Myat Su-Shop

Myat Su-Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myat Su-Shop, Digital creator, Mandalay.

ဆံသားကျန်းမာရေး အတွက် Haircare နှင့်

အမျိုသမီးတွေအတွက် အကျိုးရှိတဲ့ တကယ်လိုအပ်တဲ့
ကျန်းမာရေးဖြည့်စွက်စာများကို

အာမခံနဲ့ ရောင်းပေးနေတဲ့ မမြတ်ဆုပါရှင်

စိတ်ချယုံကြည်စွာ အားပေးလို့ရပါတယ်ရှင့်

☎️09778645448🔸🔸🔸

30/10/2025

အမျိုးသား ​ေ ဆး လို့တောင် ခေါ်ကြတာရှင် မိန်းမ မှာ မီး ယောက်ျားမှာ ဆီးတဲ့ 👍 အမျိုးသားမှာ ဆီးပူဆီးကျင် ဆီးကျန်တာများ အတွက် အရမ်းကို ကောင်းတဲ့ ပုလဲသူ ယိုပါရှင် #မမြတ်ဆု

ဆံပင် ဆေးမဆိုးခင်သိထားရမဲ့ အရေးကြီးဆုံးအချက်များ💢အရေးကြီးဆုံးက တော့ ကိုယ့် ရဲ့ ဆံပင် အမျိုးစား ပါပဲ။မျက်နှာ အရေပြားမှာ O...
29/10/2025

ဆံပင် ဆေးမဆိုးခင်သိထားရမဲ့
အရေးကြီးဆုံးအချက်များ💢

အရေးကြီးဆုံးက တော့
ကိုယ့် ရဲ့ ဆံပင် အမျိုးစား ပါပဲ။
မျက်နှာ အရေပြားမှာ Oily skin , dry skin ရှိသလို
ဆံပင်မှာလဲ ရှိပါတယ်။ ကိုယ့်ရဲ့ ဆံပင်အမျိုးစားကိုသိမှ
အဲ့ဆံပင်နဲ့ သင့်တော်တဲ့ ဆေးကို ရွေးခြယ်နိုင်မှာဖြစ်ပါတယ်။

ဆေးဆိုးမယ်လို့ ပလန်ရှိရင်
ဆေးမဆိုးခင် ဆံသား
ကျန်းမာရေးကို ပြင်ဆင်ထားရပါမယ်။
ဆေးမဆိုး ခင် တပတ်လောက် အလိုမှာ
ကြိုပြီးတော့ ဆံသားကို အာဟာရ ဖြည့်ပေးတာမျိုးပေါ့။

အထူးသတိပြုရမဲ့ တချက်ကတော့
ဆေးမဆိုးခင် ခေါင်းမလျော်ပဲ ဆိုးပါ။
ဉပမာ ကိုယ်က သဘက်ခါ ဆေးဆိုးမယ်ဆိုရင်
ဒီနေ့နဲ့ မနက်ဖြန်ကို ခေါင်းမလျော်ပဲနေပါ။
ဒါဆိုရင်တော့ ဆံပင်မှာရှိတဲ့ သဘာဝအဆီက
ဦးရေပြားကိုဆိုးဆေးမှာပါတဲ့ chemical ဒဏ်ကနေ
ကာကွယ်ပေးပါတယ်။

တချို့က ဆေးမဆိုးခင်ခေါင်းလျော်ပေးမှ
ကျေနပ်ကြတာ တွေ အရမ်းမြင်ဖူးပါ့။
ဆေးဆိုးပြီးရင် သေချာလျော်ပေးပါတယ်ဆိုလဲ
မရဘူး ။ခေါင်းမလျော်ပဲ ဒီတိုင်းဆိုးမလို့လား
အမလေး ‌အမလေး လျော်ပေး လျော်ပေးနဲ့
အရမ်းတတ်နေကြသော ဆရာမကြီးများရှိတယ်။

အကုန်လုံး ပြည့်စုံပြီဆိုရင် ဆံပင် ဆေးစဆိုးလို့ရပါပြီ။

Ammonia free ဖြစ်ရပါမယ်။
Chemical နည်းရပါမယ်။
ကျွမ်းကျင်တဲ့ stylist ဖြစ်ရပါမယ်။

ကိုယ့်ဘာသာ အိမ်မှာဆိုးလို့ရတယ်ဆိုရင်
ဘယ်သူမှ အချိန်ကုန် ငွေကုန်ခံ
ခေါင်းအစားခံပြီး stylist သင်တန်း တတ်ကြမှာ
မဟုတ်ပါဘူး ။ သတိပြုဖို့ပါ။
TikTok မှာ ကိုယ့်ဘာသာ အိမ်မှာဆိုးလိုက်တာ
လှသွားပြီ ဘာညာ ဆိုတာ view တတ်ဖို့လောက်
ရိုက်တင်ကြတာ အပြင်မှာ သူတို့ ဆံပင်ကာလာ
သွားကြည့် ကွက်နေတာနဲ့ ကာလာမညီတာနဲ့
ဆေးမညီတာနဲ့ တွေ့ရလိမ့်မယ်။

