MFP TV

MFP TV မန္တလေးနဲ့ စစ်ကိုင်းတိုင်း သတင်းတွေ အထူးပြု တင်ဆက်နေတဲ့ သတင်းဌာန

မန္တလေးမှာ ပေါ်တာဆွဲ၊ စစ်သားသစ် စုနေတဲ့ ရာအိမ်မှူးကို စစ်ထဲကနေ မသေဘဲ ပြန်လာနိုင်တဲ့ လူငယ်က ဓားနဲ့ ထိုး၊Phoenix/MFP၊ သြဂု...
12/08/2026

မန္တလေးမှာ ပေါ်တာဆွဲ၊ စစ်သားသစ် စုနေတဲ့ ရာအိမ်မှူးကို စစ်ထဲကနေ မသေဘဲ ပြန်လာနိုင်တဲ့ လူငယ်က ဓားနဲ့ ထိုး၊

Phoenix/MFP၊ သြဂုတ် - ၁၂

မန္တလေးမြို့မှာ လူငယ်လူရွယ်တွေကို ဖမ်းဆီး၊ ပေါ်တာဆွဲ၊ ငွေညှစ်ကာ အာဏာသိမ်း စစ်အုပ်စုအတွက် အသေခံ စစ်သားသစ် စုဆောင်းပေးနေတဲ့ ရပ်ကွက်ရာအိမ်မှူးဆိုသူကို စစ်ထဲကနေ မသေဘဲ ပြန်လာနိုင်တဲ့ လူငယ်တစ်ဦးက ဓားနဲ့ထိုးမှု မနေ့ညက ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဩဂုတ် ၁၁ ရက် ည ၇နာရီကျော်အချိန် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံ အလယ်ရပ်ကွက်ရှိ စစ်အုပ်စုခန့် ရာအိမ်မှူး အသက် ၆၀ ကျော်အရွယ် ဦးနိုင်ဝင်းဆိုသူ လက်ဖက်ရည်ဆိုင် ထိုင်နေချိန် လူငယ်တစ်ဦးက ဓားနဲ့ ဝင်ထိုးတာလို့ ဆိုပါတယ်။

ဦးနိုင်ဝင်းဟာ စစ်အုပ်စုနဲ့ ပူးပေါင်းကာ လူငယ်တွေကို ပေါ်တာဆွဲ၊ ငွေညှစ်နေသူဖြစ်ပြီး ငွေမပေးနိုင်သူတွေကို အသေခံစစ်သားအဖြစ် အသုံးချနိုင်ဖို့ စစ်အုပ်စုလက်အပ်နေသူ ဖြစ်တယ်လို့ မန္တလေးမြေပြင် ကင်းထောက်အဖွဲ့ Mdy Revolution က ဖော်ပြပါတယ်။

“နိုင်ဝင်းက ရပ်ကွက်နေပြည်သူများကို စစ်မှုထမ်းကြေးဟုဆိုကာ အဓမ္မ ငွေညှစ်နေပြီး ထိုသို့ ငွေကြေး အများအပြား တောင်းခံခြင်းကို မကျေနပ်သဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု ကနဦး သိရ၊ ထို့ပြင် နိုင်ဝင်းမှာ အမှတ် ၈ ရဲစခန်းမှ ရဲများနှင့် ပူးပေါင်းပြီး ရပ်ကွက်အပေါ် အနိုင်ကျင့်ခြင်း၊ လှည့်ကင်း ပတ်ကင်းများတွင် လိုက်ပါခြင်းများ ကျူးလွန်နေသူ ဖြစ်ကြောင်း သိရ” လို့ Mdy Revolution က ဖော်ပြပါတယ်။

အဲ့ဒီ ဦးနိုင်ဝင်းကို ဓားနဲ့ ထိုးတဲ့ လူငယ်ဟာ စစ်မှုထမ်း အပတ်စဉ် ၂ ကနေ (၂၀၂၄ ဧပြီမှာ အသေခံ စစ်သားအဖြစ် စုဆောင်းခံရသူ) ပြန်လာသူ ဖြစ်တယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။

ဦးနိုင်ဝင်းဆိုသူ အသက်မသေဘဲ ဆေးရုံပို့ထားရပြီး ကျူးလွန်သူ လူငယ်ကိုတော့ သူ့ရဲ့ နေအိမ်မှာ သွားရောက် ဖမ်းဆီးခဲ့ကာ အမှတ် ၈ ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။

မန္တလေးမြို့ အပါအဝင် နိုင်ငံတဝန်းမှာ ၂၀၂၄ မတ်လက စလို့ တစ်လကို လူ ၅၀၀၀ နှုန်း စစ်အုပ်စုက စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပြီး စုဆောင်းရရှိလာသူတွေကို ရက်တို စစ်သင်တန်းပေး၊ လက်နက် ထုတ်ပေးကာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေဆီ ပို့လွှတ်ပြီးနောက် စစ်တိုက်ခိုင်းတာ ဖြစ်ပါတယ်။

စစ်အုပ်စုအတွက် အသေခံ စစ်သားအဖြစ် အသုံးချနိုင်ဖို့ ဦးနိုင်ဝင်းလို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က လူရှာပေးရပြီး ဆင်းရဲသား၊ အလုပ်သမားတွေကို ပစ်မှတ်ထား ပေါ်တာဆွဲဖမ်းဆီးကာ ငွေမပေးနိုင်သူတွေကို စစ်အုပ်စုလက် အပ်တာ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမှာ စစ်အုပ်စုအတွက် စစ်သားသစ် စုပေးနေတဲ့ ရာအိမ်မှူးတွေကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo - စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#အညာ #စစ်ကိုင်း #မူးမြစ်သဖန်းဆိပ်ဆည် #ရေဘေးဒုက္ခ

ကားလမ်း ရေကျော်တဲ့ ရွာတချို့ကို မုန့်ဝေပြီးနောက် စစ်ကိုင်းနဲ့ မန္တလေးတိုင်းထဲ ရေဘေး ကယ်ဆယ်ရေး လုပ်နေတယ်လို့ စစ်အုပ်စု ဝါ...
12/08/2026

ကားလမ်း ရေကျော်တဲ့ ရွာတချို့ကို မုန့်ဝေပြီးနောက် စစ်ကိုင်းနဲ့ မန္တလေးတိုင်းထဲ ရေဘေး ကယ်ဆယ်ရေး လုပ်နေတယ်လို့ စစ်အုပ်စု ဝါဒဖြန့်၊

