Ahkyi

Ahkyi Better days becoming ☀️
Be try and learn💪

28/06/2024

အသက်ကွဲနေတာ မဟုတ်သလို
စောင့်နေတာလည်း မဟုတ်ဘူး။

တစ်ယောက်ယောက်ကို သဘောကျနေတာလည်း မဟုတ်‌တော့သလို
ဘယ်သူနဲ့မှလည်း သံယောဇဉ်မတွယ်ချင်ဘူး။

ကိုယ့်က ချစ်ရတာ ပင်ပန်းသလို
အချစ်ခံရမှာကိုလည်း အားနာလာတယ်။

တစ်ယောက်တည်းနေရတာ အေးချမ်းတယ် သာယာတယ် လွတ်လပ်တယ် ခံစားမိလာတော့လည်း

ကြာလာတောာ့ တစ်ယောက်တည်း‌ နေရတာကို
အကြိုက်ဆုံး ဖြစ်လာတယ်။

04/04/2024

2024မှာ နာကျင်မှုတွေနဲ့ပဲ

နှလုံးသားဆိုတာလည်း
ဘယ်ရောက်နေလဲမသိ

စိတ်ဓာတ်‌ကိုပဲ
ဒီထက် ခိုင်မာအောင်
တည်ဆောက်နေရတယ်

#နာကျင်မှု

26/12/2023

လွမ်းဆွေးမိခြင်း

အတိတ်ဆိုတာ ဘယ်လိုမျိုးလဲ?
ကိုယ့်အတွက်တော့ နာကျင်မှုတွေလို့ ပြောရမှာပဲ
ဘယ်အရာနေနေ လုပ်ပေးနိုင်သလောက် လုပ်ပေးခဲ့ဆို‌ေတာ့ ပြန်လိုချင်မိတဲ့ စိတ်ဆန္ဒက တော်တော်လေး ပြင်းထန်ခဲ့တယ်

လိုချင်တာ ပြန်မရတော့ တော်တော်လေး အခြေအနေက မကောင်းခဲ့ဘူး
ခံစားရခဲ့တာ အဲလိုမျိုးနဲ့ တစ်လနဲ့တစ်လသာ ပြောင်းသွားတယ် စိတ်ခံစားချက်က မကောင်းခဲ့ဘူး

အဲဒါနဲ့ ကိုယ့်ဘဝမှာ မလိုအပ်တဲ့ အရာမှန်သမျှ
ရှင်းထုတ်ရမယ် move on လုပ်နိုင်ရမယ် သူငယ်ချင်းဆက်ဆံရေး ဖစ်ဖစ် ဆွေးမျိုးသားချင်းပဲ ဖစ်ဖစ် ကိုယ့်ချစ်ခဲ့ဖူးတဲ့ သူပဲ ဖစ်ဖစ်ပေါ့
ဆိုပီး plan ချခဲ့တယ်

ဥပမာ ဒီနေ့ စာအုပ်တစ်အုပ်ပီးအောင် ဖတ်မယ်ဆိုရင် ရအောင် ဖတ်ဖစ်တယ် movie ကြည့်တာဖစ်ဖစ် အလုပ်တွေပဲ ဖိလုပ်တာပဲ ဖစ်ဖစ် အဲလို short planတွေ ချခဲ့တယ်

တကယ်ပဲ ကြာလာတာနဲ့အမျှ စိတ်က ပျော်ရွင်လာတယ် move on လည်း လုပ်နိုင်ခဲ့ပီး သတိမရတော့ဘူးဆိုလား ဆိုရင် တခါတလေတော့ ရတာပေါ့

ဒါပေမဲ့ ကိုယ့်ဖမ်းဆုတ်ခဲ့တဲ့အရာတွေကို လွှတ်ချလိုက်တော့ ကိုယ့်ရဲ့ emotional က တော်တော်လေး အဆင်ပြေတယ်

