07/11/2021
ခြုံလွှာလက်ဆောင်
❄️❄️❄️❄️❄️❄️
တေးရေး ▶️ ဂီတာစိုးသိန်း
တေးဆို ▶️ တွံတေးသိန်းတန်
ပျံ့ပျံ့ငယ် သင်း လေညင်း သုန်သုန်
ဝတ်မှုန်ရည်ခိုင်ညှာဝင်း ကြိုင်စွာသင်း မြိုင်ယံအတွင်း
မွှေး ရနံ့ထုံရှာ ရဂုံဝဠာဆီက မို့မို့မှိုင်း
ရှုလေတိုင်း ဖြေမဆည်နိုင်တာ
ဆွေးသူမှာ လွမ်းအားပိုလို့
အသည်းဘဝင် မချိစရာ
(ဝသန်လွန်မြောက်လို့ ဆောင်းဦးလည်း ရောက်ပြန်လေပြီ တစ်ခါ
မိုးထက်တိမ်းပန်း ခက်ညွန့်ဝေဝေဆာ
လေသာပြတင်းက မျှော်ရင်းစောင့်နေမှာ
တနယ်ဆီခြား ချစ်ကျွမ်းသူများ
လွမ်းတာ ဆွေးတာ ဖယ်ကာထားလို့ ဖြေသိမ့်ရပေမှာ
ချစ်သူရှိမည့်နေရာ မျှော်ရည်မှန်းလို့
မောင်ကြီးအရောက်လာမှာ)၂
(ညိုမရောင်ပြာလဲ့ ဇာချဲ့တဲ့ဗွေအာကာမှာ
တိမ်လွှာ တိမ်ရိပ်က မှေးစက်လို့မပျော်နိုင်တာ
သီးခေါင်မြင့်ဖျား မိုးအလား တောင်ထွဋ်များစွာ
ဝန်းရံလို့ ခြံရံကာ မောင့်ချစ်သူ မယ်တစ်ပါး
ချမ်းရှာရော့မှာ အေးရှာရော့မှာ
နွေးစေမယ့် ကမ္ဗလာခြုံလွှာ
အဝေးအရပ်ဆီက မောင်ကြီးစေတနာ
ပါးလိုက်ချင်ပါရဲ့ သည်ဆောင်းဟေမန်ခါ)၂