News myanmar
News myanmar This page will report all breaking News in Myanmar and all over the world in the right time.
ရုံဝင်ကြေးအများဆုံးဖြင့် Box Office ရဲ့ နံပါတ်တစ်နေရာကို သိမ်းပိုက်လိုက်တဲ့ EndgameMarvel Studios က ရိုက်ကူးထုတ်လုပ်ခဲ့တ...
08/06/2020
ရုံဝင်ကြေးအများဆုံးဖြင့် Box Office ရဲ့ နံပါတ်တစ်နေရာကို သိမ်းပိုက်လိုက်တဲ့ Endgame
Marvel Studios က ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ Aengers: Endgame ရုပ်ရှင်ဇာတ်ကားက ယနေ့ (ဇူလိုင် ၂၁ ရက်) မှာ ကမ္ဘာတစ်ဝှမ်း ရုံဝင်ကြေးအများဆုံး ဇာတ်ကားအဖြစ် Box Office စာရင်းရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိလာခဲ့ပါတယ်။
ယခုနှစ် ဧပြီလအတွင်း စတင်ရုံတင်ပြသခဲ့တဲ့ Endgame က ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်း ရုံဝင်ကြေး အမေရိကန်ဒေါ်လာ ၂.၇၈၉ ဘီလီယံဖြင့် Box Office ကို ဦးဆောင်နေခဲ့တဲ့ Avatar ဇာတ်ကားကို ဖြတ်ကျော်ပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်လာနိုင်ခဲ့ပါတယ်။
Endgame ဇာတ်ကားက ရုံဝင်ကြေးအများဆုံးအဖြစ် Box Office စာရင်းရဲ့ နံပါတ်တစ်နေရာကို ရောက်ရှိလာတော့မယ်လို့ ယမန်နေ့ (ဇူလိုင် ၂၀ ရက်) ကတည်း ဇာတ်ကားဖြန့်ချိခဲ့တဲ့ Walt Disney ကုမ္ပဏီက ထုတ်ပြန်ပြောကြားထားခဲ့ပါတယ်။ Endgame ဟာ စတင်ရုံတင်ခဲ့စဉ်ကလည်း ကမ္ဘာတစ်ဝှမ်း ရုံဝင်ကြေး ဒေါ်လာ ၁ ဘီလီယံကျော်ကို အမြန်ဆုံးရရှိခဲ့တဲ့ ဇာတ်ကားအဖြစ်လည်း Box Office သမိုင်းမှာ စံချိန်သစ်တင်ထားခဲ့ပါသေးတယ်။
Endgame ဇာတ်ကားဟာ စတင်ရုံတင်အပြီး ငါးရက်အတွင်းမှာ ကမ္ဘာတစ်ဝှမ်း ရုံဝင်ကြေး အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ ရရှိခဲ့တာ ဖြစ်ပါတယ်။ ယခုသီတင်းပတ် အပါအဝင် ၁၃ ပတ်မြောက် ရုံတင်ပြသခဲ့ပြီးနောက် Avengers: Endgame ဇာတ်ကားက ကမ္ဘာတစ်ဝှမ်း ရုံဝင်ကြေး ဒေါ်လာ ၂.၇၉၀ ဘီလီယံ ရရှိခဲ့ကာ Box Office စာရင်းရဲ့ နံပါတစ်နေရာကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်း ရိုက်ကူးတဲ့ Avatar ဇာတ်ကားက ကမ္ဘာတစ်ဝှမ်း ရုံဝင်ကြေးအများဆုံးအဖြစ် Box Office စာရင်းရဲ့ထိပ်ဆုံးမှာ ၁၀ နှစ်ကြာ ရပ်တည်နိုင်ခဲ့ကြောင်း CNN သတင်းမှာ ဖော်ပြပါတယ်။ Avatar ဇာတ်ကားသစ်တွေအဖြစ် နောက်ထပ်လေးကား ရိုက်ကူးထုတ်လုပ်ရန် စီစဉ်ထားပြီး ၂၀၂၁၊ ၂၀၂၃၊ ၂၀၂၅ နဲ့ ၂၀၂၇ ခုနှစ် ဒီဇင်ဘာလတွေမှာ အသီးသီး ရုံတင်ပြသွားမယ်လို့ မျှော်လင့်ရပါတယ်။
