21/12/2024
ပညာနဲ့ ပတ်သက်လာရင် အငြင်းပွားဖွယ်ရာ အများကြီးရှိပါတယ်။
တချို့က ကျောင်းတွင်းအတန်းပညာစုံနေရင် ပညာတတ်လို့ ထင်တယ်။ လုပ်ငန်းတစ်ခုမှာ ထူးခြား ကျွမ်းကျင်နေရင် ပညာရှင်လို့ ဆိုတယ်။ စာအုပ်ပေါင်းများစွာ ဖတ်လို့ အသိဉာဏ်ကြွယ်ဝရင် ပညာရှိလို့ အကြမ်းဖျင်း ထင်ထားသတ်မှတ်ထားကြတယ်။
အမှန်တကယ်တမ်း ပညာတတ်တိုင်း ပညာရှင်မဖြစ်နိုင်သလို ပညာတတ်ပြီး ပညာရှင်ဖြစ်တိုင်းလည်း ပညာရှိမဖြစ်နိုင်ပါဘူး။ လူ့အဖွဲ့အစည်းတစ်ခုမှာ ပညာတတ်များပြီး ပညာရှင်မပေါ်ထွန်းရင် ဒီလူ့အဖွဲ့အစည်းဟာ တိုးတက်လာဖို့ ဝေးပါတယ်။
အဲ့ဒီလိုပဲ ပညာရှင်တွေရှိပြီး နောင်လာမယ့်မျိုးဆက်သစ်တွေကို ပညာရှိတွေဖြစ်အောင် မစွမ်းဆောင်ပေးနိုင်ရင်လည်းပဲ ဒီလူ့အဖွဲ့အစည်းထဲမှာ လူတစ်စုကိုပဲ ကောင်း စားသွားစေနိုင်ပါတယ်။ ဒါကြောင့် ပညာတတ်၊ ပညာရှင်တစ်ယောက်ဖြစ်နေပေမဲ့လည်း ပညာပြည့်ဝ နှလုံးလှဖို့ရာ အကောင်းအဆိုး ဘေးထွက်ဆိုးကျိုး ကောင်းကျိုးမှန်သမျှကို ဆင်ခြင်နိုင်စွမ်းရှိတဲ့ ပညာရှိဖြစ်ဖို့လည်း လိုသေးတယ်။
# Credit