ကဲ စာဖတ်တဲ့သူလည်း move on လုပ်နိုင်ပီးလား

We can do it. နှစ်သစ်မှာ အပူတွေနဲ့ ကင်းကြပါစေ❤️❤️


#26.12.2023

09/06/2023

ဘဝမှာ သူဟာ
ကိုယ့်အတွက်တော့
အရေးပါခဲ့ပေမဲ့

သူအတွက်တော့
ကိုယ့်ဟာ အရေးမပါခဲ့ဘူးလို့
သိလိုက်ရတဲ့အချိန်မှာ

ဖက်တွယ်မနေပါနဲ့
ဖက်တွယ်မိရင် ကိုယ့်ပဲ နာကျင်နေရတုန်းပါ

ဦးနှောက်က စွန့်လွှတ်မှ ရမယ်ဆိုတာ သိပေမဲ့
နှလုံးသားက ဖက်တွယ်နေမိတုန်းပဲ

မတွေးမိအောင် အလုပ်‌တွေလုပ် စာဖတ်
လျှောက်သွားနေတာတောင် ခုထိ အိပ်ခါနီးမှာ
တခါတလေ တွေးမိနေတုန်းပဲ

စွဲလန်းမှု တခု ဖြစ်လာရင်
တကယ် မေ့အောင်လုပ်ဖို့ ခက်လာတယ်

ဪ ငါတောင် တော်တော်လေး
လူကြီး ဖြစ်လာပြီ😁
စဉ်းစားမိတာလေး ရေးကြည့်

အစွဲအလန်းကြီးသူတွေပဲ သိတယ်
အဲခံစားချက်က တော်တော်ကို ဆိုးတယ်

12/04/2023

လူမှန်ရင် အနည်းဆုံးတော့
ကိုယ်ချင်းစာစိတ်တော့ ရှိကြပါ

ကိုယ်ခံရမှ ကိုယ်ချင်းစာစိတ် မရှိကြပါနဲ.
သူနေရာကို ကိုယ်ဖြစ်တယ်လို့ ခံစားကြည့်ပါ

သူနေရာမှာဆို ကိုယ်ဆိုရင်
ကိုယ်ရဲ.မိသားစုလို့ မြင်ကြည့်ပါ
ကိုယ်ချင်းစာစိတ် ထားကြည့်ပါ


#ကိုယ်ချင်းစာစိတ် ရှိကြပါစေ

27/03/2023

အသက်ကြီးလာသည်နှင့်အမျှ
ရင့်ကျက်သင့်သလောက် ရင့်ကျက်လာတယ်။

လူတွေကိုလည်း အလိုက်တသိ
ဆက်ဆံတက်လာတယ်။

တယောက်ထဲပဲ သွားစရာရှိတာသွား
စားစရာရှိတာကိုလည်း စား
လုပ်စရာရှိတာကိုလည်း လုပ်တက်လာတယ်။

တယောက်တည်း နေတက်လာပါပြီး
တခါတလေ အထီးကျန်ပေမဲ့ တယောက်တည်း နေတက်တာလည်း ကိုယ့်အတွက်တော့
ကောင်းခြင်းတမျိုးပါပဲ။

23/03/2023

ကိုယ်အမှား လုပ်ခဲ့ရင်
တာဝန်ယူမှု တာဝန်ခံမှုလုပ်ပါ။

ကိုယ်တကယ်ပဲ မှားခဲ့ရင်
ဝန်ခံရဲတဲ့ သတ္တိရှိပါ။

ပြီးတော့ ကိုယ်ချင်းစာတရား ရှိပါ
သင်မှာ အခက်အခဲ ရှိသလို
ကိုယ့်မှာလည်း ကိုယ့်အခက်အခဲနဲ့ကို ရှိပါတယ်။

သင့်ကို ကူညီလိုက်လို့
သူက တော်တော် အဆင်ပြေတယ်လို့
မတွေးပါနဲ့။

ကူညီချင်တဲ့စိတ် ရှိလို့ ကူညီလိုက်တာပါ
စေတနာကို မစော်ကားကြပါနဲ့။

ခံရတာ များလာရင်
စိတ်ပျက်လာတယ်။

စိတ်ပျက်လာရင် မမြင်ချင် မတွေ့ချင်
စကားပြောချင်စိတ်တော့ မရှိတော့ပါ။

ဒါကို သင်သိဖို့ လိုအပ်ပါတယ်
လူတစ်ယောက်မှာ စိတ်ဓာတ်က
အရေးကြီးဆုံးပါပဲ။

21/03/2023

ဘဝမှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေ ရွေးချယ်ခဲ့ပြီးပြီး

လုပ်ချင်တာထက် လုပ်သင့်တာတွေလည်း
ရွေးချယ်ပြီးပြီး

ခုထိ ကိုယ့်လျှောက်နေတဲ့လမ်းက
ပျောက်နေတုန်းလား?

