Mandalay Free Press - MFP

Mandalay Free Press - MFP မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း၊ အညာဒေသက သတင်းတွေအထူးပြု တင်ဆက်နေတဲ့ သတင်းဌာန
(297)

ရွှေဘို တန့်ဆည်မှာ ရေကြီးနစ်မြုပ်ချိန် အမျိုးသားတစ်ဦး ရေစီးမျောပါ သေဆုံး၊ တန့်ဆည်နဲ့ ဒီပဲယင်းမှာ ရေဘေးကြောင့် သေဆုံးသူ ခ...
07/08/2026

ရွှေဘို တန့်ဆည်မှာ ရေကြီးနစ်မြုပ်ချိန် အမျိုးသားတစ်ဦး ရေစီးမျောပါ သေဆုံး၊
တန့်ဆည်နဲ့ ဒီပဲယင်းမှာ ရေဘေးကြောင့် သေဆုံးသူ ခုနှစ်ဦး ရှိလာ၊
သဖန်းဆိပ်ဆည် ရေလွှတ်လို့ မူးမြစ်ရိုးတလျောက် ရွာ ၁၀၀ ကျော် ရေဘေးသင့်နေပြီး သောက်သုံးရေ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေ၊

MN/MFP ၊ ဩဂုတ် - ၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ရွှေလှံကျေးရွာက အမျိုးသား တစ်ဦးဟာ ဩဂုတ် ၇ရက် ဒီကနေ့ မနက်ပိုင်း ရေစီးနဲ့မျောပါ သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

သဖန်းဆိပ်ဆည်ရေ လွှတ်ထုတ်ထားတာကြောင့် မူးမြစ်ရေ ကြီးကာ ရေတက်နေချိန် တန့်ဆည်နယ် အရှေ့ခြမ်း၊ မူးမြစ်ကမ်းအနီးမှာရှိတဲ့ ရွှေလှံကျေးရွာက အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦး ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်မှာ ရေနစ်ပြီး ရေစီးကြောင်းနဲ့အတူ မျောပါသေဆုံးတာလို့ ဆိုပါတယ်။

“ရွှေလှံရွာက အမျိုးသားတစ်ဦး ရေးဘေးသင့်ပြီးတော့ သေဆုံးသွားတာပါ။ ရေနစ်ပြီးတော့ ရေစီး ကြောင်းနောက် ပါသွားတာ။ မနက် ၁၀ နာရီလောက်က ဖြစ်သွားတာ။ ရေစီးကြောင်းနဲ့ မျောပါသွားတာ ဆိုတော့ ရုပ်အလောင်းကတော့ ပြန်မရသေးဘူး”လို့ ဒေသခံ အမျိုးသားက MFP ကို ပြောပါတယ်။

ရွှေလှံကျေးရွာဟာ မူးမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ကားဘိုးဆည်ရဲ့ အနောက်ဘက်ခြမ်းမှာ တည်ရှိပြီး မနေ့က ကာဘိုးဆည် ရေဖောက်ချလိုက်တာကြောင့် အနီးနားက တာတမံတွေပါ ကျိုးပေါက်ခဲ့ကာ တန့်ဆည်နယ် အပါအဝင် မူးမြစ်ရိုးတလျှောက် ကျေးရွာ အများအပြား ရေကြီးနစ်မြုပ်မှုတွေ ကြုံနေရတာ ဖြစ်ပါတယ်။

ဩဂုတ် ၆ရက် မနေ့က သဖန်းဆိပ်ဆည်ရေ လွှတ်ထုတ်လိုက်တာကြောင့် ချောင်းကူးတံတားတွေ ကျိုးပြီး ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားခဲ့တဲ့ တန့်ဆည်နယ် အရှေ့မြောက်ခြမ်းမှာတော့ ဒီကနေ့ ရေ အနည်းငယ် စတင်ကျဆင်းနေပြီ ဖြစ်ပေမဲ့ တန့်ဆည် အရှေ့ခြမ်းနဲ့ မြစ်အောက်ပိုင်းတွေမှာတော့ ရေကြီး နစ်မြုပ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လက်ရှိ တန့်ဆည်နယ်ထဲမှာ အရေးပေါ် ရေဘေးသင့်နေတာကတော့ လူဦးရေ တစ်သောင်းဝန်းကျင် ရှိပါတယ်ဗျ။ တန့်ဆည်နယ် မြောက်ခြမ်းမှာတော့ ဒီနေ့က မိုးမရွာတော့ ရေအားက နည်းနည်းတော့ ကျသွားပြီ။ အကုန်လုံးတော့ မကျသေးဘူးပေါ့။ ရေဘေးသင့်ရွာတွေကတော့ ၁၀ ရွာကျော်လောက် ရှိနေပါသေးတယ်။ အကူအညီတွေကတော့ သောက်ရေသန့်နဲ့ ဆေးဝါးတွေ လိုအပ်ပါတယ်။ ရေက အိမ် အပေါ်ထပ်တွေပါ မြုပ်ကုန်တာဆိုတော့ ရေတွင်း ရေကန်တွေက သုံးလို့ မရတော့ဘူး။ ထမင်း ထုပ်ကတော့ ပသုံးလုံး (ဒေသအာဏာပိုင်)ကနေ ဆောင်ရွက်ပေးနေတာတွေ ရှိပါတယ်ဗျ”လို့ တန့်ဆည်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ - ပလဖ တာဝန်ခံက MFP ကို ပြောပါတယ်။

လက်ရှိမှာ တန့်ဆည်နယ် မြောက်ခြမ်းနဲ့ အရှေ့ခြမ်းရှိ ကမ်းဖြူ၊ ဝက်တိုး၊ သာဂေါင်ကြီး၊ ငတန်း၊ ရွှေလှန်၊ အက်တော၊ သဲကုန်း၊ မူးဝ၊ တပ်သစ်၊ ညံသာ၊ တုတ္တလုပ်၊ အောင်သုခ၊ ဗျက်ကြီး၊ သာစီကုန်း စတဲ့ ကျေးရွာတွေ ရေကြီးနစ်မြုပ်မှု ဖြစ်ပွားနေပြီး သောက်သုံးရေ၊ ဆေးဝါး၊ အစားသောက် စတဲ့ အရေးပေါ် အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သဖန်းဆိပ်ဆည်ရေ လွှတ်ချမှုကြောင့် မူးမြစ်ရိုးတလျှောက်က မြို့၊ရွာတွေမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေသလို ရေကြီးမှုကြောင့် လူသေဆုံးမှုတွေ ရှိလာပြီး ဩဂုတ် ၆ ရက် မနေ့ကလည်း ဒီပဲယင်းနယ် အနောက်ခြမ်း၊ အင်ဘုတ်ကျေးရွာအုပ်စုမှာ ကောက်စိုက်ပြီးပြန်လာတဲ့ အမျိုးသမီး ၁၀ ဦး ချောင်းကို ဖြတ်ကူးစဉ် ရုတ်တရက်ရေကြီးကာ ရေစီးနဲ့အတူမျောပါသွားရာက ခြောက်ဦး ရေနစ် သေဆုံးခဲ့ပါတယ်။

လက်ရှိမှာ သဖန်းဆိပ်ဆည်ရေ လွှတ်ချထားတာကြောင့် မူးမြစ်ရိုးတလျှောက်မှာရှိတဲ့ တန့်ဆည်၊ ကန့်ဘလူ၊ ရေဦး၊ ဒီပဲယင်း၊ ခင်ဦး၊ ရွှေဘို စတဲ့ မြို့နယ်တွေက ကျေးရွာ ၁၀၀ ကျော် ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေပြီး ဒေသခံပြည်သူတွေ အရေးပေါ်အကူညီတွေ လိုအပ်နေပါတယ်။

သဖန်းဆိပ်ဆည်ရဲ့ စိုးရိမ်ရေမှတ်ဟာ ၅၄၅ ပေ ဖြစ်ပြီး ဒီကနေ့ ဩဂုတ် ၇ ရက်မှာ ဆည်ရေအမှတ် ၅၄၄ ဒသမ ၇ ပေကို ရောက်ရှိနေပြီး ဆည်ရေတွေ ထပ်မံလွှတ်ထုတ်နေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

ဒီပဲယင်းနယ် ရွာတစ်ရွာ ရေမြုပ်နေသည်ကို ဩဂုတ် ၇ရက် ဒီမနက်ပိုင်း တွေ့ရစဉ်/Photo - နွေဦးမေ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#အညာ #စစ်ကိုင်း #ဒီပဲယင်းကောက်စိုက်သမ #မူးမြစ် #သဖန်းဆိပ်ဆည်

07/08/2026

ယင်းမာပင်မှာ ၈၈၈၈ အကြို လူထုလှုပ်ရှားမှု ပြုလုပ်ကာ လူထုကို လှုံ့ဆော်၊

သုထက်/MFP၊ ဩဂုတ် - ၇

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ယင်းမာပင်မြိုနယ် သပိတ်အင်အားစုက ဦးဆောင်ပြီး ၃၈ နှစ်ပြည့် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်အကြို လူထုလှုပ်ရှားမှု ပြုလုပ်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုံ့ဆော်မှုတွေကို ဩဂုတ် ၅ရက်က ပြုလုပ်ခဲ့တယ်လို့ ဦးဆောင်သူတွေက MFP ကိုပြောပါတယ်။