ဒါရိုက်တာ Anthony Russo နဲ့ Joe Russo တို့ ရိုက်ကူးခဲ့တဲ့ Endgame က Marvel Cinematic Universe (MCU) ဇာတ်ကားတွဲတွေရဲ့ ၂၂ ခုမြောက် ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားက ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Avengers၊ ၂၀၁၅ ခုနှစ်က Avengers: Age of Ultron နဲ့ ယမန်နှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ Avengers: Infinity War ဇာတ်ကားတွေရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းဖြစ်ပါတယ်။ ကြာမြင့်ချိန် ၃ နာရီနဲ့ ၂ မိနစ်အထိရှိတဲ့ Avengers: Endgame ဇာတ်ကားရဲ့ ရိုက်ကူးထုတ်လုပ်မှု ကုန်ကျစရိတ်ကတော့ ဒေါ်လ ၃၅၆ သန်းဖြစ်ကြောင်း သိရပါတယ်။
Endgame ဇာတ်ကားမှာ ရောဘတ်ဒေါင်နေး ဂျူနီယာ၊ ခရစ်ဟမ်းဆော့၊ စကားလက်ဂျိုဟန်ဆန် အစရှိတဲ့ နာမည်ကြီး သရုပ်ဆောင်တွေက စူပါဟီးရိုးတွေအဖြစ် ပါဝင်ထားပြီး ဂျို့စ်ဘရိုလင်း သရုပ်ဆောင်တဲ့ ဗီလိန်ဇာတ်ကောင် လူထွားကြီး သာနို့စ်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရတဲ့ ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားပါတယ်။
Endgame ကို မြန်မာနိုင်ငံမှာလည်း ဧပြီ ၂၆ ရက်မှာ ပထမဆုံး ရုံတင်ပြသခဲ့ရာ ကြည့်ရှုသူများပြီး Facebook မှာလည်း စိတ်ဝင်တစား ပြောဆိုမှုတွေ အများအပြားရှိခဲ့ပါတယ်။ ရုံဝင်ကြေးအများဆုံးဖြင့် Box Office စာရင်းရဲ့ ထိပ်ဆုံး ၁၀ နေရာမှာ ရပ်တည်နေတဲ့ ဇာတ်ကားတွေထဲမှာလည်း Avengers ဇာတ်ကားတွဲ ဇာတ်ကားလေးခုလုံး ပါဝင်နေတာ တွေ့ရပါတယ်။
မွေးနေ့ကို အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့တဲ့ စံရတီမိုးမြင့်    စံရတီမိုးမြင့်ကတော့ မွေးနေ့ အလှူကို အဝေးကနေပဲ လုပ်ခဲ့တာဖြစ်ပ...
08/06/2020
မွေးနေ့ကို အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့တဲ့ စံရတီမိုးမြင့်
စံရတီမိုးမြင့်ကတော့ မွေးနေ့ အလှူကို အဝေးကနေပဲ လုပ်ခဲ့တာဖြစ်ပြီး ကိုယ်တိုင်ကိုယ်ကျ သွားမလှူရတဲ့အပေါ် သူမရဲ့ ခံစားချက်ကို ပြောပြလာပါတယ်။
ဇွန်လ (၃) ရက်နေ့ကတော့ ပရိသတ်အချစ်တော် မင်းသမီးချောလေး စံရတီမိုးမြင့်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ Covid ကာလဖြစ်တာကြောင့် သူမရဲ့ မွေးနေ့အလှူကို အဝေးကနေပဲ လုပ်ခဲ့ရတဲ့ ခံစားချက်ကို ပြောပြလာပါတယ်။
