Nan Dar Forex Advisor

Nan Dar Forex Advisor female

ကိုယ်ဖြစ်ချင်တာကိုဖြစ်ဖို့တွက်က ကိုယ်သွား​နေတဲ့လမ်း​ကြောင်းကဘာလဲဆိုတာလဲသိ​နေဖို့လိုပါတယ်မိတ်​ဆွေသင်​ကောဘယ်အရာက သင်တွက်လု...
01/11/2025

ကိုယ်ဖြစ်ချင်တာကိုဖြစ်ဖို့တွက်က
ကိုယ်သွား​နေတဲ့လမ်း​ကြောင်းကဘာလဲဆိုတာလဲသိ​နေဖို့လိုပါတယ်
မိတ်​ဆွေသင်​ကောဘယ်အရာက သင်တွက်လုပ်​ဆောင်ဖို့လို​နေပီလဲဆိုတာကို သင်သိ​နေပီလား
ကိုယ်လုပ်ဖို့​တွေး​နေတဲ့ချိန်မှာ တဖက်ကလူ​တေ​ကသင့် ideaကို ​တွေးမိပီးလက်​တွေ့လုပ်​နေပီဆိုတာသင်သိ​ပါ
အားလုံးအ​တွေးနဲ့တစ်ထပ်တည်းကျကြပါ​စေ

အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးအဆင်​ပြေကြပါ​စေ
12/08/2025

အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးအဆင်​ပြေကြပါ​စေ

ငွေစုရုံနဲ့ မလုံလောက်တော့ဘူး! ငွေကို ငွေထပ်ရှာခိုင်းမယ့် ရင်းနှီးမြှုပ်နှံမှု ၅ နည်း၁။ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံခြင်း...
19/06/2025

ငွေစုရုံနဲ့ မလုံလောက်တော့ဘူး! ငွေကို ငွေထပ်ရှာခိုင်းမယ့် ရင်းနှီးမြှုပ်နှံမှု ၅ နည်း

၁။ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံခြင်း

အိမ်ခြံမြေဟာ အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါတယ်။ ဥပမာ - သင့်မှာ ကျပ်သိန်း ၅၀၀၀ ရှိတယ်ဆိုပါစို့။ မြို့ပြင်မှာ မြေကွက်တစ်ကွက် ဝယ်လိုက်ပါတယ်။ နှစ်အနည်းငယ်အကြာမှာ အဲ့ဒီဒေသက ဖွံ့ဖြိုးလာတာနဲ့အမျှ သင့်မြေကွက်လည်း တန်ဖိုးတက်လာမှာဖြစ်ပါတယ်။ ပိုကောင်းတာက အဲ့ဒီမြေပေါ်မှာ တိုက်ခန်းငှားရမ်းဖို့ အဆောက်အဦး ဆောက်ထားရင် လစဉ်ဝင်ငွေ ရနိုင်ပါသေးတယ်။

၂။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း

ကိုယ်ပိုင်လုပ်ငန်းက စွန့်စားရတာများပေမယ့် အမြတ်အစွန်းလည်း အများဆုံးရနိုင်တဲ့ နည်းလမ်းပါ။ ဥပမာ - စားသောက်ဆိုင်လေး ဖွင့်မယ်ဆိုရင် သင့်မှာ ကျပ်သိန်း ၃၀၀ လောက် ရင်းနှီးရပါမယ်။ ဆိုင်ခန်းငှား၊ ပရိဘောဂနဲ့ ချက်ပြုတ်ရေး ပစ္စည်းတွေဝယ်၊ စားပွဲထိုးနဲ့ စားဖိုမှူး ခန့်ထားဖို့ပါ။ တစ်လကို အရောင်း ကျပ်သိန်း ၁၅၀ ရရင် အမြတ် ၂၀% လောက်ရမယ်ဆိုရင် တစ်လကို သိန်း ၃၀ လောက် ကျန်နိုင်ပါတယ်။

၃။ စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံခြင်း

ရှယ်ယာစျေးကွက်မှာ ကုမ္ပဏီကြီးတွေရဲ့ ရှယ်ယာဝယ်ယူထားခြင်းဖြင့် နှစ်စဉ်အမြတ်ဝေစု ရရှိနိုင်ပါတယ်။ ဥပမာ - သင်က ကျပ်သိန်း ၁၀၀၀ လောက်နဲ့ နာမည်ကြီး ကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာဝယ်ထားရင် တစ်နှစ်ကို ၁၀% လောက် အမြတ်ရနိုင်ပါတယ်။ ဒါ့အပြင် ရှယ်ယာစျေးတက်လာရင် ရောင်းချပြီး မတည်ငွေအမြတ်လည်း ရနိုင်ပါသေးတယ်။

