Jade Union

Jade Union All About Jade

18/06/2024
ကျောက်တစ်လုံးတွေ့လို့ ဝယ်မယ်စိတ်ကူးရင် ကျောက်မျိုးရင့်ရဲ့လားလို့ အရင်ကြည့်ပါ အရည်ကျောက်ဖြစ်စေ အသားကျောက်ဖြစ်စေ ကျောက်မျိ...
28/03/2024

ကျောက်တစ်လုံးတွေ့လို့ ဝယ်မယ်စိတ်ကူးရင် ကျောက်မျိုးရင့်ရဲ့လားလို့ အရင်ကြည့်ပါ

အရည်ကျောက်ဖြစ်စေ
အသားကျောက်ဖြစ်စေ
ကျောက်မျိုးနုရင် မဝယ်သင့်ပါဘူး

ကျောက်တစ်လုံးမှာ
အရည်ဘယ်လောက်ပါပါ

ကျောက်မျိုးနုရင် မရဘူး

ယမ်းပေါက်ကျဲနေရင်လည်း မရဘူး

ယမ်းကြမ်းနေရင်လည်း မရဘူး

ငချိပ် ၊ အနာများနေရင်လည်း မရဘူး

ရှင်းများနေရင်လည်း မရပါဘူး

အရည်ကျောက်ဆိုတာ အရည်ပါနေတိုင်းကျောက်ကောင်းဖြစ်တာ မဟုတ်ပါဘူး

အရည်ကျောက်ကောင်းတစ်လုံးဖြစ်ဖို့က
ကျောက်သားဆန်းရမယ်
ကျောက်သားမကျဲပဲ အမြုပ်အဆံရှင်းဖို့လိုပါတယ်

အရည်ကျောက်ဖြစ်စေ ချွမ်ဖြစ်စေ အသားကျောက်ဖြစ်စေ မည်သည့်ကျောက်မျိုးမဆို ကျောက်သားကျောက်ဆီကောင်းမှ ကျောက်ကောင်းဖြစ်တာပါ

ချုပ်ပြီးပြောရရင် ကျောက်သား ကျောက်ဆီ ကောင်းဖို့ ကျောက်သားညှက်ဖို့ ဆိုရင် ကျောက်မျိုးရင့်ဖို့ လိုအပ်ပါတယ်





19/03/2024

ဝါရှာ 💛💜💚🩵



ကျောက်စိမ်းမြေမြှုပ်ဝတ်စုံရွှေကြိုးဖြင့်ဆက်သွယ်ထားသောကျောက်စိမ်းအပိုင်း (၄၂၄၈ ခု ) (Western Han, 206 BCE - 8 CE)
18/03/2024

ကျောက်စိမ်းမြေမြှုပ်ဝတ်စုံ

ရွှေကြိုးဖြင့်ဆက်သွယ်ထားသောကျောက်စိမ်းအပိုင်း (၄၂၄၈ ခု )

(Western Han, 206 BCE - 8 CE)




13/03/2024

ကျောက်စိမ်းပုတီးလုံး ထုတ်လုပ်ပုံအဆင့်ဆင့်ပါ

ဗဟုသုတ နဲ့ ပညာတွေအများကြီးရစေခဲ့လို့
YKB Tools Shop ကို ကျေးဇူးအထူးတင်ရပါတယ် ခင်ဗျာ 🙏

Credit_YKB_ToolShop


🥬Jadeite Cabbage(ကျောက်စိမ်းမုန့်ညင်း)🥬🥬🥬သမိုင်းပညာရှင်တွေက မူလပိုင်ရှင်ဟာ ချင်မင်းဆက်ရဲ့ (၁၀)ဆက်မြောက်ဧကရာဇ် ဂွမ်ရှူရဲ့...
12/03/2024

