Sports Culture

Sports Culture $ ရမ်းလန်းတဲ့ သတင်းတေဖတ်ဖို့ Sport Culture Page https://t.me/SportsCulture789 ကို join လုပ်ထားပါ �

PSG နဲ့ အက်စတွန်ဗီလာတို့ရဲ့ ၂၀၂၆ Super Cup ပွဲမှာ ဘယ်သူအနိုင်ရမလဲ? 🔵🔴 PSG ဘာကြောင့် အသာရလဲ?PSG ရဲ့ အကြီးမားဆုံးအားသာချက်...
12/08/2026

PSG နဲ့ အက်စတွန်ဗီလာတို့ရဲ့ ၂၀၂၆ Super Cup ပွဲမှာ ဘယ်သူအနိုင်ရမလဲ?

🔵🔴 PSG ဘာကြောင့် အသာရလဲ?
PSG ရဲ့ အကြီးမားဆုံးအားသာချက်က “တစ်ဦးချင်းအရည်အသွေး + အသင်းလိုက်ကစားပုံ” နှစ်ခုလုံးရှိနေတာပါ။ လူးဝစ် အင်းနရစ်ရဲ့အသင်းက ဘောလုံးကိုင်ထားရုံနဲ့ မပြီးဘဲ ဘောလုံးပျောက်တာနဲ့ ချက်ချင်း Counter-pressing ပြန်လုပ်နိုင်ပါတယ်။ အလယ်တန်းက ဘောလုံးလည်ပတ်မှုကောင်းပြီး ရှေ့တန်းမှာ ခဗီချာ ခဗာရတ်စခီလီယာလို 1v1 ကစားနိုင်တဲ့သူရှိတာကြောင့် ဗီလာခံစစ်အတွက် အမြဲတမ်း အန္တရာယ်ရှိနေမှာပါ။
အထူးသဖြင့် ပွဲက တင်းကျပ်နေတဲ့အချိန်မှာ PSG ရဲ့ Individual Quality က အဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်။

🟣 ဗီလာရဲ့ အကြီးမားဆုံးပြဿနာ
ဒီပွဲမှာ ဗီလာအတွက် အခက်အခဲက “အဓိကကစားသမားတွေ မပါနိုင်တာ” ပါ။ အမ်မရီ အတည်ပြုထားသလို အမ်မီလီယာနို မာတီနက်ဇ်၊ အက်ဇ်ရီ ကွန်ဆာနဲ့ အိုလီ ဝက်ကင်းစ်တို့ မပါနိုင်ပါဘူး။ သူတို့ရဲ့ ပြီးခဲ့တဲ့ရာသီက ဇူလိုင် ၁၉ ရက်အထိ ဆက်ကစားခဲ့တာကြောင့် အမ်မရီက လေးပတ်အနားပေးထားတာဖြစ်ပါတယ်။

ဒါဟာ PSG လို ဥရောပထိပ်တန်းအသင်းနဲ့ ကစားရမယ့်ပွဲမှာ သေးသေးလေး မဟုတ်ပါဘူး။ မာတီနက်ဇ်မရှိတာက ဂိုးပေါက်မှာ အတွေ့အကြုံဆုံးရှုံးတာ၊ ကွန်ဆာမရှိတာက ခံစစ်အင်အား လျော့တာ၊ ဝက်ကင်းစ်မရှိတာက PSG ရဲ့ နောက်ကျောကို ပြန်တိုက်မယ့် အဓိကလက်နက်တစ်ခု ပျောက်သွားတာပါ။

⚔️ ဒါပေမယ့် ဗီလာကို လျှော့တွက်လို့မရ
အမ်မရီရဲ့ အားသာချက်က Tactical Football ပါ။ PSG ကို ဘောလုံးပိုင်ဆိုင်ခွင့်ပေးပြီး ကိုယ့်အသင်းကို ကျစ်ကျစ်လျစ်လျစ်ထားနိုင်ပါတယ်။ PSG ရဲ့ Full-back တွေ ရှေ့တက်လာတဲ့အချိန် Counter-Attack နဲ့ နောက်ကျောကို ပြန်ထိုးနိုင်ရင် ဗီလာမှာ ဂိုးရနိုင်တဲ့အခွင့်အရေး ရှိပါတယ်။ ဒါကြောင့် PSG က ဘောလုံးပိုကိုင်နိုင်ပေမယ့် ဗီလာက အခွင့်အရေးနည်းနည်းနဲ့ ပွဲကို ပြောင်းလဲနိုင်တဲ့အသင်းပါ။