၄။ အွန်လိုင်းစီးပွားရေး

ခေတ်ကာလနဲ့အညီ အွန်လိုင်းပေါ်က စီးပွားရေးတွေက အရမ်းခိုင်မာလာပါပြီ။ ဥပမာ - သင့်မှာ ကျပ်သိန်း ၅၀ လောက်ရှိရင် Facebook Shop လေး စတင်နိုင်ပါတယ်။ ကုန်ပစ္စည်းတွေ ဝယ်ယူသိုလှောင်ထားပြီး အွန်လိုင်းကနေ ရောင်းချတာမျိုးပါ။ တစ်လကို အရောင်း ကျပ်သိန်း ၅၀ ရရင် အမြတ် ၃၀% လောက်နဲ့ တစ်လကို သိန်း ၁၅ လောက် ကျန်နိုင်ပါတယ်။ လူငှားစရာမလိုတာက အားသာချက်ပါ။

၅။ ငွေစုဘဏ်အပ်ငွေနှင့် ဘွန်းလက်မှတ်များ

ဘဏ်အပ်ငွေက အန္တရာယ်အနည်းဆုံးနဲ့ သေချာတဲ့အတိုးရတဲ့ နည်းလမ်းပါ။ ဥပမာ - သင့်မှာ ကျပ်သိန်း ၁၀၀၀ ရှိပြီး တစ်နှစ်စာ စာရင်းရှင်အပ်ငွေအဖြစ် ထားရင် ၈% လောက်နဲ့ တစ်နှစ်ကို သိန်း ၈၀ လောက် အတိုးရနိုင်ပါတယ်။ အစိုးရဘွန်းလက်မှတ်တွေကလည်း အလားတူပါပဲ။

အားလုံးကို အသုံးချနည်း အချို့ ထပ်ပြောပြပါမယ်။

"ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လိုစီမံကြမလဲ" ဆိုတော့...

၁။ ရရှိတဲ့ဝင်ငွေကို ခွဲခြမ်းစိတ်ဖြာပါ
- လစဉ်စုဆောင်းငွေ ၃၀%
- အရေးပေါ်သုံးငွေ ၂၀%
- ရင်းနှီးမြှုပ်နှံမှုအတွက် ၅၀% စသဖြင့် ခွဲခြားထားသင့်ပါတယ်။

၂။ မတူညီတဲ့ နည်းလမ်းတွေကို ရောစပ်သုံးပါ
ဥပမာ - ငွေကျပ်သိန်း ၁၀၀၀ ရှိရင်
- ဘဏ်အပ်ငွေ ၄၀% (သိန်း ၄၀၀)
- အိမ်ခြံမြေ ၃၀% (သိန်း ၃၀၀)
- ရှယ်ယာ ၂၀% (သိန်း ၂၀၀)
- ကိုယ်ပိုင်လုပ်ငန်း ၁၀% (သိန်း ၁၀၀) စသဖြင့် ခွဲမြှုပ်နှံနိုင်ပါတယ်။

၃။ စဉ်ဆက်မပြတ် လေ့လာပါ
- စီးပွားရေးသတင်းတွေ ဖတ်ရှုခြင်း
- အောင်မြင်တဲ့ စီးပွားရေးသမားတွေရဲ့ အတွေ့အကြုံတွေ လေ့လာခြင်း
- စီးပွားရေးဆိုင်ရာ သင်တန်းတွေ တက်ရောက်ခြင်းတို့ လုပ်ဆောင်သင့်ပါတယ်။

သတိပြုရမှာက ရင်းနှီးမြှုပ်နှံမှုတိုင်းမှာ အန္တရာယ်ရှိတယ်ဆိုတာပါပဲ။ ဒါကြောင့် -

- မိမိနားလည်တဲ့ နယ်ပယ်မှာပဲ ရင်းနှီးမြှုပ်နှံပါ
- တစ်ခုတည်းမှာ အားလုံးမထည့်ပါနဲ့
- ရေရှည်အမြင်နဲ့ စဉ်းစားပါ
- အရေးပေါ်သုံးငွေ အမြဲသီးသန့်ထားပါ
- ဥပဒေနဲ့အညီ ဆောင်ရွက်ပါ

နိဂုံးချုပ်အနေနဲ့ ပြောရရင် ငွေကိုငွေထပ်ရှာပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ စိတ်ရှည်လက်ရှည် လုပ်ဆောင်ရတဲ့ ကိစ္စဖြစ်ပါတယ်။ မိမိရဲ့ အခြေအနေ၊ စွမ်းဆောင်ရည်နဲ့ ကိုက်ညီတဲ့ နည်းလမ်းကို ရွေးချယ်ပြီး စနစ်တကျ လုပ်ဆောင်သွားမယ်ဆိုရင် အောင်မြင်မှုရရှိမှာ သေချာပါတယ် ။