လူသေဆုံးတဲ့အထိ ရေဘေးသင့်တဲ့ ရွာတွေဘက် ကယ်ဆယ်ရေး မလုပ်နိုင်အောင် စစ်ကိုင်းတံတားထိပ်ကနေ တားဆီးပိတ်ပင်၊

ဒေါ်လာ/MFP၊ ဩဂုတ် - ၁၂

စစ်ကိုင်းမြို့နယ်၊ မန္တလေး - မုံရွာ ကားလမ်းပေါ်ရှိ ရေကျော်နေတဲ့ ညောင်ပင်ဝန်းရွာနဲ့ မတ္တရာမြို့နယ်၊ မန္တလေး - မိုးကုတ် ကားလမ်းပေါ်ရှိ ရေကျော်နေတဲ့ တံငါကျေးရွာက ဒေသခံတချို့ကို ခေါက်ဆွဲခြောက် ထုပ် ပေးဝေကာ အခမ်းအနားနဲ့ ဓာတ်ပုံရိုက်ပြီးနောက် စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းထဲ ရေဘေး ကူညီ ကယ်ဆယ်ရေးတွေ လုပ်နေတယ်လို့ အာဏာသိမ်း စစ်အုပ်စုက ဝါဒဖြန့်ပါတယ်။

နှစ်စဉ် မိုးရာသီရောက်တိုင်း ရေကျော်၊ ရေတက်လေ့ရှိတဲ့ မတ္တရာနယ် တံငါရွာနဲ့ စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရွာဆီ ဩဂုတ် ၁၀ရက်နဲ့ ၁၁ရက်တွေမှာ အာဏာသိမ်း စစ်အုပ်စုက သွားရောက်ပြီးနောက် ခေါက်ဆွဲခြောက်နဲ့ အစားအသောက်တချို့ ပေးဝေကာ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းထဲ ရေဘေးကူညီ ကယ်ဆယ်ရေး လုပ်နေတယ်လို့ စစ်အုပ်စုက သတင်းစာနဲ့ ရုပ်သံတွေကနေ ဝါဒဖြန့်တာ ဖြစ်ပါတယ်။

စစ်အုပ်စုခန့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဆိုသူဟာ နောက်လိုက်နောက်ပါတွေနဲ့အတူ ဩဂုတ် ၁၁ရက်က စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရွာကို သွားရောက်ပြီး ကားလမ်းရေကျော်တာကို ကြည့်ရှု့ကာ ဒေသခံတွေကို အစားအသောက်တွေ ပေးဝေခဲ့တယ်လို့ စစ်အုပ်စု သတင်းစာတွေမှာ ဖော်ပြပါတယ်။

စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာဟာ မူးမြစ်နဲ့ ဧရာဝတီမြစ်ဆုံရာ နေရာအနီးဖြစ်လို့ မကြာခဏ ကားလမ်း ရေကျော်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ မန္တလေး - မိုးကုတ် ကားလမ်းပေါ်ရှိ မတ္တရာနယ်၊ တံငါရွာ ရေမြုပ်နေလို့ဆိုပြီး မန္တလေးရှိ မီးသတ်တချို့ကို စစ်အုပ်စုက သွားခိုင်းကာ ရေဘေးကယ်ဆယ်ရေး လုပ်နေကြောင်း ဝါဒဖြန့်ခဲ့ပါတယ်။

မတ္တရာနယ် တံငါရွာဟာလည်း နှစ်စဉ် မိုးရာသီ၊ တံငါချောင်း ရေတက်ချိန်တိုင်း ရေကြီးလေ့ရှိပြီး မန္တလေး - မိုးကုတ် ကားလမ်း ရေကျော်လို့ အသွားအလာ ခေတ္တရပ်ဆိုင်းရတာမျိုး မကြာခဏ ကြုံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ မတ္တရာနယ်ထဲ စစ်ရှုံးလို မန္တလေး - မိုးကုတ် ကားလမ်း၊ မတ္တရာနယ်၊ တံငါရွာကို နှစ်နှစ်ကျော်ကြာ ခြေမချနိုင်ဘဲ လက်လွှတ်ခဲ့ရတာကြောင့် ကားလမ်းရေကျော်တာကို ယခုမှ ကြုံတာ ဖြစ်မယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ မိုးရွာတာနဲ့ သဖန်းဆိပ်ဆည် ရေဖောက်ချခံရလို့ လူသေဆုံးသည်အထိ ရေဘေးဒုက္ခ ကြုံနေရတဲ့ စစ်ကိုင်းတိုင်း၊ မူးမြစ်ရိုးတလျှောက်ရှိ ကျေးရွာတွေဘက် ကယ်ဆယ်ရေး ပစ္စည်းတွေ မပို့နိုင်အောင် စစ်အုပ်စုက စစ်ကိုင်းတံတားထိပ်ကနေ တားဆီးပိတ်ဆို့တာ၊ ခြိမ်းခြောက်တာတွေ လုပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်၊

စစ်အုပ်စုက ဩဂုတ် ၅ရက်နဲ့ ၆ရက်တွေမှာ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ကနေ ရုတ်တရက် ရေတွေ ဖောက်ချတာကြောင့် ဆည်ရဲ့ အောက်ဘက် မူးမြစ်ရိုးတလျှောက်ရှိ ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ရွှေဘို၊ ဝက်လက်၊ အရာတော်၊ စစ်ကိုင်းနဲ့ မြင်းမူ စတဲ့ မြို့နယ်တွေက ကျေးရွာ ၂၀၀ ကျော် ဩဂုတ် ၆ရက်က စလို့ ရေမြုပ်နေကာ လူဦးရေ သိန်းနဲ့ချီ ရေဘေးဒုက္ခ ခံစားနေကြရပါတယ်။

အဲ့ဒီ ရေဘေးကြောင့် ငါးရက်အတွင်း ဒေသခံပြည်သူ ၂၅ ဦး သေဆုံးကာ ရေမျောပါ ပျောက်ဆုံးသူတွေ ရှိသလို လမ်းတံတားတွေ၊ တာတမံတွေနဲ့ အိုးအိမ် အများအပြားလည်း ရေစီးမျောပါ ပျက်စီးခဲ့ပါတယ်။

