Heritage Bagan

Heritage Bagan Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Heritage Bagan, Media/News Company, Mandalay.

ညောင်ဦး - ကျောက်ပန်းတောင်း ကားလမ်းမှာ ခလရ(၅၅) တပ်မှူးပါတဲ့ စစ်ကား မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်ခံရ၊ကားပျက်စီးသလို စစ်အုပ်စ...
03/05/2022

ညောင်ဦး - ကျောက်ပန်းတောင်း ကားလမ်းမှာ ခလရ(၅၅) တပ်မှူးပါတဲ့ စစ်ကား မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်ခံရ၊
ကားပျက်စီးသလို စစ်အုပ်စု ထိခိုက်ဒဏ်ရာရသူ ရှိပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်၊

MFP ၊ မေ - ၃

မန္တလေးတိုင်း ညောင်ဦးခရိုင် ညောင်ဦး - ကျောက်ပန်းတောင်း ကားလမ်းမှာ ဒီကနေ့ မနက်(၈)နာရီခွဲလောက်က စစ်ကားအကြီးတစ်စီး မိုင်းထောင်ဖောက်ခွဲ၊ ပစ်ခတ်တိုက်ခိုက်ခံရပြီး ကားထိခိုက်ပျက်စီးမှု ရှိသလို ကားပေါ်ပါလာတဲ့ စကစတချို့ ထိခိုက်ဒဏ်ရာရတယ်လို့ MFP ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ် သံတွဲမြို့အခြေစိုက် အကြမ်းဖက် စစ်အုပ်စု အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက် ခြေလျှင်တပ်ရင်း (၅၅)က တပ်မှူးနှင့်အဖွဲ့ဟာ လွိုင်ကော်ဘက်ကို သွားဖို့အတွက် ညောင်ဦး - ကျောက်ပန်းတောင်း လမ်းအတိုင်း မောင်းနှင်လာချိန်မှာ ဒီကနေ့ မေ(၃)ရက် မနက်(၈)နာရီခွဲက မိုင်းဆွဲခံရပြီး ပစ်ခတ်တိုက်ခိုက် ခံရတာလို့ ဆိုပါတယ်။

အဲ့ဒီလို မိုင်းထောင်ဖောက်ခွဲ ပစ်ခတ်တိုက်ခိုက် ခံရတာကြောင့် ခလရ(၅၅) တပ်မှူးနှင့် အကြမ်းဖက် စစ်အုပ်စု စီးနင်းလာတဲ့ ခြောက်တန်၊ ဖောအမျိုးအစား စစ်ကား (ဗ)…. မှာ ကားခေါင်းပိုင်းက မှန်နှင့်တံခါးချပ်တွေ ထိခိုက်ပျက်စီးသလို ရေတိုင်ကီ မိုင်းစထိမှန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဖြစ်စဉ်မှာ စစ်ကားပေါ်ပါတဲ့ ခလရ(၂၅၉)က တပ်ကြပ်ကြီးစာရေးအဆင့် စကစ တစ်ဦး မျက်နှာမှာ မိုင်းစထိမှန် ဒဏ်ရာရတယ်လို့လည်း ဆိုပါတယ်။ မိုင်းဆွဲခံရပြီးနောက် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပေမယ့် ထိခိုက်သေဆုံးတာ မရှိဘူးလို့လည်း MFP ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

အဲ့ဒီ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေတွေ မသိရသေးသလို ဘယ်အဖွဲ့က ဖောက်ခွဲတိုက်ခိုက်တယ်ဆိုတာလည်း မသိရသေးပါဘူး။

ကျောက်ပန်းတောင်းမြို့ခံ တချို့ကတော့ ဖြစ်စဉ် မသိရပေမယ့် မြို့ပေါ်မှာ စစ်ကားနှစ်စီး ပတ်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စု အသုံးပြုနေတဲ့ ဖောကားတချို့(ပုံဟောင်း)

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#မန္တလေး #စစ်ကိုင်း #ညောင်ဦး #ကျောက်ပန်းတောင်း #မိုင်းဆွဲ

Source: https://www.facebook.com/101398252213669/posts/187984993554994/

Mandalay Free Press - MFP သည် လွတ်လပ်ပြီး အမှီအခိုကင်းသော သတင်းဌာနဖြစ်သည်။မန္တလေးနှင့် စစ်ကိုင်းတိုင်းအတွင်းက သတင်းများက.....

တပ်နေမြေဖြစ်သောမိတ္ထီလာမြို့တွင်သူခိုးသောင်းကျန်းနေကျောင်းမှမီးစက်၊မီးကြိုး၊ရေစုပ်စက်များပါအခိုးခံနေရပြီး ဒါန်၊ကြေး၊ပလက်...
24/04/2022

တပ်နေမြေဖြစ်သောမိတ္ထီလာမြို့တွင်သူခိုးသောင်းကျန်းနေ

ကျောင်းမှမီးစက်၊မီးကြိုး၊ရေစုပ်စက်များပါအခိုးခံနေရပြီး
ဒါန်၊ကြေး၊ပလက်စတစ်အဝယ်ဒိုင်များကိုစကစခေါ်ယူခြိမ်းခြောက်၍ခံဝန်လက်မှတ်ထိုးခိုင်း

ဘရဏီ/People's Spring

တပ်နယ်မြေဖြစ်သော မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် အာဏာသိမ်းကာလအတွင်း ခိုးဆိုးလုနှိုက်ဖြစ်စဥ်များ ပိုမိုများပြားလာပြီး နိုင်ငံပိုင်အဆောက်အဦးများမှ ပစ္စည်းများပါ ခိုးယူခံနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ မြို့မရဲစခန်းတာဝန်ရှိသူများနှင့် ဒေသခံများက ပြောကြားသည်။