Crd :ငွေစုရုံနဲ့ မလုံလောက်တော့ဘူး! ငွေကို ငွေထပ်ရှာခိုင်းမယ့် ရင်းနှီးမြှုပ်နှံမှု ၅ နည်း

Crd :

13/05/2025

📔ငွေစုရုံနဲ့ မလုံလောက်တော့ဘူး! ငွေကို ငွေထပ်ရှာခိုင်းမယ့် ရင်းနှီးမြှုပ်နှံမှု ၅ နည်း

📰 နိဂုံးချုပ်အနေနဲ့ ပြောရရင် ငွေကိုငွေထပ်ရှာပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ စိတ်ရှည်လက်ရှည် လုပ်ဆောင်ရတဲ့ ကိစ္စဖြစ်ပါတယ်။ မိမိရဲ့ အခြေအနေ၊ စွမ်းဆောင်ရည်နဲ့ ကိုက်ညီတဲ့ နည်းလမ်းကို ရွေးချယ်ပြီး စနစ်တကျ လုပ်ဆောင်သွားမယ်ဆိုရင် အောင်မြင်မှုရရှိမှာ သေချာပါတယ် ။

15/02/2025

မင်းဟာ အမြင့်မှာနေရင်
လေတိုက်ခံရမယ်
အနိမ့်မှာနေရင် လှံစိုက်ခံရမယ် ။

အလယ်မှာနေရင်
မင်းကိုပုခုံးချင်းယှဉ်တိုက်လိမ့်မယ်
ဘေးထွက်နေရင်
မကောင်းပြောကြလိမ့်မယ် ။

မင်းကမနေနိုင်လို့လုပ်ပေးတော့
အရူးထနေတာလို့ပြောကြမယ် ။

မင်းဘာမှမလုပ်ပဲနေတော့
မင်းကို ငပျင်းလို့ပြောကြလိမ့်မယ် ။

ဒီမှာ
မင်းကို မင်းရဲ့ပတ်ဝန်းကျင်က
ချီးမွန်းတဲ့စကားထက်
မင်းကိုကဲ့ရဲ့အပြစ်တင်ဖို့
မင်းရဲ့ မှားကွက်ကို
စောင့်နေကြတယ် ။

မင်းအောင်မြင်နေတဲ့အချိန်
မင်းကိုကပ်ဖားပြီး
မင်းကျရှုံးတဲ့အချိန်
မင်းကိုနှာခေါင်းရှုံ့ကြလိမ့်မယ် ။

မျက်နှာဖုံးစွပ်တွေများတဲ့
လောကကြီးထဲမှာ
မိတ်ဆွေကောင်း
အင်မတန်ရှားပါးတယ် ။

မင်းမှန်တယ်ထင်ရင်
တကယ်လည်းမှန်နေရင်
ပတ်ဝန်းကျင်ကို
မင်းသိပ်ပြီးဂရုမစိုက်နဲ့ ။

မင်းစားနေတဲ့ထမင်းလုပ်အတွက်
မင်းကိုယ်တိုင်
ကိုယ့်ဒူးကိုယ်ချွန်နေတာမို့
မင်းမှာ အဲ့လောက်တော့
မာန ရှိသင့်တယ် ။

အထီးကျန်နေရလို့လည်း
စိတ်မပျက်နဲ့
မှားယွင်းနေတဲ့ လူတွေနဲ့
ဆုံစည်းနေရတာထက်
တစ်ယောက်တည်းနေရတာက
ပိုကောင်းပါတယ် ။

ရုန်းကန်လှုပ်ရှားရအကောင်းဆုံး
အရွယ်မှာဇိမ်ခံသက်သာတဲ့လမ်းကို
မင်းမရွေးပါနဲ့ ။

တစ်သက်လုံး
ရေလိုက်ငါးလိုက်နေသွားဖို့က
လွယ်ကူပေမယ့်
ထိုးဖောက်ထွက်ဖို့ကျ
မင်းအတွက်ခက်ခဲသွားလိမ့်မယ် ။

Mahatma Gandhi ရဲ့
အဆို အမိန့်တစ်ခုရှိတယ်

The future depends on
what you do today "

မင်းရဲ့အနာဂါတ်ဟာ
မင်းဒီနေ့လုပ်ရပ်အပေါ်မှာပဲ
မူတည်ပါတယ် " တဲ့

ပြဿနာတိုင်းကို
အပြုံးလေးနဲ့ဖြေရှင်းလိုက်
ပြုံးနေခြင်းက
မင်းအတွက်အားသာချက်ပဲ
ဒါပေမယ့်
မဲ့ပြုံးတော့မဖြစ်စေနဲ့ပေါ့ ။

မင်းပတ်ဝန်းကျင်က
လူတွေကြောင့် စိတ်မညစ်နဲ့

လူတိုင်းက ကိုယ်နဲ့
ထပ်တူမကျနိုင်ဘူးဆိုတာ
မင်းမမေ့နဲ့

မင်းရင့်ကျက်လာတာနဲ့အမျှ
မင်းပတ်ဝန်းကျင်က
မင်းကိုမုန်းနေတဲ့သူတွေကို
မင်း ဥပေက္ခာပြုသွားနိုင်မှာပါ.....

