26/11/2025
နှလုံးေသွးများလည်း ရပ်တန့်သွားပါေစ
Love me like there's no Tomorrow
Freddie Mercury (Queen) ရဲ့ သီချင်းတစ်ပုဒ် ဖြစ်တဲ့ Love me like there's no tomorrow သီချင်းဟာ တီးရ ခက် ခြင်း ၊ ဆိုရခက်ခြင်း ၊ စာသားအရမ်းေကာင်းမွန်ခြင်း၊ ဖရက်ဒီရဲ့ လက်ဖျားခါေလာက်တဲ့ အသံအနေအထား စတာေတွနဲ့ နာမည်ကြီးပါတယ်။ အခုတော့ ဒီ သီချင်းရဲ့ တည်ေဆာက်ပုံ ထူးခြား မှုေတွကို ေလ့လာကြည့်မှာ ဖြစ်ပါတယ်။
ဒီသီချင်းကို 'နှလုံးေသွးများလည်း ရပ်တန့်သွားပါေစ' ဆိုပြီး ဂျက် မြသောင်း က မြန်မာလို ဆိုခဲ့ဖူးပါတယ်။
ဒီသီချင်းရဲ့ အရသာဟာ Pop-Ballad style ကို Classical harmony touch နည်းနည်းနဲ့ ေရာစပ်ထားပံုခံစားရပြီး Chord structure, modulation, phrasing တွေလည်း တော်တော်သန့်ပါတယ်။ အထူးသဖြင့် final chorus မှာ modulation သုံးပြီး vocal line ကို high note သုံးလိုက်တာဟာ ပရိတ်သတ်ကို အရှိန်အမြင့်ဆုံးအထိ ဆွဲေခါ်သွားနိုင်ပါတယ်။ Key change ေတွကြား ဖရက်ဒီရဲ့ အသံ တစ်ချက်ဝဲမသွားပုံ၊ ကီးချိန်းေကြာင့် လိုသေလာက်ပဲ အသံဝဲသုံးပုံေတွကလည်း တကယ်ေကြာက်စရာေကာင်းပါတယ်။
သီချင်းရဲ့ ဖွဲ့စည်းပုံ ကို ေပြာရာမှာေတာ့ chord progression နဲ့ Modulation ဆိုပြီး နှစ်ပိုင်းခွဲကြည့်ပါမယ်။ သီချင်းရဲ့ Form Structure ကတော့ ရိုးရှင်းပါတယ်။
Intro
Verse 1
Verse 2
Chorus
Interlude ( Bridge)
Verse 3
Chorus (last) – modulated up
Outro
ပုံစံပါ။
Storytelling အားေကာင်းတဲ့ သီချင်းေတွအတွက် အကောင်းဆုံး ပုံစံတစ်ခုပါပဲ။
Chord Progression ပိုင်းမှာေတာ့
Verse
vi ii V I
IV I V I
III vi I V
vii iii
Cho
I/iii IV ii V
I/iii IV ii ii/V
I
ဒီသီချင်းမှာ modulation ေတွ ခဏခဏ ေတွ့ရပါတယ်။ Verse ေတွမှာ Bb Key ရဲ့ relative minor ဖြစ်တဲ့ G minor Key ဖြစ်ပြီး Chorus မှာေတာ့ G Major Key ဖြစ်သွားပါတယ်။ Parallel Key ချိန်းတာပါ။ ( G minor ရဲ့ parallel key ဟာ G major ပါ)။ တခါ Verse 3 မှာ G minor Key ပြန်ဖြစ်သွားပြီး Chorus ေရာက်တဲ့အခါ G Major Key ထဲ ပြန်ေရာက်သွားပါတယ်။ တခါ Interlude ပြီးေတာ့ final chorus ကို ေရာက်တဲ့အခါ semi tone ( half step) တက်သွားပြီး G # Key ထဲ ေရာက်သွားပါတယ်။ အရမ်း လှ တဲ့ အတက်အကျများနဲ့ ေဝဝေဆာဆာ ဖွဲ့သီထားပါတယ်။
D major ရဲ့ relative minor ဖြစ်တဲ့ B minor Key ဆိုရင်တော့
Bm > B > Bm > B > C ပါ။
ြမန်မာ ဗားရှင်း မှာေတာ့
F > F # > F > F # > G ပုံစံ modulation နဲ့ သွားထားပါတယ်။ တကယ်မိုက်ပါတယ်။