မန္တလေး - မုံရွာ ကားလမ်းပေါ်ရှိ ရေကျော်တဲ့ ကျေးရွာတချို့ကို အစားအသောက် ဝေပြီးနောက် စစ်ကိုင်းတိုင်းထဲ ရေဘေးကယ်ဆယ်ရေး လုပ်နေကြောင်း စစ်အုပ်စုက ဝါဒဖြန့်စဉ်/Photo - စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#အညာ #စစ်ကိုင်း #မူးမြစ်သဖန်းဆိပ်ဆည် #ရေဘေးဒုက္ခ

12/08/2026

အညာရေဘေး သေဆုံးသူ ၂၅ ဦးအထိရှိလာပြီး လူဦးရေ နှစ်သိန်းကျော် အရေးပေါ် အကူအညီတွေလိုအပ်၊
စစ်အုပ်စုက ရေဘေးသွားကူမယ့်သူတွေကို တားဆီးခြိမ်းခြောက်တာတွေ ပြုလုပ်နေ၊

MN/MFP ၊ ဩဂုတ် - ၁၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည် ရေဖောက်ချခဲ့တာကြောင့် မူးမြစ်ရိုးတလျှောက်က မြို့နယ် ၁၁ ခုမှာ ရေဘေးကြောင့် သေဆုံးခဲ့ရတဲ့ ဒေသခံပြည်သူ စုစုပေါင်း ၂၅ ဦးထိ ရှိလာပြီလို့ မြေပြင်သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာရှိတဲ့ သဖန်းဆိပ်ဆည်ဟာ ဩဂုတ် ၅ ရက်နဲ့ ၆ ရက်မှာ ဆည်ရေပြည့်မှတ်နီးလာလို့ဆိုပြီး ပြည်သူတွေကို ကြိုတင်အသိမပေးဘဲ ရုတ်တရက် ရေလွှတ်ခဲ့တာကြောင့် ဆည်အောက်ပိုင်း မူးမြစ်ရိုးတလျှောက်မှာရှိတဲ့ ကျေးရွာပေါင်း ၂၀၀ ကျော် ရေကြီးနစ်မြုပ်နေတာ ခြောက်ရက်ကြာ ရှိလာခဲ့ပြီဖြစ်သလို ရေဘေးကြောင့် သေဆုံးသူ စာရင်းတွေပါ နေ့စဉ်တိုးလာနေတာ ဖြစ်ပါတယ်။

ဩဂုတ် ၆ ရက်ကနေ မနေ့က ဩဂုတ် ၁၀ ရက်အထိစာရင်းတွေအရ ကျွန်းလှမြို့နယ်မှာ ရှစ်ဦး၊ ကန့်ဘလူမြို့နယ်မှာ အမျိုးသား နှစ်ဦး၊ တန့်ဆည်မြို့နယ်မှာ အမျိုးသား သုံးဦး၊ ရေဦးမြို့နယ်မှာ အမျိုးသား တစ်ဦး၊ ခင်ဦးမြို့နယ်မှာ အမျိုးသမီး တစ်ဦး၊ ဒီပဲယင်းမြို့နယ်မှာ အမျိုးသမီး ခုနစ်ဦး၊ ရွှေဘိုမြို့နယ်မှာ အမျိုးသား နှစ်ဦးနဲ့ ဝက်လက်မြို့နယ်မှာ အမျိုးသား တစ်ဦး စုစုပေါင်း သေဆုံးသူ ၂၅ ဦးအထိ ရှိခဲ့ပြီး ပျောက်ဆုံးနေသူတွေပါ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာရှိတဲ့ သဖန်းဆိပ်ဆည်ကနေ ဩဂုတ် ၅ ရက်နဲ့ ၆ ရက်မှာ ရေလွှတ်ချခဲ့တာကြောင့် ဆည်အောက်ပိုင်း မူးမြစ်ရိုးတလျှောက်မှာရှိတဲ့ ကျွန်းလှ၊ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ရွှေဘို၊ ဒီပဲယင်း၊ ဝက်လက်၊ အရာတော်၊ မြင်းမူ၊ စစ်ကိုင်း စတဲ့ မြို့နယ်တွေက ကျေးရွာပေါင်း ၂၀၀ ကျော်မှာ ရေကြီးနစ်မြုပ်နေတာ ခြောက်ရက်ကြာ ရှိလာခဲ့ပြီဖြစ်ပြီး မြင်းမူနဲ့ စစ်ကိုင်းမြို့နယ်တွေကတော့ ဒီရက်ပိုင်းအတွင်းမှ ရေစတင်နစ်မြုပ်လာတာဖြစ်ပါတယ်။

လက်ရှိ စစ်ကိုင်းနဲ့ မြင်းမူမြို့နယ်ထဲက ကျေးရွာအချို့မှာ နေအိမ်တွေထဲ ရေက ခြောက်ပေကျော်အထိ ရေကြီးနစ်မြုပ်နေတာကြောင့် ကိုယ်ဝန်ဆောင်သည်တွေနဲ့ သက်ကြီးရွယ်အိုတွေကို အရေးပေါ်ကယ်ထုတ်ပေးနေရပြီး အိမ်မွေးတိရစ္ဆာန်တွေနဲ့ လယ်ယာသုံးနွားတွေလည်း ရေစီးနဲ့မျောပါ သေဆုံးတာတွေပါ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ဆိုထားပါတယ်။

“ကယ်ဆယ်ရေးကတော့ မရှိသေးဘူးဗျ။ ကိုယ့်အချင်းချင်းပဲ ပြန်ကယ်နေကြရတာ။ ဗိုက်ကြီးသည်တွေတို့ သက်ကြီးရွယ်အိုတွေတို့ ရွှေ့ပေးနေရတာ။ ဟိုတနေ့ကဆိုရင် မွေးကာစ ကလေးလေးနဲ့ မိသားစု နှစ်စု ရေမြုပ်နေလို့ သွားကယ်ရသေးတယ်။ အဲဒါဆိုရင် ကံကောင်းလို့မို့ ကျွန်တော်တို့ မြန်မြန်ရောက်တာရယ်၊ ဘေးနားက လှေရှိတာရယ်ကြောင့်မို့လို့ မသေတာပေါ့နော်။ မဟုတ်လို့ရှိရင် မိသားစုတွေ အသက်ဆုံးရှုံးရဦးမှာ။ အခုလောလောဆယ်မှာတော့ အသက်သေဆုံးတဲ့သူတော့ ကျွန်တော်တို့ရွာမှာ မရှိသေးဘူး။ ကျွန်တော်တို့ နွားတွေကတော့ ပုံမှန်ရေပြင်ကို ဖြတ်ကူးရတာမဟုတ်ဘူးပေါ့နော်။ မူးမြစ် ရေတိုးနေတာကို ကမ်းလုံးပြည့်နေတာကို ဖြတ်ကူးရတာဆိုတော့ မျောပါသွားရင်လည်း ဆယ်လို့ရတဲ့ အတိုင်းအတာထိတော့ ဆယ်ကြတာပေါ့။ မဆယ်နိုင်တော့တဲ့ဟာတွေတော့ ဒီအတိုင်း လက်လွှတ်လိုက်ရတာတွေက (နွား) ၁၅ ကောင်ကျော်လောက်တော့ရှိတယ်”လို့ မြင်းမူနယ်ထဲက မူးမြစ်ကမ်းဘေးကျေးရွာမှာနေထိုင်တဲ့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