" ဒီနေ့ မွေးနေ့ အလှူက သန်လျှင်သဘာဝရိပ်သာကျောင်းမှာ နေ့လည်စာကျွေးတယ်။ လိုအပ်နေတဲ့ အိမ်ထောင်စုလေးတွေကိုလည်း အလှူငွေတွေ လှူဖြစ်တယ်။ ကိုယ်တိုင်သွားမလှူရတော့ ရေစက် မချရဘူးပေါ့နော်။ အမှန်တော့ အလှူလုပ်တယ်ဆိုတာ ကိုယ်တိုင်သွားတာ ပိုကောင်းတာပေါ့။ ဒါပေမယ့် ဒီအခြေအနေက လူစုလူဝေးဖြစ်မှာစိုးတယ်။ ကိုယ်သွားရင်လည်း မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ ပါကြမှာပဲလေ။ ဒီနှစ်တော့ အိမ်ကနေပဲ သူတို့လိုအပ်တဲ့အရာလေးတွေကို သဲ လှူလိုက်ပါတယ်" လို့ ဆိုပါတယ်။
စံရတီမိုးမြင့်ဟာ တိရစ္ဆာန်လေးတွေကို အရမ်းချစ်တတ်သူ တစ်ယောက်ဖြစ်ပါတယ်။ မကြာခဏဆိုသလို အစာကျွေးအလှူအတန်းတွေ ပြုလုပ်လေ့ရှိသူပါ။ သူမရဲ့ မွေးနေ့ မတိုင်ခင်က မျောက်လေးတွေ၊ ခွေးလေးတွေကို အစာကျွေးခဲ့သလို သက်ကြီးရွယ်အိုတွေအတွက် အလှူငွေတွေ ပေးအပ်ခဲ့သေးတယ်လို့လည်း သူက ပြောပါတယ်။
" မွေးနေ့ မတိုင်ခင်က မျောက်လေးတွေ၊ ခွေးလေးတွေကိုလည်း အစာကျွေးတာ လှူဖြစ်တယ်။ ပြီးတော့ နည်းနည်း အသက်ကြီးတဲ့ အဘိုးအဘွားတွေအတွက် အလှူငွေလေးတွေလည်း ပေးခဲ့ပါသေးတယ်။ ကိုယ်တိုင်မလှူရတဲ့အပေါ်မှာလည်း Covid ကာလမှာ လှူရတာဆိုတော့ ကိုယ်တစ်ယောက်တည်း ဖြစ်တာမှ မဟုတ်တာ အားလုံး အတူတူပဲ ဆိုတော့ မကျေမနပ်ဖြစ်လည်း ဘာမှ လုပ်လို့မရဘူးလေ" လို့ သူကဆိုပါတယ်။
ဒီနေ့( မေလ ၃ ရက်)မှာ ကျရောက်တဲ့ မွေးနေ့ အမှတ်တရလေးတွေကိုလည်း စံရတီမိုးမြင့်က ပြောပြလာပါတယ်။ ပရိသတ်တွေ ပေးတဲ့ မွေးနေ့ လက်ဆောင်လေးတွေလည်း ရခဲ့တယ်လို့ သူက ဆိုပါတယ်။
" မွေးနေ့ လက်ဆောင်တွေကတော့ ဟိုကပေး ဒီကပေးပေါ့။ ကိတ်မုန့်တွေလည်း ပို့ပေးကြပါတယ်။ ပရိသတ်တွေ ပို့ပေးတဲ့လက်ဆောင်လေးတွေလည်းရတယ်။ နယ်က ပရိသတ်တွေကျတော့ သူတို့ပို့ချင်ပေမယ့် ပို့လို့ မရကြတော့ စိတ်မကောင်းဘူး။ အဓိက ကတော့ ချစ်နေရင် အဆင်ပြေပါတယ်။ သဲကို သတိတရနဲ့ မွေးနေ့ ဆုတောင်းပေးကြသူတွေကို တကယ်ကျေးဇူးတင်ပါတယ်။ နယ်က ပရိသတ်လေးတွေလည်း စိတ်မကောင်း မဖြစ်ကြဖို့ ပြောချင်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိတဲ့အတွက် နားလည်ပါတယ်" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
စံရတီမိုးမြင့်ဟာ ၂၀၂၀ ခုနှစ် ဇွန်လ ၃ ရက်နေ့မှာ အသက် ၂၆ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ သူမက အခုလက်ရှိမှာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေနဲ့ ဂျာနယ်တွေရဲ့ မျက်နှာဖုံးရှင်တစ်ဦးအဖြစ်ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ သိပ်မရှိတော့တဲ့ သူ့အနေနဲ့ ပရိသတ်တွေနဲ့အဆက်အသွယ်မပျက်အောင် ဖေ့စ်ဘွတ်ကနေ ဆက်သွယ် လျှက်ရှိတယ်လို့ သိရပါတယ်။
ရုပ်ရှင်သမိုင်းပြတိုက်မှာ မှတ်တမ်းတင်ခံထားရလို့ ဂုဏ်ယူနေတဲ့ စိုးပြည့်သဇင်စိုးပြည့်သဇင် ဟာ အကယ်ဒမီဆုရ အနုပညာရှင်တစ်ယောက်အ...
