Saw khant

Saw khant ✝️5.5.2021✝️

03/04/2023
26/10/2022
29/09/2022
29/09/2022

ချင်းပြည်နယ်တွင် စက်မှုဇုန်ထောင်မည်ဟု စစ်ခေါင်းဆောင်ပြောကြားမှုသည် ပြည်သူများကို လိမ်လည်ခြင်းဖြစ်သည်ဟု ချင်းပြည်နယ်အစိုးရ ဝန်ကြီးဟောင်း တုံ့ပြန်

ကိုခင်မောင်
မဇ္ဈိမ ။ ။ချင်းပြည်နယ်တွင် ကော်ဖီ၊ ဝါးဥ၊ နွားနောက်ကိုအခြေခံပြီး စက်မှုဇုန်ထောင်မည်ဟု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားမှုသည် ပြည်သူများကို လိမ်ညာခြင်းဖြစ်ပြီး နိုင်ငံရေးတည်ငြိမ်မှုရှိရန် နိုင်ငံရေးပြဿနာကို အရင်အဖြေရှာရမည်ဖြစ်သည်ဟု ချင်းပြည်နယ်အစိုးရ ဝန်ကြီးဟောင်း ဆလိုင်း အိုက်ဇက်ခင်က တုံ့ပြန်ပြောဆိုခဲ့သည်။

“ဒေသတွင်းမှာ နိုင်ငံရေး တည်ငြိမ်မှု မရှိဘဲနဲ့ ဘာမှလုပ်လို့ မရပါဘူး။ ခုချိန်မှာ လိုအပ်တာ အဲဒါတွေ မဟုတ်ဘူး။ နိုင်ငံရေးတည်ငြိမ်မှုရှိဖို့ နိုင်ငံရေးပြဿနာကို အရင်အဖြေရှာရမှာ။ သူတို့မှာ ဒီလိုလုပ်ခွင့် မရှိဘူး” ဟု ချင်းပြည်နယ်အစိုးရ ဝန်ကြီးဟောင်း ဆလိုင်း အိုက်ဇက်ခင်က တုံ့ပြန်ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့ က နေပြည်တော်တွင်ကျင်းပသည့် စစ်ကောင်စီ အစည်းအဝေး (၈/၂၀၂၂)တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချင်းပြည်နယ်တွင် ကော်ဖီ၊ ဝဥ၊ နွားနောက်ကိုအခြေခံကာ စက်မှုဇုန်ထောင်ပြီး စီးပွားရေးလုပ်ရန် စစ်ကောင်စီမှခန့်အပ်ထားသည့် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များအားလုံးကို မှာကြားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီခေါင်းဆောင်ပြောသည် စီးပွားရေးစီမံချက်သည် ယခင် NLD အစိုးရ လက်ထက်က ချင်းပြည်နယ် MSMEs ဖွံ့ဖြိုးရေးစီမံချက်ထဲတွင် သေသေချာချာ ရေးသားထားပြီဖြစ်၍ ၂၀၂၁ ခုနှစ် အစိုးရသစ်တက်လာလျှင် ၂၀၂၁-၂၀၂၅ ခုနှစ်များတွင် ချင်းပြည် စီးပွားရေးဖွံ့ဖြိုးမှုစီမံကိန်းအဖြစ် ဆက်လုပ်ရန် လျာထား ပြီးဖြစ်ကြောင်း ဆလိုင်း အိုက်ဇက်ခင်က ဆိုသည်။