17/11/2024

အပြုံး ( ၇ ) မျိုး 😃

(၁) မတရားသဖြင့်ခံရတဲ့အခါ တည်တည်ငြိမ်ငြိမ် ပြုံးပါ။ ဒါဟာ သဘောထားကြီးခြင်းတစ်မျိုးပါတဲ့။

(၂) နစ်နာဆုံးရှုံးမှုနဲ့ ကြုံတဲ့အခါ ဆန္ဒရှိရှိ ပြုံးပါ။ ဒါဟာ လူတွေကို ခွင့်လွှတ်နားလည်ခြင်းတစ်မျိုးပါတဲ့ ။

(၃) ရှေ့မတိုး နောက်မဆုတ်သာတဲ့ အခက်အခဲနဲ့ကြုံတဲ့အခါ ခပ်ယဲ့ယဲ့လေး ပြုံးပါ။ ဒါဟာ ထက်မြတ်ခြင်းတစ်မျိုးပါတဲ့။

(၄) အကူညီမဲ့တဲ့အခါ ခပ်ပွင့်ပွင့်လေး ပြုံးပါ။ ဒါဟာ စိတ်ကိုလှုံ့ဆော်ပေးခြင်းတစ်မျိုးပါတဲ့။

(၅) ဘေးဒုက္ခကြုံတဲ့အခါ ငြိမ်ငြိမ်သက်သက် ပြုံးပါ။ဒါဟာ စိတ်တည်ငြိမ်ခြင်းတစ်မျိုးပါတဲ့။

(၆) အပြစ်တင်တာကိုခံရတဲ့အခါ အေးအေးဆေး ဆေးပြုံးပါ။ ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်ခြင်းတစ်မျိုးပါတဲ့။

(၇) အသဲကွဲတဲ့အခါ ခပ်ပေါ့ပေါ့လေး ပြုံးပါ။ ဒါဟာ တင်းမာမှုကင်းတဲ့ လွတ်လပ်ခြင်းတစ်မျိုးပါတဲ့။

အရမ်းကောင်းတဲ့စာသားပါ ===================ပန်းတိုင်ကိုရောက်ဖို့အတွက်လူတွေရဲ့ မျက်လုံးတွေကို မကြည့်ပါနဲ့ ကိုယ့်လမ်းကိုသာကြ...
04/05/2024

အရမ်းကောင်းတဲ့စာသားပါ
===================

ပန်းတိုင်ကိုရောက်ဖို့အတွက်
လူတွေရဲ့ မျက်လုံးတွေကို မကြည့်ပါနဲ့
ကိုယ့်လမ်းကိုသာကြည့်ပါ။

အောင်မြင်မှု ရဖို့အတွက်
လူတွေရဲ့စကားတွေကို နားထောင်မနေပါနဲ့ ။
ကိုယ့်ဆုံးဖြတ်ချက်ကိုသာ
ခိုင်ခိုင်မာမာချပါ။

ဘဝတက်လမ်းအတွက်
လူတွေရဲ့ အမူအယာတွေကို ဂရုမစိုက်ပါနဲ့။
ကိုယ်လုပ်သင့်တာကို ရဲရဲဝံ့ဝံ့လုပ်ပါ။

စကားများများ ပြောမိရင်
ရူးနေလားလို့ အထင်ခံရလိမ့်မယ်။

စကားပြန်မပြောရင်လည်း
မာနကြီးတယ်လို့ အထင်ခံရလိမ့်ယ်။

အမြဲတမ်းပြုံးနေရင်
ပေါတောတောလို့ အထင်ခံရလိမ့်မယ်။

တည်တည်ကြည်ကြည် နေမိရင်လဲ
ဘဝင်မြင့်နေတယ်လို့ အထင်ခံရလိမ့်မယ်။

ကိုယ့်ဘဝကို ကိုယ်တိုင်သိနေတာပဲ လို့
သူတစ်ပါးကို မထိခိုက်ပဲ
ကိုယ်အဆင်ပြေသလို နေထိုင်တတ်ဖို့က အရေးကြီးပါတယ်။