မြင်းမူမြို့နယ်အရှေ့ခြမ်းနဲ့ စစ်ကိုင်းမြို့နယ်အနောက်ခြမ်းဟာ မူးမြစ်နဲ့ ဧရာဝတီမြစ်ဆုံရာ ဒေသဖြစ်တာကြောင့် လက်ရှိမှာ ရေကြီးနစ်မြုပ်မှုပိုမိုဆိုးရွားနေသလို ရေအမြန်ပြန်ကျဖို့လည်း ခက်ခဲနိုင်တယ်လို့ ဒေသခံတွေက ဆိုထားပါတယ်။

လက်ရှိအချိန်မှာ ရေကြီးနစ်မြုပ်တာတွေ ဆက်လက်ဖြစ်ပွားနေပြီး ကူညီကယ်ဆယ်ရေးတွေ မနိုင်မနင်းဖြစ်နေသလို ရေဘေးသင့်ပြည်သူတွေဆီ သွားရောက်မယ့်သူတွေကိုလည်း စစ်အုပ်စုက စစ်ကိုင်းတံတား (ရတနာပုံတံတား)ထိပ်မှာ တားဆီးစစ်ဆေးကာ ကယ်ဆယ်ရေးပစ္စည်းတွေကို သယ်ယူဖြတ်သန်းခွင့်မပေးဘဲ နောက်ပြန်လှည့်ခိုင်းနေတယ်လို့ ရေဘေးသင့်ပြည်သူတစ်ဦးက ပြောပါတယ်။

“ကျွန်တော့်တို့ဆီက အခုရေဘေးကို မန္တလေးကနေပြီးတော့ ကူကြမယ့်သူတွေ လာလှူကြမယ့် ကျွန်တော့်ရဲ့ မိတ်ဆွေတွေရှိတယ်။ ဒါပေမဲ့ စစ်ကိုင်းတံတား(ရတနာပုံတံတား)က အဖြတ်မခံလို့ဆိုပြီးတော့ သူတို့ လာလို့မရဘူး။ အသက်ကယ်လှေပါ မဖြတ်ခိုင်းတာ”လို့ သူကဆိုပါတယ်။

အလားတူ ရေဘေးဒုက္ခဆိုးရွာစွာ ကြုံတွေ့နေရဆဲဖြစ်တဲ့ ရွှေဘိုခရိုင်မှာလည်း စစ်အုပ်စုခန့်ထားတဲ့ ရွှေဘိုခရိုင် ရဲမင်းကြီးဆိုသူက မြို့ထဲကနေ ရေဘေးသွားရောက်ကူညီမယ့်သူတွေကို အကြမ်းဖက် အားပေးမှုနဲ့ နေအိမ်တွေကို ချိတ်ပိတ်မယ်ဆိုပြီး ခြိမ်းခြောက်တာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ရွှေဘိုခရိုင်ရဲမင်းကြီးက မြို့ထဲကနေ ရေဘေးသွားကူမယ့်သူတွေကို အကြမ်းဖက်အားပေးမှု မြောက်တာဖြစ်တဲ့အတွက် နေအိမ်တွေကို ချိတ်ပိတ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်။ ရေဘေးကို သွားလှူဖို့လုပ်နေသူတွေနဲ့ သူတို့ဆီကို ခွင့်လာတောင်းတဲ့သူတွေကို ပြောလိုက်တာ။ အဲဒီ ခရိုင်ရဲမင်းကြီးဆိုတဲ့သူက အသစ်ပြောင်းထားတဲ့သူလို့လည်း ကြားရတယ်”လို့ ရွှေဘို ဒေသခံက MFP ကို ပြောပါတယ်။

လက်ရှိမှာ မူးမြစ်ရိုးတလျှောက် ရေကြီးနစ်မြုပ်နေတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေကို ကူညီကယ်လုပ်ဆောင်ပေးရာမှာ အသက်ကယ် လှေ၊ အသက်ကယ်အင်္ကျီ(life-jacket)၊ သယ်ယူပို့ဆောင်ရေးအတွက် စက်လှေနဲ့လှေ စတဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ မလုံလောက်တာကြောင့် မြေပြင်မှာအခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တာဝန်ရှိသူက MFP ကို ပြောပါတယ်။

“အသက်ကယ်လှေတို့ အသက်ကယ်အင်္ကျီတို့တော့ လိုအပ်နေပါသေးတယ်ဗျာ။ ကူညီကယ်ဆယ်ရေးမှာ အဲဒါတွေ လိုအပ်နေတော့ လုပ်ရကိုင်ရတာ ခက်ခဲပြီး အချိန်ကြာနေပါတယ်ဗျ။ အခုကတော့ ကျွန်တော်တို့ ကူညီကယ်ဆယ်ရေးတွေ ဆက်လုပ်နေပါတယ်။ ဆေးဝါးကတော့ မြွေဆိပ်ဖြေဆေးတို့ ရေသန့်တို့ စက်လှေတို့ လိုနေပါတယ်။ စက်လှေနဲ့ ထမင်းထုပ်ကို(ရေဘေးသင့်ပြည်သူဆီ) တနေ့ကို နှစ်ကြိမ်ပို့ရတော့ စက်လှေမလုံလောက်တဲ့အခါ အခက်ခဲဖြစ်တယ်ဗျ။ ပြီးတော့ ရေထဲကိုဆင်းပြီးတော့ သွားပို့ရတယ်။ အန္တရာယ်များသလို အချိန်လည်းကြာပါတယ်။ စက်လှေအတွက်သုံးတဲ့ စက်သုံးဆီဈေးတွေက တစ်လီတာကို တစ်သောင်းကျော်နေတော့ တနေ့ကို စက်လှေအတွက် (ကျပ်)သုံးသိန်းကနေ ငါးသိန်းကြား ကုန်နေပါတယ်”လို့ ရွှေဘိုမြို့နယ်-ပကဖ တာဝန်ရှိသူက ပြောပါတယ်။