စစ်အာဏာရှင်စနစ် ကျဆုံးရေး တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သူတွေကို အောက်မေ့ သတိရသော အားဖြင့် ၈၈၈၈ အထိမ်းအမှတ်နေ့မှာ လူထုအနေနဲ့ အန္တရာယ်ကင်းတဲ့ နည်းလမ်းတွေနဲ့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းလှုံ့ဆော်ခဲ့တာလို့ ယင်းမာပင် သပိတ်အင်အားစု ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#အညာ #စစ်ကိုင်း #ယင်းမာပင် #၈၈၈၈အရေးတော်ပုံ

07/08/2026

သဖန်းဆိပ်ဆည် ရေလွှတ်ထုတ်လို့ မူးမြစ်ရိုး ခြောက်မြို့နယ်ရှိ မြို့၊ရွာ ၁၀၀ ကျော် ရေမြုပ်၊
ဆည်ရေကြောင့် တာတမံတွေလည်း ထပ်မံကျိုးပေါက်ကာ ရေကြီးနစ်မြုပ်မှုတွေ ဆက်လက်ဖြစ်ပွားနေ၊

MN/MFP ၊ ဩဂုတ် - ၇

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်လှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ကနေ ရေတွေ လွှတ်ထုတ်လို့ မူးမြစ်ရိုးတလျှောက်ရှိ မြို့နယ် ခြောက်မြို့နယ်က ရပ်ကွက်နဲ့ ကျေးရွာ ၁၀၀ ကျော် ရေကြီး နစ်မြုပ်ကာ သောင်းနဲ့ချီတဲ့ ပြည်သူတွေ ရေဘေးသင့်နေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

ကန့်ဘလူ၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်တို့မှာ ရေကြီးနစ်မြုပ်မှု အဆိုးရွားဆုံး ဖြစ်နေပြီး ခင်ဦး၊ ဒီပဲယင်းနဲ့ ရွှေဘို မြို့နယ်တွေလည်း ရေဘေးကြုံနေရကာ မူးမြစ်ရိုးတလျှောက်ရှိ ကျေးရွာပေါင်း ရာနဲ့ချီ ရေကြီး နစ်မြုပ်နေတာပါ။

သဖန်းဆိပ်ဆည်ရေတိုးကာ စိုးရိမ်ရေမှတ် နီးတာကြောင့် ဩဂုတ် ၅ ရက်က စတင်ပြီး ဆည်ရေတွေ မူးမြစ်ထဲ ဖောက်ချလို့ မြစ်ရိုးတလျှောက်ရှိ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ရွှေဘို စတဲ့ မြို့နယ်တွေ ရေကြီး နစ်မြုပ်နေတာ ဖြစ်ပါတယ်။

ဩဂုတ် ၆ရက် မနေ့က စတင်ကာ တန့်ဆည်နယ် ရွာ ၂၀ ကျော် ရေမြုပ်နေပြီး မူးခွရွာ ပျူစာထီးစခန်း မူးမြစ်ကူးတံတားနဲ့ အောင်စွာကျေးရွာ ချောင်းကူးတံတားတို့ မူးမြစ်အတွင်း မျောပါ ကျိုးကျခဲ့သလို မူးမြစ်ကနေ စိုက်ပျိုးရေအတွက် သွယ်တန်းထားတဲ့ တူးမြောင်းတွေ ကျိုးပေါက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦးမြို့နယ်မှာလည်း မြို့ပေါ်ရပ်ကွက်တွေ အပါအဝင် ကျေးရွာ ၅၀ ကျော် ရေမြုပ်ကာ ပြည်သူ တစ်သောင်းကျော် ရေးဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေအဖွဲ့ - ပကဖ တာဝန်ရှိသူက MFP ကို ပြောပါတယ်။

“ကာဘိုးဆည် အောက်ပိုင်းက ကျေးရွာတော်တော်များများမှာ ရေ စဝင်နေပြီ။ လက်ရှိ ရေဦးမြို့နယ်ထဲ မှာ ရွာပေါင်း ၅၀ ကျော်မယ်၊ ရေဘေးတိမ်းရှောင်ရတာ။ လူဦးရေကတော့ တစ်သောင်းကျော် ရှိနိုင်တယ်”

သဖန်းဆိပ်ဆည် ရေလွှတ်ထုတ်လို့ မူးမြစ်သာမက ကန့်ဘလူနယ်ထဲရှိ ကာဘိုးဆည်လည်း ရေလျှံကာ မနေ့ကတည်းက ကာဘိုးဆည် ဖောက်ချထားပြီး ဆည်အနီး တန့်ဆည်မြို့နယ်ထဲက အက်တော မူးဘောင်နဲ့ ဒေါင်ကြီးမူးဘောင်တွေ ကျိုပေါက်ကာ ရွာတွေ ရေမြုပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းမှာလည်း ကာဘိုးဆည်ရဲ့အောက်ဘက် ရေဦးမြောင်းမတော် (ဗိုလ်ရုံတူးမြောင်း) နံကာကြီးအထက် ပေ ၃၀၀ အကျယ် တာဘောင်ကျိုးပေါက်လို့ ရေဝင်ရောက်နိုင်တဲ့ ကျေးရွာတွေ သတိထားနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။

ရေဦး မြို့ပေါ် ငါးရပ်ကွက်ရှိရာ မူးမြစ်ကမ်းအနီးရှိ ရွှေပြည်သာ၊ အောင်မင်္ဂလာ၊ ဗိုလ်အောင်ဇေယျ စတဲ့ မြို့အရှေ့ပိုင်း ရပ်ကွက်တွေ မနေ့ကတည်းက ရေမြုပ်နေပြီး မြစ်ရေ ဆက်တိုးလို့ ရေဦးမြို့ပေါ် ရေကြီး နစ်မြုပ်တာတွေ ပိုဆိုးလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရေဦးမြို့အရှေ့ဖက် မူးမြစ်ကမ်းဘေးမှာရှိတဲ့ ခင်ဦးနယ် အနောက်ခြမ်းမှာလည်း ကျေးရွာ ၁၀ ရွာကျော် ရေမြုပ်နေပြီး လူဦးရေ တစ်ထောင်ကျော် ရွှေ့ပြောင်းနေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့ညက ကာဘိုးဆည်ကနေ ရေတွေ ဖွင့်ချလိုက်တဲ့အတွက် ရေဦးတူးမြောင်းနဲ့ ရွှေဘိုတူးမြောင်းမှာ ရေတွေ တိုးနေတာပေါ့။ ရေက မနေ့ကထက် ဒီကနေ့မှာ ပိုပြီးတော့ တိုးလာတာ။ မူးမြစ်ထဲက ကျွန်းတွေမှာ နေတဲ့ အိမ်လေးတွေကတော့ အိမ်ခေါင်မိုးပဲ ကျန်တော့တယ်၊ အကုန်မြုပ်ကုန်ပြီ။ အခု မူးကျင်း ကျွန်းထဲမှာ နေတဲ့အိမ်တွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်။ လူဦးရေကတော့ ထောင်ဂဏန်းလောက် ရှိတာပေါ့။ မူးမြစ်ဘေးက သာဝတ္ထိ၊ ကျွန်းတောကြီး၊ ကျွန်းတောလေး၊ ယာတော်၊ သရက်ပင်စု၊ ကားဆိပ် အဲဒီ မြစ်အနီးက ရွာတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်”လို့ ခင်ဦးနယ် အနောက်ခြမ်းမှာနေထိုင်သူ တစ်ဦးက MFP ကို ပြောပါတယ်။

မူးမြစ်ရေ ဆက်တိုးနေလို့ မူးမြစ်ကမ်းဘေးမှာရှိတဲ့ ရွှေဘိုနယ်အနောက်ခြမ်း၊ ဒီပဲယင်းနယ် အရှေ့ခြမ်းရှိ ကျေးရွာတွေနဲ့ စစ်ဘေးရှောင်တွေလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြရတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေ အပါအဝင် အဲ့ဒီ ရေဘေးသင့် ခြောက်မြို့နယ်ရှိ ကျေးရွာ ၁၀၀ ကျော်က သောင်းနဲ့ချီတဲ့ ပြည်သူတွေအတွက် စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးစပါးနဲ့ သီးနှံစိုက်ခင်း အများအပြားလည်း ရေဝင်နစ်မြုပ်ပြီး ပျက်စီးဆုံးရှုံးမှု များတယ်လို့ ဆိုပါတယ်။

သဖန်းဆိပ်ဆည်ရဲ့ စိုးရိမ်ရေအမှတ်ဟာ ၅၄၅ ပေ ဖြစ်ပြီး ဒီကနေ့ ဩဂုတ် ၇ရက်မှာ ဆည်ရေအမှတ် ၅၄၄ ဒသမ ၇ ပေအထိ ရောက်ရှိနေကာ ဆည်ကြံ့ခိုင်ရေးအတွက် ရေတွေ ဆက်လက် ဖောက်ထုတ်ဖွယ် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူးမြစ် စတင်စီးဆင်းရာ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတွေဖြစ်တဲ့ ဗန်းမောက်၊ ပင်လည်ဘူး စတဲ့ မြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် ဆည်ရေတွေ တိုးလာနေတာ ဖြစ်သလို ဝန်းသိုနဲ့ ကောလင်းမြို့နယ်ထဲမှာပါ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေပြီး အဲဒီရေတွေဟာလည်း သဖန်းဆိပ် ဆည်အတွင်းကို စီးဝင်နေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#အညာ #စစ်ကိုင်း #ကာဘိုးဆည် #မူးမြစ်ရေကြီး #သဖန်းဆိပ်ဆည်