သူတစ်ပါးလဲကျနေရင် စေတနာသန့်သန့်နဲ့
ကိုယ်တတ်နိုင်သလောက် ဆွဲထူပေးလိုက်ပါ။

ကိုယ်လဲကျနေရင်တော့ ကိုယ်တိုင်ပဲ
ပြန်ထနိုင်အောင်ကြိုးစားပါ။
ဘာကြောင့်လဲဆိုတော့
ကိုယ့်လို စိတ်ဓာတ်မျိုးက သူတစ်ပါးဆီမှာ ရှိချင်မှရှိမှာ။

မနေ့ကဆိုတာ အတိတ်တခုပါ
မနက်ဖြန်ဆိုတာလဲ အိပ်မက်တစ်ခုပါပဲ။
ဒီနေ့သာလျှင် ဘဝတစ်ခုလေ
ဘဝဆိုတာ ပျော်လည်းတစ်နေ့ မပျော်လည်းတစ်နေ့ပါပဲ။

အကောင်းဆုံးဖြစ်အောင်
ဘယ်လိုဖြတ်သန်း ရမလဲဆိုတာ
ကိုယ့်အပေါ် မှာပဲ မူတည်တယ်။

အရိုးသားဆုံး လူတစ်ယောက် မဖြစ်သေးရင်တောင်
ကိုယ့်ကိုယ်ကို မလိမ်မိစေနဲ့၊ ယုံကြည်မှု မပျက်စေနဲ့
ကိုယ်အတွက် ယုံကြည်ရဆုံးက
ကိုယ်တစ်ယောက်တည်းပဲ ရှိပါတယ်။

စာဖတ်မိတ်ဆွေအားလုံး အောင်မြင်မှုပန်းတိုင်ကို
အမြန်ဆုံးလျှောက်လှမ်းနိုင်ကြပါစေ..............

credit
မူးရင်း page ကို like &follow ထား​ပေးပါ⬇️⬇️
Nan Dar Forex Advisor

ထိုက်တန်စွာ ရှင်သန်ပါ   *********************အလေးပေးခံရချင်ပေမယ့် လစ်လျူရှုခံရတယ် ။ဂရုစိုက်ခံရချင်ပေမယ့် ဥပေက္ခာပြုခံရတယ...
29/04/2024

ထိုက်တန်စွာ ရှင်သန်ပါ
*********************

အလေးပေးခံရချင်ပေမယ့် လစ်လျူရှုခံရတယ် ။
ဂရုစိုက်ခံရချင်ပေမယ့် ဥပေက္ခာပြုခံရတယ် ။

ဒီလို မျှော်လင့်တာတွေ ဖြစ်မလာတဲ့ အခါတိုင်း
စိတ်ရော လူပါ ကြေမွကုန်တတ်ကြတယ် ။

တကယ့် ဘဝမှာ ဘယ်အရာတွေဟာ
တကယ် အရေးပါတာလဲ တွေးကြည့်ပါ ။
အရေးပါတဲ့ အရာအတွက်ပဲ ခံစားပါ ။ အချိန်ပေးပါ ။
အချိန်ဆိုတာ ကိုယ့်အသက် မဟုတ်လား ။

ကိုယ့်ကို မလိုအပ်တဲ့သူတွေအတွက်
လောင်မြိုက်ခံစားရင်း အချိန်တွေ ကုန်သွားရတယ်
ဆိုတာမျိုးက နှမြောစရာကောင်းလွန်းတယ် ။

အသနားခံ ကလေးဆန်နေတာတွေက သင့်ကို ရင့်ကျက် ထက်မြက်‌တဲ့ Better me version ဆီခေါ်ဆောင်သွားနိုင်မှာ မဟုတ်ပါဘူး။

စိတ်ကလေးနုနုနယ်နယ်နဲ့ဆို
ဘဝကို ဆန်တက်ရတာ ပိုခက်ပါလိမ့်မယ် ။
ဒီတော့ မာရေကျောရေရှိတဲ့ ခံနိုင်ရည်ကို
လေ့ကျင့်မွေးမြူထားပါ ။

ဘဝ မှာ လူဖြစ်ဖြစ် ၊ အရာဝတ္ထု ဖြစ်ဖြစ်
အရာရာတိုင်းဟာ တန်ဖိုးရှိပြီးသားပဲ ။

ကိုယ် လဲကျတိုင်းလည်း
ကိုယ့်မှာ ကိုယ်ပဲရှိတယ်မဟုတ်လား ။
ဒီတော့ ကိုယ် သန်မာမှ ဖြစ်မှာပေါ့ ။