08/06/2020
ရုပ်ရှင်သမိုင်းပြတိုက်မှာ မှတ်တမ်းတင်ခံထားရလို့ ဂုဏ်ယူနေတဲ့ စိုးပြည့်သဇင်
စိုးပြည့်သဇင် ဟာ အကယ်ဒမီဆုရ အနုပညာရှင်တစ်ယောက်အဖြစ် ရုပ်ရှင်သမိုင်းပြတိုက်မှာ သူမရဲ့ အစ်မတွေနဲ့အတူ မှတ်တမ်းတင် ခံထားရတဲ့အပေါ် သူမရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။
သရုပ်ဆောင် စိုးပြည့်သဇင်ကတော့ ရုပ်ရှင်သမိုင်းပြတိုက်မှာ သူမရဲ့ အကယ်ဒမီဆုရ ဓာတ်ပုံလေးကို မှတ်တမ်း တင်ထားတာကြောင့် အရမ်းပျော်နေမိတယ်လို့ ဆိုပါတယ်။
"ကြည်နူးပျော်ရွှင်ရတဲ့နေ့လေးတစ်နေ့ ရုပ်ရှင်နှစ်(၁၀၀) ပြည့်ပွဲ ချစ်ရသောအနုပညာရှင်တွေနဲ့ပြန်တွေ့ဆုံရတဲ့နေ့လေး။ ကိုယ့်ပုံလေးကိုပြတိုက်မှာတွေ့ရတဲ့အချိန်လေး ရုပ်ရှင်သမိုင်းပြတိုက်လေးမှာကိုယ်ဟာ အနုပညာရှင်တစ်ယောက်အဖြစ်အသိအမှတ်ပြုထားခြင်းခံရတာလေးကို ဂုဏ်ယူစွာပျော်ရတဲ့နေ့လေး" ဆိုပြီးတော့ ဇွန်လ ၇ ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
စိုးပြည့်သဇင်ဟာ ၂၀၀၉ ခုနှစ်က "မိုးည အိပ်မက်မြူ" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိထားသူဖြစ်ပါတယ်။ သူမကိုတော့ အစ်မ ဝမ်းကွဲတွေ ဖြစ်တဲ့ ထပ်ဆင့် အကယ်ဒမီ စိုးမြတ်သူဇာ၊ ထပ်ဆင့်အကယ်ဒမီစိုးမြတ်နန္ဒာ တို့နဲ့ အတူ အကယ်ဒမီ မိသားစု အဖြစ် ရုပ်ရှင်သမိုင်းပြတိုက်မှာ မှတ်တမ်းတင် ခံထားရတာဖြစ်ပါတယ်။ စိုးပြည့်သဇင်က လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင် တစ်ယောက်ပါပဲ။
စိုးပြည့်သဇင်က အသက်(၁၈) နှစ်အရွယ်မှာ ပထမဆုံးအကြိမ် အကယ်ဒမီဆု ရရှိခဲ့တာဖြစ်ပါတယ်။ သူမဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့သူပါ။ သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်းပရိသတ်အားပေးမှုရရှိထားသူ ဖြစ်ပြီး ချစ်သူရွေးမယ်တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။ ဂီတ နဲ့ ပတ်သက်ပြီးတော့လည်း အောင်မြင်မှုတွေ ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။
‘ ‘ သားအမိ ၂ဦးနဲ့တူတော်တူ ၁ဦး၊ ၃ဦးဆုံးသွားတယ်။ မိုးကြိုးပစ်ချလိုက်တဲ့ အချိန်မှာ ကျွန်တော်တို့ မြင်းခြံကလူတွေက လျှပ်ပြက်သ...
08/06/2020
‘ ‘ သားအမိ ၂ဦးနဲ့တူတော်တူ ၁ဦး၊ ၃ဦးဆုံးသွားတယ်။ မိုးကြိုးပစ်ချလိုက်တဲ့ အချိန်မှာ ကျွန်တော်တို့ မြင်းခြံကလူတွေက လျှပ်ပြက်သွားတာကို မြင်လိုက်တယ်။ ဘာမှမဖြစ်တဲ့ ၂ယောက်ကို မေးကြည့်တော့ သူတို့လျှပ်ပြက်တာ ကို မမြင်လိုက်ဘူးလို့ပြောတယ်။ အဲဒီနေရာမှာလည်း မီးလောင်ထားတာတို့ ဘာတို့ဘာမှထူးထူးခြားခြားတော့မတွေ့ရဘူး’’
ကိုကျော်ဇင်ထွန်း (မြင်းခြံနာရေးကူညီမှုအသင်းအတွင်းရေးမှူး)
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၂ လကျော်ကာလအတွင်း မိုးကြိုးဘေးကြောင့် လူ ၃၀ ကျော်သေဆုံး …
မိုးကြိုးဘေးကြောင့် အသက်အန္တရာယ် မဆုံးရှုံးရစေဖို့ ဘာတွေသတိပြုဖို့ လိုအပ်မလဲ…
သတင်းအပြည့်အစုံကို ဖတ်ရှုနိုင်ပါပြီ။
#ဘီဘီစီမြန်မာပိုင်း
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၂ လကျော်ကာလအတွင်း မိုးကြိုးဘေးေ ကြာင့် လူ ၃၀ ကျော်သေဆုံး …
#ဘီဘီစီမြန်မာပိုင်း
နှမ်းရိတ်သိမ်းနေချိန် လူ ၆ ဦးကို မိုးကြိုးပစ်ခဲ့တာဖြစ်ပြီး သားအမိ၂ ဦးနဲ့ တူတော်စပ်သူ တစ်ဦးအပါအဝင် ၃ဦးသေဆုံ...
ဂရုတစိုက်နဲ့ မင်းကြိုက်တာလေးဝတ်ပြီးမင်းဘေးမှာနေရာယူမှာ....❤️
08/06/2020
ဂရုတစိုက်နဲ့ မင်းကြိုက်တာလေးဝတ်ပြီး
မင်းဘေးမှာနေရာယူမှာ....❤️
စတုတ္ထတန်းကျောင်းသား ငြိမ်းမောင်ရဲ့ ရည်းစားစာဖတ်ရင်း ကျောတွေပါ ချမ်းသွားခဲ့တဲ့ ဆရာမလေး                            ဆရာမ သ...