ဧပြီ(၁၉)ရက်နေ့ည(၇)နာရီအချိန်ခန့်က မိတ္ထီလာမြို့၊ အောင်ဆန်းရပ်ကွက်ရှိ မူလွန်ကျောင်းတွင် လျှပ်စစ်မီးလာ၍ ကျောင်းဝင်းအတွင်းနေ အကြမ်းဖက်စစ်ကောင်စီလက်
အောက်ခံကျောင်းအုပ်ဆရာမကြီးမိသားစုက မီးဖွင့်ရာ မီးမလာ၍ သွားရောက်ကြည့်ရှုရာမှကျောင်းဆောင်ချင်း သွယ်တန်းထားသောလျှပ်စစ်မီးကြိုးပေ(၂၀၀)ခန့်အား ဖြတ်တောက်ခိုးယူခံရသည်ကို သိရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါဖြစ်စဥ်ကြောင့် အကြမ်းဖက်စစ်ကောင်စီလက်အောကခံ မြို့မရဲစခန်းက မိတ္ထီလာမြို့နယ်ရှိ ဒါန်သတ္တုကြေးသံ
ပလပ်စတစ်များအဝယ်ဒိုင်ဖွင့်လှစ်ဝယ်ယူနေသည့် ဆိုင်ရှင်များအား ဧပြီလ ၂၁ ရက်နေ့တွင် ခေါ်ယူတွေ့ဆုံခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ၏ မိတ္ထီလာမြို့မရဲစခန်းမှ စခန်းမှူး၊ နယ်ထိန်းအဖွဲ့ခေါင်းဆောင်တို့မှခေါ်ယူတွေ့ဆုံပြီး မိတ္ထီလာမြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့် အစိုးရပိုင်အဆောက်အဦးတို့မှပစ္စည်းများ မကြာခဏခိုးယူခံနေရပြီးအထူးသဖြင့်လျှပ်စစ်
မီးကြိုး၊ရေစုပ်စက်၊မီးစက်များပျောက်ဆုံးလျက်ရှိနေကြောင်း ဝန်ခံပြောကြားသည်။

မည်သည့်နေရာမှခိုးယူလာသည်ဖြစ်စေ ယင်းပစ္စည်းများအားခိုးယူလာသူများမှ ထုခွဲဖျက်ဆီးလာရောက်ရောင်းချလျှင်ဝယ်ယူခြင်းမပြုကြရန်နှင့်လာရောက်ရောင်းချသည့်ပစ္စည်းအပေါ်မသင်္ကာလျှင် သက်ဆိုင်ရာနယ်မြေရဲစခန်းမှတာဝန်ရှိသူများအားဆက်သွယ်အကြောင်းကြားရန်လိုအပ်ကြောင်း၊ ပစ္စည်းခိုးမှုများစုံစမ်းပေါ်ပေါက်ကခိုးယူသူနှင့်အတူခိုးရာပါပစ္စည်းလက်ခံထုခွဲရောင်းဝယ်သူအဖြစ်ပူးတွဲအရေးယူခံမည်ဟု သတိပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် တက်ရောက်လာသူ အဝယ်ဒိုင်များအား ဝန်ခံချက်လက်မှတ်ရေးထိုးခိုင်းကြောင်းမိတ္ထီလာမြို့ခံများပြောသည်။

တပ်မြို့တော်တစ်ခုဖြစ်သော်လည်း မိတ္ထီလာမြို့ပေါ်နေရာများတွင် ဓား၊ သံချွန် အစရှိသည့်လက်နက်များဖြင့် ခြိမ်းခြောက်ကာ ဆိုင်ကယ်၊ ဖုန်း၊ လက်ဝတ်ရတနာ အစရှိသည့်တန်ဖိုးကြီးပစ္စည်းများအား လုယက်မှုများလည်း မကြာခဏ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

"တလောလေးက ခရိုင်အားကစားကွင်းနားမှာ ပြည်သူတစ်ယောက်ဆိုင်ကယ်အလုခံရတယ်။ ပြည်သူက သူဖာသာလိုက်စုံစမ်းပြီး လေးရက်အတွင်းမိတယ်။ နောက်ဆုံးကျမှ ရဲကိုဖမ်းခိုင်းရတယ်။ ထီလာကရဲတွေကတော့ စောက်ရှက်ကွဲပြီးရင်းကွဲပဲ။ စောက်ရှက်ရှိမဲ့ကောင်တွေလည်း မဟုတ်ပါဘူး။"ဟု ဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့က မိတ္ထီလာအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား (၁၂)ဦးအား လွှတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဥ်းသားတစ်ဦးမှမပါဝင်ကြောင်း ဒေသခံများက ပြောသည်။

(မီးကြိုးဖြုတ်ခိုးခံရသည့် ကျောင်းဆောင်အား တွေ့ရစဥ်။)

ကျောက်ဆည်မြို့နယ် မြင်းကဘက်ရွာတွင် မီတာခမပေးဆောင်လျှင် စစ်တပ်ခေါ်ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်သည့် စစ်သားဟောင်း ရှင်းလင်း...
24/04/2022

ကျောက်ဆည်မြို့နယ် မြင်းကဘက်ရွာတွင် မီတာခမပေးဆောင်လျှင် စစ်တပ်ခေါ်ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်သည့် စစ်သားဟောင်း ရှင်းလင်းခံရ