ကိုယ်ဟာ ကိုယ့်ကို လိုအပ်တဲ့သူတွေအတွက်သာ
အဓိပ္ပာယ်ရှိစွာ ရှင်သန်ဖို့ ထိုက်တန်ပါတယ် ။
ဒါကြောင့် ထိုက်တန်စွာပဲ ရှင်သန်ပါ ။

သက်တံ့ရောင်စိတ်ကူး

ဒီစာကို နှစ်သက်တယ်ဆိုရင် Followလုပ်​ပေးပါရှင့်
Face book page⬇️⬇️⬇️
Nan Dar Forex Advisor

25/04/2024

ဘဝမှာ ကိုယ်ပိုင် စိတ်ကူး​ကောင်း​ပေါ်လာရင် ချက်ချင်း အ​ကောင်ထည်​ဖော်လိုက်ပါ ဘာလို့လဲဆို ကိုယ်​နောက်ကျ ကျန်ခဲ့မာ မို့ပါ Nandar

🚩"လှောင်ချိုင့်ထဲက ရုန်းထွက်ပါ"➡️➡️➡️➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖🔹လူတစ်ချို့က မင်း တော်လာရင်ချီးကျူးမယ်...မင်းညံ့ဖျင်းနေရင် ကဲ့ရဲ့မယ...
25/04/2024

🚩"လှောင်ချိုင့်ထဲက ရုန်းထွက်ပါ"➡️➡️➡️
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
🔹လူတစ်ချို့က မင်း တော်လာရင်ချီးကျူးမယ်...
မင်းညံ့ဖျင်းနေရင် ကဲ့ရဲ့မယ်...
ဒါကလည်း သဘာဝပါ...
နေတတ်သလိုနေပြီး
လုပ်စရာရှိတာဆက်လုပ်ပါ။

လူတစ်ချို့က မင်း ဆင်းရဲနေတာကိုသဘောကျမယ်
မင်း ချမ်းသာကြွယ်ဝချမ်းသာလာရင် မကြိုက်ကြဘူး
ဒါကလည်း မထူးဆန်းတော့ပါဘူး
လုပ်စရာရှိတာသာ ဆက်လုပ်ပါ။

လူတစ်ချို့က မင်းငိုနေရင် သနားသယောင်ဟန်ဆောင်ပီး
မင်းပျော်ရွှင်ရယ်မောနေရင် ကြိတ်ပီး ဒေါသဖြစ်နေကြမယ်
ဒါကလည်း မနာလိုသူတွေရဲ့လုပ်ရပ်ပါ
နေတတ်သလိုနေပါ။

ပတ်ဝန်းကျင် ဆိုတာမျိုးက မရှိမကောင်း ရှိလည်းမကောင်းပါ
ကင်းကွာလို့မှ မရရင်တော့ သူတို့ရဲ့ အားနဲ့
ကိုယ့်ဘဝကို အမြင့်မားဆုံးရောက်အောင်ကြိုးစားရမှာက
ကိုယ့်ရဲ့အရည်အချင်းပါ။

ခွေးဟောင်တိုင်းထကြည့်ပီး ဟောင်နေတဲ့ခွေးတွေကို
ခဲနဲ့လိုက်ပစ်နေရင်တော့ မင်းအတွက်တန်ဖိုးရှိတဲ့အချိန်တွေကို
မင်းကိုယ်တိုင် ဖြုန်းတီးမိသလို ဖြစ်နေပါလိမ့်မယ်။

လူတစ်ချို့က မျက်နှာကြီးရာဟင်းဖတ်ပါပီး
မြေနိမ့်ရာ လှံစိုက်ကြမယ် ဒါကလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့သဘာဝပါ
မြေနိမ့်ရာ လှံစိုက်တာမခံချင်ရင် တောင်ကြီးတစ်တောင်ဖြစ်အောင်
ကျြုိးစားရမှာက မင်းတာဝန်ပါ
လုပ်စရာရှိတာဆက်လုပ်ပါ။

လူတစ်ချို့က မင်း "ထိုင်"နေနေ "ထ" နေနေ
အဆိုးမြင်တဲ့သူက အဆိုးပဲမြင်နေအုံးမှာပဲ
ဘယ်လိုနေနေ အပြောခံရတာချင်းအတူတူ
ကိုယ်လုပ်စရာရှိတာသာ ဆက်လုပ်ပါ
ဘာလို့လဲဆိုတော့ လူတစ်ချို့ရဲ့အတွေးအခေါ်က
လှောင်ချိုင့်ထဲက ငှက်လိုပဲ ဖားခြေရာကွက်ထဲလသာနေတတ်ကြတယ်
တစ်ချို့ကတော့ "အထင်နဲ့အမြင်"ကြားမှာ ကိုယ်လိုရာဆွဲတွေးပီး
စိတ်ခံစားမှူ နဲ့အတွေးအခေါ် ရောထွေးနေတတ်ကြတော့
ချစ်တဲ့အခါ အကောင်းမြင်ကာ မချစ်တဲ့အခါ အပြစ်တင်လာတတ်ကြတယ်။