08/06/2020
စတုတ္ထတန်းကျောင်းသား ငြိမ်းမောင်ရဲ့ ရည်းစားစာဖတ်ရင်း ကျောတွေပါ ချမ်းသွားခဲ့တဲ့ ဆရာမလေး
ဆရာမ သားကို ဖိုးထောင်ဖင်ချတယ်
ဟေ ငြိမ်းမောင် တိုင်လိုက်သည့်စကားကြောင့် ဆရာမ ငေါက်ခနဲ မတ်တပ် ထရပ်လိုက်သည်။ သူတိုင်လိုက်သည်ကိုတော့ အတန်းထဲမှ မည်သူမှ မကြားလိုက်
ဖိုးထောင် လာစမ်း ဆရာမ ခေါ်လိုက်တော့ တစ်တန်းလုံး အသံတိတ်ပြီး ဖိုးထောင်အား စိတ်ဝင်တစားကြည့်ကြသည်။ ဖိုးထောင် ကား ကုတ်ချောင်းချောင်းနှင့် အတန်းရှေ့အရောက်၌ ငြိမ်းမောင် က သားကိုအရင်လုပ်တာ ဆရာမ
သူက ဘာလုပ်တာလဲ သား ညီမလေး ကို ရည်းစား စာပေးတယ်
ဟေ ဟုတ်လားငြိမ်းမောင် စတုတ္ထတန်းကျောင်းသား ငြိမ်းမောင်တစ်ယောက် နည်းနည်းတွန့်သွား၏ မှန်၏ သူရေးထားသော ရည်းစား စာက ဖိုးထောင်ညီမလက် ထဲသို့ ရောက်နေပြီဖြစ်သည်။
အမှန်က သား သူ့ညီမကိုပေးတာမဟုတ်ဘူး ဆရာမ ဟေ ဒါဆို ဘာလုပ်ဖို့တုန်း ”
တခြားတစ်ယောက်ကိုပေးဖို့လုပ်နေတာကို သူ့ ညီမလေး က လုသွားတာ ဟင် ဟုတ်လားဖိုးထောင်
ဆရာမက ဖိုးထောင်ဖက်သို့ တစ်ခါလှည့်ပြန်သည် ကျောင်းသား အားလုံးကတော့ ငြိမ်သက်လျှက် ။
မဟုတ်ဘူးဆရာမ သူပေးတာ ပြီးတော့ စာထဲမှ ညစ်ညမ်းတာတွေ ရေးထားတယ်
ဟင် ငြိမ်းမောင် နင့်ကို ဒါတွေတတ်အောင် ဘယ်သူသင်ပေးတာလဲ ဆရာမပဲလေ
ငိန် ဆရာမ ပဲ သား ကို စာသင်ပေးတာပြောတာ
ဟင်း တုတ်စာတော့ မိတော့မယ် ဆရာမက ဖိုးထောင် ဖက်သို့တစ်ခါလှည့်ပြန်သည်။
ကဲ ဖိုးထောင် ငါ့ကိုစာဖတ်ပြ ဟုတ်
သူ့အိတ်ထဲမှ ခေါက်ထားသော စာရွက် ကလေးအား ထုတ်လိုက်ပြီးဖြန့်လိုက်သည်။ ပြီးနောက် …
အဟမ်း အဟမ်း ဟဲ့ စာထဲမှာ အဲဒါပါလို့လား
မပါဘူးဆရာမ မြန်မာနိုင်ငံက လူမှန်သမျှက တစ်ခုခုပြောခါနီးရင် အဲလိုပဲ ချောင်းဟန့်တယ်လေ ”
အေးပါဟယ် ဖတ်ပါ
သိုး
ဟဲ့ ဘယ့်နှယ်က သိုးတုန်း သိုးရေခြုံတဲ့ ဝံပုလွေ ပါ ဆရာမ
ငြိမ်းမောင်က ဝင်ထောက်သည် ။ နင် တိတ်တိတ်နေ ငြိမ်းမောင်
ကဲ ဖိုးထောင်ဆက်ဖတ် ငါဖြည့်ပြီး နားထောင်ပေးမယ်
လိ လိုပဲ ကိုယ့်ဖက် ကိုယ်ရပ်တာ မဟုတ်ပါဘူး
ဟယ် ဆရာမ ပါးစပ် အဟောင်းသားဖြစ်သွားသည် ။
ငြိမ်းမောင် နင် ဒါတော့များသွားပြီ စာ အစကတည်းက မိုက်ရိုင်းတာ ဆက်ဖတ်စမ်း ကမ္ဘာပေါ်မှာ ငြိမ်းမောင် အချ တတ်ဆုံးပါ
