Kyaw Ye Thu

Kyaw Ye Thu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyaw Ye Thu, Digital creator, Mandalay.

06/02/2025
12/09/2024

နေပြည်တော်ရေဘေးကူညီမည့်ပရဟိတကားများအား စက်သုံးဆီလှူမည့် New Day ဆီဆိုင်
နေပြည်တော် တပ်ကုန်း၊လယ်ဝေးနှင့်ပျဥ်းမနားဒေသများသို့ ရေဘေးကယ်ဆယ်ရေးဆောင်ရွက်ရန် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာမည့် ပရဟိတအသင်းများမှ ကယ်ဆယ်ရေးလူနာတင်ယာဥ်များကိုယာဥ်တစ်စီးလျှင် စက်သုံးဆီ (၁၀) ဂါလံနှုန်းဖြင့် ကယ်ဆယ်ရေးလူနာတင်ယာဥ် အစီးရေ (၁၀၀) တိတိအား စက်သုံးဆီများအခမဲ့ဖြည့်တင်းလှူဒါန်းပေးပါမည်။
စက်သုံးဆီလာရောက်ဖြည့်တင်းသော ရေဘေးကယ်ဆယ်ရေး လူနာတင်ယာဥ်ကိုဓာတ်ပုံရိုက်မှတ်တမ်းတင်ထားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရေဘေးကယ်ဆယ်ရေးလူနာတင်ယာဥ်များအနေဖြင့် စက်သုံးဆီလိုအပ်ပါက နေပြည်တော်နယ်မြေ၊ ပျဥ်းမနားမြို့ သပြေလှ သက်ကယ်ကျင်းရပ် ရန်ကုန် မန္တလေးလမ်းဟောင်းပေါ်ရှိ New Day စက်သုံးဆီအရောင်းဆိုင်သို့ စက်သုံးဆီ အခမဲ့လာရောက်ဖြည့်တင်းနိုင်ပါကြောင်း ကြေငြာလိုက်တာ ဖြစ်ပါတယ်.

12/09/2024

ရေဘေးသင့်ဒေသတွေအတွက် ကျပ်သိန်း ၃၀၀ မတည်လှူဒါန်းလိုက်တဲ့ ပရဟိတမိခင်ကြီး ခိုင်နှင်းဝေ 🙏

31/07/2024

ဘန်ကောက်လေဆိပ်တွေမှာ အမြဲလူလည်ကျတတ်တဲ့ Bolt ကနေ ကားမဌားမိပါစေနဲ့။

ဘန်ကောက်မှာ သုဝဏ္ဏဘူမိ(စူဝမ်နဖူမ်) လေဆိပ် နဲ့ ဒွန်မောင်းလေဆိပ် (၂) ခုရှိတာကို လူတိုင်းသိကြပါတယ်။ ဒီပို့စ်လေးကို ဖတ်ထားရင် မြန်မာပြည်ကလာပီဆိုရင် ဘန်ကောက်လေဆိပ်တွေရောက်တဲ့အခါ မြို့ထဲကို စျေးသက်သက်သာသာနဲ့ လွယ်လွယ်ကူကူ သွားတတ်တော့မှာပါ။
**************
🚊 သုဝဏ္ဏဘူမိလေဆိပ်ကနေ ဘန်ကောက်မြို့တွင်းကနေ အလွယ်ကူဆုံးစီးလို့ရတဲ့ မိုးပျံရထားရှိတယ်ရှင့်။

🔶ARL (Airport Rail Link)

▪️B1 Level ထိ လမ်းညွှန်းဆိုင်ပုတ်အတိုင်းလိုက်ပါ။
▪️မနက် ၆ နာရီကနေ ည ၁၂ နာရီထိ ရထားရှိတာပဲ ဖြစ်ပါတယ်။
▪️Central World, Pratunam ပတူနမ်းထိ ၂၅ မိနစ်လောက်စီးရပါမယ်။
▪️Ratchaprarop (လချာပလာလို့ထ်) မှာဆင်းပါ။
လမ်း 10 မိနစ်​လျှောက်လိုက်ရင်ရောက်ပါတယ်။

🔹ချင်းမိုင်သွားဖို့ ရထားဆက်စီးမယ်ဆိုတဲ့သူတွေက Makkasan stationမှာဆင်းပီး MRT Blue Line ပြောင်းစီးပါရှင်

🔶Airport Bus

▪️S1 Airport bus က ခေါက်ဆန်လမ်းနဲ့ ပတူနမ်း၊ Central World စင်ထရယ်ဝေါထ် နားက လာ့ချ်ဒါမ်လီ (Ratchadamri) လမ်းတစ်လျှောက် မှတ်တိုင်တွေမှာ ရပ်ပေးတာပါရှင်။ ယာဉ်စီးခ ၆၀ ကျမှာဖြစ်ပါတယ်။
**********************
🚌 ဒွန်မောင်းကနေလည်း ဘန်ကောက်မြို့တွင်းသွားဖို့ ကား (၄) စီး နဲ့ SRT ရထားလိုင်းရှိတယ်ရှင့်။