စာ‌အုပ်ဖတ်လိုက် အလုပ်လုပ်လိုက်
အိပ်လိုက် စားလိုက်နဲ့ ဘဝမှာ ဒါတွေနဲ့ပဲ
ပြီးဆုံးနေတာလား?

ကိုယ့်လုပ်ချင်တာတွေ လုပ်ဖို့ ခုထိ လုပ်သင့်တာတွေ ဖြစ်သင်တာတွေပဲ ရွေးချယ်နေရတုန်း🌝

တနေနေ့တော့ လုပ်ချင်တာတွေ လုပ်ချင်သေးတယ်
လုပ်ဖြစ်အောင် ကြိုးစားရမယ်💪💪


can do it💪

20/03/2023

ချစ်ခြင်းမေတ္တာမှာ
နိုင်တာ ရှုံးတာ မရှိပါဘူး။

ချစ်နေဖို့ပဲ လိုအပ်တာပါ။
ချစ်နေဖို့ဆိုတာက နှုတ်က အမြဲတမ်း
ပြောဖို့ မလိုပါဘူး။
အပြုအမူနဲ့လည်း ဖော်ပြလို့ရပါတယ်။

တချို့ဆိုလည်း နှုတ်ပဲပြောပြီး မဖော်ကြပါဘူး။
တစ်ယောက်နဲ့ တစ်ယောက် ချစ်ခြင်းမေတ္တာ
ဖော်ပြပုံတော့ မတူညီကြတာ အမှန်ပါ။

လူဘဝက တိုတိုလေးပါ
လူတိုင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ အများကြီး
ချစ်တက်ကြပါစေ။


#လူတိုင်း ချစ်နည်း အမျိုးမျိုးနဲ့ ချစ်တက်ကြပါစေ

19/03/2023

သဘောကောင်းတိုင်း
အခွင့်အရေး မယူပါနဲ့

ခံရသူက မင်းကို စိတ်ပျက်ရင်
လှည့်ကို မကြည့်တော့တာပါ

18/03/2023

အချိန်က ကိုယ့်ခံစားရတဲ့ ဒဏ်ရာတွေကို
ကုစားသွားမှာပါ
အမှတ်တရတွေလည်း သေချာပေါက် မှေးမှိန်သွားမှာပါ

ဒါပေမဲ့ ဒဏ်ရာတွေကို ကိုယ်တိုင်
ဆုပ်ကိုင်မထားဖို့တော့ လိုအပ်တယ်

09/01/2023

ကိုယ့်အတွက်တော့ ဘဝမှာ မိဘသည်သာ
ကိုယ့်ဘေးနားမှာ အရှိပေးနိုင်ဆုံးပုဂ္ဂိုလ်
အကူအညီပေး‌နိုင်ဆုံး ပုဂ္ဂိုလ်ဆိုတာ သိလိုက်ရတယ်

အစက ငါသူတို့ကို ရှာမကျွေးနိုင်ရင်တော့ ကိုယ့်ဟာကိုတော့ ရပ်တည်နိုင်ရမယ်ပေါ့ ကိုယ့် ပြသာနာ
တခုခု ဖစ်တိုင်း အကုန်မပြောပြခဲ့ဘူး မပြောပြဘူးဆိုတာလည်း စိတ်ပူမှာဆိုးလို့ပါ စိတ်ပူပြီး
စိတ်မချတာတွေ မဖစ်စေချင်လို့ပါ