ဟယ် ငြိမ်းမောင် နင်တော့လား ဆရာမ က အသားများ တဆတ်ဆတ်တုန်ကာ ရိုက်ချင်လာသည်။
ငြိမ်းမောင် လည်း တကိုယ်လုံး တုံယင်နေသည် ။ ကြောက်၍တော့မဟုတ် သူ့ရည်းစားစာကို လူအားလုံးကြားနေရပြီဖြစ်၍ ဖြစ်သည်။
မင်းမလိုအပ်လည်း ငါက ဆက်ချနေမှာပါ
ညယ်
မင်းနှုတ်ခမ်းလေးတွေက စပ ဖူးလေးတွေလိုပဲ
ဟာ
သိပ် ချ ချင်စရာကောင်းတယ်
ဗုဒ္ဓေါ
စားရပြီဆိုရင် ညနေ ဘုရားမှာလာတွေ့ပါ အချတွေနဲ့ စောင့်နေမယ်
စာကား အဆုံးသတ်သွားပြီဖြစ်၏ ငြိမ်းမောင်အား ဆရာမ လှည့်ကြည့်သည်
ငြိမ်းမောင် ဗျာ
ဆရာမ ဒေါသ ပုန်ထလေပြီ ခုံပေါ်မှ တုတ်ကို ဆွဲယူလိုက်တော့သည်
နင်ဘာလို့ ဒါတွေရေးတာတုန်း သားရေးတာ အဲလိုမဟုတ်ပါဘူး သားအလွတ်ဖတ်ပြပါမယ်
အေး ဖတ်စမ်း
လိပ်လိုပဲ ကိုယ့်ဖက်ကိုယ်ရပ်တာ မဟုတ်ပါဘူး ကမ္ဘာပေါ်မှာ ငြိမ်းမောင်အချစ်တတ်ဆုံးပါ
မင်းမလိုအပ်လည်း ငါကဆက်ချစ် နေမှာပါ မင်းနှုတ်ခမ်းလေးတွေက စံပါယ်ဖူးလေးတွေလိုပဲ သိပ်ချစ် ချစ်စရာကောင်းတယ် စာရပြီဆိုရင် ညနေဘုရားမှာ လာတွေ့ပါ အချစ်တွေနဲ့ စောင့်နေမယ်
ဟော ဆရာမက ဖိုးထောင်ဖက်သို့ လှည့်ပြန်သည်။
ဟဲ့ နင်ဖတ်တော့ တစ်မျိုးပါလား သူရေးထားတာလေ ဆရာမ ဒီမှာ
စာကိုဖတ်ကြည့်တော့လည်း ဖိုးထောင်မှန်သည် ။ ထို့ကြောင့် ဆရာမ သဘောပေါက်လိုက်ပြီး ကဲ ဒါက စာလုံးပေါင်းမမှန်လို့ နားလည်မှုလွဲတာပါ အားလုံး ကျေအေးလိုက်တော့
ဟုတ်ဆရာမ ဖိုးထောင် သွားလို့ရပြီ ငြိမ်းမောင် ပြောစရာရှိတယ်
ဟုတ် ကဲ ပြောပါဦး အဲဒီစာသားတွေ ဘယ်က ကူးချလာတာတုန်း ရင်ထဲက လာတာပါဆရာမရယ် နှလုံးသားထဲကပါ
အမယ် ကဲ ပြောပါဦး စာက ဘယ်သူ့ကိုပေးဖို့လဲ ပြောရင် ဆရာမက ရိုက်မှာပေါ့
မရိုက်ပါဘူး မင်း စာရေး တာတော်တယ် အဲဒီစာကို မင်းချစ်တဲ့ ကောင်မလေးသာရရင် သူ ချက်ချင်းအဖြေပြန်ပေးလောက်တယ်သိလား
တကယ်လား ဆရာမ တကယ်ပေါ့
“ဒါဆို သား ဘယ်သူ့ကို ပေးမှာလည်းပြောပြမယ် ”
“အေး ပြောပြ ”
တကယ်တော့လေ အဲဒီစာက ဆရာမကို ပေးမှာ
ဘာ သေနာကျလေး သေပြီသာမှတ်
Ref ငြိမ်းမောင်
မူရင်းတင်ထားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်
ချစ်သူနဲ့အတူ ရွှေလက်တွဲသွားပြီ ဖြစ်တဲ့ အိမ့်ချစ်အိမ့်ချစ်ကတော့ သူမရဲ့ ချစ်သူနဲ့အတူ ဒီနေ့မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရ...