🏆 ခန့်မှန်းချက်
“PSG 2-1 အက်စတွန်ဗီလာ”
PSG ကို အနိုင်ရဖို့ အခွင့်အရေးပိုများတဲ့အသင်းလို့ မြင်ပါတယ်။ ဒါပေမယ့် လွယ်လွယ်နဲ့ အနိုင်ရမယ့်ပွဲတော့ မဟုတ်ပါဘူး။ ရာသီအစပွဲဖြစ်တာကြောင့် နှစ်သင်းစလုံးရဲ့ Match Fitness က အပြည့်အဝမဖြစ်သေးနိုင်သလို၊ PSG ဘက်မှာလည်း ကမ္ဘာ့ဖလားနောက်ပိုင်း ပြန်လာတဲ့ ကစားသမားတွေကြောင့် ကြံ့ခိုင်မှုပိုင်း မေးခွန်းတွေ ရှိနေပါတယ်။ ပွဲကြိုခန့်မှန်းချက်အများစုကလည်း PSG ကို အသာပေးထားကြပါတယ်။

နောက်ဆုံးမှာတော့…

‘PSG က ဆုဖလားကို ပြင်သစ်ဆီ ပြန်သယ်သွားမယ်’ လို့ ခန့်မှန်းပါတယ်။” 🏆🔥

Netflix ရဲ့ မော်ရင်ဟိုမှတ်တမ်းရုပ်ရှင်မှာ ရီးရဲလ်ကွင်းလယ်လူဟောင်း ခီဒီယာရဲ့ ပြောဆိုမှုအရ  မော်ရင်ဟိုရဲ့ ပထမအကြိမ် ရီးယဲလ...
12/08/2026

Netflix ရဲ့ မော်ရင်ဟိုမှတ်တမ်းရုပ်ရှင်မှာ ရီးရဲလ်ကွင်းလယ်လူဟောင်း ခီဒီယာရဲ့ ပြောဆိုမှုအရ မော်ရင်ဟိုရဲ့ ပထမအကြိမ် ရီးယဲလ်မက်ဒရစ်နည်းပြဘဝရဲ့ အမှောင်ဘက်တစ်ခြမ်းကတော့ “ယုံကြည်မှု ပျက်ပြားသွားတဲ့ Dressing Room” ပါပဲ။

မော်ရင်ဟို ရီးယဲလ်မက်ဒရစ်ကို ကိုင်တွယ်နေချိန်မှာ အီကာ ကာဆီးလက်စ်နဲ့ ဆက်ဆံရေးက တဖြည်းဖြည်း အဆင်မပြေဖြစ်လာခဲ့တယ်။ ကွင်းအတွင်းက နည်းဗျူဟာတွေထက် ပိုပြီး ခက်ခဲလာတာကတော့ Dressing Room ထဲက အုပ်စုကွဲမှုပါ။

ကာဆီးလက်စ်နဲ့ စပိန်သားကစားသမားအုပ်စုဘက်ကို အခြားကစားသမားတွေပါ တဖြည်းဖြည်း နီးကပ်လာခဲ့ကြတယ်။ အဲဒီအထဲမှာ မော်ရင်ဟို အထူးယုံကြည်ခဲ့တဲ့ ကစားသမားတွေဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်လ်ဒိုနဲ့ ပေပေတို့ပါ ပါဝင်လာခဲ့တာက သူ့အတွက် ပိုပြီး နာကျင်စရာ ဖြစ်ခဲ့တယ်။

ဘာကြောင့်လဲဆိုတော့ မော်ရင်ဟိုဟာ သူတို့နှစ်ယောက်အတွက် အကြိမ်ကြိမ် ရပ်တည်ပေးခဲ့သူ ဖြစ်လို့ပါ။

အထူးသဖြင့် ပေပေကို မော်ရင်ဟိုက ယုံကြည်ပြီး အခွင့်အရေးပေးခဲ့တယ်။ ခရစ္စတီယာနိုကိုလည်း ပြင်ပက ဝေဖန်မှုတွေ တိုက်ခိုက်လာတဲ့အချိန်တိုင်း ပြင်းပြင်းထန်ထန် ကာကွယ်ပေးခဲ့တယ်။

ဒါကြောင့် ကိုယ်တိုင် ယုံကြည်ခဲ့တဲ့ ကစားသမားတွေက သူနဲ့ ဆန့်ကျင်ဘက်ဘက်မှာ ရပ်တည်လာတဲ့အခါ မော်ရင်ဟိုအတွက် ရိုးရိုးသားသား “နည်းပြနဲ့ ကစားသမား အဆင်မပြေမှု” တစ်ခုထက် ပိုခဲ့တယ်။

သူ့အမြင်မှာတော့ “သစ္စာဖောက်ခံရသလို” ခံစားခဲ့ရတာပါ။

Dressing Room ထဲက သတင်းတွေ မီဒီယာတွေဆီ ပေါက်ကြားလာတာ၊ Line-up တွေ အပြင်ကို ရောက်လာတာ၊ ကာဆီးလက်စ်နဲ့ ဆက်ဆံရေး ပိုမိုဆိုးရွားလာတာတွေက အခြေအနေကို ပိုပြီး ရှုပ်ထွေးစေခဲ့တယ်။