ပြသာနာတော်တော်များများ ကိုယ့်ဟာကို ‌ဖြေရှင်းတာ များခဲ့တယ် တနေ့မှာ ကိုယ့်မဖြေရှင်းနိုင်တဲ့
ပြသာနာတွေ ဖစ်ခဲ့တယ် ကိုယ့်ယုံကြည်ရတဲ့ သူငယ်ချင်းတွေတောင် ဖုန်းလေးတောင် တချက်မဆက် ကူညီဖို့ နေနေသာသာ ကိုယ့်ဆိုရင် သူတို့အတွက် အမြဲတမ်း ကူညီဖစ်တယ် ငွေရေးကြေးရေးဖစ်ဖစ် စိတ်ပိုင်းဆိုင်ရာ ဖစ်ဖစ် အားပေးဖေးမ ကူညီခဲ့တယ် တခါမှ မငြင်းဆန်ခဲ့ဘူး ကိုယ့်အလဲကျတော့ အဲလိုမဟုတ်ခဲ့ဘူး ဒါပေမဲ့ ကိုယ့်စိတ်သန့်သန့် လုပ်ပေးခဲ့တာတွေ နောင်တ မရဘူး

သူတို့အကြောင်းလေးတွေ သိလိုက်ရတာပေါ့
ကဲပြောချင်တာက ခုမှစမှာ ကိုယ့်ပြသာနာတခုခုဖစ်တော့ မရှိတာတွေရော ရှိအောင် အဆင်ပြေအောင် လုပ်ပေးတဲ့ အမေတို့ကို ကျေးဇူးအများကြီးတင်ပါတယ် စိတ်ဓာတ်ပိုင်းလည်း အားပေး ဖေးမတဲ့ အမေတို့အမတို့ကိုလည်း ကျေးဇူးတင်ပါတယ်

သူတို့တွေ လိုအပ်နေတဲ့အချိန်မှာလည်း အနားမှာ
မနေပေးနိုင်တဲ့အတွက်လည်း တောင်းပန်ပါတယ် ငွေအားရော မထောက်ပံ့နိုင်တဲ့အတွက်လည်း တောင်းပန်ပါတယ်

ဝမ်းနည်းနေယုံလွဲလို့ ဘာမှမလုပ်ပေးနိုင်ဘူး
ဆုတောင်းပေးဖို့ပဲ လုပ်နိုင်တယ် 🥲

အိမ်ကိုလွမ်းခြင်းများစွာဖြင့်🥹

ဒီသမီးလည်း ဒီနှစ်မှာ အကောင်းဆုံး
ကြိုးစားမှာပါ💪💪
ချစ်သောဖေဖေနဲ့မေမေ

03/01/2023

ကိုယ့်အတွက်တော့ 2022ဆိုတာ
ကံအဆိုးဆုံးနှစ်လို့ ပြောရမှာပဲ

2022မှာ ကိုယ့်လုပ်ချင်တာလေးတွေ
လုပ်ကြည့်ပေးမဲ့ ဘာတခုမှာ အဆင်မပြေခဲ့ဘူး

ဒါပေမဲ့ ဘာတခုမှ နောင်တမရခဲ့ဘူး
အတွေ့အကြုံတွေ သင်ခန်းစာတွေ ရလိုက်တယ်

ဆက်မလုပ်တော့ဘူးဆိုတာ
ကိုယ့်ရဲ့အရည်အချင်းတွေ လိုအပ်ချက်တွေ တော်တော်များများလိုတာကို သိလိုက်ရတယ်
ထပ်ဖြည့်ရမယ် ‌ပိုက်ဆံရော အရည်အရည်အချင်းတွေရော ပိုပြီးတော့ ထပ်ကြိုးစားဖို့ လိုသေးတယ်
ဆိုတာ ပိုသိလာတယ်

ဘာပဲဖစ်ဖစ် နောက်ဆုတ်လိုက်တာဆိုတာက နောက်တခေါက် ထပ်လုပ်ဖို့ အရှိန်ယူတာပါ
လိုအပ်ချက်တွေအများကြီး လိုသေးတယ်

ထပ်ပြီးတော့ အများကြီး ကြိုးစားရမယ်
ကိုယ့်ဟာကို motivation ‌လုပ်တာပါ
ငါသန်မာရမယ် စိတ်ရှည်ရမယ် သည်းခံရမယ်💪

