
16/10/2025
ကမ္ဘာ့ဖလားဝင်ခွင့်နဲ့ လွဲချော်ခဲ့ရတဲ့ အင်ဒိုနီးရှားအသင်းကတော့ နည်းပြချုပ် ကလွိုင်ဗတ်ကို ရာထူးက ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။ အင်ဒိုနီးရှားတို့ အာရှဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဥ်တွေအတွင်း စတုတ္ထအဆင့်ထိ ရောက်ရှိခဲ့ပေမဲ့ အီရတ်နဲ့ ဆော်ဒီအာရေးဗျ ၂ သင်းစလုံးကို အရေးနိမ့်ခဲ့တာကြောင့် သူတို့ရဲ့ ကမ္ဘာ့ဖလားဝင်ခွင့်အိပ်မက် တစ်ခန်းရပ်ခဲ့ရတာ ဖြစ်ပါတယ်။