🥬Jadeite Cabbage(ကျောက်စိမ်းမုန့်ညင်း)🥬🥬🥬

သမိုင်းပညာရှင်တွေက မူလပိုင်ရှင်ဟာ
ချင်မင်းဆက်ရဲ့ (၁၀)ဆက်မြောက်ဧကရာဇ် ဂွမ်ရှူရဲ့ကြင်ယာတော် ကျင်ဖေးဖြစ်တယ်လို့
ဆိုကြတဲ့ တရုတ်မုန်ညင်း(Bokchoy Cabbage)ပုံစံထွင်းထုပြုလုပ်ထားတဲ့
ဒီလက်ရာမြောက်ပန်းပုအနုလက်ရာဟာ
National Palace Museum (Taiwan)ရဲ့ နာမည်ကျော်ရတနာတစ်ပါး ဖြစ်ပါတယ်။

ဖန်တီးသူလက်မှုပညာရှင်ဟာ ကျောက်စိမ်းတုံးရဲ့ သဘာဝအရောင်ကိုလိုက်ပြီး အဖြူရောင်အပိုင်းကို မုန်ညင်းရဲ့ပင်စည်အဖြစ်အသုံးပြုထားကာ အစိမ်းရောင်ရှိတဲ့အပိုင်းကိုတော့ မုန်ညင်းရွက်များအဖြစ် ပုံဖော်ထုဆစ်ထားပါတယ်။

ကျောက်စိမ်းတုံးရဲ့ အဖြူရောင်အပိုင်းအောက်ခြေမှာ အက်ကွဲရာနဲ့ မသန့်စင်တဲ့အနာအဆာအချို့ရှိပေမယ့်လည်း လက်မှုပညာရှင်က ကျွမ်းကျင်စွာဖြတ်တောက်ပြီး မုန်ညင်းထုပ်ရဲ့အညှာပုံဖြစ်အောင် ပုံသွင်းပြုပြင်ထားပါတယ်။

ဒါ့အပြင် ထွင်းထုသူပညာရှင်က သူ့လက်ရာကို ပိုပြီးအသက်ဝင်အောင် မုန်ညင်းရွက်ရဲ့ထိပ်မှာ ဟင်းသီးဟင်းရွက်တွေကိုနှစ်သက်တဲ့ ကျိုင်းကောင်၊ နှံကောင်လေးတွေက တွယ်ကပ် စားသောက်နေပုံကိုပါ ထည့်သွင်းထုလုပ်ထားပါသေးတယ်။

ဒါကြောင့်လည်း ဒီကျောက်စိမ်းပန်းပုဟာ လတ်လတ်ဆတ်ဆတ် ခူးဆွတ်ပြီးခါစ မုန့်ညင်းထုပ်အစစ်အလား ထင်မှတ်မှားရလောက်အောင် လက်ရာမြောက်အသက်ဝင်လွန်းတာကြောင့် ထိုင်ဝမ်နိုင်ငံနဲ့ ပြတိုက်ရဲ့ အဖိုးတန်ရတနာတစ်ပါးအဖြစ် အသိအမှတ်ပြုခြင်း ခံထားရတာ ဖြစ်ပါတယ်။





ကျောက်သမားတွေ သိကြတဲ့ ကျောက်လောကနဲ့ပါတ်သက်တဲ့ အမေး နဲ့ အဖြေ (၃) ခု၁။ (မေး) သူပေးသလောက်နဲ့ ကျေနပ်ပါ။၁။ (ဖြေ) ကံ ၊ ဥာဏ် ၊ ...
08/03/2024

ကျောက်သမားတွေ သိကြတဲ့
ကျောက်လောကနဲ့ပါတ်သက်တဲ့ အမေး နဲ့ အဖြေ (၃) ခု

၁။ (မေး) သူပေးသလောက်နဲ့ ကျေနပ်ပါ။

၁။ (ဖြေ) ကံ ၊ ဥာဏ် ၊ ဝီရိယ ကိုရင်းပြီး လုပ်ရတဲ့ အကျိုးအမြတ်တစ်ခုမှာ လောဘကြီးရင် အမှောင်ဖုံးတတ်တာမို့ ကိုယ်ရတာနဲ့ တင်းတိမ်ပြီး ဖြည်းဖြည်း မှန်မှန် လျှောက်ကြရမယ် ။

၂။ (မေး ) ပိုလိုချင်ရင် အလကားသာယူ။

၂။ (ဖြေ) အတွေ့အကြုံကသာ ဆရာမို့ ပိုလိုချင်ရင် ပိုက်ဆံမရှာနဲ့ အတွေ့အကြုံရှာ ၊ အလကားရတာမို့ မင်းလိုသလောက် ရနိုင်တယ် ။