ပတ်ဝန်းကျင်ရဲ့ဖိအားကို မခံနိူင်ဘဲ အသုံးမချနိူင်သေးသရွေ့တော့
သူတို့ပြောသလို မင်းရဲ့ သမိုင်းက အမည်းရောင်က
အဖြူ ရောင်ဖြစ်လာမှာမဟုတ်ပါဘူး။

နွားနို့ကိုရေရောလို့ ရပေမယ့် ထောပတ်ကိုရေရောလို့
ရမှာမဟုတ်ပါဘူး
ထောပတ်ဘဝမရောက်ခင် နွားနို့ဘဝမှာကတည်းက
ရေဘယ်လောက်ရောရော နွားနို့အရောင်မပြောင်းအောင်
နေတတ်ဖို့က ကိုယ့်လက်ထဲမှာပဲရှိတာပါ။

နေတတ်အောင်နေပီး လုပ်စရာရှိတာဆက်လုပ်သွားရင်
မင်းကိုပါးစပ်သေနတ်ပစ်နေတဲ့ လူတွေကိုယ်တိုင်
မင်း ရှေ့မှာ ဒူးထောက်လာရမှာ အေသအခ်ာပါပဲ
ဒါ့ကြောင့် တိုက်ခိုက်ပြစ်တင်မှူများကို မကြားသလိုနေကာ တည်ငြိမ်စွာဖြင့်
လုပ်စရာရှိတာသာ ဆက်လုပ်၍ အတွေးအခေါ်တိမ်တဲ့
လှောင်ချိုင့်ထဲက မင်းဘဝကို ရုန်းထွက်လိုက်ပါ။

𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧
Nan Dar Forex Advisor

သူ့အမှားကနေ ကိုယ့်အမှား➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖တစ်ခါတုန်းက တောနက်ကြီးထဲက သစ်ပင်တစ်ပင်မှာ မျောက်တစ်ကောင်နေထိုင်တယ်။ ရာသီဥတုကလည်း ...
01/04/2024

သူ့အမှားကနေ ကိုယ့်အမှား
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

တစ်ခါတုန်းက တောနက်ကြီးထဲက သစ်ပင်တစ်ပင်မှာ မျောက်တစ်ကောင်နေထိုင်တယ်။ ရာသီဥတုကလည်း ဆောင်းရာသီဆိုတော့ မျောက်ခမျာ တော်တော်လေး ချမ်းနေရှာတယ်။

အဲ့ဒါနဲ့ မီးရလိုရငြား လိုက်ရှာရင်း အဝေးတစ်နေရာမှာ ပိုးစုန်းကြူးတစ်ကောင်ကို သွားတွေ့တယ်။

တွေ့တော့ မျောက်က အဲ့ဒီပိုးစုန်းကြူးနဲ့ မီးဖိုလို့ ရမယ်ထင်ပြီး လိုက်ဖမ်းတယ်။

မိတော့ ပိုးစုန်းကြူးအပေါ်မှာ အမှိုက်တွေပုံ၊ သစ်ကိုင်းခြောက်လေး နည်းနည်းပါးပါးပုံပြီး မီးစွဲအောင် မှုတ်နေတယ်။

မျောက်ရဲ့စိတ်ထဲမှာတော့ ပိုးစုန်းကြူးကို မီးစဖြစ်ရမယ်လို့ အထင်မှားနေပြီး မီးတောက်မလာမချင်း တဖူးဖူးနဲ့ မှုတ်နေတယ်။

ဒါကို သူနဲ့ မလှမ်းမကမ်းက ကျောက်ဆောင်ပေါ်မှာ နားနေတဲ့ ငှက်ကမြင်တော့ တားတယ်။

"ဟိတ်ကောင် အဲ့ဒါ မီး မဟုတ်ဘူး၊ ပိုးစုန်းကြူး+

မျောက်က အရေးမလုပ်ဘူး။ ထပ်ပြောတယ်။

"ဟိတ်ကောင် မီးမဟုတ်ဘူးဟ၊ ပိုးစုန်းကြူး"

မျောက်က အရေးမလုပ်ပြန်တော့ တတိယအကြိမ်ထပ်ပြောတယ်။

"ပြောနေတာကြားလား မီးမဟုတ်ဘူးကွ၊ ပိုစုန်းကြူးဟ"

ဒီအခါမှာတော့ မျောက်က စိတ်တိုပြီး ငှက်ကို ကျောက်ဆောင်နဲ့ ရိုက်သ-တ်ပစ်လိုက်ပါတော့တယ်။