07/06/2020
ချစ်သူနဲ့အတူ ရွှေလက်တွဲသွားပြီ ဖြစ်တဲ့ အိမ့်ချစ်
အိမ့်ချစ်ကတော့ သူမရဲ့ ချစ်သူနဲ့အတူ ဒီနေ့မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း ပရိသတ်တွေကို ပြောပြလာပါတယ်။ အမေနဲ့သမီးပဲ ရှိတဲ့ဘဝလေးမှာ မှီစရာပုံလေးတစ်ခု နားခိုစရာ ရင်ခွင်လေး တစ်ခုလိုချင်ခဲ့တဲ့ အိမ့်ချစ်ဖို့ ဒီနေ့(ဇွန်လ၆ရက်)မှာတော့ လိုချင်တဲ့ပခုံးလေးတစ်ခုနဲ့ ကမ်းလင့်တဲ့လက်လေး တစ်စုံကိုပိုင်ဆိုင်ခွင့်ရခဲ့ပြီ။
မေလတုန်းက သူတို့နှစ်ယောက်ရဲ့ စေ့စပ်ပွဲလေး မကျင်းပလိုက်ရပေမယ့် ဒီနေ့လေးကိုတော့ ရည်ရွယ်ထားတဲ့အတိုင်း လက်မှတ်ရေးထိုးဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“မေတ္တာတရားတွေလွှမ်းခြုံပြီးဒီနေ့ ၆.၆.၂၀၂၀ မှာအိမ့်ချစ်တို့ ချစ်သူနှစ်ဦးနှစ်ဖက်မိဘများနဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားသူကြီးရှေ့မှောက်မှာ မင်္ဂလာမော်ကွန်းတင်လက်မှတ် ရေးထိုးခဲ့ကြပါပြီ။ ဘဝကိုခက်ခက်ခဲခဲပင်ပင်ပန်းပန်းဖြတ်သန်းလာပြီးလှမ်းကြည့်လိုက်တိုင်းမှာအမေပဲရှိခဲ့တာ မပြည့်စုံတဲ့ မိန်းမတစ်ယောက်ရဲ့နေ့ရက်တွေကခါးသီးလွန်းခဲ့တယ် ခက်ခဲတဲ့အချိန်တွေဖြတ် ကျော်ရတိုင်းပင်ပန်းတဲ့အချိန်တွေရင်ဆိုင်ရတိုင်းမှာ မှီစရာပခုံးလေးတစ်ခု နားခိုစရာရင်ခွင်လေး တစ်ခုလိုချင်ခဲ့တာ...ဒီနေ့မှာတော့ လိုချင်ခဲ့တဲ့ပခုံးလေးတစ်ခု
ကမ်းလင့်တဲ့ လက်လေးတစ်စုံ ကိုပိုင်ဆိုင်ခွင့်ရခဲ့ပြီ” လို့ ဇွန်လ(၆)ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
မေလမှာ စေ့စပ်ပွဲလေး မလုပ်ဖြစ်ခဲ့ပေမယ့် ဒီနေ့လေးကိုတော့ ရည်ရွယ်ထားတဲ့အတိုင်း လက်မှတ်ရေးထိုးခဲ့ကြပြီလို့ သူမက ဆိုပါတယ်။ မင်္ဂလာဧည့်ခံပွဲကြီးကိုတော့ ကပ်ရောဂါတွေ ပြီးမှ ကျင်းပမယ်ဖြစ်ကြောင်းကိုလည်းပြောထားပါသေးတယ်။
“မေလတုန်းကစေ့စပ်ပွဲလေးကိုတော့ဖျက်လိုက်ရပေမယ့် ရည်ရွယ်ထားစီစဉ်ထားတဲ့အတိုင်း ဒီနေ့မှာလက်မှတ်ရေးထိုးခဲ့ကြပါပြီ။ မင်္ဂလာဧည့်ခံပွဲကတော့ ကပ်ရောဂါကြီးပြီးဆုံးသွားတဲ့အချိန်အားလုံးအေးချမ်းသွားတဲ့အချိန်မှပဲ ကျင်းပပါမယ်ရှင့်အိမ့်ချစ်ကိုချစ်သလို အိမ့်ချစ်ရဲ့လက်တွဲဖော်ကိုလဲ ချစ်ပေးကြပါ”ဆိုပြီး ဆက်လက်ပြောပြထားပါတယ်။
အိန္ဒြာကျော်ဇင်ကတော့ သူမကိုယ်တိုင် အရမ်းကြိုက်ခဲ့ရတဲ့ "အိပ်မက်ထဲက ရထားကြီး" ဆိုတဲ့ သီချင်းကို ပရိသတ်တွေအတွက် ဆိုပြခဲ့တာ ...