ရွှေဘို ရေဦးမြို့ ရေမြုပ်နေ၊ သဖန်းဆိပ်ဆည် ရေထုတ်လို့ ရေဦးမြို့ အပါအဝင် မူးမြစ်ရိုးရှိ မြို့၊ရွာ ၁၀၀ ကျော် ရေမြုပ်၊သုထက်၊...
07/08/2026

ရွှေဘို ရေဦးမြို့ ရေမြုပ်နေ၊

သဖန်းဆိပ်ဆည် ရေထုတ်လို့ ရေဦးမြို့ အပါအဝင် မူးမြစ်ရိုးရှိ မြို့၊ရွာ ၁၀၀ ကျော် ရေမြုပ်၊

သုထက်၊ MN/MFP ၊ ဩဂုတ် - ၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ မြို့ပေါ်ရပ်ကွက်တွေပါမကျန် ရေမြုပ်နေပြီး ရေဦးတနယ်လုံး ရွာ ၅၀ ကျော် ရေမြုပ်ကာ ပြည်သူ သောင်းနဲ့ချီ ရေဘေးသင့်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်မှာ ရေတွေ စိုးရိမ်ရေမှတ်အနီးထိ ရောက်နေပြီမို့ မူးမြစ်ထဲ ထုတ်လွှတ်ရာက ခင်ဦးမြို့ အပါအဝင် မူးမြစ်ရိုး တလျှောက် မြို့နယ် ခြောက်မြို့နယ်က ရပ်ကွက်နဲ့ ကျေးရွာ ၁၀၀ ကျော် ဩဂုတ် ၆ရက်က စတင်ကာ ရေဘေးသင့်နေတာ ဖြစ်ပါတယ်။

ရေဦး မြို့ပေါ် ငါးရပ်ကွက်ရှိရာ မူးမြစ်ကမ်းအနီးရှိ ရွှေပြည်သာ၊ အောင်မင်္ဂလာ၊ ဗိုလ်အောင်ဇေယျ စတဲ့ မြို့အရှေ့ပိုင်း ရပ်ကွက်တွေ ဩဂုတ် ၆ရက် မနေ့ကတည်းက ရေမြုပ်နေပြီး မြစ်ရေ ဆက်တိုးလို့ ရေဦးမြို့ပေါ် ရေကြီး နစ်မြုပ်တာတွေ ပိုဆိုးလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရေဦးမှာ မြို့ပေါ်ရပ်ကွက်တွေ အပါအဝင် ကျေးရွာ ၅၀ ကျော် ရေမြုပ်ကာ ပြည်သူ ၁၀,၀၀၀ ကျော် ရေဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေအဖွဲ့ - ပကဖ တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။

“လက်ရှိ ရေဦးမြို့နယ်ထဲ မှာ ရွာပေါင်း ၅၀ ကျော်မယ်၊ ရေဘေးတိမ်းရှောင်ရတာ။ လူဦးရေကတော့ တစ်သောင်းကျော် ရှိနိုင်တယ်”

ရေဦးမြို့ရဲ့ အရှေ့ဘက် မူးမြစ်တဖက်ကမ်းရှိ ခင်ဦးမြို့နယ် အနောက်ခြမ်းမှာလည်း ကျေးရွာ ၁၀ ရွာကျော် ရေမြုပ်နေပြီး လူဦးရေ တစ်ထောင်ကျော် ရွှေ့ပြောင်းနေကြရတယ်လို့ ဆိုပါတယ်။

ခင်ဦးမြို့နယ် မူးမြစ်(နတ်မူး)အရှေ့ဘက်နဲ့ DY-1 တူးမြောင်းအတွင်းရှိ ကျေးရွာတွေ သြဂုတ် ၇ရက် ဒီမနက် ၁ နာရီဝန်းကျင်မှာ ရေဝင်လို့ ဘေးလွတ်ရာ ရှောင်တိမ်းကြရတာလို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

"သတင်းကတော့ အရင်ကြားရတာ ကိုယ့်ဒေသ အမြန်ရောက်လာမယ်လို့ မထင်ဘူး ည ၁၂လောက်က စဝင်တာ၊ ၁ နာရီဝန်းကျင် ရောက်တော့ အားလုံးကို ရှောင်ဖို့ စပြောရတော့တာပဲ"

ခင်ဦးမြို့နယ်ထဲ လက်ရှိ ရေဝင်လို့ ရွှေ့ပြောင်းရတဲ့ ရွာတွေဟာ ဥယဥ်၊ ကျွန်းတောကြီး၊ ယာတော်၊ မကျီးအုပ်၊ သရက်ပင်စု၊ ကားဆိပ်၊ မြင်းဒေါင်း၊ အင်းပတ်၊ ရွာသစ်၊ မူးသာ၊ သက်ပေး၊ ဇီးတော၊ လက်ပံကွက်၊ တာတိုင် စတဲ့ ရွာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သဖန်းဆိပ်ဆည်က လွှတ်ထုတ်လိုက်တဲ့ ရေတွေဟာ မူးမြစ်သာမက ကန့်ဘလူနယ်ရှိ ကာဘိုးဆည်ထဲကိုလည်း စီးဝင်ပြီး ကာဘိုးဆည်မှာလည်း ရေမထိန်းနိုင်တော့လို့ ဩဂုတ် ၆ရက် မနေ့ကတည်းက ဆည်ကို ဖွင့်ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ညက ကာဘိုးဆည်ကနေ ရေတွေ ဖွင့်ချလိုက်တဲ့အတွက် ရေဦးတူးမြောင်းနဲ့ ရွှေဘိုတူးမြောင်းမှာ ရေတွေ တိုးနေတာပေါ့။ ရေက မနေ့ကထက် ဒီကနေ့မှာ ပိုပြီးတော့ တိုးလာတာ။ မူးမြစ်ထဲက ကျွန်းတွေမှာ နေတဲ့ အိမ်လေးတွေကတော့ အိမ်ခေါင်မိုးပဲ ကျန်တော့တယ်၊ အကုန်မြုပ်ကုန်ပြီ။ အခု မူးကျင်း ကျွန်းထဲမှာ နေတဲ့အိမ်တွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်။ လူဦးရေကတော့ ထောင်ဂဏန်းလောက် ရှိတာပေါ့။ မူးမြစ်ဘေးက သာဝတ္ထိ၊ ကျွန်းတောကြီး၊ ကျွန်းတောလေး၊ ယာတော်၊ သရက်ပင်စု၊ ကားဆိပ် အဲဒီ မြစ်အနီးက ရွာတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်”လို့ ခင်ဦးနယ် အနောက်ခြမ်းမှာနေထိုင်သူ တစ်ဦးက MFP ကို ပြောပါတယ်။

ကာဘိုးဆည်အောက်ဘက် တန့်ဆည်မြို့နယ်ထဲရှိ အက်တော မူးဘောင်နဲ့ ဒေါင်ကြီးမူးဘောင်တွေ မနေ့ကတည်းက ကျိုပေါက်ကာ ရွာတွေ ရေမြုပ်နေသလို ကာဘိုးဆည်ရဲ့အောက်ဘက် ရေဦးမြောင်းမတော် (ဗိုလ်ရုံတူးမြောင်း) နံကာကြီး အထက် ပေ ၃၀၀ အကျယ် တာဘောင်ကျိုးပေါက်လို့ ရေဝင်ရောက်နိုင်တဲ့ ကျေးရွာတွေ သတိထားနေထိုင်ကြဖို့ ပြည်သူအချင်းချင်း အသိပေးထားပါတယ်။

လက်ရှိမှာ သဖန်းဆိပ်ဆည်ရေ လွှတ်ထုတ်တာကြောင့် မူးမြစ်ရိုးရှိ ကန့်ဘလူ၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်တွေ ရေကြီးနစ်မြုပ်မှု အဆိုးရွားဆုံး ကြုံနေရပြီး ခင်ဦး၊ ဒီပဲယင်းနဲ့ ရွှေဘို မြို့နယ်တွေလည်း ရေဘေး ကြုံနေရကာ မူးမြစ်ရိုးတလျှောက်ရှိ ရပ်ကွက်နဲ့ ကျေးရွာ ရာနဲ့ချီ ရေကြီး နစ်မြုပ်နေတာ ဖြစ်ပါတယ်။

မိုးစပါးနဲ့ သီးနှံစိုက်ခင်း အများအပြားလည်း ရေဝင်နစ်မြုပ်ပြီး ပျက်စီးဆုံးရှုံးမှု များတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေ အပါအဝင် အဲ့ဒီ ရေဘေးသင့် ခြောက်မြို့နယ်ရှိ ကျေးရွာ ၁၀၀ ကျော်က သောင်းနဲ့ချီတဲ့ ပြည်သူတွေအတွက် စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သဖန်းဆိပ်ဆည်ရဲ့ စိုးရိမ်ရေအမှတ်ဟာ ၅၄၅ ပေ ဖြစ်ပြီး ဒီကနေ့ ဩဂုတ် ၇ရက်မှာ ဆည်ရေအမှတ် ၅၄၄ ဒသမ ၇ ပေအထိ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

ရေဦးမြို့ပေါ် ရေဝင်နစ်မြုပ်နေစဉ်/Photo – Wai Lin FB

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#အညာ #စစ်ကိုင်း #ကာဘိုးဆည် #မူးမြစ်ရေကြီး #သဖန်းဆိပ်ဆည်

07/08/2026

သဖန်းဆိပ်ဆည် ရေလွှတ်ချလို့ မူးမြစ်နဲ့ ကာဘိုးဆည် ရေကြီးကာ အောက်ဘက်က မြို၊ရွာတွေ ရေဘေးကြုံ၊
ဒီပဲယင်းမှာ ကောက်စိုက်စိုက် အမျိုးသမီးတွေ ချောင်းရေမျောပါလို့ ခြောက်ဦး သေဆုံး၊