စစ်အုပ်စုက သဖန်းဆိပ်ဆည် ရေဖောက်ချခဲ့တာကြောင့် မူးမြစ်ရိုးတလျှောက်မှာရှိတဲ့ ကန့်ဘလူမြို့နယ်မှာ ကျေးရွာ ၁၄ ရွာ၊ တန့်ဆည်နယ်က ကျေးရွာ ၂၀ ဝန်းကျင်၊ ရေဦးနယ်က ကျေးရွာ ၅၀ ဝန်းကျင်၊ ခင်ဦးနယ်က ကျေးရွာ ၂၀ ကျော်၊ ဒီပဲယင်းနယ်က ကျေးရွာ ၂၀ ကျော်၊ ရွှေဘိုနယ်က ကျေးရွာ ၁၈ ရွာ၊ ဝက်လက်နယ်က ကျေးရွာ ၂၀ ဝန်းကျင်၊ အရာတော်နယ် ၁၅ ရွာကျော်၊ စစ်ကိုင်းနယ် ကျေးရွာ ၂၀ နီးပါးနဲ့ မြင်းမူနယ်က ကျေးရွာ ၂၀ ကျော် စုစုပေါင်း မြို့၊ရွာ ၂၀၀ ကျော် ရေကြီးနစ်မြုပ်နေပြီး ပြည်သူနှစ်သိန်းကျော် ရေဘေးသင့်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေဘေးသင့် ကျေးရွာအများအပြားက ဧကသိန်းနဲ့ချီတဲ့ လယ်ယာ သီးနှံစိုက်ခင်းအများအပြားပါ ရေဝင်နစ်မြုပ်ပျက်စီးနေတယ်လို့ ဒေသခံတွေက ဆိုထားပါတယ်။

မူးမြစ်ရိုးတလျှောက်က ရာနဲ့ချီတဲ့ ကျေးရွာတွေကို ရေကြီးနစ်မြုပ်မှုတွေဖြစ်ပေါ်စေခဲ့တဲ့ သဖန်းဆိပ်ဆည်ရဲ့ ဆည်ရေပြည့်မှတ်(စိုးရိမ်ရေမှတ်)ဟာ ၅၄၅ ပေသာဖြစ်ပြီး ဒီကနေ့ ဩဂုတ် ၁၁ ရက်မနက်ပိုင်း တိုင်းတာချက်တွေအရ သဖန်းဆိပ်ဆည်မှာ စိုးရိမ်ရေမှတ်အထက် ၅၄၅ ဒသမ ၅၇ ပေနဲ့ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိနေဆဲဖြစ်တယ်လို့ ဆည်ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းက မြင်းမူမြို့နယ်အတွင်း ရေဘေးသင့်မှုအခြေအနေ/ ဓာတ်ပုံ -ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#အညာ #စစ်ကိုင်း #မူးမြစ်သဖန်းဆိပ်ဆည် #ရေကြီးရေလျှံ

12/08/2026

ရေကြီးနေချိန် စစ်အုပ်စုက ဖောင်းပြင်မြို့နယ်က ရွာတွေကို ဗုံးပတ်ကြဲ၊ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ သက်ကြီးရွယ်အိုတစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရ

ကိုသူ / MFP၊သြဂုတ်- ၁၂

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်အတွင်းက ကျေးရွာလေးရွာကို စစ်အုပ်စုက ဗုံးပတ်ကြဲနေသလို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်း လုပ်နေတာကြောင့် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး၊ သက်ကြီးရွယ်အို အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ ဒီနေ့ သြဂုတ်လ ၁၁ ရက် နေ့လည်ပိုင်းမှာ ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ရေကြီးနေချိန် မြစ်ကမ်းနံဘေးမှာ တည်ရှိတဲ့ ကျေးရွာလေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သလို မြို့ပေါ်ကနေ လက်နက်ကြီးနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#အညာ #စစ်ကိုင်း #ဖောင်းပြင် #ဗုံးကြဲ

ရွှေဘိုမှာ ရေဘေးကယ်ဆယ်နေတဲ့ ပကဖ ရဲဘော်တစ်ဦး မြွေကိုက်ခံရပြီး အသက်ဆုံးပါး၊ရွှေဘိုမြို့နယ်မှာတင် ရွာ ၂၅ ရွာက လူ နှစ်သောင်း...
12/08/2026

ရွှေဘိုမှာ ရေဘေးကယ်ဆယ်နေတဲ့ ပကဖ ရဲဘော်တစ်ဦး မြွေကိုက်ခံရပြီး အသက်ဆုံးပါး၊

ရွှေဘိုမြို့နယ်မှာတင် ရွာ ၂၅ ရွာက လူ နှစ်သောင်းကျော် ရေဘေးသင့်နေပြီး ဆေးဝါးနဲ့ အစားအသောက် အရေးပေါ် လို၊

ကိုသူ / MFP၊ ဩဂုတ် - ၁၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မူးမြစ်ရိုးရှိ ရေကြီးနစ်မြုပ်နေတဲ့ ကျေးရွာတွေအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ ရဲဘော်တစ်ဦး ဩဂုတ် ၁၀ရက်က မြွေကိုက် (ပိုးထိ) လို့ အသက်ဆုံးပါးခဲ့ရတယ်လို့ နီးစပ်သူတွေက MFP ကို ပြောပါတယ်။

ဩဂုတ် ၁၀ရက်က မနေ့က နေ့လည်ပိုင်း ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာမှာ ရေဘေးသင့် ပြည်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ရွှေဘိုမြို့နယ် ပကဖ က လူငယ်ရဲဘော်တစ်ဦး မြွေကိုက် (ပိုးထိ) လို့ အသက်ဆုံးပါးခဲ့ရတာလို့ ဆိုပါတယ်။