Bus ကားနံပါတ်

A1 ကတော့ BTS Mo Chit (Sukhumvit အစိမ်းနုလိုင်း) နဲ့ MRT Chatuchak Park (အပြာရောင်လိုင်း)ကြားပြေးဆွဲနေတာပါ။ ယာဉ်စီးခ ၃၀ ဘတ်ကျမှာပဲဖြစ်ပါတယ်။စင်ထန်းလဖောင် ၊ မောချစ်ပန်းခြံ ၊ မော်ချစ်စွယ်တို့ကို ရောက်ပါတယ်။ မနက် ၇ နာရီကနေ ညအထိ ပြေးဆွဲနေတာပါ။

A2 ကတော့ ဘန်ကောက်ကားလိုင်းများဆုံချက်
ဖြစ်တဲ့ အနုစာဝါရီ (Victory Monument) စင်ထန်းလဖောင် ၊ မောချစ်ပန်းခြံ တို့ကို ရောက်ပါတယ်။ ယာဉ်စီးခကတော့ ၃၀ ဘတ်ဖြစ်ပီး မနက် ၇ နာရီ ည ၁၁ နာရီအထိရှိတာရှင့်။

A3 ဘတ်စ်ကားက ယာဉ်စီးခ ၅၀ ကျမှာဖြစ်ပြီး လာ့ချ်ပရာဆုံ၊ ပတူနမ်း ၊ စင်ထရယ်World နဲ့ လုမ္မဏီ ပန်းခြံ တွေစီ ရောက်ပါတယ်။

A4 ကလဲ ယာဉ်စီးခ ၅၀ ဘတ် ကျမှာဖြစ်ပြီးရောက်တဲ့ နေရာတွေကတော့ ဒီမိုကရေစီကျောက်တိုင် ၊ ခေါက်စန်လမ်း ၊ စနမ်းလွန် တို့ပဲ ဖြစ်ပါတယ်။

💢လေဆိပ်တွေကနေ Grab, Bolt ကားဌားရတာ အရမ်းကြာပါတယ်။ Bolt ဆို ကားလက်ခံထားပီး အချိန်အတော်ကြာတဲ့ထိ ကားကမရွေ့လာပဲ cancel သွားတတ်ကြတာမို့ တော်တော်ဒုက္ခပေးတယ်ဆိုရပါမယ်။ Grab ကတော့ လေဆိပ်တွေထဲ ကုမ္ပဏီကောင်တာရှိတာမို့ ခေါ်ရင်လာပေမယ့် စျေးကတအားကြီးတော့ ကုန်ကျစရိတ်များပါတဲ့အပြင် ကားလမ်းကြပ်တော့ အချိန်ပိုကုန်ရပါတယ်။

🔸SRT ရထားလိုင်း
ယာဉ်စီးခ 20-30 ဘတ်သာကျသင့်မှာ ဖြစ်ပြီးတော့ ဒွန်မောင်းကနေ Bang Sue Station အထိပြေးဆွဲနေတာပဲ ဖြစ်ပါတယ်။
MRT အပြာရောင်လိုင်းနဲ့ ဆုံချက်ဖြစ်တာမို့ မြို့ထဲဘက်ကို မိုးပျံရထားပြောင်းစီးဖို့ အဆင်ပြေပါတယ်ရှင်။

🇹🇭🚌🚊ဒီပို့စ်လေးကို သိမ်းထားရှင်။ ဘန်ကောက်ရောက်တဲ့အခါ အရမ်းအသုံးဝင်မှာပါရှင့်။🥰🥰🥰

ဒီပိုစ်လေးက လေဆိပ်ကနေမြို့ထဲ ကုန်ကျစရိတ်သက်သက်သာသာသွားလိုသူတွေ၊ အမြန်သွားလိုသူတွေအတွက် ရည်ရွယ်ရေးထားတာမို့ အခြားကားတွေစီးမယ် ဆိုသူတွေနဲ့ မသက်ဆိုင်ပါရှင် ✌️

မြို့ထဲသွားလာရေးအတွက်ကတော့ Bolt, Grab, Meter Taxi, Public Transport အားလုံးအဆင်ပြေပါတယ်ရှင်၊ နောက်မှထပ်ရေးပေးပါအုန်းမယ်။🇹🇭🇹🇭

ငြိမ်းဟိုဟိုဒီဒီ

#ငြိမ်းဟိုဟိုဒီဒီ #ထိုင်းအလည် #ထိုင်း #ထိုင်းရောက်ရွှေမြန်မာ #မြန်မာ #ဘန်ကောက်

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Kyaw Ye Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share