MN/MFP ၊ ဩဂုတ် - ၇

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်မှာ စိုးရိမ်ရေမှတ် ရောက်ဖို့ တစ်ပေခန့်သာ လိုတော့ပြီး ဩဂုတ် ၅ရက်က စတင်ကာ ဆည်ရေ လွှတ်ချတာကြောင့် မူးမြစ်ရေကြီးကာ ကန့်ဘလူ၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်ရှိ ကျေးရွာတွေ ရေဝင်နစ်မြုပ်တာ၊ လမ်းတံတား ပျက်စီးတာနဲ့ အရေးပေါ် ပြောင်းရွှေ့တာတွေ လုပ်နေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဩဂုတ် ၅ ရက်က စတင်ပြီး သဖန်းဆိပ်ဆည်ရေ လွှတ်ချလို့ ရုတ်တရက် မူးမြစ်ရေ ကြီးကာ မြစ်ရိုးတလျှောက် ရွာတွေ ရေဘေးကြုံနေရတာ ဖြစ်သလို ကားဘိုးဆည်လည်း ရေထိန်းတံခါးတွေ အကုန်ဖွင့်ချထားတယ်လို့ ဆိုပါတယ်။

တန့်ဆည်မြို့နယ်အတွင်း ဩဂုတ် ၆ရက် မနက်ပိုင်းအထိ ကျေးရွာ ၂၀ ကျော် ရေကြီးနစ်မြုပ်မှုနေပြီး တံတား ကျိုးကျပျက်စီးတာ၊ မူးဘောင်ကျိုးပေါက်တာတွေ ဖြစ်ပွားနေတယ်လို့ တန့်ဆည်နယ်ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“မိုးက ဒီဘက် (တန့်ဆည်နယ်)မှာ သုံးရက်လောက်ရှိသွားပြီ ဆက်တိုက် ရွာနေတာ။ အခု လောလော ဆယ် တန့်ဆည်နယ် အရှေ့မြောက်ခြမ်းက ပျူရွာတွေနဲ့ နီးတဲ့ ရွာတွေက ရေဘေး သင့်နေတာပေါ့နော။ ရွာချင်းဆက် တံတားတွေလည်း အတော်များများ ပြုတ်ပါသွားပြီ။ လောလောဆယ်တော့ ဖုန်းလိုင်းတွေလည်း ပြတ်နေတော့ (အပျက်အစီးစာရင်း) စိစစ်တုန်းပဲ ရှိသေးတယ်။ လက်ရှိ ရေးဘေးသင့်တာက ပျူရွာက ၁၁ ရွာ၊ ပြည်သူတွေရွာကတော့ လောလောဆယ် ၁၀ ရွာလောက်ပဲ ရှိဦးမယ်။ အဲဒီ ၁၀ ရွာကတော့ ဒေသခံ ၅၀၀၀ နီးပါးလောက်တော့ ရှိမယ်၊ ဒီကနေ့မှ ရေက တက်လာတာဆိုတော့ စပြီးတော့ ပြောင်းကြရွှေ့ကြတုန်း ရှိသေးတယ်။ အခုလည်း သက်ကြီးရွယ်အိုတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးတာတွေ လုပ်နေပါတယ်။ ရေကလည်း ဒီကနေ့မှ အဆမတန် တက်လာတာဆိုတော့ အကုန်လုံးက ဒုက္ခရောက်နေကြတာပ”

တန့်ဆည်နယ်အတွင်း လယ်ယာစိုက်ခင်း အများအပြားလည်း ရေဝင်နစ်မြုပ်နေပြီး တစ်ပတ်အတွင်း ရေပြန်မကျပါက သီးနှံစိုက်ခင်းတွေ ပျက်စီးနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တန့်ဆည်နယ်နဲ့ထိစပ်နေတဲ့ ရေဦးမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာလည်း မူးမြစ်ရေ ကြီးပြီး ရေဝင်နစ်မြုပ်တာတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပင်စိမ်းကင်းရွာကတော့ စပြီးတော့ ရှောင်နေရပြီ။ နောက်ပြီးတော့ လေးရွာကလည်း ရှောင်နေရပြီ။ ရေဦးမြို့ပေါ် ရပ်ကွက်တွေကတော့ ရွှေပြည်သာ၊ ဗိုလ်အောင်ဇေယျ၊ အောင်မင်္ဂလာ အဲဒီ သုံးရပ်ကွက် စပြီးတော့ ရှောင်နေကြရပြီ။ စပြီးတော့ ရှောင်ကြတာကတော့ အခုမှ စပြီးတော့ ရှောင်ကြရတာပေါ့။ ရွာတွေကတော့ လူဦးရေ ၁၀၀၀ ကျော်လောက်တော့ ရှောင်နေကြပြီ။ တော်လှန်ရေးကာလ ငါးနှစ်တာ ကာလအတွင်းမှာ ရေကြီးမှုဖြစ်စဉ်က မဖြစ်ဖူးသေးဘူး၊ ဒီတခါမှာ စပြီးတော့ စိုးရိမ်ရေမှတ်ကို ရောက် လာတာပေါ့။ ဟိုတစ်နှစ်က စိုးရိမ်ရေမှတ်နား ရောက်ခါနီး ဖြစ်ခဲ့ပေမဲ့ အခုလို မဖြစ်ခဲ့ဘူး”လို့ ရေဦးမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မူးမြစ်ရေကြီးမှုကြောင့် ဩဂုတ် ၆ရက်က ရေဦးမြို့ပေါ် သုံးရပ်ကွက်ဖြစ်တဲ့ ရွှေပြည်သာ၊ အောင်မင်္ဂလာ၊ ဗိုလ်အောင်ဇေယျရပ်ကွက်၊ မြို့နဲ့ ထိစပ်နေတဲ့ မကျီးတောရွာ၊ မူးမြစ်ကမ်းဘေး ကျေးရွာတွေ ဖြစ်တဲ့ ပင်စိမ်းကင်း၊ လေးရွာ၊ ကြာပန်းညို၊ ရေဦးကုန်း၊ ရွာသာလေး၊ ကုက္ကိုလ်စု၊ မူးသာကုန်း၊ ဇိန့်ဇွန်း စတဲ့ နေရာတွေ ရေဝင်နစ်မြုပ်နေတယ်လို့ ဆိုပါတယ်။

ဩဂုတ် ၆ရက် မနေ့က နေ့လယ်ပိုင်း ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်း အင်ဘုတ်ကျေးရွာအုပ်စု၊ ချောင်းရိုးရွာမှာ ကောက်စိုက်ပြီး ပြန်လာတဲ့ အမျိုးသမီး ၁၀ ဦး ရွာမြောက်ဘက်ရှိ ချောင်းကို ဖြတ်ကူးချိန် ရုတ်တရက် ချောင်းရေ အလုံးအရင်းနဲ့ ဝင်ရောက်လာကာ ရေစီးနဲ့အတူ မျောပါလို့ ခြောက်ဦး သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

သေဆုံးသူတွေစာ ချောင်းရိုးရွာက သက်လတ်ပိုင်းအရွယ် အမျိုးသမီးတွေ ဖြစ်ပြီး ငါးဦးရဲ့ အလောင်းကို ဆယ်ယူရရှိကာ တစ်ဦးကတော့ အလောင်းမတွေ့ရသေးဘဲ ရေကလည်း မကျသေးဘူးလို့ ဒီပဲယင်းမြို့နယ် ပအဖ တာဝန်ရှိသူက MFP ကို ပြောပါတယ်။

ရေဦးရဲ့ မူးမြစ်တစ်ဖက်ကမ်းရှိ ခင်ဦးမြို့နယ်မှာတော့ ဩဂုတ် ၆ရက် မနက်ပိုင်း ကျေးရွာတွေအတွင်း ရေမဝင်သေးပေမယ့် သဖန်းဆိပ်ဆည်ရေ လွှတ်ထားတာကြောင့် မြစ်ကမ်းဘေး ကျေးရွာတွေကို ကြိုတင် ပြင်ဆင်ဖို့ အသိပေးထားတယ်လို့လည်း ခင်ဦးနယ်အနောက်ခြမ်းမှာ နေထိုင်တဲ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ရှောင်ရတာတွေတော့ မရှိသေးဘူးပေါ့နော။ လက်ရှိကတော့ မူးမြစ်ဘေး နေထိုင်တဲ့သူတွေကို အသိ ပေးထားရုံပဲ ရှိသေးတယ်။ အခု လောလောဆယ်ကတော့ မိုးတွေ ဆက်တိုက်ရွာနေတယ်”

လက်ရှိမှာ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်မှာ ရေတိုးကာ စိုးရိမ်ရေမှတ်အနီးကို ရောက်ရှိနေတာကြောင့် ဆည်ရေတွေ လွှတ်ချနေပြီး ဆည်အောက်ပိုင်းဒေသတွေ ဖြစ်တဲ့ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး စတဲ့ မြို့နယ်တွေမှာ ရေကြီးနစ်မြုပ်နေသလို ခင်ဦး၊ ဒီပဲယင်း၊ ရွှေဘို၊ ဝက်လက် စတဲ့ မူးမြစ်ရိုးတလျှောက်လည်း ရေကြီးမှုဒဏ်ကြုံရနိုင်တာကြောင့် အထူးသတိရှိကြဖို့ ဒေသခံ အချင်းချင်း အသိပေး နေကြပါတယ်။