အမှန်တရားကို ပြောတဲ့ငှက် မမှားပါဘူး။ ဒါပေမဲ့ အမှန်တရားကို လက်မခံနိုင်တဲ့မျောက်ကို သွားပြောမိလိုက်တာတော့ မှားသွားပါတယ်။

တစ်ခါတလေကျရင် တချို့အမှန်တရားတွေက လက်မခံနိုင်တဲ့သူကို သွားပြောမိရင် သူ့အမှားကနေ ကိုယ့်အမှား ဖြစ်တတ်တယ်။

 #မင်း ထက်တော်တဲ့သူ မရှိဘူး================လောကကြီးမှာ....မင်းထက်တော်တဲ့ သူဆိုတာ မရှိဘူး။မင်းထက်ကြိုးစားနေတဲ့သူတွေပဲ ရှိ...
01/04/2024

#မင်း ထက်တော်တဲ့သူ မရှိဘူး
================

လောကကြီးမှာ....
မင်းထက်တော်တဲ့ သူဆိုတာ မရှိဘူး။
မင်းထက်ကြိုးစားနေတဲ့သူတွေပဲ ရှိတယ်။

မင်းထက် အရည်အချင်းပြည့်စုံသူဆိုတာ မရှိဘူး။
မင်းလိုပဲ အရည်အချင်းပြည့်စုံအောင် ကြိုးစားနေသူတွေပဲရှိတယ်။

မင်းတစ်ယောက်တည်း
စိတ်ညစ်စရာ၊ ပျော်စရာရှိတာမဟုတ်ဘူး။
မင်းလိုပဲ စိတ်ညစ်စရာ၊ ပျော်စရာတွေကြားမှာ
အဆင်ပြေအောင် နေနေရသူတွေချည်းပဲ ရှိတယ်။

မင်းတစ်ယောက်တည်း မျက်ရည်ကျဖူးတာ မဟုတ်ဘူး
လူဆိုတာ မွေးလာကတည်းက အငိုနဲ့ စပြီး အငိုနဲ့ အဆုံးသတ်ကြတာသဘာဝပဲ။

မင်း တစ်ယောက်တည်း ကျရူံးဖူးတာ မဟုတ်ဘူး
ဘဝမှာ ရူံးနိမ့်ခြင်းဆိုတာ ကို လူသားတိုင်း ခံစားဖူးကြတာချည်းပဲ။

မင်း တစ်ယောက်တည်း ဖြစ်ချင်တာတွေ မဖြစ်ခဲ့ရတာ မဟုတ်ဘူးလူသားတိုင်း ဖြစ်ချင်တာတွေ သေဆုံးချိန်အထိ မဖြစ်ခဲ့ရတာတွေ အများကြီး ရှိတယ်။

မင်းဘာကြောင့် အားငယ်နေမှာလဲ …
မင်းဘာကြောင့်တွေဝေနေမှာလဲ …
မင်းဘာကြောင့် စိတ်ညစ်နေမှာလဲ …
မင်းဘာကြောင့် စိတ်ဓါတ်ကျနေမှာလဲ…
မင်းဘာကြောင့် ကြောက်ရွံ့နေရတာလဲ …

ဘဝရဲ့ စိန်ခေါ်သံတွေကို ဘယ်တော့မှ အရှုံးမပေးနဲ့
မင်းအမေကမင်းကို ဘဝကို လွယ်လွယ်နဲ့ အရှုံးပေးဖို့
အသက်နဲ့ရင်းပြီးမွေးလာခဲ့တာမဟုတ်ဘူး။

ခုချက်ခြင်း မင်းမျက်ရည်တွေသုတ်လိုက် ။
မနက်ဖန်တိုင်းမှာ မင်းအတွက် ကံကောင်းခြင်းတွေစီးကြိုနေတယ်
မင်းကြိုးစားလိုက်စမ်းပါ။

မင်း လည်း လူပဲ
အခြားသူတွေလည်း လူတွေပဲ ။

လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်သန်နေတာဆိုရင်
မျှော်လင့်ခြင်း အိပ်မက်ကို
တကယ်လက်တွေ့ဖြစ်အောင် လုပ်နိူင်သူရယ်.....
မလုပ်နိုင်သူရယ်ပဲရှိတယ်။

အိပ်မက်ကြားမှာ နိုးမထနိူင်ပဲ
သံသရာလည်နေတဲ့သူတော့ မင်း"မဖြစ်စေနဲ့ ။
"မိတ်ဆွေ"

Nan Dar Forex Advisor

Address

Mandalay

Alerts

Be the first to know and let us send you an email when Nan Dar Forex Advisor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share