ဘရဏီ/People's Spring

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် မြင်းကဘက်ကျေးရွာတွင် လျှပ်စစ်မီတာခမပေးဆောင်လျှင် စစ်တပ်ခေါ်ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်နေသော စစ်သားဟောင်း အမျိုးသားတစ်ဦးအား ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က သုတ်သင်ရှင်းလင်းလိုက်ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဧပြီ ၂၃ရက်) ညနေ ၅နာရီခန့်က ကျောက်ဆည်မြို့နယ် တံစိုးရွာအရှေ့ဘက် မြစ်သားဘက်လာသော ခရိုင်ပတ်လမ်းအနီးတွင် ဦးအောင်ဝင်းဆိုသူအား လူတစ်စုမှ သေနတ်ဖြင့် ပစ်ခတ်သွား၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းအဖွဲ့တစ်ခုဖြစ်သည့် သေမင်းတမန် ဒလန်ရှင်းလင်းရေး အထူးပြောက်ကျားတပ်ဖွဲ့က ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေညာချက်တွင် ကျောက်ဆည်မြို့နယ် ၊ မြင်းကဘက်ကျေးရွာအုပ်စု၊ မြင်းကဘက်ကျေးရွာ တွင် နေထိုင်သောသေဆုံးသူ စစ်ပြန် ဦးအောင်ဝင်းသည် ပြည်သူများ ကြပ်တည်းနေချိန်တွင် စစ်ကောင်စီလက်အောက်ခံများနှင့် ပူးပေါင်းကာ လျှပ်စစ်မီတာခများ မတန်တဆ အတင်းအဓမ္မ ကောက်ခံခြင်း၊ ခြိမ်းခြောက်ခြင်း၊ အရပ်သားပြည်သူအား ရည်ရွယ်ချက်ရှိရှိဖြင့် စစ်ကောင်စီထံသို့ မဟုတ်မမှန်သတင်းပေးတိုင်တန်းခြင်း၊ စစ်ဆေးရေးဂိတ်နှင့် စစ်သားများထံသို့ သတင်းပေးအဖြစ် ကူညီဆောင်ရွက်ပေးခြင်း အစရှိသည့် စစ်ကောင်စီ သက်ဆိုးရှည်ရေးအတွက် ကြိုးပမ်းကူညီကာ ပြည်သူများအား အတိဒုက္ခဖြစ်စေမှုများကြောင့် ကြှနျုပျတို့ သေမင်းတမန် ဒလန်ရှင်းလင်းရေး အထူးပျောက်ကြားတပ်ဖွဲ့မှ ဧပြီ၂၃ရက်နေ့ ညနေ ၅နာရီဝန်းကျင်ခန့် တွင် တံစိုးအရှေ့ဘက်၊ မြစ်သား ခရိုင်ပတ်လမ်းအနီးတွင် ဦးခေါင်းအား ကျည်တစ်တောင့် အသုံးပြု၍ ပစ်ခတ်ခဲ့ကာ ဇီဝိန်ချုပ်ပေးခဲ့ကြောင်း သေမင်းတမန် ဒလန်ရှင်းလင်းရေး အထူးပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

ပစ်ခတ်ခံရသူ ဦးအောင်ဝင်းသည် သတင်းပေးပြုလုပ်ကာ မီတာခများကို မိုက်နှင့်အော်ပြီး ကိုယ်တိုင်ကိုယ်ကျ ကောက်ယူမှုများလည်းပြုလုပ်ခဲ့သူဖြစ်ကြောင်း၊ ဦးအောင်ဝင်းသည် ၂၀၂၁ သြဂုတ်က မြင်းကဘက် ကျေးရွာနေ အမျိုးသားတစ်ဦးကိုလည်း စစ်တပ်ထံလီဆယ်တိုင်တန်းသဖြင့် ရိုက်နှက်ဖမ်းဆီးခံခဲ့ရကြောင်း၊ လျှပ်စစ်မီတာခ မပေးဆောင်လျှင် စစ်တပ်ကိုခေါ်၍ ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်ပြီး လျှပ်စစ်မီတာကြေးများကို အဆမတန်ကောက်ခံခဲ့သူဖြစ်ကြောင်း ဒေသခံများက ပြောသည်။

"မြို့နယ် EPC ဝန်ထမ်းတွေနဲ့ လက်ဝါးရိုက်ပြီး အဆမတန်ကောက်တယ်။ မီတာကြေးကလည်း ယူနစ်ဖတ်ပြီးကောက်တာမဟုတ်ဘူး။ အရင်က သုံးထောင်လောက်ကျတဲ့အိမ်တွေကို အခုသောင်းနှစ်ထောင် တစ်သောင်းခွဲနဲ့ တချို့အိမ်တွေဆို ပရမ်းပတာကြေးတွေကို ဆောင်ကြရတာ။လျှပ်စစ်မီတာကြေးတွေကို သူကလည်းရတယ်လို့ကြားတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်း၏သားဖြစ်သူမှာလည်း လက်ရှိစစ်သားအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ဦးအောင်ဝင်းသည် သူငယ်တော်လမ်းဆုံ စစ်ဆေးရေးဂိတ်နှင့် စစ်ကောင်စီတပ်သားများထံသို့ သတင်းများပေးပို့ခဲ့သူဖြစ်ကြောင်း၊ ယခုကာလတွင်း၌ပင် စစ်သားအဖြစ် ထမ်းဆောင်နိုင်ရန် အမျိုးသား နှစ်ဦးကိုလည်း စစ်တပ်အသွင်းသို့ သွင်းပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မန္တလေး - မုံရွာလမ်းပိုင်းပေါ်တွင် စစ်ကောင်စီယာဥ်တန်း ပဒေသာမိုင်းမိကားနှစ်စီးမှာ မိုင်းမိပျက်စီးသွားကြောင်း Black Eagle ...
24/04/2022

မန္တလေး - မုံရွာလမ်းပိုင်းပေါ်တွင် စစ်ကောင်စီယာဥ်တန်း ပဒေသာမိုင်းမိ

ကားနှစ်စီးမှာ မိုင်းမိပျက်စီးသွားကြောင်း Black Eagle Defense Force-MMU အဖွဲ့ထုတ်ပြန်

အောင်ဇေယျ/People's Spring

မန္တလေး-မုံရွာလမ်းပိုင်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ငါးစီးပါယာဥ်တန်းအား ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Black Eagle Defense Force-MMU အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့(ဧပြီ ၂၄ရက်) နံနက် ၂နာရီခွဲအချိန်က မန္တလေး-မုံရွာလမ်းမကြီးပေါ်တက်လာသည့် အိမ်စီးကားသုံးစီးနှင့် ကန်တာကားကြီးနှစ်စီးဖြင့် စုစုပေါင်း ငါးစီးသည် ရှေ့ဆုံးကားသာမီးဖွင့်ပြီး နောက်ကားများမှာမီးပိတ်လိုက်ပါလာခဲ့ကြောင်း၊ ထိုယာဉ်တန်းမှာ မြင်းမူအနီးရှိ မိုင်းအားအကုန်ရှင်းလင်းခဲ့ပြီး ကားများကိုလမ်းလယ်ပေါ်တက်ကာ မောင်းနှင်လာစဉ် ညာဘက်ခြမ်းတွင်ရှိသော ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့- CHUPDF ၏ မိုင်းမိခံလိုက်ရ၍ ချက်ချင်းဆိုသလို လမ်းဘယ်ဘက်ခြမ်းသို့ ကပ်၍မောင်းစဉ် နတ်ရေကန်နှင့် ငါးယှန်ကြားတွင် တစ်စီးလျှင်အင်အား(၄၀)ခန့်ပါသည့် ကန်တာကား နှစ်စီးမှာ ပဒေသာမိုင်း (၁၆)လုံးတွဲမိုင်းများမိသွားခဲ့ကြောင်း Black Eagle Defense Force-MMU အဖွဲ့က သတင်းထုတ်ပြန်သည်။