သဖန်းဆိပ်ဆည်ရဲ့ ကန်ရေပြည့်အမှတ်ဟာ ၅၄၅ ပေ ဖြစ်ပြီး လက်ရှိမှာ ၅၄၃ ဒဿမ ၇၅ ပေအထိ ရောက်ရှိနေပြီမို့ ဆည်ကြံ့ခိုင်စေရေးအတွက် ဩဂုတ် ၅ရက်က စတင်ကာ ရေလွှတ်ချနေပြီး အဲ့ဒီ ရေတွေဟာ မူးမြစ်ကတဆင့် ကာဘိုးဆည်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

ကာဘိုးဆည်နဲ့ မူးမြစ် (နတ်မူးမြစ်) ရေတံခါးတွေ အားလုံးကိုလည်း ဖွင့်ထားပြီမို့ မူးမြစ်ရိုးတလျှောက်နဲ့ ဆည်အောက် ချောင်းမြောင်းတလျှောက် မြို့၊ရွာတွေမှာ နေထိုင်သူတွေ သတိထားကြဖို့၊ မွေးမြူရေး တိရစ္ဆာန်တွေနဲ့ ကောက်ပဲသီးနှံတွေကို ရေလွတ်ရာ အချိန်မီ ရွှေ့ပြောင်းထားကြဖို့ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပင်မ သတင်းနဲ့ပြန်ကြားရေးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။

သဖန်းဆိပ်ဆည်က ရေတွေဟာ မူးမြစ်ရိုးတလျှောက်ရှိ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ ဒီပဲယင်း၊ အရာတော်၊ ဘုတလင်နဲ့ စစ်ကိုင်းနယ်ရှိ လယ်ယာမြေတွေအထိ စိုက်ပျိုးရေ ပို့လွှတ်နိုင်တာ ဖြစ်ပါတယ်။

#အညာ #စစ်ကိုင်း #တန့်ဆည် #မူးမြစ် #သဖန်းဆိပ်ဆည်

07/08/2026

သဖန်းဆိပ်ဆည် ရေလွှတ်ထုတ်လို့ မူးမြစ်ရိုး ခြောက်မြို့နယ်ရှိ မြို့၊ရွာ ၁၀၀ ကျော် ရေမြုပ်၊
ဆည်ရေကြောင့် တာတမံတွေလည်း ထပ်မံကျိုးပေါက်ကာ ရေကြီးနစ်မြုပ်မှုတွေ ဆက်လက်ဖြစ်ပွားနေ၊

MN/MFP ၊ ဩဂုတ် - ၇

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်လှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ကနေ ရေတွေ လွှတ်ထုတ်လို့ မူးမြစ်ရိုးတလျှောက်ရှိ မြို့နယ် ခြောက်မြို့နယ်က ရပ်ကွက်နဲ့ ကျေးရွာ ၁၀၀ ကျော် ရေကြီး နစ်မြုပ်ကာ သောင်းနဲ့ချီတဲ့ ပြည်သူတွေ ရေဘေးသင့်နေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

ကန့်ဘလူ၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်တို့မှာ ရေကြီးနစ်မြုပ်မှု အဆိုးရွားဆုံး ဖြစ်နေပြီး ခင်ဦး၊ ဒီပဲယင်းနဲ့ ရွှေဘို မြို့နယ်တွေလည်း ရေဘေးကြုံနေရကာ မူးမြစ်ရိုးတလျှောက်ရှိ ကျေးရွာပေါင်း ရာနဲ့ချီ ရေကြီး နစ်မြုပ်နေတာပါ။

သဖန်းဆိပ်ဆည်ရေတိုးကာ စိုးရိမ်ရေမှတ် နီးတာကြောင့် ဩဂုတ် ၅ ရက်က စတင်ပြီး ဆည်ရေတွေ မူးမြစ်ထဲ ဖောက်ချလို့ မြစ်ရိုးတလျှောက်ရှိ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ရွှေဘို စတဲ့ မြို့နယ်တွေ ရေကြီး နစ်မြုပ်နေတာ ဖြစ်ပါတယ်။

ဩဂုတ် ၆ရက် မနေ့က စတင်ကာ တန့်ဆည်နယ် ရွာ ၂၀ ကျော် ရေမြုပ်နေပြီး မူးခွရွာ ပျူစာထီးစခန်း မူးမြစ်ကူးတံတားနဲ့ အောင်စွာကျေးရွာ ချောင်းကူးတံတားတို့ မူးမြစ်အတွင်း မျောပါ ကျိုးကျခဲ့သလို မူးမြစ်ကနေ စိုက်ပျိုးရေအတွက် သွယ်တန်းထားတဲ့ တူးမြောင်းတွေ ကျိုးပေါက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦးမြို့နယ်မှာလည်း မြို့ပေါ်ရပ်ကွက်တွေ အပါအဝင် ကျေးရွာ ၅၀ ကျော် ရေမြုပ်ကာ ပြည်သူ တစ်သောင်းကျော် ရေးဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေအဖွဲ့ - ပကဖ တာဝန်ရှိသူက MFP ကို ပြောပါတယ်။

“ကာဘိုးဆည် အောက်ပိုင်းက ကျေးရွာတော်တော်များများမှာ ရေ စဝင်နေပြီ။ လက်ရှိ ရေဦးမြို့နယ်ထဲ မှာ ရွာပေါင်း ၅၀ ကျော်မယ်၊ ရေဘေးတိမ်းရှောင်ရတာ။ လူဦးရေကတော့ တစ်သောင်းကျော် ရှိနိုင်တယ်”

သဖန်းဆိပ်ဆည် ရေလွှတ်ထုတ်လို့ မူးမြစ်သာမက ကန့်ဘလူနယ်ထဲရှိ ကာဘိုးဆည်လည်း ရေလျှံကာ မနေ့ကတည်းက ကာဘိုးဆည် ဖောက်ချထားပြီး ဆည်အနီး တန့်ဆည်မြို့နယ်ထဲက အက်တော မူးဘောင်နဲ့ ဒေါင်ကြီးမူးဘောင်တွေ ကျိုပေါက်ကာ ရွာတွေ ရေမြုပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းမှာလည်း ကာဘိုးဆည်ရဲ့အောက်ဘက် ရေဦးမြောင်းမတော် (ဗိုလ်ရုံတူးမြောင်း) နံကာကြီးအထက် ပေ ၃၀၀ အကျယ် တာဘောင်ကျိုးပေါက်လို့ ရေဝင်ရောက်နိုင်တဲ့ ကျေးရွာတွေ သတိထားနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။
ရေဦး မြို့ပေါ် ငါးရပ်ကွက်ရှိရာ မူးမြစ်ကမ်းအနီးရှိ ရွှေပြည်သာ၊ အောင်မင်္ဂလာ၊ ဗိုလ်အောင်ဇေယျ စတဲ့ မြို့အရှေ့ပိုင်း ရပ်ကွက်တွေ မနေ့ကတည်းက ရေမြုပ်နေပြီး မြစ်ရေ ဆက်တိုးလို့ ရေဦးမြို့ပေါ် ရေကြီး နစ်မြုပ်တာတွေ ပိုဆိုးလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရေဦးမြို့အရှေ့ဖက် မူးမြစ်ကမ်းဘေးမှာရှိတဲ့ ခင်ဦးနယ် အနောက်ခြမ်းမှာလည်း ကျေးရွာ ၁၀ ရွာကျော် ရေမြုပ်နေပြီး လူဦးရေ တစ်ထောင်ကျော် ရွှေ့ပြောင်းနေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့ညက ကာဘိုးဆည်ကနေ ရေတွေ ဖွင့်ချလိုက်တဲ့အတွက် ရေဦးတူးမြောင်းနဲ့ ရွှေဘိုတူးမြောင်းမှာ ရေတွေ တိုးနေတာပေါ့။ ရေက မနေ့ကထက် ဒီကနေ့မှာ ပိုပြီးတော့ တိုးလာတာ။ မူးမြစ်ထဲက ကျွန်းတွေမှာ နေတဲ့ အိမ်လေးတွေကတော့ အိမ်ခေါင်မိုးပဲ ကျန်တော့တယ်၊ အကုန်မြုပ်ကုန်ပြီ။ အခု မူးကျင်း ကျွန်းထဲမှာ နေတဲ့အိမ်တွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်။ လူဦးရေကတော့ ထောင်ဂဏန်းလောက် ရှိတာပေါ့။ မူးမြစ်ဘေးက သာဝတ္ထိ၊ ကျွန်းတောကြီး၊ ကျွန်းတောလေး၊ ယာတော်၊ သရက်ပင်စု၊ ကားဆိပ် အဲဒီ မြစ်အနီးက ရွာတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်”လို့ ခင်ဦးနယ် အနောက်ခြမ်းမှာနေထိုင်သူ တစ်ဦးက MFP ကို ပြောပါတယ်။

မူးမြစ်ရေ ဆက်တိုးနေလို့ မူးမြစ်ကမ်းဘေးမှာရှိတဲ့ ရွှေဘိုနယ်အနောက်ခြမ်း၊ ဒီပဲယင်းနယ် အရှေ့ခြမ်းရှိ ကျေးရွာတွေနဲ့ စစ်ဘေးရှောင်တွေလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြရတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်တွေ အပါအဝင် အဲ့ဒီ ရေဘေးသင့် ခြောက်မြို့နယ်ရှိ ကျေးရွာ ၁၀၀ ကျော်က သောင်းနဲ့ချီတဲ့ ပြည်သူတွေအတွက် စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးစပါးနဲ့ သီးနှံစိုက်ခင်း အများအပြားလည်း ရေဝင်နစ်မြုပ်ပြီး ပျက်စီးဆုံးရှုံးမှု များတယ်လို့ ဆိုပါတယ်။