မြွေကိုက်ခံရချိန် မြွေဆိပ်ဖြေဆေး အလွယ်တကူ မရရှိတာနဲ့ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ ပြတ်တောက်နေလို့ ဆေးရုံဆေးခန်းရှိရာ အချိန်မီ မသွားရောက်နိုင်တာကြောင့် ဆုံးပါးရတာ ဖြစ်တယ်လို့ စစ်ကိုင်း ဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ - လူသားချင်းစာနာကူညီရေး၊ ပြန်လည် ထူထောင်ရေးနှင့် အရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန - ရွှေဘိုမြို့နယ် လူသားချင်း စာနာ ကူညီရေး အဖွဲ့ဝင် ဦးအောင်ခိုင်က ပြောပါတယ်။

"ရေထဲပါလာတဲ့ ပိုးထိလို့ ဆုံးသွားတာ။ ခြေထောက်ကိုက်တာ"

ရွှေဘိုမြို့နယ်ထဲ ရေဘေးကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ပကဖ ရဲဘော်နဲ့ ရေဘေးသင့် ပြည်သူတချို့ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပိုးထိလူနာတွေ ရှိခဲ့ပြီး မြွေဆိပ်ဖြေဆေး အရေးပေါ် လိုအပ်နေတယ်လို့ ရွှေဘိုမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။

“ပိုးထိထားတဲ့ ပြည်သူ၊ ရဲဘော်တွေ ရှိပါတယ်ဗျ။ လမ်းပိုင်း ပြတ်တောက်သွားတာ ဖြစ်တဲ့အတွက် သွားရေး လာရေး ခက်ခဲသွားပါတယ်။ လောလောဆယ်မှာ ကျွန်တော်တို့ဆီမှာ ရှိထားတဲ့ မြွေဆိပ် ဖြေဆေးတွေနဲ့ ကုသမှု ပေးထားပါတယ်ဗျ။ မြွေဆိပ်ဖြေဆေးတွေလည်း ထပ်ပြီးတော့ လိုအပ်နေပါ တယ်ဗျ”

စစ်ကိုင်းတိုင်းအတွင်း မိုးသည်းထန် ရွာသွန်းချိန် အာဏာသိမ်း စစ်အုပ်စုက ဩဂုတ် ၅ရက်နဲ့ ၆ရက်တွေမှာ သဖန်းဆိပ်ဆည်ရေ ဖောက်ချတာကြောင့် ရွှေဘိုနယ် အပါအဝင် ဆည်ရဲ့ အောက်ဘက် မူးမြစ်ရိုး တလျှောက်ရှိ မြို့၊ရွာ ၂၀၀ ကျော် ဩဂုတ် ၆ရက်က စတင်ကာ ရေကြီးနစ်မြုပ်နေတာ ဖြစ်ပါတယ်။

ရွှေဘိုမြို့နယ် တနယ်တည်းမှာတင်ပဲ မူးမြစ်ရိုးတလျှောက်ရှိ ကြောင်ရှာတော၊ ရေကြည်ဝ၊ ထူးကြီး၊ တည်ပင်၊ သန်းတော၊ သံပုရာခြံ၊ မအူပင်၊ ရုံးတော၊ ညောင်ကိုင်း၊ ညောင်ပင်လှ၊ သောင်ထွဋ်ကိုင်း၊ ကူတိုးဆိပ်၊ ရေတော်မူ၊ ဝန်းစည်၊ သပွတ္တော၊ မင်းပေး၊ တညင်းကုန်း၊ တည်သီးတော စတဲ့ ကျေးရွာ ၂၅ ရွာက လူဦးရေ နှစ်သောင်းကျော် ရေဘေးအန္တရာယ် ကြုံနေရကာ စားနပ်ရိက္ခာ အပါအဝင် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

ရွှေဘိုမြို့နယ်ရှိ ရေဘေးသင့်ပြည်သူတွေထဲ အသက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်နဲ့ နားမကျန်းဖြစ်သူ ထောင်ချီ ပါဝင်ပြီး ဆေးဝါးနဲ့ အစားအသောက်တွေ အရေးပေါ် လိုအပ်နေတယ်လို့ ရွှေဘိုမြို့နယ် လူသားချင်းစာနာကူညီရေးအဖွဲ့ဝင် ဦးအောင်ခိုင်က ပြောပါတယ်။

"ရိက္ခာခြောက်တွေ၊ ဆေးဝါးတွေ၊ မိုးကာတွေ လိုတယ်"

ရေတွင်းနဲ့ အိမ်သာတွေလည်း ရေနစ်မြုပ်နေတာကြောင့် သောက်သုံးရေ၊ အိမ်သာသုံးပစ္စည်း၊ အမျိုးသမီး အသုံးအဆောင် ပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

"အခုကာလက အင်တာနက်လည်း မရှိဘူးဗျ၊ ရုပ်မြင်သံကြားလည်း ရှိတာ မဟုတ်ဘူး၊ ဝယ်ထားတောင် ဆိုလာ (Solar) မရှိလို့ မကြည့်နိုင်ဘူး၊ လျှပ်စစ်မီး မရတာကြာပြီ။ (ဆည်ရေဖောက်ချမယ့်အကြောင်း) ဘာ လော် (လော်စပီကာ)နဲ့ အော်တာ မရှိဘူးဗျ၊ ဒီအတိုင်း ဖောက်ချလိုက်တာ။ ဆည်အောက်က ရွာတွေက ဝါးလုံးသိမ်းလိုက်သလို ဖြစ်ကုန်တာ။ ဘာမှ မယူခဲ့နိုင်ဘူး၊ ဒီအတိုင်း ရေကူးလာရတာ"

