21/05/2026
ပြီးပြည့်စုံမှုကိုရှာနေရင်းပဲ
ပြီးပြည့်စုံမှုနဲ့ကင်းဝေးနေတတ်တယ်
Relationship တွေမှာလည်းအာ့လိုပါပဲ
ကိုယ့်အတွက် အရေးပါတဲ့သူတွေကိုလည်း
အမှားတစ်ခုခုလုပ်မိတာနဲ့
ကျွန်တော်တို့က
အဝေးတွန်းထုတ်တတ်ကြပါတယ်
ကိုယ်တိုင်ကလည်း
အမှားလုပ်ခဲ့မိမှာပါပဲ
ဘာလို့လဲဆိုတော့
ကျွန်တော်တို့က
လူသားတွေမို့ပါပဲ
အနာအဆာပါတာနဲ့ လွှင့်ပစ်လိုက်တာထက်
ခွင့်လွှတ်ပေးနိုင်ရင် ခွင့်လွှတ်ပေးကြည့်လိုက်ပါ
ခွင့်လွှတ်ခြင်းရဲ့ အနှစ်သာရကို
သိမြင်လာပါလိမ့်မယ်✨