ဒါကတော့ ဆေးဆိုးဖို့ အစီစဉ်ရှိရင်
သတိပြုရမဲ့ အချက်တွေပါ။

နောက်တခုကတော့ ဆေးဆိုးပြီဆိုရင် မေးကြတဲ့
မေးခွန်းတွေ ကို ဒီ post မှာ တခါထဲ ထည့်ဖြေပေး
လိုက်ပါမယ်ရှင်။

Question... ဆေးဆိုးတာ ဘယ်လောက်ခံလဲ။
ဘယ်နှစ်လ တခါ ပြန်ဆိုးရမှာလဲ ။

Answer..... ဆေးဆိုးတာက ဆံပင်ရှည်လာရင်
မူရင်းဆံပင်နဲ့ ဆေးဆိုးထားတဲ့ကာလာကြား
လက်နှစ်လုံးလောက် ကွာလာရင် ပြန်ဆိုးပေးရပါတယ်။
ပုံမှန်ဆိုရင်ပေါ့နော်။ တချို့ ချွတ်ဆေးသုံးပြီးဆိုးတဲ့
Crazy color တွေကတော့ ဆိုးပြီး နှစ်ပတ်လောက်ဆို
အရောင်တွေ ကျကုန်ပါပြီ။ အဲ့ကြ ပြန်တင်မလား။
ဒီတိုင်းနေပြီး အရင်းဆံပင်အရောင်နဲ့ လက်နှစ်လုံးကွာလာမှ
ပြန်ဆိုးမလား ပေါ်မူတည်ပါတယ်။အချိန်ကာလအားဖြင့်
နှစ်လတကြိမ် ပြန်ဆိုးပေးရပါတယ်။

တကယ်လို့ ကိုယ်ဆိုးထားတာက အရောင်အရင့်
အညိုရင့် ဘာညာဆိုရင် မူရင်းဆံပင်ကလဲ အမည်းဆိုရင်
ကာလာ သိပ်မကွာတဲ့ အတွက် လက်လေးလုံးငါးလုံး
ဟတဲ့ ထိနေလဲ မသိသာပါဘူး ။ အဲ့လို ကာလာမျိုးဆိုရင်တော့
သုံးလတခါလောက်မှ ဆိုးလဲ ရပါတယ်။

ဆံပင်အဖြူများလို့ ဆေးဆိုးရတဲ့သူတွေကတော့
တလတကြိမ်ဆိုးပေးရမှာ ဖြစ်ပါတယ်။
ဆိုးရမဲ့ ကာလာ ကတော့ အဖြူဖုံးသီးသန့်ကာလာတွေပဲ
ရပါမယ်နော်။

Question.... ဆေးခဏခဏ ဆိုးရင်ဦးရေ ထိခိုက်နိုင်လား။

Answer....... ဆေးခဏခဏဆိုးရင် ထိခိုက်နိုင်တာပေါ့။
Chemical အနည်းဆုံးပါတာသုံးကြတယ်ဆိုပေမဲ့လဲ
ခဏခဏဆိုရင်တော့ ထိခိုက်တာပါပဲ။
ဒါတောင်တချို့ဆိုင်တွေက ဆေးအညံ့စားတွေ
Chemical အပြင်းစားတွေ သုံးပေးလိုက်တာခံရ ရင်
ပိုတောင် ထိခိုက် နိုင်ပါသေးတယ်။

❣️ဘယ်လိုကာကွယ်ရမလဲ။
ဆေးဆိုးပြီးတာနဲ့ သုံးရမဲ့ shampoo နဲ့ ပေါင်းဆေးကို
ဆေးဆိုးထားသူတွေသုံးရတဲ့ အမျိုးစားပြောင်းသုံးပြီး
ကာကွယ်လို့ရပါတယ်။ နောက်တခါဆိုးတဲ့အခါ ခံနိုင်ရည်
ရှိအောင်လို့ပါ။ ဆံသားကို အားဖြည့်ပေးပါ။
လိုအပ်တဲ့ Treatment ယူပါ။ Hair mask ၊ Hair serum
သေချာလေး ဂရုတစိုက် သုံးပေးပြီး ကာကွယ်သွားလို့
ရပါတယ်။

Question....ဆံပင်ဆေးဆိုးပြီးနောက် ကာလာ မကျအောင်နဲ့
ဆံသား မပျက်စီးအောင်ထိန်းသိမ်းနည်း ပြောပြပေးပါ။

Answer.....
ခေါင်းလျော်ရည်နဲ့ ပေါင်းဆေးကို ဆေးဆိုးဆံသားများ
အတွက်ထုတ်ထားတာကို သုံးပေးပါ ။
ရိုးရိုး ခေါင်းလျော်ရည်တွေနဲ့ ဗောက်သက်သာတဲ့
ခေါင်းလျော်ရည်တွေက ဆိုးထားတဲ့ ကာလာကို
အမြန်ကျစေနိုင်တဲ့ အတွက်ကြောင့်ပါ။