စစ်ကိုင်းတိုင်းအတွင်း မိုးရွာသွန်းတာနဲ့ ဆည်ရေဖောက်ချတာကြောင့် ရွှေဘို၊ ဒီပဲယင်း၊ ကန့်ဘလူမြို့နယ်၊ ကျွန်းလှ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ အရာတော်၊ ဗန်းမောက်၊ ကောလင်း၊ စတဲ့ မြို့နယ် ၁၁ မြို့နယ်ရှိ အိမ်ခြေ ၄၉,၆၇၈ လုံး ရေကြီးနစ်မြုပ်နေကာ ရေဘေးသင့်ပြည်သူ ၂၁၈,၇၆၁ ဦး ရှိတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ -NUG၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်း စာနာထောက်ထားရေး ဝန်ကြီးဌာနက ဩဂုတ် ၁၀ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီ ရေဘေးကြောင့် သေဆုံးသူ ၂၃ ဦးအထိ ရှိလာပြီး ရွှေဘိုမြို့နယ်က တစ်ဦး၊ ဒီပဲယင်းမြို့နယ်က ခုနှစ်ဦး၊ ကန့်ဘလူမြို့နယ်က တစ်ဦး၊ တန့်ဆည်မြို့နယ်က နှစ်ဦး၊ ခင်ဦးမြို့နယ်က တစ်ဦး၊ ကျွန်းလှ မြို့နယ်က ရှစ်ဦး၊ ကောလင်းမြို့နယ်က သုံးဦး ဖြစ်ကာ သုံးဦး ပျောက်ဆုံးနေတယ်လို့ NUG ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတဝန်း မိုးသည်းထန် ရွာသွန်းတာနဲ့ ဆည်ရေဖောက်ချတာကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းတွေက မြို့နယ် ၁၇ မြို့နယ်မှာ ရေကြီးရေလွှမ်းနေပြီး လူဦးရေ ၄၄၁,၇၀၀ ကျော် ရေဘေးအန္တရာယ် ရင်ဆိုင်နေရတယ်လို့ NUG က ဆိုပါတယ်။

ဒါ့အပြင် သံလွင်မြစ်၊ ဧရာဝတီမြစ်နဲ့ မြစ်လက်တက်တွေမှာ ရေကြီးရေလျှံမှုတွေ ထပ်မံ ဖြစ်ပွားနိုင်တာကြောင့် မြစ်၊ချောင်းတွေအနီး နေထိုင်သူတွေ ရေဘေးအန္တရာယ် ဂရုပြုကြဖို့ NUG က တိုက်တွန်း ထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#အညာ #စစ်ကိုင်း #မူးမြစ်သဖန်းဆိပ်ဆည် #ရေဘေးဒုက္ခ

ရွှေဘိုမြို့နယ်မှာတင် ရွာ ၂၅ ရွာက လူ နှစ်သောင်းကျော် ရေဘေးသင့်နေပြီ...

ကောလင်းမှာ ရေဘေးကြောင့် CDM ကျောင်းဆရာတစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးကာ နှစ်ဦးပျောက်ဆုံးနေ၊
ကျေးရွာပေါင်း (၂၀) ကျော် ရေဘေးအန္တရာယ်ရင်ဆိုင်နေရပြီး ဆေးဝါးနဲ့ အစားအသောက်လိုအပ်နေ

ကိုသူ / MFP၊သြဂုတ်-၁၁

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် ရေကြီးရေလျှံဖြစ်ကာ တစ်ပတ်အတွင်း CDM ကျောင်းဆရာတစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးကာ နှစ်ဦးပျောက်ဆုံးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ရေဘေးကြောင့် ကောလင်းမြို့နယ် တောင်မော်ရွာမှ CDM ကျောင်းဆရာ တစ်ဦးအပါအဝင် မော်အင်ပင်သာရွာ၊၊ နတ်တောင်ရွာ၊လှည်းပွဲရွာ၊ နတ်အင်းရွာ၊ဝါးရုံခုံရွာတို့ ဒေသခံတစ်ဦးစီနဲ့ စုစုပေါင်း ခြောက်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အဲဒီခြောက်ဦးထဲမှာ သုံးဦးက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရေဘေးကြောင့် သေဆုံးခဲ့တာဖြစ်ပြီး၊ နောက်ထပ် သုံးဦးကတော့ ပျောက်ဆုံးနေရာကနေ ရေထဲမှာ သေဆုံးနေတာကို ပြန်လည်တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရေစီးအတွင်း မျောပါပျောက်ဆုံးနေသူ နောက်ထပ် နှစ်ဦးရှိနေပြီး သူတို့ကိုတော့ ဒီနေ့တိုင် ရှာလို့မရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အလုပ်အကိုင်တွေက CDM ကျောင်းဆရာတစ်ဦးနဲ့ ကျန်တာတွေက တောင်သူလုပ်ငန်းရှင်နဲ့ လက်လုပ်လက်စားများပါဗျာ။ အလောင်းတွေကတော့ ပြန်ရတယ်၊ ကလေးတွေတော့ မပါပါဘူးဗျာ"

ကောလင်းမြို့နယ်အတွင်း ရေဘေးအန္တရာယ်ကြောင့် အနောက်ခြမ်းမှာရှိတဲ့ တင်၊ ဂွေးတောက်တော၊ ခေါတော၊ ယားတောင်၊ ရွှေတွင်း၊ အောက်ကလုံး၊ ရှမ်းကလုံး၊ ညောင်ပင်လှ၊ အိုင်ကြီး၊ လာကာ၊ ဥက္ကံ၊ မိုးနံ၊ ချောင်းနား၊ သရက်ချဉ်၊ မူးဒိန်၊ အုတ်သျှစ်ပင်၊ နတ်သျှင်တောင်တော်၊ ခမောက်တောင်၊ နတ်အင်း၊ ဆင်းမ၊ လယ်ရင်းတဲနဲ့ ကျေးအင်းရွာတွေအပြင် အရှေ့ခြမ်းမှာရှိတဲ့ လှည်းပွဲ၊ ဝါးရုံခုံနဲ့ မင်းကုန်းကျေးရွာ စတဲ့ ကျေးရွာပေါင်း (၂၀) ကျော် ရေကြီးနစ်မြုပ်နေပြီးတော့ ဆေးဝါးနဲ့ အစားအသောက်တွေ လိုအပ်နေသလို ကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေဟာလည်း စစ်အုပ်စု ရှိ​နေတာကြောင့် အခက်အခဲကြားက လုပ်ကိုင်နေကြရတယ်လို့ အကူအညီပေးသူတစ်ဦးက ပြောပါတယ်။

"ရေတွေက အနောက်ခြမ်း၊ အရှေ့ဘက်ခြမ်း အကုန်မြုပ်နေတာဗျ၊ စစ်တပ်ကလည်း ရှိနေတော့ ကယ်ဆယ်ရေးလုပ်ဖို့က ခက်ခဲသလို သွားလာရေး ခက်ခဲ၊ အစုံပဲ"