နောက်ဆုံးမှာတော့ မော်ရင်ဟိုဟာ ရီးယဲလ်မက်ဒရစ်မှာ သူ့ရဲ့ ပထမဆုံးနည်းပြသက်တမ်းကို အဆုံးသတ်ပြီး ထွက်ခွာခဲ့တယ်။

အဲဒီထွက်ခွာမှုဟာ ရလဒ်တွေကြောင့်တစ်ခုတည်း မဟုတ်ခဲ့ဘူး။

အသင်းအတွင်းက ယုံကြည်မှုတွေ ပျက်ပြားလာခဲ့တာ၊ ကစားသမားအုပ်စုတွေကြား ကွဲပြားမှုတွေ ဖြစ်လာခဲ့တာနဲ့ သူကိုယ်တိုင် ယုံကြည်ခဲ့တဲ့သူတွေဆီကနေ နားလည်မှုမရတော့တာတွေက မော်ရင်ဟိုအတွက် အဆုံးသတ်ကို ပိုနီးလာစေခဲ့တာပါ။

တစ်ချိန်က “Special One” အဖြစ် ရီးယဲလ်မက်ဒရစ်ကို ပြန်လည်တည်ဆောက်ဖို့ ရောက်လာခဲ့တဲ့ မော်ရင်ဟိုဟာ နောက်ဆုံးမှာတော့ “အသင်းကို အနိုင်ရအောင် ဦးဆောင်ဖို့ထက် Dressing Room ကို ထိန်းချုပ်ဖို့က ပိုခက်ခဲလာပြီ” ဆိုတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရတယ်။

သူ့အတွက် ရီးယဲလ်မက်ဒရစ်ဇာတ်လမ်းရဲ့ အနာကျင်ဆုံးအပိုင်းက ဆုဖလား မရတာ မဟုတ်ဘူး။

“ကိုယ်တိုင် ကာကွယ်ပေးခဲ့တဲ့သူတွေက ကိုယ့်ဘက်မှာ မရှိတော့တာ” ပဲ ဖြစ်ခဲ့ပါတယ်။

ဘဝရဲ့ အံ့ဩစရာအကောင်းဆုံး အလှည့်အပြောင်းတစ်ခု… ဂျော်ဂျီနာရဲ့ ဇာတ်လမ်းပါပဲ။ ❤️လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က မက်ဒရစ်မြို့က ဇိမ်ခ...
12/08/2026

ဘဝရဲ့ အံ့ဩစရာအကောင်းဆုံး အလှည့်အပြောင်းတစ်ခု… ဂျော်ဂျီနာရဲ့ ဇာတ်လမ်းပါပဲ။ ❤️

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က မက်ဒရစ်မြို့က ဇိမ်ခံပစ္စည်းဆိုင်တစ်ဆိုင်မှာ ကောင်တာနောက်ကနေ အလုပ်လုပ်ရင်း ကိုယ့်အိပ်မက်တွေအတွက် တိတ်တိတ်လေး ကြိုးစားနေခဲ့တဲ့ မိန်းကလေးတစ်ယောက် ရှိခဲ့ပါတယ်။ အဲဒီအချိန်က သူမဘဝဟာ ဘယ်လိုအမြင့်ကို ရောက်သွားမယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြပါဘူး။

ပြီးတော့… မထင်မှတ်ထားတဲ့ တွေ့ဆုံမှုတစ်ခု ရောက်လာခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုကတော့ ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးမားဆုံးကြယ်တစ်ပွင့်ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ပါပဲ။

သာမန်နေ့တစ်နေ့မှာ စတင်ခဲ့တဲ့ အဲဒီတွေ့ဆုံမှုလေးက နောက်ပိုင်းမှာ သူမရဲ့ ဘဝတစ်ခုလုံးကို ပြောင်းလဲပစ်ခဲ့ပါတယ်။ အခုဆိုရင် တစ်ချိန်က ဆိုင်ကောင်တာနောက်မှာ ရပ်နေခဲ့တဲ့ ဂျော်ဂျီနာဟာ ကမ္ဘာတစ်ဝှမ်းက လူသိများတဲ့ ရော်နယ်ဒိုနဲ့အတူ မိသားစုဘဝတစ်ခုကို တည်ဆောက်ထားနိုင်ခဲ့ပါပြီ။

ဒါပေမယ့် ဒီဇာတ်လမ်းရဲ့ တကယ့်အံ့ဖွယ်က ဇိမ်ခံဘဝ၊ ကျော်ကြားမှုနဲ့ ချမ်းသာကြွယ်ဝမှုတွေ မဟုတ်ပါဘူး။

တစ်ခါက မထင်မှတ်ဘဲ တွေ့ဆုံခဲ့တဲ့ လူနှစ်ယောက်ဟာ နှစ်တွေကြာလာတဲ့အခါ အတူတူ အိမ်မက်တွေတည်ဆောက်၊ မိသားစုတစ်ခုဖန်တီးပြီး ဘဝတစ်ခုလုံးကို အတူလျှောက်လှမ်းလာနိုင်ခဲ့တာပါပဲ။