ထိုဖြစ်စဉ်တွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းများအနက် မိုင်း(၁၆)လုံးတွဲမိခဲ့သည့် ကားနှစ်စီးမှာပျက်စီးသွားခဲ့ပြီး အဆိုပါကားနှစ်စီးပေါ်တွင် အကြမ်းဖက်စစ်သားအင်အား ၃၀ကျော် ၄၀ခန့်ရှိသည်ဟု ရွာခံများထံမှသိရကြောင်း၊ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များ အထိအခိုက်မရှိ အန္တရာယ်ကင်းစွာပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း Black Eagle Defense Force-MMU အဖွဲ့က အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များအား ခုခံတိုက်ခိုက်ရာတွင် အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်) -M2W ၏ ပဒေသာမိုင်း ပံ့ပိုးကူညီမှုဖြင့်မိုင်းစစ်ဆင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပြီးမြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ -CRF(Myinmu)၊ စစ်ကိုင်းခရိုင်တပ်ရင်း (၁) ၊ (၂) တပ်ခွဲ (၃) Myaung Union Army-MUA ၊မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM နှင့် Black Eagle Defense Force-MMUတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းအဖွဲ့များက အသိပေးသည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ Black Eagle Defense Force-MMU အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

သင်္ကြန်အပြီးကာလနောက်ပိုင်း မန္တလေး-မုံရွာလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ မကြာခဏတိုက်ခိုက်ခံနေရပြီး ဧပြီ ၂၂ရက်ကလည်း အဆိုပါလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်များ ခြောက်နေရာထက်မနည်း တိုက်ခိုက်ခံခဲ့ရသေးသည်။

(မန္တလေး - မုံရွာလမ်းမပေါ် အကြမ်းဖက်စစ်ကောင်စီယာဥ်များ တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဥ်တစ်ခုအား တွေ့ရစဥ်)

#လူထုနွေဦး

'sSpring

https://www.ludunwayoo.com
https://www.facebook.com/LuduNwayOo
https://www.instagram.com/ludunwayoo/

ဂန့်ဂေါမှာ  တိုက်မိုင်းနဲ့တိုက်ခိုက်ခံရလို့  စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးဂန့်ဂေါ ၊ ဧပြီ ၂၄ ၊ ၂၀၂၂။စစ်ကြောင်းထွက်လာတဲ့ စစ်...
24/04/2022

ဂန့်ဂေါမှာ တိုက်မိုင်းနဲ့တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး

ဂန့်ဂေါ ၊ ဧပြီ ၂၄ ၊ ၂၀၂၂။

စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်သား ၅၀ ကျော်ကို မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကိုကန်စွန်းထောင့်လမ်းခွဲမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

PDF - ထီးလင်း တပ်ဖွဲ့ဝင်တွေဟာ မနက် ၁၁ နာရီလောက်ကစလို့ စစ်ကောင်စီတပ်တွေ ချီတက်လာတဲ့ လမ်းကြောင်းကစောင့်ပြီး၊ တိုက်မိုင်း၊ နင်းမိုင်းတွေနဲ့ တိုက်ခဲ့တာဖြစ်သလို တိုက်ခိုက်မှုကြောင့် စစ်သား ၅ ဦးသေဆုံးပြီး၊ အများအပြားဒဏ်ရာ ရရှိခဲ့တယ်လို့ PDF - ထီးလင်းမှ တိုက်ခိုက်ရေးခေါင်းဆောင် ဗိုလ်သူလင်းကျော်က ပြောပါတယ်။

မင်းရွာဘက်ကနေ စစ်ကြောင်းတွေထွက်လာပြီဆိုပြီး သတင်းရလို့ ကန်စွန်းထောင့်ဘက်နားမှာ တိုက်မိုင်း နင်းမိုင်း ပဒေသာမိုင်းတွေ ပြင်ဆင်ကြတယ်၊ သတင်းရတဲ့နေရာကနေ ကျနော်တို့ ချောင်းကြည့်တယ်၊ ထင်ထားတဲ့အတိုင်းပဲ ရန်သူ့စစ်ကြောင်းက အင်အား ၅၀ နဲ့ ရောက်လာတယ်၊ ၁၁ နာရီမှာ ကျနော်တို့ မိုင်းဆွဲတိုက်ခိုက်တယ်၊ တိုက်မိုင်း နင်းမိုင်းတွေသူတို့ထိပုံရတယ်၊ မိုင်းတွေပေါက်ကွဲတယ်၊ ရန်သူဘက်က ၅ ဦးထက်မနည်းသေပြီး ဒဏ်ရာတွေလည်းရတယ်၊ လို့ သူကပြောပါတယ်။

အစပိုင်းမှာ စစ်အုပ်စုထဲကအချို့တပ်သားတွေကလည်း ပြန်လည်ပစ်ခတ်တာတွေရှိခဲ့ပြီး၊ သူတို့ဘက်က အထိအခိုက်များလာတာနဲ့အမျှ ဆက်ပြီးမခုခံတော့ပဲ ထီးလင်းမြို့ဘက်ကို တပ်ဆုတ်သွားတယ်လို့ ဗိုလ်သူလင်းကျော်က ပြောပြပါတယ်။

သူတို့အထိအခိုက်တွေနဲ့ ထီးလင်းဘက်ကိုထွက်ခွာသွားတယ်ဗျ၊ သူတို့ဆီမှာ ပြည်သူတွေဆီကသိမ်းဆည်းထားတဲ့ရိက္ခာတချို့လည်းပါတယ်၊ ရိက္ခာအချို့လည်း မိုင်းကွဲတဲ့နေရာမှာကျန်ရစ်ခဲ့တယ်၊ ကျနော်တို့သွားကြည့်တဲ့အချိန်မှာ သူတို့ရဲ့သွေးကွက်တွေ ရန်သူ့ယူနီဖောင်းတွေနည်းနည်းပါးပါး ကျန်ခဲ့တယ်၊ လို့ ဆိုပါတယ်။

