Sports Mix

Sports Mix ဘောလုံးချစ် ပရိတ်သတ်တွေအတွက် မှန်ကန်မြန်ဆန်တဲ့ နောက်ဆုံးရ ဘောလုံးသတင်းဆောင်းပါးတွေ တင်ဆက်ပေးနေပါတယ်

ကံကောင်းလို့ ချန်ပီယံဖြစ်နေတာဆိုတဲ့ အောက်ဆွဲဂျပန်ကတော့ ဗန် ဘယ်လောက်ကောင်းလဲ သိသွားရပါပြီ။
10/05/2026

ကံကောင်းလို့ ချန်ပီယံဖြစ်နေတာဆိုတဲ့
အောက်ဆွဲဂျပန်ကတော့
ဗန် ဘယ်လောက်ကောင်းလဲ သိသွားရပါပြီ။

အသင်းစတည်ထောင်ကတည်းက ဒီနေ့အထိ နှစ်ပေါင်းရာချီတိုင်အောင် ချန်ပီယံလိဂ်ကို အနံ့သာရှူခဲ့ဖူးတဲ့အာဆင်နယ်တို့ ချန်ပီယံလိဂ်ဖလားက...
01/05/2026

အသင်းစတည်ထောင်ကတည်းက ဒီနေ့အထိ နှစ်ပေါင်းရာချီတိုင်အောင် ချန်ပီယံလိဂ်ကို အနံ့သာရှူခဲ့ဖူးတဲ့အာဆင်နယ်တို့ ချန်ပီယံလိဂ်ဖလားကြီးနဲ့ ခြေ ၂ လှမ်းအကွာကို ရောက်ရှိနေပါပြီ။ ဒီရာသီ ချန်ပီယံလိဂ်မှာ အသင်းလေးသင်းသာ ကျန်တော့သလို ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဥ်တွေကိုလဲ ယှဥ်ပြိုင်ထားပြီးပါပြီ။ ဒီလိုအချိန်မှာ နည်းစနစ်ဆရာ အာတီတာရဲ့ အာဆင်နယ်ကတော့ ရှုံးပွဲလုံးဝ မရှိသေးတဲ့ တစ်သင်းတည်းသော အသင်းအဖြစ် ကျန်ရှိနေတာပါ။ အကယ်၍ အာဆင်နယ်သာ ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို အနိုင်ရပြီး ဖိုင်နယ်မှာ ဗိုလ်စွဲခဲ့ရင် ရှုံးပွဲမရှိဆိုတဲ့စံချိန်နဲ့ ချန်ပီယံလိဂ်ဖလားကြီးကို ကိုင်မြှောက်သွားနိုင်မှာ ဖြစ်ပါတယ်။

ဟုတ်လား 🤭😂🤣
29/04/2026

ဟုတ်လား 🤭😂🤣

ကိုဆိုက်တို့ ခိုးကြည့်ဖော်ခိုးကြည့်ဖက်တွေနဲ့ဆိုတော့ အားမငယ်ရတော့ဘူးပေါ့ 🤭
28/04/2026

ကိုဆိုက်တို့ ခိုးကြည့်ဖော်ခိုးကြည့်ဖက်တွေနဲ့ဆိုတော့ အားမငယ်ရတော့ဘူးပေါ့ 🤭

ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အခွင့်အရေးဖန်တီးမှု အများဆုံးကစားသမားများ🥇ဘရူနိုဖာနန်ဒက်စ် - ၁၀၉ ကြိမ် 😳🥈ဒီကလန် ရိုက်စ် - ၆၁ ကြ...
27/04/2026

ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အခွင့်အရေးဖန်တီးမှု အများဆုံးကစားသမားများ

🥇ဘရူနိုဖာနန်ဒက်စ် - ၁၀၉ ကြိမ် 😳
🥈ဒီကလန် ရိုက်စ် - ၆၁ ကြိမ်
🥈ဒိုမီနစ် ဆိုဘိုဆလိုင်း - ၆၁ ကြိမ်

ရီးရဲလ်ရဲ့အခြေအနေကတော့ L** ပဲ လို့သာ ဆဲရမဲ့အထိကို ရုပ်ပျက်ဆင်းပျက်တွေ ဖြစ်နေတာပါ။ နောက်ဆုံး ၆ ပွဲမှာ ၁ ပွဲပဲနိုင်ထားပြီး...
25/04/2026