07/06/2020
အိန္ဒြာကျော်ဇင်ကတော့ သူမကိုယ်တိုင် အရမ်းကြိုက်ခဲ့ရတဲ့ "အိပ်မက်ထဲက ရထားကြီး" ဆိုတဲ့ သီချင်းကို ပရိသတ်တွေအတွက် ဆိုပြခဲ့တာ တွေ့ရပါတယ်။
သရုပ်ဆောင် အိန္ဒြာကျော်ဇင်ကတော့ အဆိုတော် မီမီဝင်းဖေ သီဆိုထားတဲ့ " အိပ်မက်ထဲကရထားကြီး" ဆိုတဲ့ သီချင်းကို သူမကိုယ်တိုင် ဂစ်တာတီးပြီး ပရိသတ်ကို သီဆိုပြခဲ့ပါတယ်။ ဒီသီချင်းဟာ သူမ အရမ်းကြိုက်ခဲ့ရတဲ့ သီချင်း တစ်ပုဒ်ဖြစ်တယ်လို့လည်း ပြောပါတယ်။
"ဟိုးအရင်ထဲက မမီမီဝင်းဖေ ဆိုထားတာလေးကို အရမ်းကြိုက်ခဲ့တာ။ အခု အူဝဲရဲ့ ဆို တီးလေး ကိုသည်းခံပြီးကြည့်ပေးကြပါဦးနော်။ အတီးကလည်းမကျွမ်းကျင်၊ အဆိုကလည်း မတတ်၊ သီချင်းလေး ပျက်သွားရင်တော့ တောင်းပန်ပါတယ်နော်" ဆိုပြီးတော့ ဇွန်လ ၆ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် သူမကိုယ်တိုင် ဂစ်တာတီးပြီး သီချင်းဆိုထားတဲ့ ဗီဒီယို ဖိုင်လေးကိုလည်း တင်ထားတာ တွေ့ရပါတယ်။ အားပေးကြည့်ရှုတဲ့ ပရိသတ်ပေါင်း (172 K ) ရှိခဲ့ပြီး Comment ပေါင်းများစွာတို့မှာလည်း အားပေးချီးကျူး စကားတွေ ပြောခဲ့ကြတာ တွေ့ရပါတယ်။
"အိပ်မက်ထဲက ရထားကြီး" သီချင်းရဲ့ မူရင်းအဆိုတော်ကတော့ ထူးအိမ်သင်ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ အဆိုတော် မီမီဝင်းဖေ၊ အဆိုတော် အောင်ရင်၊ အဆိုတော် အယ်ဖြူ တို့က ပြန်လည် သီဆိုခဲ့ကြတာ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ဟာ ဂီတ နဲ့ ပတ်သက်ပြီးသီချင်းတွေလည်း ဆိုခဲ့ဖူးသူ တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ဟေမာနေဝင်းနဲ့ အတူ " ပထမဆုံး အသည်းကွဲ"သီချင်းသီဆိုခဲ့ဖူးသလို ရန်အောင် နဲ့လည်း " စနေမှာ ရွာတဲ့မိုး" ဆိုတဲံ သီချင်းတွေ ဆိုခဲ့ဖူးပါတယ်။
အိန္ဒြာကျော်ဇင်ကတော့ မကြာသေးခင်တုန်းကလည်း သမီးကြီး ပြေသုဒ္ဒါရဲ့ ပုံတူ ပန်းချီလေးကို ဆွဲထားခဲ့ပြီး Stay Home ကာလမှာ သူမရဲ့ ဝါသနာလေးတွေကို အကောင်အထည်ဖော်ဖြစ်နေတာတွေ့ရပါတယ်။ COVID-19 ကာလဖြစ်တာကြောင့်လည်း စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ ပရိသတ်တွေ၊ အနုပညာလောကသားတွေ အတွက် စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။
အကြည့်တွေက အသက်ပဲ မအေးသောင်းရယ်....
07/06/2020
အကြည့်တွေက အသက်ပဲ မအေးသောင်းရယ်....
07/06/2020
အိမ်ဝယ်လိုက်တော့အ မေကတော့အရမ်းပျော်နေတာအပြင်ထွက်လိုက် အထဲဝင်လိုက်နဲ့ သူ့သမီးအတွက်ဂုဏ်ယူနေတယ်.. ဒါပေမယ့်ရည်းစားမထားနဲ့ဆိုတာတော့နေ့တိုင်းကိုပြောနေတော့တာ ဆိုတဲ့ ဖြူဖြူထွေး
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၇-၆-၂၀၂၀)  ရက်နေ့၊ နံနက် (၈:၀၀)နာရီ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄...
07/06/2020
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၇-၆-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
၁။ (၆-၆-၂၀၂၀)ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၃၃၅) ခုကို စစ်ဆေးခဲ့ရာ၌ -
• COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် မတွေ့ရှိရပါ။
၂။ (၇-၆-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၄၀)ဦး ရှိပါသည်။
၃။ (၆-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် -
• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်နှင့် ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၁,၄၇၃)ခု၊
• ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၆၁)ခု၊
• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL - MDY)မှ ဓာတ်ခွဲနမူနာ (၂၇၇)ခုနှင့်
• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL – MLM) မှ ဓာတ်ခွဲနမူနာ (၂၃)ခု၊
စုစုပေါင်း ဓာတ်ခွဲနမူနာ (၁,၉၃၄)ခုအား စစ်ဆေးခဲ့ပါသည်။
, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
Address
Mandalay
Website
Alerts
Be the first to know and let us send you an email when News myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share