ခုချိန်မှာ ပျော်ရွင်မှုဆိုတာ ဘယ်နား ရှာရမလဲမသိတရက်နဲ့တရက် အတွေးတွေနဲ့ ကိုယ့်ချစ်တဲ့သူတွေ အဆင်မှ ပြေရဲ့လားငါ့ဘယ်လို လုပ်ပ...
23/11/2022

ခုချိန်မှာ ပျော်ရွင်မှုဆိုတာ ဘယ်နား ရှာရမလဲမသိ
တရက်နဲ့တရက် အတွေးတွေနဲ့
ကိုယ့်ချစ်တဲ့သူတွေ အဆင်မှ ပြေရဲ့လား
ငါ့ဘယ်လို လုပ်ပေးနိုင်လဲပေါ့
အစရှိတဲ့ အတွေးတွေနဲ့

ကြာလာရင် ဘာလုပ်လို့ လုပ်ရမလဲမသိ
စာတွေ ဖတ်ပြန်တော့လည်း ဖတ်တဲ့ခဏလေးပဲ
ခရီးတွေ သွားပြန်တော့လည်း သွားနေတဲ့အချိန်လေးပဲ

စဥ်းစားကြည့်ပြန်တော့လည်း ကိုယ့်တယောက်တည်း
ကြုံနေရတာမဟုတ် အဲလိုလေးတွေ တွေးပေးရင်း တွေးပေးရင်းနဲ့ပဲ တရက်တရက်ကုန်သွားတယ်

စိတ်ကိုတင်းလာရင်နဲ့ပဲ
တနှစ် တနှစ် ကုန်သွားပြန်တယ်
ငါတော့ ဘာမှ ဖြစ်မလာဘူး

ကိုယ့်မိသားစု ကိုယ့်ချစ်တဲ့သူတွေ အခက်အခဲတွေနဲ့ ကြုံနေရရင် ဘယ်လို့မှ စိတ်ကို ပျော်အောင် မထားနိုင်တာ အမှန်ပါ
ပျော်ရွင်မှုဆိုတာ ကိုယ့်အတွက်တော့ မရှာချင်တော့ပါ
သူတို့လေးနဲ့ အတူတူ ခံစားရတာပဲ ကောင်းပါတယ်

ကိုယ်စိတ်နဲ့ ကိုယ့်ခံယူချက်ပါ😇

ဘဝဆိုတာ မလွယ်ပါလား😶ကိုယ်လုပ်ချင်သလို လုပ်ကြည့်တော့လည်း အဆင်ပြေလား ဆိုတော့ မပြေပြန်ကိုယ့်ပဲ အရည်အချင်းမရှိတာလားသေချာတိကျတ...
17/11/2022

ဘဝဆိုတာ မလွယ်ပါလား😶
ကိုယ်လုပ်ချင်သလို လုပ်ကြည့်တော့လည်း
အဆင်ပြေလား ဆိုတော့ မပြေပြန်

ကိုယ့်ပဲ အရည်အချင်းမရှိတာလား
သေချာတိကျတဲ့ plan မချခဲ့လို့လား
ခေတ်ကိုက မကောင်းတဲ့အချိန် ဖြစ်နေလို့လား

ကိုယ့်ထင်သလို ဖြစ်မလာတော့
ဘာဆက်လုပ်ရမလဲ ဘာလို့လုပ်မှ အဆင်ပြေမလဲ
စဥ်းစားရပြန်

ဟင် ခေတ်မကောင်းတာ အပြစ်တင်ရမလား
ကိုယ့်ကိုပဲ အပြစ်တင်ရမလား မသဲကွဲ

အိမ်ကို တခုခုပြန်ပေးချင်တာတောင် မပေးနိုင်
ပေးဖို့နေနေသာသာ စားဖို့တောင် အနိုင်နိုင်
ဘဝ ဘဝ မိဘတွေ ကိုယ့်ကို ရှာကျွေးနိုင်တယ် ပညာတတ် တယောက် ဖြစ်အောင် ဘွဲ့ရတဲ့အထိ ပိုက်ဆံတွေ ရှာပြီ ကျောင်းထားနိုင်ခဲ့တယ် သင်တန်းလည်း တက်ခိုင်းတယ် *သူများထက် မတော်ရင်တောင် ဘယ်တော့မှ စာမေးပွဲ မကျစေနဲ့ သမီး* လို့ ပြောခဲ့တာ ခုထိ ကျေးဇူးတင်နေတုန်းပဲ