တစ်နေ့တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ တွေ့ဆုံမှုလေးတစ်ခုက နောင်နှစ်ပေါင်းများစွာရဲ့ ဇာတ်လမ်းကို ရေးသားပေးနိုင်ပါတယ်။

ဘဝရဲ့ အကြီးမားဆုံးအလှည့်အပြောင်းတွေဟာ တစ်ခါတလေ ကိုယ်မျှော်လင့်ထားတဲ့နေရာမှာ မဟုတ်ဘဲ… လုံးဝမမျှော်လင့်ထားတဲ့ အချိန်နဲ့နေရာမှာပဲ စောင့်နေတတ်ပါတယ်။ ❤️

CR7 ရဲ့ ဘောလုံးဘဝမှာ “GOAT” ဆိုတဲ့ စကားလုံးနဲ့ မလုံလောက်သလို၊ အချစ်ရေးမှာလည်း အခုတော့ “HUSBAND” ဆိုတဲ့ Title တစ်ခု ထပ်တိ...
12/08/2026

CR7 ရဲ့ ဘောလုံးဘဝမှာ “GOAT” ဆိုတဲ့ စကားလုံးနဲ့ မလုံလောက်သလို၊ အချစ်ရေးမှာလည်း အခုတော့ “HUSBAND” ဆိုတဲ့ Title တစ်ခု ထပ်တိုးသွားပါပြီ! 💍

ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာတို့ရဲ့ နှစ်ပေါင်းများစွာကြာတဲ့ အချစ်ဇာတ်လမ်းက အခုတော့ လက်ထပ်လက်စွပ်တစ်ကွင်းနဲ့ တရားဝင်အခန်းသစ်တစ်ခန်းကို ဖွင့်လိုက်ပါပြီ။ ရော်နယ်ဒိုက လက်စွပ်ဝတ်ထားတဲ့ ပုံကို ထုတ်ဖော်ပြသလိုက်တာနဲ့ ပရိသတ်တွေကြားမှာတော့ “CR7 ရဲ့ နောက်ဆုံး Transfer က ဘယ်အသင်းလဲ?” ဆိုရင်… ဂျော်ဂျီနာရဲ့ အသင်းထဲကို အမြဲတမ်းစာချုပ်နဲ့ ဝင်သွားပြီလို့ပဲ ပြောရတော့မယ်။ 😂

အားလုံးမျှော်လင့်ထားသလိုမျိုး ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကို ရော်နယ်ဒိုက မလုပ်ခဲ့ဘဲ တိတ်ဆိတ်ရိုးရှင်းပြီး အဓိပ္ပာယ်အများကြီးပြည့်နှက်နေတဲ့ သာမန်မင်္ဂလာပွဲလေးကိုသာ ပြုလုပ်ခဲ့ဖွယ်ရှိပါတယ်။ အရင်းနှီးဆုံးသူတွေကလွဲရင် ဘယ်သူမှ မသိနိုင်ခဲ့တဲ့ ပွဲမျိုးကိုပဲ သူ သဘောကျခဲ့ပုံရပါတယ်။

ဘောလုံးကွင်းမှာ Defender တွေကို ကျော်ဖြတ်ခဲ့တဲ့ ရော်နယ်ဒိုကြီးက အခုတော့ Single FC ရဲ့ စာချုပ်ကို ဖျက်သိမ်းပြီး Marriage FC ကို အပြီးသတ်ပြောင်းရွှေ့သွားပါပြီ။

ကွင်းထဲမှာ ဆုဖလားတွေ အားလုံးနီးပါး သိမ်းပိုက်ပြီးသား CR7 အတွက်တော့ ဒီတစ်ကြိမ်ရတဲ့ ဆုဖလားက လက်ထဲကိုင်ပြီး အောင်ပွဲခံလို့မရပေမယ့် ဘဝတစ်လျှောက် အတူတူသယ်ဆောင်သွားရမယ့် အထူးဆုံးဆုဖလားတစ်လုံးပါပဲ။ ❤️💍

ဘလွန်းဒီအော်အိပ်မက်အတွက် ဒမ်ဘီလီရဲ့ “အဆုံးသတ်မယ့်အပတ်” 🏆အူစမန် ဒမ်ဘီလီအတွက်တော့ ဒီတစ်ပတ်က ပုံမှန်ရာသီအစပွဲတွေထက် အဓိပ္ပာ...
11/08/2026

ဘလွန်းဒီအော်အိပ်မက်အတွက် ဒမ်ဘီလီရဲ့ “အဆုံးသတ်မယ့်အပတ်” 🏆

အူစမန် ဒမ်ဘီလီအတွက်တော့ ဒီတစ်ပတ်က ပုံမှန်ရာသီအစပွဲတွေထက် အဓိပ္ပာယ်ပိုကြီးနေပါတယ်။ UEFA စူပါဖလားနဲ့ Trophée des Champions ပွဲ ၂ ပွဲစလုံးကို အလွန်အလေးအနက်ထားပြီး ကွင်းထဲမှာ အကောင်းဆုံးပုံစံနဲ့ ပြသဖို့ အာရုံစိုက်နေပါတယ်။

