသလွန် စေတီတော်မြတ်ကြီး၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ရက် (၂၀)ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း မြသလွန်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲမှ သိရသည်။
ရှေးဟောင်းသမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို လာမည့်အောက်တိုဘာလ (၁၂) ရက်မှ စတင်၍ အောက်တိုဘာလ (၃၁) ရက်အထိ ဈေးဆိုင်ခန်းများ၊ ဖျော်ဖြေရေး အစီအစဉ်များ ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။
အဆိုပါဘုရားပွဲတော်တွင် ဈေးရောင်းချလိုသူများ ဇာတ်၊ အငြိမ့်၊ ဘားဆပ်ကပ် တင်ဆက်ကပြလိုသူများအနေဖြင့်စက်တင်ဘာ (၁၅) ရက် နောက်ဆုံးထား၍ မြသလွန်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲထံ ဆက်သွယ်အသိပေးရန် ကြေညာထားကြောင်း သိရသည်။
#မြသလွန်စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့
Photo - crd