သဖန်းဆိပ်ဆည်ရဲ့ စိုးရိမ်ရေအမှတ်ဟာ ၅၄၅ ပေ ဖြစ်ပြီး ဒီကနေ့ ဩဂုတ် ၇ရက်မှာ ဆည်ရေအမှတ် ၅၄၄ ဒသမ ၇ ပေအထိ ရောက်ရှိနေကာ ဆည်ကြံ့ခိုင်ရေးအတွက် ရေတွေ ဆက်လက် ဖောက်ထုတ်ဖွယ် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မူးမြစ် စတင်စီးဆင်းရာ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတွေဖြစ်တဲ့ ဗန်းမောက်၊ ပင်လည်ဘူး စတဲ့ မြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် ဆည်ရေတွေ တိုးလာနေတာ ဖြစ်သလို ဝန်းသိုနဲ့ ကောလင်းမြို့နယ်ထဲမှာပါ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေပြီး အဲဒီရေတွေဟာလည်း သဖန်းဆိပ် ဆည်အတွင်းကို စီးဝင်နေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#အညာ #စစ်ကိုင်း #ကာဘိုးဆည် #မူးမြစ်ရေကြီး #သဖန်းဆိပ်ဆည်

07/08/2026

ထိုင်းလွှတ်တော်ရောက်လာတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လွှတ်တော်အမတ် တစ်ဦးက ကန့်ကွက် ဆန္ဒပြ
ဩဂုတ် ၇

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းလွှတ်တော်ကို ဩဂုတ်လ ၇ ရက်က လာရောက်စဉ် ပြည်သူ့ပါတီ လွှတ်တော်အမတ် အနုဆွန် သမ်ဂျိုင်က အသံကျယ်ကျယ်ဖြင့် ကန့်ကွက်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

မင်းအောင်လှိုင်နှင့် ကိုယ်စားလှယ်အဖွဲ့ လွှတ်တော်အတွင်းသို့ ဝင်ရောက်လာချိန်မှာ ပြည်သူ့ပါတီ လွှတ်တော်အမတ် အနုဆွန်က “ငြိမ်းချမ်းရေးအတွက်၊ လူသားမျိုးနွယ်အတွက်” ဟု အကြိမ်ကြိမ် ကြွေးကြော်ကာ မင်းအောင်လှိုင်ကို ကန့်ကွက် ဆန္ဒပြခဲ့ခြင်း ဖြစ်ပါတယ်။

လွှတ်တော်ရဲတပ်ဖွဲ့ဝင်များက လွှတ်တော်အမတ် အနုဆွန်ကို အမြန်ဝင်ရောက်တားဆီးကာ လွှတ်တော်ခန်းမအတွင်းမှ ဆွဲထုတ်ခဲ့ကြပါတယ်။

ကိုးကား - Khaosod

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#စစ်ခေါင်းဆောင် #ထိုင်း #လွှတ်တော်အမတ် #ကန့်ကွက်ဆန္ဒပြ

ထိုင်းနိုင်ငံ နွန်ထဘူရီရှိ စာသင်ကျောင်း ပစ်ခတ်မှုမှာ ၇ ဦးသေဆုံး၊ ၂၀ ဦးခန့် ဒဏ်ရာရဩဂုတ် ၇ထိုင်းနိုင်ငံ နွန်ထဘူရီ (Nonthab...
07/08/2026

ထိုင်းနိုင်ငံ နွန်ထဘူရီရှိ စာသင်ကျောင်း ပစ်ခတ်မှုမှာ ၇ ဦးသေဆုံး၊ ၂၀ ဦးခန့် ဒဏ်ရာရ
ဩဂုတ် ၇

ထိုင်းနိုင်ငံ နွန်ထဘူရီ (Nonthaburi) ရှိ စာသင်ကျောင်းတွင် ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကြောင့် လူ ၇ ဦး သေဆုံးပြီး အခြား ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက အတည်ပြုထားပါတယ်။

ဒီပစ်ခတ်မှုဟာ ဩဂုတ် ၇ ရက် နံနက်ပိုင်းက နွန်ထဘူရီ (Nonthaburi) က (Debsirin Nonthaburi School) စာသင်ကျောင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ပစ်ခတ်သူဟု ယူဆရသူက အဲ့ဒီကျောင်းက အသက် (၁၄) နှစ်အရွယ် ကျောင်းသား ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပစ်ခတ်သူဟု ယူဆရတဲ့ ကျောင်းသားဟာ ဆရာ၊ ဆရာမ ၃ ဦး၊ ကျောင်းသား ၃ ဦးတို့ကို ပစ်ခတ်ခဲ့အပြီး မိမိကိုကိုယ် သေနတ်ဖြင့် အဆုံးစီရင်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။ ဒဏ်ရာရရှိသူ ၂၀ ဦးခန့် ကိုလည်း အနီးဝန်းကျင်ရှိ ဆေးရုံများသို့ ပို့ဆောင်ကုသပေးထားကြောင်း သိရပါတယ်။

ဒါ့အပြင် ပစ်ခတ်မှုကျူးလွန်သည်ဟု ယူဆထားသူ ကျောင်းသားရဲ့ နွန်ထဘူရီရှိ နေအိမ်တွင်လည်း လူနှစ်ဦး ရုပ်အလောင်းများကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။

ထိုရုပ်အလောင်းနှစ်လောင်းမှာ ပစ်ခတ်မှုကျူးလွန်ခဲ့သူဟု ယူဆထားတဲ့ ကျောင်းသားရဲ့ အဘိုးနှင့် အဘွား ဖြစ်နိုင်သည်ဟု ယုံကြည်ရပြီး ကျောင်းပစ်ခတ်မှု မဖြစ်ပွားမီ ကျူးလွန်သူက အဘိုးနဲ့ အဘွားကို အရင်ဆုံး သတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဒေသတွင်း သတင်းများက ဆိုပါတယ်။ သို့သော် သေဆုံးမှုဖြစ်စဉ်တွေကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကျောင်းဝင်းကို အာဏာပိုင်များက လုံခြုံရေးတင်းကျပ်စွာ ချထားခဲ့ပြီး ကျောင်းသားများကိုလည်း ကျောင်းဝင်းအတွင်းမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပါတယ်။

ပစ်ခတ်မှုအပြီး ကျူးလွန်သူဟု ယူဆထားသူ ကျောင်းသားရဲ့ အိတ်ကို စစ်ဆေးရာတွင် ကျည်ဆန်အမြောက်အမြားကို တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့က အဆိုပါကျည်ဆန်များကို သက်သေအဖြစ် သိမ်းဆည်းထားပြီး ပစ်ခတ်မှု၏ ရည်ရွယ်ချက်နှင့် ဖြစ်စဉ်တစ်ခုလုံးကို ဖော်ထုတ်နိုင်ရန် ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

သတင်းရင်းမြစ်နဲ့ ဓာတ်ပုံ - Khaosod

သဖန်းဆိပ်ဆည် ရေလွှတ်ထုတ်လို့ မူးမြစ်ရိုး ခြောက်မြို့နယ်ရှိ မြို့၊ရွာ ၁၀၀ ကျော် ရေမြုပ်၊ဆည်ရေကြောင့် တာတမံတွေလည်း ထပ်မံကျ...
07/08/2026

သဖန်းဆိပ်ဆည် ရေလွှတ်ထုတ်လို့ မူးမြစ်ရိုး ခြောက်မြို့နယ်ရှိ မြို့၊ရွာ ၁၀၀ ကျော် ရေမြုပ်၊
ဆည်ရေကြောင့် တာတမံတွေလည်း ထပ်မံကျိုးပေါက်ကာ ရေကြီးနစ်မြုပ်မှုတွေ ဆက်လက်ဖြစ်ပွားနေ၊

MN/MFP ၊ ဩဂုတ် - ၇

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်လှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ကနေ ရေတွေ လွှတ်ထုတ်လို့ မူးမြစ်ရိုးတလျှောက်ရှိ မြို့နယ် ခြောက်မြို့နယ်က ရပ်ကွက်နဲ့ ကျေးရွာ ၁၀၀ ကျော် ရေကြီး နစ်မြုပ်ကာ သောင်းနဲ့ချီတဲ့ ပြည်သူတွေ ရေဘေးသင့်နေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

ကန့်ဘလူ၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်တို့မှာ ရေကြီးနစ်မြုပ်မှု အဆိုးရွားဆုံး ဖြစ်နေပြီး ခင်ဦး၊ ဒီပဲယင်းနဲ့ ရွှေဘို မြို့နယ်တွေလည်း ရေဘေးကြုံနေရကာ မူးမြစ်ရိုးတလျှောက်ရှိ ကျေးရွာပေါင်း ရာနဲ့ချီ ရေကြီး နစ်မြုပ်နေတာပါ။

သဖန်းဆိပ်ဆည်ရေတိုးကာ စိုးရိမ်ရေမှတ် နီးတာကြောင့် ဩဂုတ် ၅ ရက်က စတင်ပြီး ဆည်ရေတွေ မူးမြစ်ထဲ ဖောက်ချလို့ မြစ်ရိုးတလျှောက်ရှိ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ရွှေဘို စတဲ့ မြို့နယ်တွေ ရေကြီး နစ်မြုပ်နေတာ ဖြစ်ပါတယ်။