ဘလွန်းဒီအော်ဆုအတွက် ပြိုင်ဆိုင်မှုက နောက်ဆုံးအဆင့်ကို ရောက်လာချိန်မှာ ဆုဖလားတွေ၊ အရေးကြီးပွဲတွေမှာ ခြေစွမ်းပြနိုင်မှုတွေက ဒမ်ဘီလီရဲ့ အခွင့်အရေးကို ပိုပြီး အားကောင်းစေနိုင်ပါတယ်။

PSG အတွက်တော့ ဆုဖလား ၂ လုံးကို မျက်စိကျနေပြီး ဒမ်ဘီလီအတွက်တော့ ဒီပွဲတွေက သူ့နာမည်ကို ဘလွန်းဒီအော်ရဲ့ ထိပ်ဆုံးမှာ ပိုမိုခိုင်မာအောင် ရေးထိုးဖို့ အခွင့်အရေးကြီးတစ်ခုပါ။

ဒီတစ်ပတ်မှာ ဒမ်ဘီလီက ဆုဖလားတွေကိုသာ လိုချင်နေတာမဟုတ်ဘူး။ သူ့ရဲ့ ဘလွန်းဒီအော်အိပ်မက်ကိုပါ ပိုနီးကပ်လာအောင် လုပ်ပြချင်နေတာပါ။

“ဝိုး… ဒါကတော့ မဖြစ်မနေ ဖတ်သင့်တဲ့ အကြောင်းအရာတစ်ခုပါ…”ဝီလီယံ ပါချိုက သူ့ရဲ့ ကလေးဘဝနဲ့ မိသားစုကို တစ်ယောက်တည်း ရုန်းကန်ပ...
11/08/2026

“ဝိုး… ဒါကတော့ မဖြစ်မနေ ဖတ်သင့်တဲ့ အကြောင်းအရာတစ်ခုပါ…”

ဝီလီယံ ပါချိုက သူ့ရဲ့ ကလေးဘဝနဲ့ မိသားစုကို တစ်ယောက်တည်း ရုန်းကန်ပြီး ပြုစုပျိုးထောင်ခဲ့ရတဲ့ မိခင်ဖြစ်သူရဲ့ ခက်ခဲကြမ်းတမ်းတဲ့ဘဝအကြောင်းကို ရင်ဖွင့်ပြောပြလာပါတယ်။

“ကျွန်တော် မွေးတဲ့အချိန်ကတည်းက အဖေက မိသားစုကို ထားခဲ့တယ်…

မနက်ပိုင်းဆို အမေက ကျွန်တော့်အစ်မ တက်တဲ့ကျောင်းမှာ အစားအသောက်ဆိုင်လေး ဖွင့်ပြီး အမ်ပနာဒါလို အစားအသောက်တွေ ရောင်းခဲ့တယ်။

ညဘက်ရောက်ရင်တော့ အိမ်နီးချင်းတွေရဲ့ အဝတ်တွေကို လျှော်ပေးပြီး ဝင်ငွေနည်းနည်း ထပ်ရှာခဲ့တယ်။ အဲဒီအချိန်တုန်းက အဝတ်လျှော်စက်တွေ မရှိသေးဘူး။ အဝတ်တွေအားလုံးကို လက်နဲ့ပဲ လျှော်ခဲ့ရတယ်။

ပြီးတော့ ဝက်တွေလည်း ရှိသေးတယ်…

ကျွန်တော်တို့က တောင်ခြေရင်း၊ မြစ်နောက်ဘက်မှာ နေခဲ့ကြပြီး အိမ်နောက်ဖေးမှာ လယ်ယာလေးတစ်ခုလိုမျိုး ကိုယ်တိုင်လုပ်ထားတဲ့ မွေးမြူရေးခြံလေး ရှိခဲ့တယ်။

အခြေအနေမကောင်းတဲ့အချိန်ဆို ကြက်ပိန်ပိန်လေးတွေပဲ မွေးနိုင်တယ်။ အခြေအနေနည်းနည်းကောင်းလာရင်တော့ ဝက်တွေ မွေးနိုင်တယ်။

ဒါပေမယ့် ဝက်တွေကို ဘာနဲ့ကျွေးမလဲ?

အစားအစာအကြွင်းအကျန်တွေ၊ စွန့်ပစ်ပစ္စည်းတွေကိုပဲ စုဆောင်းပြီး ကျွေးရတာ။ အရမ်းညစ်ပတ်တဲ့အလုပ်ပေါ့။

ပြီးတော့ ဝက်တွေကို ဘယ်သူက သွားကျွေးရလဲ?

‘ဝီလီယံ! အခုချက်ချင်းလာခဲ့စမ်း!’”