ခေါင်းခဏခဏ မလျော်ပါနဲ့။
ဆေးဆိုးထားတဲ့ဆံပင်တွေ ခဏခဏ လျော်ရင်
ကာလာကျပါတယ်နော်။

ရေပူနဲ့ မလျော်ပါနဲ့ ။ရေနွေးနဲ့ခေါင်းလျော်တာက
ဆံသားတွေကို ပွင့်စေပြီး အရောင်တွေကို ကျစေပါတယ်။

အပူချောင်းတွေကိုမသုံးပါနဲ့။ကာလာပြောင်းစေပါတယ်။
ကောက်စက်ဖြောင့်စက်တွေက ထွက်လာတဲ့အပူတွေက
ဆံပင်ကို ပိုပျက်စီးစေပြီး အရောင်ကိုမှိန်စေလို့ပါ။
မဖြစ်မနေသုံးရမယ်ဆိုရင် heat protect spray လေးအရင်သုံးပြီးမှ အပူချောင်းသုံးပါ။

နေရောင်ခြည် ကို ရှောင်ရပါမယ်။
နေပူမိထားတဲ့ ဆံပင်တွေက မွဲခြောက်ပြီး
ကြမ်းတမ်းတတ်ပါတယ်။ မျက်နှာ sunscreen လိမ်းသလို
ဆံပင်ကိုလဲ ကာကွယ်ရပါမယ်။ ထီးဆောင်း၊ဦးထုပ်
ဆောင်းတာမျိုး။

ဆံပင်ဆေးဆိုးပြီးတဲ့ ဆံသားက ပိုပြီး
ခြောက်ပြီးကြမ်းတတ်တာ သဘာဝပါပဲ။
ဒါကြောင့် Hair Treatment တွေ ပုံမှန်လုပ်ပေးရပါမယ်။
မလုပ်နိုင်တောင် အနည်းဆုံးတော့ hair mask သေချာလေး
သုံးပေးဖို့ လိုပါတယ်‌နော်။

ဒီအချက်တွေကိုလိုက်နာမယ်ဆိုရင်တော့
ဆိုးထားတဲ့ ကာလာကို တာရှည်ခံစေပြီး
ဆံသားပျက်စီးမှုကိုလဲ သက်သာစေမှာဖြစ်ပါတယ်။

ဆေးဆိုးတာနဲ့ ပတ်သက်ပြီး သိချင်တာရှိရင်
မေးခဲ့ လို့ရပါတယ်။

ဆံပင်ဆေးဆိုးဖို့ အစီစဉ်ရှိရင် မြတို့ဆိုင်လေးကို
သတိရပေးပါဦးရှင်။ color promotion လေးလဲ
ရှိပါတယ်ရှင်။

အားလုံးပဲ ကျန်းမာ ပျော်ရွင်ချမ်းမြေ့ပါစေ။

ချစ်တဲ့ မြမြ 🩷🩷🩷


28/10/2025

5 နှစ်ကြာ ထိန်နေတဲ့ ရာသီလာစေတဲ့ ပုလဲသူ 🥰 #မမြတ်ဆု #ပုလဲသူအမျိုးသမီးယို

Premium hair oil လေး ၁၀ ဘူးတဲ့ အရောင်းသွက်တာလေးမို့ ဒုတိယအကြိမ် လက်ကားအမှာလေး ☺️လက်ကားပေးလားမေးကြလို့ Nora Set မြတ်ဆုဆီ ...
28/10/2025

Premium hair oil လေး ၁၀ ဘူးတဲ့
အရောင်းသွက်တာလေးမို့ ဒုတိယအကြိမ် လက်ကားအမှာလေး ☺️

လက်ကားပေးလားမေးကြလို့

Nora Set မြတ်ဆုဆီ လက်လီ/လက်ကား ရပါတယ်ရှင်

Nora လေးသုံးပြီးရောင်းရင်း ဝင်ငွေရချင်တဲ့သူတွေ
10 ဘူးကစ လက်ကား စရပါပြီရှင့် ☺️📌


#မမြတ်ဆု

ရာသီထိန် ရာသီနည်း ရာသီလာချိန် ကိုက်ခဲနာကျင်တက်တဲ့အမျိုးသမီးတွေကို ကူညီမယ့် ပုလဲသူယို ရန်ကုန်မန်းလေး သံဖြူဇရပ် ပို့ပြီရှင...
27/10/2025

ရာသီထိန် ရာသီနည်း ရာသီလာချိန် ကိုက်ခဲနာကျင်တက်တဲ့အမျိုးသမီးတွေကို ကူညီမယ့် ပုလဲသူယို

ရန်ကုန်
မန်းလေး
သံဖြူဇရပ်

ပို့ပြီရှင် 📌📌

25/10/2025

အကြွင်းအကျန်များနေရင် မပေါ့ဆသင့် #ပုလဲသူအမျိုးသမီးယို #မမြတ်ဆု

Address

Mandalay

Telephone

+959778645448

Website

Alerts

Be the first to know and let us send you an email when Myat Su-Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myat Su-Shop:

Share