“အထူးအဆန်းတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့အစိုးရလက်ထက်တုန်းက ကျွန်တော်ကိုယ်တိုင် ၂၀၁၇ မှာ ဖြစ်နိုင်ခြေလေ့လာမှုလုပ်ခဲ့တာရှိပါတယ်။ “ဝဥ” က အဆင်ပြေလို့ ကန်ပက်လက်၊ မင်းတပ်၊ မတူပီဘက်မှာ အားပေးခဲ့တယ်။ အောင်လည်း အောင်မြင်တယ်။ ကော်ဖီကိုတော့ တီးတိန်၊ တွန်းဇန်မှာ ချင်းတောင်ကော်ဖီဆိုပြီး ကျွန်တော်တို့အားပေးခဲ့တယ်။ အောင်မြင်မှုတွေလည်း ရတယ်။ နွားနောက်ကတော့ အစဉ်အဆက် ပြောလာတာပဲ။ သူက ခုမှ သိတာဖြစ်မှာပေါ့။ မသိသူတွေကို ဂျင်းထည့်တာ” ဟု ချင်းပြည်နယ်ဝန်ကြီးဟောင်း ဆလိုင်း အိုက်ဇက်ခင်က မဇ္ဈိမကို ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှုကြီး မင်းအောင်လှိုင်၏ ပြောဆိုမှုအပေါ် အယုံအကြည်မရှိကြောင်း နှင့် တီထွင်ကြံဆမှုမရှိဘဲ ခေတ်နောက်ပြန်ဆွဲနေခြင်း ဖြစ်သည်ဟု CDM ဝင်ထားသည့် ချင်းပြည်နယ် ဒေသခံကျောင်းဆရာ တစ်ဦးက ဆိုသည်။

“အရင်ခေတ်က ကျောင်းတွေမှာ ကော်ဖီပင်တွေ စိုက်ကြတယ် ။ ကလေးတွေကို အပင်စိုက်ဖို့ ပင်ပင်ပန်းပန်း ကျင်းတူးခိုင်းတယ် ။အရင်ခေတ်လိုပါပဲ သုံးစားမရတဲ့ အပင်တွေ ။ဥပမာ အနေနဲ့ ကြက်ဆူပင်၊ ကော်ဖီပင်ကို အဓိကထားပြီး စိုက်ခိုင်းဦးမယ်။ နွားနောက်တွေကနေ နွားနို့ သောက်ရက ဝေးသေးတယ် ။ ချင်းပြည်နယ်မှာ နွားနောက်ရဲ့နို့ရည် သောက်တဲ့သူ ရှားမှရှား။ နိုင်ငံရေးအခြေနေအရ ပြောမယ်ဆိုရင် မအလ ရဲ့ အတွေးထဲမှာ ဘာကိုမှ တီထွင်ကြံဆမူမရှိဘဲ အရင်တိုင်းပဲ အချိန်တွေ ကုန်စေချင်တဲ့ သဘော ရောက်နေတယ်” ဟု ချင်းပြည်နယ် ဒေသခံကျောင်းဆရာ က ပြောသည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းနှင့်ပြည်နယ်အားလုံး၌ စက်မှုဇုန်များတည်ထောင်ရန် ညွှန်ကြားထားပြီး ချင်းပြည်နယ်က အကြွေးကျန်နေသည် ဟုဆိုသည်။

ချင်းပြည်နယ်တွင် စစ်တပ် အာဏာသိမ်းပြီးကတည်းက တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး ထန်တလန်မြို့နယ်အပါအဝင် တခြားမြို့နယ်နှင့် ကျေးရွာများမှ ဒေသခံပြည်သူများမှာ စစ်ဘေးတိမ်းရှောင်နေကြရသည်။ ယခုကဲ့သို့ စစ်ခေါင်းဆောင် ပြောသည့် စက်မှုဇုန်တည်ထောင်မည့် ကိစ္စသည် အောင်မြင်နိုင်မည် ကိစ္စ မဟုတ်ဟု ချင်းပြည်နယ်ရှိ ဒေသခံများက သုံးသပ် ပြောကြားသည်။

စာတည်း။ ။မောင်ကောင်း
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ချင်းပြည်နယ်
#စက်မှုဇုန်
#စစ်ကောင်စီဥက္ကဋ္ဌ

Address

Mandalay

Alerts

Be the first to know and let us send you an email when Saw khant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share