၃။ (မေး ) ဆရာဆိုတာလည်း နားမလည်ဘူး။

၃။ (ဖြေ) ဆရာဖြစ်နေလို့လည်း အကြွင်းမဲ့ မယုံကြည်လိုက်သင့်ဘူး ၊ အရာရာကို ကိုယ်ပိုင်ဥာဏ်နဲ့ယှဉ်ပြီး ချင့်ချိန်ဆုံးဖြတ်ကြရမယ် ။




စပ်တူလုပ်တာပဲဖြစ်ဖြစ်ကိုယ်တစ်ယောက်ထဲလုပ်တာဖြစ်ဖြစ်ကျောက်တစ်တုံး ရဲ့ အဖြစ်အပျက် ပေါ်က ပညာရအောင် ယူပါအောင်တယ် …. ဘာကြောင့်...
08/03/2024

စပ်တူလုပ်တာပဲဖြစ်ဖြစ်

ကိုယ်တစ်ယောက်ထဲလုပ်တာဖြစ်ဖြစ်

ကျောက်တစ်တုံး ရဲ့ အဖြစ်အပျက် ပေါ်က ပညာရအောင် ယူပါ

အောင်တယ် …. ဘာကြောင့် အောင်တယ်

ရှုံးတယ် …. ဘာကြောင့်ရှုံးတယ်

ကိုယ်ယူဆတာ ဘယ်အချက်တွေ ကိုက်ညီမှု့ရှိခဲ့တယ် ၊

ဘယ်အချက်တွေတော့ လွဲခဲ့တယ်ဆိုတာ သိအောင်လုပ်ပါ

ပညာ နဲ့ အတွေ့အကြုံရလိုက်မှပဲ အဓိပ္ပယ်ရှိပါတယ်

အဲ့လိုမဟုတ်ရင် ငွေရရုံသက်သက် ၊ ငွေရှုံးရုံသက်သက်ထက် မပိုဘူး



တကယ်တော့ ကျောက်တစ်စရဲ့အရည်အချင်းဟာ ပုတီးထုတ်ရမဲ့အချက်အလက်များများတွေ့ရင်ပုတီးထုတ်မှသာ စျေးရဖို့များပါတယ်ပုတီးထုတ်ရမဲ့ကျေ...
06/03/2024

တကယ်တော့ ကျောက်တစ်စရဲ့
အရည်အချင်းဟာ ပုတီးထုတ်ရမဲ့အချက်အလက်များများတွေ့ရင်ပုတီးထုတ်မှသာ စျေးရဖို့များပါတယ်

ပုတီးထုတ်ရမဲ့ကျောက်ကို

လက်ရာထိုးရင် မှားပါတယ်

လက်စွပ်ထုတ်ရင်လည်း မှားပါတယ်

အပွင့်ထုတ်ရင်လည်း မှားပါတယ်

ကျောက်ရဲ့ကောင်းခြင်း ဆိုးခြင်း
အချက်အလက်တွေကို ခြုံငုံကြည့်ပြီးလုပ်သင့်တဲ့လိုင်းကိုလုပ်မှသာ စျေးကောင်းရမှာဖြစ်ပါတယ်