ပါချိုဟာ အိမ်နီးချင်းတွေရဲ့ အိမ်တံခါးတွေကို လိုက်ခေါက်ပြီး သူတို့အိုးထဲက အစားအစာအကြွင်းအကျန်တွေ၊ စွန့်ပစ်ပစ္စည်းတွေကို စုဆောင်းကာ ဝက်တွေကို ကျွေးခဲ့ရပါတယ်။

ဒီလိုဘဝမျိုးကြောင့် သူ့ကို တခြားကလေးတွေက လှောင်ပြောင်ခဲ့ကြပါတယ်။ လူကြီးတွေရဲ့ အထင်အမြင်သေးတဲ့အကြည့်တွေကိုလည်း သူ ခံစားခဲ့ရပါတယ်။

“တချို့လူတွေရဲ့ မျက်လုံးတွေထဲမှာတောင် အဲဒီအရာကို ကျွန်တော် ခံစားမိတယ်။ အဲဒါက ကိုယ့်ရင်ထဲမှာ အမှတ်အသားတစ်ခုလို ကျန်ခဲ့တယ်…”

ဆင်းရဲဒုက္ခတွေကြားမှာ မိခင်နဲ့အတူ ဘဝကို ရုန်းကန်ဖြတ်သန်းခဲ့ရတဲ့ ကလေးတစ်ယောက်ကနေ ယနေ့ PSG ရဲ့ ထိပ်တန်းကစားသမားတစ်ဦးအဖြစ် ရပ်တည်လာနိုင်ခဲ့တာကတော့ ဝီလီယံ ပါချိုရဲ့ ဘဝဇာတ်လမ်းထဲက မယုံနိုင်စရာအကောင်းဆုံးအပိုင်းတစ်ခုပါ။

“ဆာလာရဲ့ ခန္ဓာကိုယ်ကို မြင်လိုက်တာနဲ့ အောင်မြင်မှုနောက်ကွယ်က အလုပ်ကြိုးစားမှုကို ခန့်မှန်းလို့ရတယ်”မိုဟာမက် ဆာလာရဲ့ ခန္ဓ...
11/08/2026

“ဆာလာရဲ့ ခန္ဓာကိုယ်ကို မြင်လိုက်တာနဲ့ အောင်မြင်မှုနောက်ကွယ်က အလုပ်ကြိုးစားမှုကို ခန့်မှန်းလို့ရတယ်”

မိုဟာမက် ဆာလာရဲ့ ခန္ဓာကိုယ်ပုံစံက သာမန်ဘောလုံးသမားတစ်ယောက်ထက် ပိုပြီး ထူးခြားနေပါတယ်။ ဝမ်းဗိုက်ကြွက်သားတွေ ထင်ရှားသလို ခြေထောက်ကြွက်သားတွေကလည်း အလွန်တောင့်တင်းပြီး အားကစားသမားတစ်ယောက်ရဲ့ ကြံ့ခိုင်မှုအပြည့်အဝကို မြင်တွေ့ရပါတယ်။

AI ခန့်မှန်းချက်အရ ခန္ဓာကိုယ်အဆီရာခိုင်နှုန်း ၈% ဝန်းကျင်ရှိနိုင်တယ်လို့ ဆိုထားတာကြောင့် ဆာလာရဲ့ Fitness အဆင့်က ဘယ်လောက်အထိ မြင့်မားနေသလဲဆိုတာကို ပိုပြီး စိတ်ဝင်စားစရာ ဖြစ်စေပါတယ်။

မြန်မြန်ပြေးနိုင်တာ၊ ခံနိုင်ရည်ကောင်းတာ၊ တစ်ပွဲလုံး အရှိန်မကျဘဲ ကစားနိုင်တာတွေရဲ့ နောက်ကွယ်မှာ ဒီလိုခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ နေ့စဉ်လေ့ကျင့်မှုတွေ ရှိနေတာပါ။

“အီဂျစ်ဘုရင်ရဲ့ ခြေထောက်တွေက ဂိုးသွင်းဖို့အတွက်ပဲ မဟုတ်ဘူး… နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့တဲ့ အလုပ်ကြိုးစားမှုတွေကိုပါ သက်သေပြနေတယ်။”

အခွင့်အရေးတစ်ခါ ဆုံးရှုံးခဲ့ပေမယ့်… အိုမာ အာတန်ရဲ့ နောက်ထပ်အခွင့်အရေးက ပိုကြီးမားနေပြီ 🔥 တစ်ချိန်က ကမ္ဘာ့ဖလားစင်မြင့်ပေါ...
11/08/2026

အခွင့်အရေးတစ်ခါ ဆုံးရှုံးခဲ့ပေမယ့်… အိုမာ အာတန်ရဲ့ နောက်ထပ်အခွင့်အရေးက ပိုကြီးမားနေပြီ 🔥