ရီးရဲလ်ရဲ့အခြေအနေကတော့ L** ပဲ လို့သာ ဆဲရမဲ့အထိကို ရုပ်ပျက်ဆင်းပျက်တွေ ဖြစ်နေတာပါ။ နောက်ဆုံး ၆ ပွဲမှာ ၁ ပွဲပဲနိုင်ထားပြီး ဖြစ်ချင်တိုင်းတွေ ဖြစ်နေတာပါ။ အောင်မြေဖြစ်တဲ့ ချန်ပီယံလိဂ်မှာ ဂျာမန်ဘီလူးကို ၂ ကျော့စလုံး အရေးနိမ့်ပြီး စောစောစီးစီး တပ်ခေါက်ပြန်ခဲ့ရသလို လာလီဂါမှာလည်း မျှော်လင့်ချက်မရှိတော့ပါဘူး။ နောက်ဆုံး ဂုဏ်သိက္ခာအတွက် နိုင်ပွဲရှာပေးဖို့လိုနေချိန်မှာတောင် အခုလို သရေကျသွားခဲ့တာပါ။ ဒါတောင် ဂိုးသမားလေး လူနင်က အပီအပြင်တွေ ဖမ်းပြသွားလို့ ထပ်မရှုံးတာပါ။ တစ်သင်းလုံးအတိုင်းအတာအရ ကြယ်စင်စုတွေနဲ့ ပြည့်နေပေမဲ့ တကယ်တမ်းမှာတော့ သူတစ်လူငါတစ်မင်းနဲ့ စိတ်ဝမ်းကွဲပြားနေကြတာပါ။ အသင်းရဲ့ တာဝန်ရှိသူတွေဘက်ကသာ ဒီအခြေအနေတွေကို အကောင်းဆုံး မစီမံနိုင်ခဲ့ရင် လာမဲ့ရာသီတွေမှာလည်း ရီးရဲလ်ရဲ့ ကျဆုံးခန်းတွေကို ဆက်တိုက် မြင်တွေ့သွားရဦးမှာပါ။

🚨📊 သင်သိပါသလား ရော်နယ်ဒိုဟာ ကမ္ဘာ့ထိပ်သီးလိဂ်ကြီး ၃ ခုဖြစ်တဲ့ Premier League, La Liga နဲ့ Serie A တို့မှာ MVP (အကောင်းဆု...
20/04/2026

🚨📊 သင်သိပါသလား

ရော်နယ်ဒိုဟာ ကမ္ဘာ့ထိပ်သီးလိဂ်ကြီး ၃ ခုဖြစ်တဲ့ Premier League, La Liga နဲ့ Serie A တို့မှာ MVP (အကောင်းဆုံးကစားသမားဆု)၊ Golden Boots (ဂိုးသွင်းအများဆုံးဆု) နဲ့ လိဂ်ချန်ပီယံဆုတွေကို ရရှိခဲ့ဖူးတဲ့ သမိုင်းတစ်လျှောက် **တစ်ဦးတည်းသော** ကစားသမားဖြစ်ပါတယ်။

အခုဆိုရင် သူဟာ Al Nassr အသင်းနဲ့အတူ လိဂ်ချန်ပီယံဆုဆွတ်ခူးနိုင်တာနဲ့ မတူညီတဲ့ လိဂ် ၄ ခုမှာ ဒီလိုအောင်မြင်မှုမျိုး ရရှိဖူးတဲ့ ပထမဆုံးသော ကစားသမား ဖြစ်လာတော့မှာပါ 🤯

အာတီတာက နည်းပြကောင်းပါ။ဒါပေမဲ့ တကယ်တမ်း အရေးကြီးပြီဟေ့ဆိုရင်တော့ တလွဲတွေ စလုပ်ပါပြီ။ ပြိုင်ဘက်ကို တည်တည်ငြိမ်ငြိမ်နဲ့ တု...
19/04/2026

အာတီတာက နည်းပြကောင်းပါ။
ဒါပေမဲ့ တကယ်တမ်း အရေးကြီးပြီဟေ့ဆိုရင်တော့ တလွဲတွေ စလုပ်ပါပြီ။ ပြိုင်ဘက်ကို တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်ရမဲ့အစား အသားမကျတဲ့ ကစားကွက်ပြောင်းကစားတာ၊ ကစားသမားတွေကို တလွဲနေရာတွေမှာ ကစားခိုင်းတာတွေ အမြဲလိုလို မြင်နေရတာပါ။ ဒါက သူ့ရဲ့ အကြောက်လွန်ရောဂါပါပဲ။ တစ်ရာသီလုံး အခြေကျပြီး ပြိုင်ဘက်အလီလီကို အလဲထိုးလာတဲ့ ကစားကွက်ကို သူကိုယ်တိုင်ပဲ ဖျက်ဆီးလိုက်တာပါ။ ဟိုကစားသမား ဒဏ်ရာရလို့၊ ဒီကစားသမား မပါနိုင်လို့ဆိုတာတွေက ကြားကောင်းယုံပြောကြတဲ့ ဆင်ခြေတွေပါ။ ဒီအတိုင်းသာဆက်သွားရင် အာတီတာရဲ့ အာဆင်နယ်က ဘယ်လ်ဂျီယံရဲ့ ရွှေရောင်မျိုးဆက်လိုပဲ နာမည်ကြီးထမင်းငတ်အဖြစ်နဲ့ ဇာတ်သိမ်းသွားရတော့မှာပါ။