ဒီဖြစ်စဥ်နဲ့ပက်သက်ပြီး စစ်ကောင်စီဘက်ကသေဆုံးသူအတိအကျကိုတော့ မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသလို စစ်ကောင်စီဘက်ကလည်း တစုံတရာထုတ်ပြန်ထားတာမျိုး မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက် မနက် ၁၁ နာရီလောက်မှာလည်း ကျင်းရွာ ရဲစခန်းမှာ အခြေချနေတဲ့ စစ်ကောင်စီတပ်တွေကို ကျင်းရွာအနောက်ဖက် တောင်ပေါ် ( ဟန်းချောင်းကုန်း ) အနီး စစ်ကြောင်းထိုးလာချိန်မှာ ၄၀ မမ ဗုံးသီးအပါအဝင် အခြားသောလက်နက် ကြီး၊ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ PDF - ထီးလင်း က သတင်းထုတ်ပြန်ထားပါတယ်။

#မြေလတ်အသံ

ကရင်နီ (ကယား)ပြည်နယ် နောင်ပုလဲကျေးရွာနှင့်အိုခူးရီကျေးရွာ၌တပ်စွဲထားသော စစ်ကောင်စီတပ်များကို ဧပြီလ ၁၄ ရက်က KA, KNDF တပ်မျ...
24/04/2022

ကရင်နီ (ကယား)ပြည်နယ် နောင်ပုလဲကျေးရွာနှင့်အိုခူးရီကျေးရွာ၌တပ်စွဲထားသော စစ်ကောင်စီတပ်များကို ဧပြီလ ၁၄ ရက်က KA, KNDF တပ်များမှ နယ်မြေများကိုပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်းသိရသည်။

နောင်ပုလဲကျေးရွာနှင့်အိုခူးရီကျေးရွာကို ဧပြီ ၁၉ ရက်က နယ်မြေရှင်းလင်းရေးများပြုလုပ်ပြီးနောက် စစ်ကောင်စီ တပ်မှအသုံးပြုသည့် 14 နင်းမိုင်း (၁၁)လုံး၊ 60mm (၄)လုံး၊ လေယာဉ်ပစ်ဗုံးခွံနှင့် အခြားသော အရာများ ရရှိ သိမ်းယူနိုင်ခဲ့သည်ဟု KNDF- BO1 ကထုတ်ပြန်ထားသည်။

https://www.facebook.com/612819968887929/posts/2032540380249207/

24/04/2022

ယနေ့(၂၄.၄.၂၀၂၂)ဟာ ပြည်မြို့မြေပြင်သတင်းများ(Pyay Underground News-PUGN)
တော်လှန်ရေးသတင်းပေ့ချ် တည်ထောင်ခဲ့တာ
တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ပြည်မြို့မှာ
အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခံရပြီးနောက်
အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားဖမ်းဆီးမှုတွေ၊
သတ်ဖြတ်မှုတွေကြောင့် သတင်များကို
ဖုံးဖိခံထားရချိန်တွင် ပြည်မြို့မှ စစ်ခတွေရဲ့
လှုပ်ရှားမှုလမ်းကြောင်းများကို အချိန်နဲ့ တစ်ပြေးညီ
တင်ပေးပြီး CDM သူရဲကောင်းများ၊ဆန္ဒပြသူများ နဲ့
တော်လှန်အတွက်လှုပ်ရှားပါဝင်သူများကို
ဘေးကင်းအောင်ဆောင်ရွက်ပေးနိုင်ရန် PUGN ကို
စတင်ဖွဲ့စည်းခဲ့ရာမှတစ်ဆင့် မတရားခံရမှုသတင်းများ၊
အကြမ်းဖက်ဖမ်းဆီးမှုများ နဲ့ မတရားလုပ်ရပ်များကို
နိုင်ငံအနှံ့မှ လူအများ နဲ့ သတင်းမီဒီယာကြီးများဆီကို
ချိတ်ဆက်ပေးပို့နိုင်ခဲ့ပါတယ်။

PUGN အဖွဲ့သားများဟာလဲ အဖွဲ့ဝင်အချို့
ဖမ်းဆီးခံခဲ့ရပြီးနောက် မြို့မှ လွတ်မြောက်ရာသို့
တိမ်းရှောင်ရင်း အခက်အခဲများကြားမှ
မိမိတို့အသက်တွေကို ပဓာနမထားဘဲ ပြည်မြို့မှ
စစ်ခသတင်းများ၊အကြမ်းဖက်စစ်ကောင်စီရဲ့
လက်အောက်ခံများရဲ့ မတရားလုပ်ဆောင်မှုများကို
ဖော်ပြနေတာအပြင် တလရအဖွဲ့များကို ထောက်ပို့ပေးတဲ့
လုပ်ဆောင်မှုများကို ကြိုးစားလုပ်ဆောင်လျက်
ရှိပါတယ်။ပဲခူးတိုင်းအနောက်ပိုင်းတစ်ကြောက
သတင်းတွေကို တတ်နိုင်သမျှ လက်လှမ်းမီသမျှ
ဖြန့်ဝေပေးနေပါတယ်။

PUGN အဖွဲ့သားများဟာ အိုးပစ်အိမ်ပစ်နဲ့
ပျော်ရာရပ်မှာမနေဘဲ တော်ရာအရပ်မှာသာ
နေထိုင်ရင်း တလရအတွက် အရာရာကို
ပေးဆပ်ထားပါတယ်။အကြောင်းမျိုးမျိုးကြောင့်
အဖွဲ့သားအချို့လဲ မရှိတော့ပေမယ့် PUGN ဟာ
ပြည်မြို့ နဲ့ ရဲဘော်တွေအတွက် ဆက်လက်လှုပ်ရှား
တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။PUGN ဟာ မြို့ရဲ့
လိုအပ်ချက်အတွက် ကိုယ်ပိုင်တာဝန်သိစိတ်နဲ့
ပေါ်ပေါက်လာတဲ့ လွတ်လပ်တဲ့
သတင်းအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။သတင်းတွေနဲ့
တော်လှန်ရေးမှာပါဝင်နေသူတွေသာ ဖြစ်ပါတယ်။