တစ်ချိန်က ကမ္ဘာ့ဖလားစင်မြင့်ပေါ်မှာ ဒိုင်အဖြစ် တာဝန်ယူဖို့ အဆင်သင့်ဖြစ်နေခဲ့ပေမယ့် ဗီဇာပြဿနာကြောင့် အခွင့်အရေးဆုံးရှုံးခဲ့ရတဲ့ ဆိုမာလီယာသား ဒိုင်လူကြီး အိုမာ အာတန် ဟာ အခုတော့ မယုံနိုင်စရာအခွင့်အရေးတစ်ခုကို ပြန်လည်ရရှိလာပါပြီ။

သူ့ရဲ့ နာကျင်စရာအတွေ့အကြုံကို အတိတ်မှာပဲ ထားခဲ့ပြီး ဆက်လက်ကြိုးစားခဲ့တဲ့ အာတန်ကို UEFA က PSG နဲ့ အက်စတွန်ဗီလာတို့ရဲ့ UEFA Super Cup ဗိုလ်လုပွဲ ကို ကိုင်တွယ်ဖို့ ရွေးချယ်လိုက်တာပါ။

ဒါဟာ ပွဲတစ်ပွဲကို ကိုင်တွယ်ရုံမဟုတ်ဘဲ ဆိုမာလီယာဘောလုံးသမိုင်းအတွက်ပါ အမှတ်တရဖြစ်စေမယ့် အခိုက်အတန့် ဖြစ်လာပါတယ်။ ဥရောပသားမဟုတ်တဲ့ ဒိုင်တစ်ဦးအနေနဲ့ UEFA Super Cup ဗိုလ်လုပွဲကို ကိုင်တွယ်မယ့် သမိုင်းဝင်အခွင့်အရေးလည်း ဖြစ်ပါတယ်။

အာတန်ရဲ့ဇာတ်လမ်းက ထူးခြားတာက သူ့ကို ရပ်တန့်စေခဲ့တဲ့ အခက်အခဲတစ်ခုက သူ့ရဲ့အဆုံးသတ် မဖြစ်ခဲ့တာပါပဲ။ ကမ္ဘာ့ဖလားကို လွဲချော်ခဲ့ရပေမယ့် အဲဒီထက်ပိုကြီးမားတဲ့ စင်မြင့်တစ်ခုမှာ ကိုယ့်တန်ဖိုးကို ပြန်လည်သက်သေပြဖို့ အခွင့်အရေး ရလာခဲ့ပါတယ်။

ကမ္ဘာ့ဖလားကို မကိုင်တွယ်နိုင်ခဲ့တဲ့ အာတန်… အခုတော့ ဥရောပရဲ့ ထိပ်တန်းအသင်းနှစ်သင်း ယှဉ်ပြိုင်မယ့် Super Cup ဗိုလ်လုပွဲကို ကိုင်တွယ်တော့မယ်။

တစ်ခါတလေ အခွင့်အရေးတစ်ခုပျောက်ဆုံးသွားတာဟာ ဇာတ်လမ်းရဲ့အဆုံးမဟုတ်ပါဘူး… ပိုကြီးမားတဲ့ အခန်းသစ်တစ်ခန်းရဲ့အစ ဖြစ်နိုင်ပါတယ်။ 🇸🇴🏆🔥

မိုင်ယာမီမှာ MSN ပြန်လည်ဆုံစည်းနိုင်မလား? 🔥ဘရာဇီးလက်ရွေးစင်ဟောင်း ဖီလီပီ မယ်လို ရဲ့ ပြောကြားချက်အရ နေမာဟာ ၂၀၂၇ ဇန်နဝါရီမ...
10/08/2026

မိုင်ယာမီမှာ MSN ပြန်လည်ဆုံစည်းနိုင်မလား? 🔥

ဘရာဇီးလက်ရွေးစင်ဟောင်း ဖီလီပီ မယ်လို ရဲ့ ပြောကြားချက်အရ နေမာဟာ ၂၀၂၇ ဇန်နဝါရီမှာ အင်တာမိုင်ယာမီကို ပြောင်းရွှေ့လာနိုင်တယ် လို့ ဆိုပါတယ်။

အဆိုပါသတင်းတွေကသာ အမှန်တကယ်ဖြစ်လာခဲ့မယ်ဆိုရင် နေမာနဲ့ လီယွန်နယ် မက်ဆီတို့ တစ်ဖန်ပြန်လည်ဆုံတွေ့ခွင့် ရလာနိုင်ပါတယ်။

ဒါပေမယ့် ဝမ်းနည်းစရာကောင်းတဲ့ အချက်တစ်ခုက ရှိနေပါတယ်။

လူးဝစ် ဆွာရက်ဇ်ရဲ့ အင်တာမိုင်ယာမီစာချုပ်ဟာ ၂၀၂၆ ရာသီအကုန်မှာ သက်တမ်းကုန်ဆုံးဖို့ ရှိနေပါတယ်။ ဒါကြောင့် ၂၀၂၆ ရာသီအပြီးမှာ ဆွာရက်ဇ် အသင်းကနေ ထွက်ခွာသွားနိုင်ပြီး၊ သူ့ရဲ့ အံ့မခန်းဘောလုံးသမိုင်းကြောင်းရဲ့ နောက်ဆုံးအခန်းလည်း အဲဒီနေရာမှာပဲ အဆုံးသတ်သွားနိုင်ပါတယ်။