သူ့ဖန်တွေပြောကြတာတော့ ဖလားလေးလုံး သိမ်းမယ်ဆိုလား ဘာဆိုလား 🤭
19/04/2026

သူ့ဖန်တွေပြောကြတာတော့ ဖလားလေးလုံး သိမ်းမယ်ဆိုလား ဘာဆိုလား 🤭

"ကျနော် သူတို့အသင်းမှာ ကစားခဲ့တုန်းက ကျနော့်မှာရှိသမျှအရာအားလုံး ပေးဆပ်ပြီး ကစားခဲ့ပါတယ်။ ချန်ပီယံလိဂ်လို ဆုဖလားကြီးတွေရ...
19/04/2026

"ကျနော် သူတို့အသင်းမှာ ကစားခဲ့တုန်းက ကျနော့်မှာရှိသမျှအရာအားလုံး ပေးဆပ်ပြီး ကစားခဲ့ပါတယ်။ ချန်ပီယံလိဂ်လို ဆုဖလားကြီးတွေရဖို့လည်း ကူညီ​ပေးခဲ့တာပါ။ အခုဆို သူတို့အသင်းကနေ ထွက်လာခဲ့တာ ၃ နှစ် ရှိသွားပါပြီ။ ဒါကို ခုချိန်ထိ ကျနော်က အမှားကြီးတစ်ခုလုပ်ထားသလို သူတို့ဘက်က ဆက်ဆံနေကြတာက မဖြစ်သင့်ပါဘူး။ ယူနိုက်တက်ဆိုတာ ကျနော် ကလေးဘဝကတည်းက အား​ပေးခဲ့တဲ့ အသင်း​ပါ။ ကျနော်အား​ပေးခဲ့ဖူးတဲ့ အသင်းဆီကို ပြောင်းလာခဲ့တာ အမှားတစ်ခုလို့ မထင်ပါဘူး။ သူတို့ပရိတ်သတ်​တွေဆီက ကျနော့်ကို ​လှောင်​ပြောင်တဲ့ ဒီလို Chants ​တွေကို ငြိမ်ခံနေမှာ မဟုတ်ပါဘူး။ သူတို့အနေနဲ့ ဒီလိုမဟုတ်တဲ့နေရာတွေမှာ တက်ကြွနေမဲ့အစား အသင်းရဲ့အခြေအနေမှန်ကို မြင်အောင်ကြည့်ပြီး သက်ဆိုင်သူတွေကိုသာ ဖိအားပေးမယ်ဆိုရင် သူတို့အသင်းကို ပိုပြီး အထောက်အကူပြုပါလိမ့်မယ်"

🗣မေဆင်မောင့်

ဒဏ်ရာကြောင့် လေးပတ်ကြာ အနားယူနေရတဲ့ ရော်နယ်ဒိုတစ်ယောက် အယ်လ်နာဆာအသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီ ဖြစ်ပါတယ်။ လက်ရှိမ...
01/04/2026

ဒဏ်ရာကြောင့် လေးပတ်ကြာ အနားယူနေရတဲ့ ရော်နယ်ဒိုတစ်ယောက် အယ်လ်နာဆာအသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီ ဖြစ်ပါတယ်။ လက်ရှိမှာ ရာနှုန်းပြည့် ကြံ့ခိုင်မှုမပြည့်ဝသေးပေမဲ့ သိပ်မကြာမီအချိန်အတွင်း အယ်လ်နာဆာအတွက် ပါဝင်ကစားပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီရာသီမှာ အမှတ်ပေးချန်ပီယံဆုအတွက် အခြေအနေကောင်းနေတဲ့ အယ်လ်နာဆာတို့ ရော်နယ်ဒိုပြန်လာခြင်းနဲ့အတူ နိုင်ပွဲတွေဆက်ပြီး အရယူသွားနိုင်မလား စောင့်ကြည့်ရပါမယ်။

Address

Mandalay

Alerts

Be the first to know and let us send you an email when Sports Mix posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share