ပြည်သူများရဲ့ ထောက်ပို့ပေးမှုများဟာ
တလရရဲဘော်များအတွက် နေ့စဉ်လိုအပ်နေပါတယ်။
ပြည်သူတွေပေးပို့လာတဲ့ စစ်ခတွေရဲ့
မြေပြင်လှုပ်ရှားမှုလမ်းကြောင်းအခြေအနေများဟာ
တလရရဲဘော်တွေအတွက် တိုက်ပွဲအောင်နိုင်ရေး
သော့ချက်များဖြစ်ပါတယ်။ဒါကြောင့် သတင်းများကို
ပေးပို့ခြင်း၊ထောက်ပို့ခြင်း နဲ့ ကလစ်ခြင်းတွေဟာ
တလရအတွက်များစွာ အရေးကြီးပါတယ်။

PUGN အနေနဲ့ တစ်နှစ်ပြည့်ထိ ရပ်တည်လာနိုင်တာ
သတင်းပေးပြည်သူတွေရဲ့ စိတ်အားထက်သန်မှုတွေ
ကြောင့်ဖြစ်ကြောင်း ကျေးဇူးတင်ပြောကြားလိုပါတယ်။
PUGN အဖွဲ့သားများဟာ တလရပြီးတဲ့အခါ
ပြန်လည်ထူထောင်ရေးကာလအထိပါ
ပြည်သူတွေရဲ့ အကျိုးစီးပွါးအတွက်ကိုဘဲ
ဦးစားပေးလုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
PUGNဟာ အရာရာပေးဆပ်ပြီးသားဖြစ်တာမလို့
မည်သည့်ဖောက်ပြန်မှုမျိုးကိုမှ မလုပ်ဆောင်မိအောင်
နေထိုင်ပြီး တလရအတွက်ကိုသာ ဦးတည်ကြိုးစား
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ကတိပြုပြောကြားလိုပါတယ်။

“အရေးတော်ပုံ မုချအောင်ရမည်”

ရေရှင်ရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်လို့ ကလေး PDF ပြောစစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ရေရှင်...
24/04/2022

ရေရှင်ရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်လို့ ကလေး PDF ပြော

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ရေရှင်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့တုန်းက တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးရှိခဲ့တယ်လို့ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ဘက်က သတင်းထုတ်ပြန်လာပါတယ်။
ဧပြီလ ၂၂ ရက် မနက်ပိုင်းမှာ ရေရှင်ရွာဘက် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကလေးဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

နာရီနဲ့ချီကြာတဲ့ အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အရာရှိအချို့အပါအဝင် ၂၀ နီးပါး သေဆုံးပြီးဒေသကာကွယ်ရေးပူပေါင်းအဖွဲ့ဘက် ၁ ဦသေဆုံးတယ်လို့ ကလေး PDF ရဲ့ ဧပြီလ ၂၃ ရက်ထုတ်ပြန်ချက်က ဆိုပါတယ်။

မနေ့ ဧပြီလ ၂၃ ရက် မနက်ပိုင်းတုန်းကလည်း ရေရှင်ရွာအနီးမှာ တိုက်ပွဲဖြစ်နေခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါအပြင် ဟံသာဝတီကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရေရှင်ရွာထဲက လူနေအိမ် ၉ လုံးပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ရေရှင်ရွာအနီးက တိုက်ပွဲနဲ့ပတ်သက်ပြီး တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။

ဓာတ်ပုံ - Kalay PDF
ဒီသတင်းအပါအဝင် ဘီဘီစီမြန်မာပိုင်းရဲ့နောက်ဆုံးရ သတင်းတွေကို ဒီလင့်ခ် ကနေ တိုက်ရိုက်တင်ဆက်ပေးနေလို့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
https://www.bbc.com/burmese/live/burma-61025967
#ဘီဘီစီမြန်မာပိုင်း #စစ်ကိုင်း #ကလေးမြို့နယ် #ရေရှင်ရွာ #တိုက်ပွဲ

မစ်ရှစ်များနှင့်အတူ ပြန်လာပြီဟု DRM Rangers Mandalay အဖွဲ့ ပြော MFP ၊ ဧပြီ - ၂၃ မန္တလေးအခြေစိုက် ပြောက်ကျားတပ်ဖွဲ့တစ်ခုဖ...
23/04/2022

မစ်ရှစ်များနှင့်အတူ ပြန်လာပြီဟု DRM Rangers Mandalay အဖွဲ့ ပြော

MFP ၊ ဧပြီ - ၂၃

မန္တလေးအခြေစိုက် ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ DRM Rangers Mandalay အဖွဲ့ဟာ မစ်ရှင်တွေနဲ့ ပြန်လာပြီလို့ ထုတ်ပြန်ပါတယ်။

အခြားတော်လှန်ရေးအင်အားစုအဖွဲ့တွေနဲ့အတူ ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်းမှာ မစ်ရှင်တွေ ဆောင်ရွက်နေရင်း page ဟာ Report အထုခံရပြီး Unpublished ဖြစ်သွားတာကြောင့် ပြည်သူတွေနဲ့ ဆက်သွယ်ဖို့ နောက်ထပ် Page အသစ် ဖွင့်လှစ်ထားတယ်လို့ အဖွဲ့တာဝန်ရှိသူက MFP ကို ပြောပါတယ်။

" DRM ရဲဘော်များက ဘယ်တော့မှ သွေးမလျော့ဘူး မပြိုလဲဘူး လဲကျရင်လည်း အမြန်ဆုံးပြန်ရုံးထတယ်။ ကျွန်တော်တို့ရဲ့ ရဲဘော်အားလုံးဟာ အားမွေးနေတာမဟုတ်ပါဘူး၊ မအလ ခွေးမျိုးတွေအတွက် gun ဆေးနေတာပါ ။ mission တွေနဲ့အတူ DRM ပြန်လာပြီ " ဆိုပြီး ပေ့ခ်ျအသစ်မှာ သတင်းစကား ပါးထားပါတယ်။

မန္တလေးက ပြောက်ကျားရဲဘော်တွေဟာ လူတွေ အဖမ်းခံရတာအပြင် ဖေ့ဘွတ်ပေ့ခ်ျတွေကိုလည်း မကြာခဏဆိုသလို Report ထုခံရလို့ ပျက်သွားတာတွေ ကြုံနေကြရပါတယ်။