ဩဂုတ် ၆ရက် မနေ့က စတင်ကာ တန့်ဆည်နယ် ရွာ ၂၀ ကျော် ရေမြုပ်နေပြီး မူးခွရွာ ပျူစာထီးစခန်း မူးမြစ်ကူးတံတားနဲ့ အောင်စွာကျေးရွာ ချောင်းကူးတံတားတို့ မူးမြစ်အတွင်း မျောပါ ကျိုးကျခဲ့သလို မူးမြစ်ကနေ စိုက်ပျိုးရေအတွက် သွယ်တန်းထားတဲ့ တူးမြောင်းတွေ ကျိုးပေါက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦးမြို့နယ်မှာလည်း မြို့ပေါ်ရပ်ကွက်တွေ အပါအဝင် ကျေးရွာ ၅၀ ကျော် ရေမြုပ်ကာ ပြည်သူ တစ်သောင်းကျော် ရေးဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေအဖွဲ့ - ပကဖ တာဝန်ရှိသူက MFP ကို ပြောပါတယ်။

“ကာဘိုးဆည် အောက်ပိုင်းက ကျေးရွာတော်တော်များများမှာ ရေ စဝင်နေပြီ။ လက်ရှိ ရေဦးမြို့နယ်ထဲ မှာ ရွာပေါင်း ၅၀ ကျော်မယ်၊ ရေဘေးတိမ်းရှောင်ရတာ။ လူဦးရေကတော့ တစ်သောင်းကျော် ရှိနိုင်တယ်”

သဖန်းဆိပ်ဆည် ရေလွှတ်ထုတ်လို့ မူးမြစ်သာမက ကန့်ဘလူနယ်ထဲရှိ ကာဘိုးဆည်လည်း ရေလျှံကာ မနေ့ကတည်းက ကာဘိုးဆည် ဖောက်ချထားပြီး ဆည်အနီး တန့်ဆည်မြို့နယ်ထဲက အက်တော မူးဘောင်နဲ့ ဒေါင်ကြီးမူးဘောင်တွေ ကျိုပေါက်ကာ ရွာတွေ ရေမြုပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းမှာလည်း ကာဘိုးဆည်ရဲ့အောက်ဘက် ရေဦးမြောင်းမတော် (ဗိုလ်ရုံတူးမြောင်း) နံကာကြီးအထက် ပေ ၃၀၀ အကျယ် တာဘောင်ကျိုးပေါက်လို့ ရေဝင်ရောက်နိုင်တဲ့ ကျေးရွာတွေ သတိထားနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။

ရေဦး မြို့ပေါ် ငါးရပ်ကွက်ရှိရာ မူးမြစ်ကမ်းအနီးရှိ ရွှေပြည်သာ၊ အောင်မင်္ဂလာ၊ ဗိုလ်အောင်ဇေယျ စတဲ့ မြို့အရှေ့ပိုင်း ရပ်ကွက်တွေ မနေ့ကတည်းက ရေမြုပ်နေပြီး မြစ်ရေ ဆက်တိုးလို့ ရေဦးမြို့ပေါ် ရေကြီး နစ်မြုပ်တာတွေ ပိုဆိုးလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရေဦးမြို့အရှေ့ဖက် မူးမြစ်ကမ်းဘေးမှာရှိတဲ့ ခင်ဦးနယ် အနောက်ခြမ်းမှာလည်း ကျေးရွာ ၁၀ ရွာကျော် ရေမြုပ်နေပြီး လူဦးရေ တစ်ထောင်ကျော် ရွှေ့ပြောင်းနေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့ညက ကာဘိုးဆည်ကနေ ရေတွေ ဖွင့်ချလိုက်တဲ့အတွက် ရေဦးတူးမြောင်းနဲ့ ရွှေဘိုတူးမြောင်းမှာ ရေတွေ တိုးနေတာပေါ့။ ရေက မနေ့ကထက် ဒီကနေ့မှာ ပိုပြီးတော့ တိုးလာတာ။ မူးမြစ်ထဲက ကျွန်းတွေမှာ နေတဲ့ အိမ်လေးတွေကတော့ အိမ်ခေါင်မိုးပဲ ကျန်တော့တယ်၊ အကုန်မြုပ်ကုန်ပြီ။ အခု မူးကျင်း ကျွန်းထဲမှာ နေတဲ့အိမ်တွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်။ လူဦးရေကတော့ ထောင်ဂဏန်းလောက် ရှိတာပေါ့။ မူးမြစ်ဘေးက သာဝတ္ထိ၊ ကျွန်းတောကြီး၊ ကျွန်းတောလေး၊ ယာတော်၊ သရက်ပင်စု၊ ကားဆိပ် အဲဒီ မြစ်အနီးက ရွာတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်”လို့ ခင်ဦးနယ် အနောက်ခြမ်းမှာနေထိုင်သူ တစ်ဦးက MFP ကို ပြောပါတယ်။

မူးမြစ်ရေ ဆက်တိုးနေလို့ မူးမြစ်ကမ်းဘေးမှာရှိတဲ့ ရွှေဘိုနယ်အနောက်ခြမ်း၊ ဒီပဲယင်းနယ် အရှေ့ခြမ်းရှိ ကျေးရွာတွေနဲ့ စစ်ဘေးရှောင်တွေလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြရတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေ အပါအဝင် အဲ့ဒီ ရေဘေးသင့် ခြောက်မြို့နယ်ရှိ ကျေးရွာ ၁၀၀ ကျော်က သောင်းနဲ့ချီတဲ့ ပြည်သူတွေအတွက် စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးစပါးနဲ့ သီးနှံစိုက်ခင်း အများအပြားလည်း ရေဝင်နစ်မြုပ်ပြီး ပျက်စီးဆုံးရှုံးမှု များတယ်လို့ ဆိုပါတယ်။

သဖန်းဆိပ်ဆည်ရဲ့ စိုးရိမ်ရေအမှတ်ဟာ ၅၄၅ ပေ ဖြစ်ပြီး ဒီကနေ့ ဩဂုတ် ၇ရက်မှာ ဆည်ရေအမှတ် ၅၄၄ ဒသမ ၇ ပေအထိ ရောက်ရှိနေကာ ဆည်ကြံ့ခိုင်ရေးအတွက် ရေတွေ ဆက်လက် ဖောက်ထုတ်ဖွယ် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူးမြစ် စတင်စီးဆင်းရာ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတွေဖြစ်တဲ့ ဗန်းမောက်၊ ပင်လည်ဘူး စတဲ့ မြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် ဆည်ရေတွေ တိုးလာနေတာ ဖြစ်သလို ဝန်းသိုနဲ့ ကောလင်းမြို့နယ်ထဲမှာပါ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေပြီး အဲဒီရေတွေဟာလည်း သဖန်းဆိပ် ဆည်အတွင်းကို စီးဝင်နေတာ ဖြစ်ပါတယ်။

သဖန်းဆိပ်ဆည်က ရေထုတ်လွှတ်နေမှုနဲ့ စစ်ဘေးရှောင်စခန်း ရေမြုပ်လို့ ထပ်မံ နေရာ ရွှေ့ပြောင်းနေကြရသူတွေ/Photo – C.M.O (ဂဏန်း)

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#အညာ #စစ်ကိုင်း #ကာဘိုးဆည် #မူးမြစ်ရေကြီး #သဖန်းဆိပ်ဆည်

07/08/2026

သဖန်းဆိပ်ဆည် ရေလွှတ်ချလို့ မူးမြစ်နဲ့ ကာဘိုးဆည် ရေကြီးကာ အောက်ဘက်က မြို၊ရွာတွေ ရေဘေးကြုံ၊
ဒီပဲယင်းမှာ ကောက်စိုက်စိုက် အမျိုးသမီးတွေ ချောင်းရေမျောပါလို့ ခြောက်ဦး သေဆုံး၊

MN/MFP ၊ ဩဂုတ် - ၆

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်မှာ စိုးရိမ်ရေမှတ် ရောက်ဖို့ တစ်ပေခန့်သာ လိုတော့ပြီး ဩဂုတ် ၅ရက်က စတင်ကာ ဆည်ရေ လွှတ်ချတာကြောင့် မူးမြစ်ရေကြီးကာ ကန့်ဘလူ၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်ရှိ ကျေးရွာတွေ ရေဝင်နစ်မြုပ်တာ၊ လမ်းတံတား ပျက်စီးတာနဲ့ အရေးပေါ် ပြောင်းရွှေ့တာတွေ လုပ်နေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဩဂုတ် ၅ ရက်က စတင်ပြီး သဖန်းဆိပ်ဆည်ရေ လွှတ်ချလို့ ရုတ်တရက် မူးမြစ်ရေ ကြီးကာ မြစ်ရိုးတလျှောက် ရွာတွေ ရေဘေးကြုံနေရတာ ဖြစ်သလို ကားဘိုးဆည်လည်း ရေထိန်းတံခါးတွေ အကုန်ဖွင့်ချထားတယ်လို့ ဆိုပါတယ်။