အဲဒီလိုသာ ဖြစ်လာခဲ့ရင်…
မိုင်ယာမီမှာ မက်ဆီနဲ့ နေမာတို့ ပြန်လည်ဆုံစည်းတာကို မြင်ရနိုင်ပေမယ့် ဆွာရက်ဇ်တော့ မပါဝင်တော့နိုင်ပါဘူး။

တစ်ချိန်က ဘာစီလိုနာမှာ ဘောလုံးလောကကို လွှမ်းမိုးခဲ့တဲ့ MSN — မက်ဆီ၊ ဆွာရက်ဇ်၊ နေမာ သုံးယောက်ကို နောက်ဆုံးတစ်ကြိမ် ပြန်လည်မြင်တွေ့ရမယ့် အိပ်မက်ကတော့ မပြည့်စုံနိုင်တော့မယ့် အခြေအနေမျိုးပါ။

🔥 ချယ်လ်ဆီးကိုတောင် တုန်လှုပ်သွားစေခဲ့တဲ့ JDT! မလေးရှားချန်ပီယံ Johor Darul Ta’zim (JDT) ဟာ ရာသီကြိုခြေစမ်းပွဲမှာ ချယ်လ်...
10/08/2026

🔥 ချယ်လ်ဆီးကိုတောင် တုန်လှုပ်သွားစေခဲ့တဲ့ JDT!

မလေးရှားချန်ပီယံ Johor Darul Ta’zim (JDT) ဟာ ရာသီကြိုခြေစမ်းပွဲမှာ ချယ်လ်ဆီးကို ၃-၃ သရေ နဲ့ အကြီးအကျယ် ဖိအားပေးနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးက ဘောလုံးပိုင်ဆိုင်မှု ၆၀% နဲ့ အသာစီးရခဲ့ပေမယ့် JDT ကတော့ အခွင့်အရေးတွေကို ထိထိရောက်ရောက် ဖန်တီးနိုင်ခဲ့ပြီး ဂိုးပေါက်တည့်ကန်ချက် ၆ ကြိမ် အထိ ရှိခဲ့ပါတယ်။ တစ်ဖက်မှာ ချယ်လ်ဆီးက ဂိုးပေါက်တည့်ကန်ချက် ၅ ကြိမ်သာ ရှိခဲ့တာကလည်း JDT ရဲ့ တိုက်စစ်အင်အားကို ပြသနေပါတယ်။

အထူးသဖြင့် JDT ဟာ ပွဲပြီးခါနီးအထိ ၃-၂ နဲ့ ဦးဆောင်ထားခဲ့ပြီး ချယ်လ်ဆီးကို နာမည်ကြီးအရှုံးတစ်ပွဲနဲ့ ပြန်ပို့နိုင်မယ့်အခြေအနေအထိ ရောက်ခဲ့တာပါ။ ဒါပေမယ့် မိနစ် ၈၉ မှာ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာကြောင့် ချယ်လ်ဆီးက သရေတစ်မှတ်နဲ့ လွတ်မြောက်သွားခဲ့ပါတယ်။

ပိုပြီး အံ့အားသင့်စရာကောင်းတာက JDT ဟာ ပြည်တွင်းပြိုင်ပွဲမှာ ၁၀၈ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတဲ့အသင်း ဖြစ်ပြီး၊ နောက်ထပ်တစ်ပွဲသာ မရှုံးခဲ့ရင် ပြည်တွင်းပြိုင်ပွဲ ရှုံးပွဲမရှိစံချိန်ကို ကမ္ဘာ့အဆင့်မှာ ချိုးဖျက်နိုင်တော့မှာပါ။

ပေါင်သန်းရာချီ အသုံးပြုထားတဲ့ ချယ်လ်ဆီးကို မလေးရှားချန်ပီယံ JDT က သုံးဂိုးသွင်းပြီး အနိုင်ယူလုနီးပါးအထိ ဖြစ်ခဲ့တာကတော့ တကယ့်ကို ရာသီကြိုပွဲရဲ့ အကြီးမားဆုံးအံ့အားသင့်စရာတွေထဲက တစ်ခုပါပဲ။ ဒါပေမယ့် အေစီမီလန်နဲ့ပွဲအပြီးမှာ ချယ်လ်ဆီးက သိပ်မကြာခင် ကစားခဲ့တာမို့ လူငယ်အများအပြားကို ထည့်သွင်းအသုံးပြုခဲ့ရပါတယ်။ 🔥⚽️

Address

67x68x 62
Mandalay

Website

Alerts

Be the first to know and let us send you an email when Sports Culture posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share