လူတွေ ဖမ်းဆီးခံရရင်လည်း နောက်ထပ် ရဲဘော်တွေဆီ ဆက်သွယ်ခိုင်းတာ၊ နေအိမ်လိုက်ပြခိုင်းတာမျိုး ဖိအားပေး ပြုလုပ်စေတဲ့အပြင် ဖေ့ဘွတ်ပေ့ခ်ျတွေကတစ်ဆင့် ဆက်သွယ်စေတာမျိုးတွေကိုလည်း စစ်အုပ်စုက ပြုလုပ်တတ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောဆိုကြပါတယ်။

( Mandalay Free Press MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#မန္တလေး #စစ်ကိုင်း
#

Mandalay Free Press - MFP သည် လွတ်လပ်ပြီး အမှီအခိုကင်းသော သတင်းဌာနဖြစ်သည်။မန္တလေးနှင့် စစ်ကိုင်းတိုင်းအတွင်းက သတင်းများက.....

မြစ်ငယ်၌ စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်မည့်မိုင်းများ ဖျက်ဆီးခံရ၍ မစ်ရှင်ပျက်၊ သိန်းသုံးဆယ်ဖိုးခန့်ဆုံးရှုံးဟု အနက်ရောင...
22/04/2022

မြစ်ငယ်၌ စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်မည့်မိုင်းများ ဖျက်ဆီးခံရ၍ မစ်ရှင်ပျက်၊
သိန်းသုံးဆယ်ဖိုးခန့်ဆုံးရှုံးဟု အနက်ရောင်သေမင်းအဖွဲ့ပြော

MFP ၊ ဧပြီ - ၂၂

မန္တလေးတိုင်း မြစ်ငယ်မြို့ကို ဖြတ်သန်းမယ့် စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ဖို့အတွက် ထောင်ထားတဲ့ မိုင်းတွေကို ဖျက်ဆီးခံရတဲ့အတွက် မစ်ရှင်ပျက်စီးခဲ့ရတယ်လို့ အနက်ရောင်သေမင်းအဖွဲ့ တာဝန်ခံ ဗိုလ်နောင်လေးက MFP ကို ပြောပါတယ်။

ဒီမနက် (၉)နာရီလောက်မှာ မြစ်ငယ်-စစ်ကိုင်းလမ်းပေါ် ဖြတ်သွားတဲ့ ရဲယာဉ်‌တန်းကို ဖောက်ခွဲတိုက်ခိုက်ဖို့ ရည်ရွယ်ခဲ့တာလို့ ဆိုပါတယ်။

တပ်တွင်းဖရဲသီးသတင်းပေးချက်အရ ကြိုတင်ပြင်ဆင်နိုင်ခဲ့ပေမယ့် မိုင်းမှာတပ်ဆင်ထားတဲ့ ဖုန်းနဲ့ ဘတ္ထရီတွေကို အမှိုက်ကောက်တဲ့ မိသားစုတစ်ခုက ဖြုတ်သိမ်းသွားတဲ့အတွက် တိုက်ခိုက်ရေးမစ်ရှင် ပျက်စီးခဲ့ပြီး ကျပ်သိန်းသုံးဆယ်လောက် ဆုံးရှုံးခဲ့တယ်လို့ ဗိုလ်နောင်လေးက ရှင်းပြပါတယ်။

" ညကတည်းက သွားလုပ်ထားပြီး မနက်လင်းတဲ့အထိစောင့်နေတာ၊ မနက်လင်းတော့ ဘူးခွံပုလင်းခွံကောက်တဲ့ မိသားစုက ကလေးတွေကော မိန်းမတွေကော ပါတယ်၊ ဆွဲဖြုတ်သွားကြတော့ သွားပြောလို့လည်းမရဘူး၊ ဒီတိုင်း ထိုင်ကြည့်နေလိုက်ရတယ် " လို့ သူက ဆိုပါတယ်။

ရဲအင်အား (၂၀၀)ခန့်ပါတဲ့ ယာဉ်တန်းကို တိုက်ခိုက်ဖို့ ပဒေသာမိုင်း အလုံး (၃၀)လောက် ထောင်ထားခဲ့တာဖြစ်ပြီး ဒါဟာ ဇေယျစစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

အနက်ရောင်သေမင်းအဖွဲ့ရဲ့ ဇေယျစစ်ဆင်ရေးအဖြစ် ပြီးခဲ့တဲ့ ဧပြီလ (၁၉)ရက်နေ့မှာ စဉ့်ကိုင်မြို့နဲ့ ပလိပ်ကြားက စစ်အုပ်စုယာဉ်တန်းကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဝင် (၃) ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ၊ အနက်ရောင်သေမင်း

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#မန္တလေး #စစ်ကိုင်း #အနက်ရောင်သေမင်း #ဇေယျစစ်ဆင်ရေး

အထူးမိုင်းစစ်ဆင်ရေးကြောင့်စစ်ကောင်စီတပ်မိုင်းရှင်းကားပျက်စီးမှုအချို့ဖြစ်ပြီး ၈ ဦးခန့်သေနိုင်ဟုCDSOM ပြောအောင်ဇေယျ/Peop...
22/04/2022

အထူးမိုင်းစစ်ဆင်ရေးကြောင့်စစ်ကောင်စီတပ်မိုင်းရှင်းကားပျက်စီးမှုအချို့ဖြစ်ပြီး ၈ ဦးခန့်သေနိုင်ဟုCDSOM ပြော

အောင်ဇေယျ/People's Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၏ မြောင်တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေး-မုံရွာလမ်းမပေါ်၌ အထူးမိုင်းစစ်ဆင်ရေးပြုလုပ်ရာစစ်ကောင်စီတပ်မှ မိုင်းရှင်းကားတစ်စီးပျက်စီးမှုအချို့ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၈ ဦးခန့်သေဆုံးနိုင်ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် လုံခြုံရေးအဖွဲ့ CDSOMကသတင်းထုတ်ပြန်သည်။