ကျောက်တစ်စဟာ
ဘယ်လိုင်းလုပ်သင့်လဲဆိုတာဟာ ပညာရှင်တွေသိကြပါတယ်

ဥပမာ ကျောက်တစ်စဟာ

သုံးလိုင်း ညှိတယ်ဆိုပါတော့

ပုတီး ၊ ဝါရှာ ၊ လက်ရာ သုံးလိုင်းရတယ်

ဘယ်လိုင်းလုပ်သင့်လဲသိချင်ရင်

သုံးလိုင်းနဲ့သက်ဆိုင်တဲ့

ပုတီး ပညာရှင်

ဝါရှာ ပညာရှင်

လက်ရာ ပညာရှင်

သုံးဦးလုံးနဲ့တိုင်ပင်ကြည့်ပါ

အဖြေတစ်ခု ထွက်လာပါလိမ့်မယ်

လိုင်းတွေအားလုံးဟာ
ဘယ်လိုင်းက ဘယ်လိုင်းထက်
သာတယ်နိမ့်တယ် ရယ်လို့မရှိပါဘူး

အားလုံးထုထည်ကြီးမားတဲ့
ကိုယ်စီတန်ဖိုးတွေရှိကြပါတယ်

ကျောက်အရည်အသွေးကြည့်ပြီးတော့
လုပ်သင့်တဲ့လိုင်းကို လုပ်မှာသာ
စျေးရမှာဖြစ်ပါတယ်




☘️Coated ဆိုတာ ထင်ပါရဲ့☘️
03/03/2024

☘️Coated ဆိုတာ ထင်ပါရဲ့☘️



02/03/2024

🔶ခုန့်ကြိုးထူပြီး အရည်ကျဲ အသားကျဲဆို ဘာမှမရပါ

🔶ခုန့်ကြိုးသေးပေမယ့် ကျောက်သားက ဆန်း နေရင်စျေးကောင်းရပါတယ်

🔶ခုန့်ကြိုး ထူထူ ပါးပါးကျောက်သားမကျဲဖို့လိုပါတယ်

🔶ကျောက်ဝယ်မယ်ဆိုရင် အရည်အရောင်ကာလာတွေ အမြင်လှဖို့ထက်ကျောက်သားကောင်းရဖို့သာ အဓိကကြည့်ဝယ်ပါ

#မှတ်ထားသမျှ


 #အကြွပ်နဲ့မှားတတ်သောအခွံပေါ်က ပြချက်များ #ကျောက်သားအန်ခြင်းကျောက်သားအန်ခြင်းကလဲ ကျောက်ရဲ့ပြစ်ချက်မှာပါပါတယ် ကျောက်သားအန...
28/02/2024

#အကြွပ်နဲ့မှားတတ်သောအခွံပေါ်က ပြချက်များ

#ကျောက်သားအန်ခြင်း

ကျောက်သားအန်ခြင်းကလဲ ကျောက်ရဲ့ပြစ်ချက်မှာပါပါတယ်

ကျောက်သားအန်ခြင်းကဆေးပြီးသားကျောက်တွေမှာ သိသာပေမယ့် ရေမဆေးမှာတော့ တစ်ခါတစ်ရံအကြွပ်နဲ့မှားတတ်ပါတယ်

ဒီလိုကျောက်သားအန်တာက ခွံစပ်တွေမှာကြည့်လိုက်ရင်ကျောက်သား​ရောသလိုဖြစ်နေပါတယ်

မီးထိုးလိုက်ရင်လည်း အလင်းပေါက်
ခြင်းဟာ ရှင်းပြီးမပေါက်နေသလိုပါ

ကျောက်သားအန်ခြင်းနဲ့အကြည်ဖောက်ခြင်းဟာအကြွပ်ရေမဆေးဝယ်တဲ့အခါ မှာ မှားတတ်တာမို့ သတိထားရမှာပါ

အကြွပ် ဆိုပြီးဝယ်ယူလိုက်တဲ့အခါမှာလဲ အကြွပ်ဆိုတိုင်းလဲ ကျောက်ကောင်းတာမဟုတ်ပါဘူး

ဝယ်ပြီးဆေးလိုက်တဲ့အခါကြမှ တစ်တုံးလုံးမှာလက်မဝက်လောက်ကွက်ပြီးကြွပ်နေတာတို့ ကောက်လျော့ကြွပ်တာမျိုးလည်းရှိတတ်ပါတယ်

ဒါ့ကြောင့် သူများကြွပ်တယ်ဆိုတိုင်းမကြွပ်ကြပဲ သေချာလေ့လာ စစ်ဆေးစဥ်းစားဆုံးဖြတ်ပြီးမှဝယ်ယူကြပါလို့အကြံပြုချင်ပါတယ်

(မိတ်ဆွေတို့ရဲ့ အမြင် ၊ ယူဆချက် နဲ့ အတွေ့အကြုံတွေကို comment မှာ sharing လုပ်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ)




Address

Mandalay

Telephone

+959968078910

Website

Alerts

Be the first to know and let us send you an email when Jade Union posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Jade Union:

Share