ဘာလို့လဲဆိုတော့ ဘယ်တော့မှ သူများနဲ့ ယှဥ်ပြီး
*သူဆို ပထမရတာ နောက်လစာမေးပွဲကို ပထမရအောင် လုပ်*
ဆိုပြီ တခါမှမပြောခဲ့ဘူး လွတ်လွတ်လပ်လပ်နဲ့ ကိုယ်လုပ်ချင်တာ ဖြစ်ချင်တာတွေ လုပ်ပေးခဲ့တာကိုလည်း ကျေးဇူးတင်နေတုန်းပဲ

မိဘတွေက အများကြီး လုပ်ပေးခဲ့ပြီးပြီး
ကိုယ့်ကတောင် ခုထိ နည်းနည်းလေးပဲ လုပ်ပေးနိုင်ခဲ့တယ် ခုဆို လုပ်ပေးချင်တာတောင် လုပ်ပေးမရတဲ့ အခြေအနေ😓 တမျိုးတွေးမနေကြပါနဲ့ မုန့်လေးဘာလေး ပို့ပေးချင်တာတောင် မရတာကို ပြောတာပါ

လွမ်းဆွေ့ခြင်း များစွာနဲ့
သတိရခြင်း များစွာနဲ့
ရေးလိုက်ပါတယ်

ဒါပေမဲ့ သူတို့မြင်ရမှာ မဟုတ်ပါဘူး
လျှောက်မတွေးလိုက်ပါနဲ့
သူတို့နေတဲ့နေရာက
လိုင်းသုံးလို့မရတဲ့နေရာ ဖြစ်နေလိုပါ

ကဲ လင်ယူရင်ယူ
မယူရင် ပိုက်ဆံပဲ ရှာကြတာပါ😂😂

သင့်က အသဲကွဲနေတဲ့သူလား?သင့်က မိသားစုတွေကြောင့် စိတ်ညစ်နေတဲ့သူလား?သင့်က သူငယ်ချင်းတွေကြောင့် လိုသုံးဖြစ်နေလား?သင့်မှာ ဒီလ...
22/10/2022

သင့်က အသဲကွဲနေတဲ့သူလား?
သင့်က မိသားစုတွေကြောင့် စိတ်ညစ်နေတဲ့သူလား?
သင့်က သူငယ်ချင်းတွေကြောင့် လိုသုံးဖြစ်နေလား?
သင့်မှာ ဒီလိုတွေ ဖြစ်နေရင် ဖြေရှင်းဖို့ နည်းလမ်း
ရှိတယ်နော်
ယခုပဲ ဒီစာအုပ်ကို သင့်အနေနဲ့ လုံးဝကို ဖတ်သင့်တယ်နော် တစ်ယောက်တည်း အသဲကွဲ ငိုနေမယ့်အစား ကိုယ့်အတွက် အကျိုးရှိမယ့်
*လမ်းခွဲခြင်းမှရရှိခြင်း*ဆိုတဲ့ စာအုပ်လေးကို
ဖတ်လိုက်ပါ
အဲစာအုပ်ထဲက ကိုယ့်ကြိုက်တဲ့အချက်တချို့ကို ပြောပြချင်ပါတယ်
ခေါင်းစဥ်ကို ကြည့်လိုက်တာနဲ့ လူတော်တော်များများက အသဲကွဲတဲ့သူအတွက်လို့ပဲ မြင်ကြတယ်
အသဲကွဲတဲ့သူအတွက်ပဲ မကပဲ မိသားစု ဆွေမျိုး သူငယ်ချင်းတွေအတွက်လည်း ပါတယ်နော်
လမ်းခွဲတယ်ဆိုတာက ရှင်လျက် လမ်းခွဲတာနဲ့ ​ သေလျက် လမ်းခွဲတာ နှစ်မျိုးရှိတယ်
လူတိုင်း လမ်းခွဲဖူးကြမှာပါပဲ လမ်းခွဲဖူးသူတိုင်း
ရင့်ကျက်လာတယ် သန်မာလာတယ် အတွေ့အကြုံရလာတယ် သင်ခန်းစာတွေ ရလာတယ်
ကိုယ့်မိသားစု သူငယ်ချင်းတွေနဲ့လည်း သေခြင်း လမ်းခွဲကြမှာပါပဲ ကိုယ့်မိသားစုနဲ့ရန်ဖစ် စိတ်ကောက် မခေါ်
မပြောကြတာလည်း ရှင်လျက်နဲ့ လမ်းခွဲကြတာပဲ