တန့်ဆည်မြို့နယ်အတွင်း ဩဂုတ် ၆ရက် မနက်ပိုင်းအထိ ကျေးရွာ ၂၀ ကျော် ရေကြီးနစ်မြုပ်မှုနေပြီး တံတား ကျိုးကျပျက်စီးတာ၊ မူးဘောင်ကျိုးပေါက်တာတွေ ဖြစ်ပွားနေတယ်လို့ တန့်ဆည်နယ်ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“မိုးက ဒီဘက် (တန့်ဆည်နယ်)မှာ သုံးရက်လောက်ရှိသွားပြီ ဆက်တိုက် ရွာနေတာ။ အခု လောလော ဆယ် တန့်ဆည်နယ် အရှေ့မြောက်ခြမ်းက ပျူရွာတွေနဲ့ နီးတဲ့ ရွာတွေက ရေဘေး သင့်နေတာပေါ့နော။ ရွာချင်းဆက် တံတားတွေလည်း အတော်များများ ပြုတ်ပါသွားပြီ။ လောလောဆယ်တော့ ဖုန်းလိုင်းတွေလည်း ပြတ်နေတော့ (အပျက်အစီးစာရင်း) စိစစ်တုန်းပဲ ရှိသေးတယ်။ လက်ရှိ ရေးဘေးသင့်တာက ပျူရွာက ၁၁ ရွာ၊ ပြည်သူတွေရွာကတော့ လောလောဆယ် ၁၀ ရွာလောက်ပဲ ရှိဦးမယ်။ အဲဒီ ၁၀ ရွာကတော့ ဒေသခံ ၅၀၀၀ နီးပါးလောက်တော့ ရှိမယ်၊ ဒီကနေ့မှ ရေက တက်လာတာဆိုတော့ စပြီးတော့ ပြောင်းကြရွှေ့ကြတုန်း ရှိသေးတယ်။ အခုလည်း သက်ကြီးရွယ်အိုတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးတာတွေ လုပ်နေပါတယ်။ ရေကလည်း ဒီကနေ့မှ အဆမတန် တက်လာတာဆိုတော့ အကုန်လုံးက ဒုက္ခရောက်နေကြတာပ”

တန့်ဆည်နယ်အတွင်း လယ်ယာစိုက်ခင်း အများအပြားလည်း ရေဝင်နစ်မြုပ်နေပြီး တစ်ပတ်အတွင်း ရေပြန်မကျပါက သီးနှံစိုက်ခင်းတွေ ပျက်စီးနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တန့်ဆည်နယ်နဲ့ထိစပ်နေတဲ့ ရေဦးမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာလည်း မူးမြစ်ရေ ကြီးပြီး ရေဝင်နစ်မြုပ်တာတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပင်စိမ်းကင်းရွာကတော့ စပြီးတော့ ရှောင်နေရပြီ။ နောက်ပြီးတော့ လေးရွာကလည်း ရှောင်နေရပြီ။ ရေဦးမြို့ပေါ် ရပ်ကွက်တွေကတော့ ရွှေပြည်သာ၊ ဗိုလ်အောင်ဇေယျ၊ အောင်မင်္ဂလာ အဲဒီ သုံးရပ်ကွက် စပြီးတော့ ရှောင်နေကြရပြီ။ စပြီးတော့ ရှောင်ကြတာကတော့ အခုမှ စပြီးတော့ ရှောင်ကြရတာပေါ့။ ရွာတွေကတော့ လူဦးရေ ၁၀၀၀ ကျော်လောက်တော့ ရှောင်နေကြပြီ။ တော်လှန်ရေးကာလ ငါးနှစ်တာ ကာလအတွင်းမှာ ရေကြီးမှုဖြစ်စဉ်က မဖြစ်ဖူးသေးဘူး၊ ဒီတခါမှာ စပြီးတော့ စိုးရိမ်ရေမှတ်ကို ရောက် လာတာပေါ့။ ဟိုတစ်နှစ်က စိုးရိမ်ရေမှတ်နား ရောက်ခါနီး ဖြစ်ခဲ့ပေမဲ့ အခုလို မဖြစ်ခဲ့ဘူး”လို့ ရေဦးမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မူးမြစ်ရေကြီးမှုကြောင့် ဩဂုတ် ၆ရက်က ရေဦးမြို့ပေါ် သုံးရပ်ကွက်ဖြစ်တဲ့ ရွှေပြည်သာ၊ အောင်မင်္ဂလာ၊ ဗိုလ်အောင်ဇေယျရပ်ကွက်၊ မြို့နဲ့ ထိစပ်နေတဲ့ မကျီးတောရွာ၊ မူးမြစ်ကမ်းဘေး ကျေးရွာတွေ ဖြစ်တဲ့ ပင်စိမ်းကင်း၊ လေးရွာ၊ ကြာပန်းညို၊ ရေဦးကုန်း၊ ရွာသာလေး၊ ကုက္ကိုလ်စု၊ မူးသာကုန်း၊ ဇိန့်ဇွန်း စတဲ့ နေရာတွေ ရေဝင်နစ်မြုပ်နေတယ်လို့ ဆိုပါတယ်။

ဩဂုတ် ၆ရက် မနေ့က နေ့လယ်ပိုင်း ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်း အင်ဘုတ်ကျေးရွာအုပ်စု၊ ချောင်းရိုးရွာမှာ ကောက်စိုက်ပြီး ပြန်လာတဲ့ အမျိုးသမီး ၁၀ ဦး ရွာမြောက်ဘက်ရှိ ချောင်းကို ဖြတ်ကူးချိန် ရုတ်တရက် ချောင်းရေ အလုံးအရင်းနဲ့ ဝင်ရောက်လာကာ ရေစီးနဲ့အတူ မျောပါလို့ ခြောက်ဦး သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

သေဆုံးသူတွေစာ ချောင်းရိုးရွာက သက်လတ်ပိုင်းအရွယ် အမျိုးသမီးတွေ ဖြစ်ပြီး ငါးဦးရဲ့ အလောင်းကို ဆယ်ယူရရှိကာ တစ်ဦးကတော့ အလောင်းမတွေ့ရသေးဘဲ ရေကလည်း မကျသေးဘူးလို့ ဒီပဲယင်းမြို့နယ် ပအဖ တာဝန်ရှိသူက MFP ကို ပြောပါတယ်။

ရေဦးရဲ့ မူးမြစ်တစ်ဖက်ကမ်းရှိ ခင်ဦးမြို့နယ်မှာတော့ ဩဂုတ် ၆ရက် မနက်ပိုင်း ကျေးရွာတွေအတွင်း ရေမဝင်သေးပေမယ့် သဖန်းဆိပ်ဆည်ရေ လွှတ်ထားတာကြောင့် မြစ်ကမ်းဘေး ကျေးရွာတွေကို ကြိုတင် ပြင်ဆင်ဖို့ အသိပေးထားတယ်လို့လည်း ခင်ဦးနယ်အနောက်ခြမ်းမှာ နေထိုင်တဲ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ရှောင်ရတာတွေတော့ မရှိသေးဘူးပေါ့နော။ လက်ရှိကတော့ မူးမြစ်ဘေး နေထိုင်တဲ့သူတွေကို အသိ ပေးထားရုံပဲ ရှိသေးတယ်။ အခု လောလောဆယ်ကတော့ မိုးတွေ ဆက်တိုက်ရွာနေတယ်”

လက်ရှိမှာ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်မှာ ရေတိုးကာ စိုးရိမ်ရေမှတ်အနီးကို ရောက်ရှိနေတာကြောင့် ဆည်ရေတွေ လွှတ်ချနေပြီး ဆည်အောက်ပိုင်းဒေသတွေ ဖြစ်တဲ့ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး စတဲ့ မြို့နယ်တွေမှာ ရေကြီးနစ်မြုပ်နေသလို ခင်ဦး၊ ဒီပဲယင်း၊ ရွှေဘို၊ ဝက်လက် စတဲ့ မူးမြစ်ရိုးတလျှောက်လည်း ရေကြီးမှုဒဏ်ကြုံရနိုင်တာကြောင့် အထူးသတိရှိကြဖို့ ဒေသခံ အချင်းချင်း အသိပေး နေကြပါတယ်။

သဖန်းဆိပ်ဆည်ရဲ့ ကန်ရေပြည့်အမှတ်ဟာ ၅၄၅ ပေ ဖြစ်ပြီး လက်ရှိမှာ ၅၄၃ ဒဿမ ၇၅ ပေအထိ ရောက်ရှိနေပြီမို့ ဆည်ကြံ့ခိုင်စေရေးအတွက် ဩဂုတ် ၅ရက်က စတင်ကာ ရေလွှတ်ချနေပြီး အဲ့ဒီ ရေတွေဟာ မူးမြစ်ကတဆင့် ကာဘိုးဆည်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

ကာဘိုးဆည်နဲ့ မူးမြစ် (နတ်မူးမြစ်) ရေတံခါးတွေ အားလုံးကိုလည်း ဖွင့်ထားပြီမို့ မူးမြစ်ရိုးတလျှောက်နဲ့ ဆည်အောက် ချောင်းမြောင်းတလျှောက် မြို့၊ရွာတွေမှာ နေထိုင်သူတွေ သတိထားကြဖို့၊ မွေးမြူရေး တိရစ္ဆာန်တွေနဲ့ ကောက်ပဲသီးနှံတွေကို ရေလွတ်ရာ အချိန်မီ ရွှေ့ပြောင်းထားကြဖို့ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပင်မ သတင်းနဲ့ပြန်ကြားရေးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။

သဖန်းဆိပ်ဆည်က ရေတွေဟာ မူးမြစ်ရိုးတလျှောက်ရှိ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ ဒီပဲယင်း၊ အရာတော်၊ ဘုတလင်နဲ့ စစ်ကိုင်းနယ်ရှိ လယ်ယာမြေတွေအထိ စိုက်ပျိုးရေ ပို့လွှတ်နိုင်တာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#အညာ #စစ်ကိုင်း #တန့်ဆည် #မူးမြစ် #သဖန်းဆိပ်ဆည်

Address

No(1), Office
Mandalay

Alerts

Be the first to know and let us send you an email when Mandalay Free Press - MFP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share