ယနေ့ (ဧပြီလ ၂၂ ရက်) နံနက် ၁ဝ နာရီခန့်က မန္တလေး-မုံရွာလမ်းမပေါ်၊ မုံရွာမှ မြင်းမူဘက်သို့ စစ်ကောင်စီတပ်ကအသွား ဂွေးပင်တောရွာ နှင့်ဘိုးမင်းကြီးကင်းအကြားတွင် Jumper ကားနှစ်စီးနှင့် ကားရှေ့မှလမ်းလျှောက်သွားသော အကြမ်းဖက်စစ်တပ်မှ စစ်သား ၂ဝ ခန့်အား မြောင်မြို့နယ်
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြောင်ပကဖ) အဖွဲ့ဝင်CDSOM မှ ဦးဆောင်၍ MZW မှ အထူးမိုင်းစစ်ဆင်ရေးအတွက် ထုတ်လုပ်ထားသော ၄ လုံးဆင့်ကျောက်တိုင် မိုင်း ၂ လုံးဖြင့် တိုက်ခိုက်သည်။ မိုင်းခွဲတိုက်ခိုက်မှုကြောင့် Jumper ကားမှာ ရှေ့ပိုင်းနှင့်ဘေးဘက်များ ပျက်စီးသွားပြီး အခင်းဖြစ်ပွားရာနေရာတွင် အကြမ်းဖက်စစ်သား ၈ ဦး သေဆုံးပြီး ကျန်စစ်သား ၁၅ ဦးခန့်မှာနတ်ရေကန်ကျေးရွာဆေးခန်းသို့ အရေးပေါ်ပြေးပို့လိုက်ရကြောင်း CDSOMက အသိပေးသည်။

အထူးမိုင်းကွဲပြီး ဆောက်တည်ရာမရဖြစ်နေသော အကြမ်းဖက်စစ်သားများသည် ဦးတည်ရာမရဖြစ်နေချိန် လက်ကျန်မိုင်း ၁၁ လုံးနှင့် တစ်ဖက်ပွင့်နှစ်လုံးဆင်ထားသော ကြိုးများအား ထပ်မံ၍ ခလုတ်တိုက်မိကုန်ရာ အကုန်ပေါက်ကွဲပြီးစစ်ကောင်စီတပ်သား မည်မျှထပ်သေသည်ကို မသိရသော်လည်း သေဆုံးနှင့်ဒဏ်ရာရသူ များပြားနိုင်ကြောင်းလည်း CDSOMက ပြောသည်။

ယခုကဲ့သို့ မြောင်နယ်၏ ပထမဆုံး တော်လှန်ရေးစခန်းစတင်တည်ထောင်ပြီး အာဏာရှင်အား လက်နက်ကိုင်ဆန့်ကျင်သော နှစ်ပတ်လည်နေ့အား မြောင်နယ်၏ တော်လှန်ရေးနေ့အဖြစ် မဟာမိတ်များနှင့် နယ်မြေခံအဖွဲ့များအားလုံး ကျင်းပနေချိန်တွင် ယမန်နေ့ညက အကြမ်းဖက်စစ်ကောင်စီတပ်များမှ အင်အားထပ်မံဖြည့်တင်းလာခဲ့သည့်အတွက် ယခုစစ်ဆင်ရေးအား ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် လုံခြုံရေးအဖွဲ့ CDSOMက ပြောသည်။

"ဒီနေ့က မြောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲကို မြောင်နယ် အင်အားစုတွေ အတူ လုပ်ဆောင်နေကြပါတယ်။ တစ်ချိန်ထဲမှာ မိုင်းစစ်ဆင်ရေးလုပ်ဆောင်နိုင်ခဲ့တယ် ။ ခွေးတွေက မြောင်နယ် အင်အား တိုးချဲ့တယ်လို့ သိရတယ်။ အဲ့ဒီတော့ စစ်ဆေးရေးကိုမျက်ခြေမပျက် စောင့်ကြည့်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်တယ်။ မိုင်းရှင်းလာတဲ့ခွေးတွေ မိုင်းစာမိတယ်။ မိုင်းက ၄ လုံးဆင့် လမ်းမိုင်း -M2W ထုတ်လုပ်ရေးက ပံ့ပိုးပေးထားတာပါ ။ ခွေးသေစာရင်းထက် လုပ်ဆောင်ချက်တွေထိမိပြီး အမြဲတော်လှန်ရေးအင်အားစုတွေလှုပ်ရှားနေပါတယ် ။ မစ်ရှင်အောင်တော့ ကြည်နူးရတာပေါ့။"ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် လုံခြုံရေးအဖွဲ့ CDSOM တာဝန်ရှိသူက People's Spring သို့ပြောသည်။

အဆိုပါ မိုင်းစစ်ဆင်ရေးကို မြောင်မြို့နယ် ပကဖအဖွဲ့ဝင် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် လုံခြုံရေးအဖွဲ့ CDSOM၊ Myaung Women Warriors M2W၊ တပ်ရင်း ၁၊ တပ်ရင်း ၂၊ တပ်ခွဲ ၃၊ Myaung Union Army၊ ကန္တာရသိန်းငှက်အဖွဲ့၊ Black Eagle Defence Force-MMU အဖွဲ့နှင့် Myinmu Civil Revolution Force-မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ပြည်သူ့ကာကွယ်ရေးတပ်များမှ တပ်ဖွဲ့ဝင်များသည် အထိအခိုက်မရှိ အန္တရာယ်ကင်းစွာ ဌာနေသို့ ပြန်လည်ရောက်ရှိကြောင်း ၎င်းတို့က အသိပေးသည်။

စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီအား ရရာလက်နက်ဖြင့်ခုခံတိုက်ခိုက်ခဲ့မှု ယနေ့ဧပြီလ ၂၂ ရက်နေ့တွင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး မြောင်နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် နယ်မြေချင်းထိဆက်နေသော စစ်ကိုင်းတိုင်း၊ ချောင်းဦး၊ မုံရွာ၊ အရာတော်၊ မြင်းမူ၊ စစ်ကိုင်းနှင့် မကွေးတိုင်း ရေစကြို၊ မန္တလေးတိုင်း မြင်းခြံနယ်များရှိ PDF အဖွဲ့များနှင့်ပါ ချိတ်ဆက်ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်နေကြသည်။

#လူထုနွေဦး

'sSpring

https://www.ludunwayoo.com
https://www.facebook.com/LuduNwayOo
https://www.instagram.com/ludunwayoo/

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Heritage Bagan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share