ရည်းစားနဲ့လမ်းခွဲတယ်ဆိုတာလည်း ကိုယ့်နဲ့အဆင်မပြေလို့ သူမချစ်တော့လို့ ကိုယ်ကြိုက်တဲ့ typeနဲ့ မဟုတ်လို့ အစရှိတဲ့အကြောင်းပြချက်တွေနဲ့ ခွဲဖူးကြမှာပါ
ဒါပေမဲ့ တယောက်နဲ့တယောက် respect ထားသင့်တယ်လို့ ထင်တယ် အစကလည်း သူနဲ့ကိုယ့် ချစ်ခဲ့သလိုမျိုး လမ်းခွဲမယ့်ဆိုရင်လည်း ကောင်းကောင်းမွန်မွန်နဲ့ လမ်းခွဲသင့်တယ် နင်မလှတော့လို့ နင်ခဏခဏစိတ်ကောက်လို့ အဲလိုအကြောင်းပြချက်တွေနဲ့ လမ်းမခွဲပါနဲ့ တဖက်သူကလည်း သိမ်ငယ်သွားမယ် ဝမ်းနည်းသွားမယ် ဘာလိုပဲဖြစ်ဖြစ် ချစ်ခဲ့ကြတာပဲ မင်းကို မချစ်တော့လို့ ဆိုရင် ပြီးပြီးလေနော် ဟုတယ်မလား
လမ်းခွဲခါစတော့ ခက်ခဲကြမှာပဲ ငိုရင်လည်း ငိုပေါ့ သူကို လွမ်းတိုင်း အချိန်တိုင်း ကိုယ့်အတွက် အကျိုးရှိမယ့်ဟာလေ လုပ်လိုက်ပါ ဉပမာ စာအုပ်ဖတ်တာ ဟာသရှင်ရှင်ကြည့်တာ အိမ်သန့်ရှင်းရေးလုပ်တာ ရင်းနှီးတဲ့ တယောက်ယောက်ကို ပြောတာတို့ပေါ့ ဒါမှမဟုတ်
လေကျင့်ခန်း လုပ်တာတို့ အများကြီး လုပ်လို့ရပါတယ်
အချိန်ကြာလာတာနဲ့အမျှ သူကို လွမ်းတဲ့စိတ် မှေးမှိန်လာမှာပါ နေတက်သွားမှာပါ မေ့လို့တော့ ရမှာ မဟုတ်ပါဘူး
အသဲခွဲပြီးတာနဲ့ မိန်းကလေးတွေဆို ပိုလှလာကြတယ်ပေါ့😁😁
အသဲခွဲပြီးမှ ရင့်ကျက်လာတယ် ပိုလှလာကြတယ်
နောက်တခုက အသဲကွဲပြီးချင်း နောက်တယောက်ကို အစားမထိုးကြပါနဲ့🙅🙅
ဒါဟာ တော်တော်မှားတဲ့လုပ်ရပ်ပါ
ကဲပါ ဖတ်ကြည့်ပါ ဒီထက်မက ကိုယ့်အတွက် အကျိုးရှိမှာပါ😁😁
စာအုပ်လက်ဆောင်ပေးတဲ့အမကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်😍

Address

39 Streeth, Between 71*72 Streeth
Mandalay

Website

Alerts

Be the first to know and let us send you an email when Ahkyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ahkyi:

Share