စစ်ကိုင်းတိုင်းအတွင်းမှာတော့ ရက်ဆက် မိုးရွာသွန်းတာနဲ့ သဖန်းဆိပ်ဆည်ရေဖောက်ချခဲ့တာကြောင့် ရွှေဘိုမြို့နယ်က တစ်ဦး၊ ဒီပဲယင်းမြို့နယ်က ခုနစ်ဦး၊ ကန့်ဘလူမြို့နယ်က တစ်ဦး၊ တန့်ဆည်မြို့နယ်က နှစ်ဦး၊ ခင်ဦးမြို့နယ်က တစ်ဦး၊ ကျွန်းလှမြို့နယ်က ရှစ်ဦး၊ ကောလင်းမြို့နယ်က သုံးဦး စုစုပေါင်း ၂၃ ဦး သေဆုံးခဲ့ပြီးတော့ သုံးဦး ပျောက်ဆုံးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ဩဂုတ် (၁၀) ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာတော့ ရက်ဆက် မိုးရွာသွန်းတာနဲ့ ဆည်ရေဖောက်ချတာကြောင့် ရွှေဘိုမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ရေဦးမြို့နယ်၊ ခင်ဦးမြို့နယ်၊ အရာတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်၊ ကောလင်းမြို့နယ် စတဲ့ မြို့နယ် (၁၁) မြို့နယ်မှာ ရေကြီးနေပြီး အိမ်ခြေ ၄၉,၆၇၈ လုံး ရေကြီးနစ်မြုပ်နေကာ ရေဘေးသင့်ပြည်သူ ၂၁၈,၇၆၁ ဦး ရှိတယ်လို့ MoSLHA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတစ်ဝန်းမှာတော့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းတွေက မြို့နယ် ၁၇ မြို့နယ်မှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေပြီး လူဦးရေ ၄၄၁,၇၈၈ ဦးခန့် ရေဘေးအန္တရာယ် ရင်ဆိုင်နေရတယ်လို့လည်း MoSLHAက ​ဖော်ပြပါတယ်။

ဒါ့အပြင် လာမယ့် ဩဂုတ်လ ၁၃ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး မုတ်သုန်လေ အားကောင်းနေတာကြောင့် သံလွင်မြစ်၊ ဧရာဝတီမြစ်နဲ့ မြစ်လက်တက်တွေမှာ ရေကြီးရေလျှံ ထပ်မံဖြစ်ပွားနိုင်ပြီး ရေဘေးအန္တရာယ် ကျရောက်နိုင်တဲ့ နေရာတွေက ပြည်သူတွေအနေနဲ့ ဘေးကင်းရာ ရွှေ့ပြောင်းနေထိုင်ကြဖို့ MoSLHAက တိုက်တွန်းထားပါတယ်။

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုမြင်ကွင်း/ ဓာတ်ပုံ-ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#အညာ #စစ်ကိုင်း #ကောလင်း #ရေဘေးဒုက္ခ

12/08/2026

စစ်ကိုင်းတိုင်း အထက်ပိုင်း မိုးများလို့ သဖန်းဆိပ်ဆည်ရဲ့ အထက်၊ မူးမြစ်ဖျား ရေထပ်တိုးနေ၊
သဖန်းဆိပ်ဆည်အောက် မူးမြစ်ရိုးတလျှောက်က ရေဘေးသင့်ပြည်သူတွေ ပိုမို သတိထားဖို့လို၊

MN/MFP ၊ ဩဂုတ် - ၁၂

စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်နဲ့ ပင်လည်ဘူးမြို့နယ်တွေမှာ ဒီရက်ပိုင်း မိုးများပြီး မူးမြစ်အတွင်း ရေ ထပ်တိုးနေတာကြောင့် သဖန်းဆိပ်ဆည်ထဲ ရေ စီးဝင်ရောက်မှု ပိုများလာနိုင်ပြီး ဆည်ရဲ့ အောက်ဘက် မူးမြစ်ရိုးတလျှောက်ရှိ ရေဘေးသင့်ပြည်သူတွေ ပိုမို သတိထားကြဖို့ ဒေသခံ အချင်းချင်း သတိပေးနေကြပါတယ်။

မူးမြစ်ပေါ်တည်ဆောက်ထားတဲ့ သဖန်းဆိပ်ဆည်ကနေ ဩဂုတ် ၅ ရက်နဲ့ ၆ ရက်မှာ စစ်အုပ်စုက ပြည်သူကို အသိမပေးဘဲ ဆည်ရေပိုလွှဲ (Service Spillway) ကနေ ရေထုစီးနှုန်း(ကျူးဆက်) ၈၀,၀၀၀ လွှတ်ချခဲ့တာကြောင့် ဆည်အောက်ပိုင်း၊ မူးမြစ်ရိုးတလျှောက်ရှိ မြို့၊ရွာ ၂၀၀ ကျော် ဩဂုတ် ၆့က်က စတင်ကာ ရေကြီးနစ်မြုပ်နေပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#အညာ #စစ်ကိုင်း #မူးမြစ်သဖန်းဆိပ်ဆည် #ရေဘေးဒုက္ခ

12/08/2026

ရေကြီးနေတဲ့ ခင်ဦးနယ်ကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ပြည်သူတစ်ဦးဒဏ်ရာရ

နန်းယု/MFP၊ ဩဂုတ် - ၁၂

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မြောက်ခြမ်းရှိ ကွမ်းတိုင်းကျေးရွာကို အာဏာသိမ်းစစ်အုပ်စုက ဩဂုတ် ၁၁ ရက် နေ့လယ်ပိုင်းမှာ တိုက်လေယာဉ်အသုံးပြုပြီး သုံးကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်သွားတာကြောင့် ပြည်သူတစ်ဦးဒဏ်ရာရသွားတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုရဲ့ မန္တလေးတိုင်း၊ တံတားဦးလေတပ်ကနေ တက်လာတဲ့ တိုက်လေယာဉ်နဲ့ နေ့လည်၂နာရီကျော်မှာ ကွမ်းတိုင်းကျေးရွာအတွင်းက ဈေးဆိုင်အိမ်တစ်အိမ်ကို လေကြောင်းကနေ သုံးကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#ခင်ဦး #စစ်ကိုင်း #မူးမြစ်သဖန်းဆိပ်ဆည် #ဗုံးကြဲ

ကောလင်းမှာ ရေဘေးကြောင့် CDM ကျောင်းဆရာတစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးကာ နှစ်ဦးပျောက်ဆုံးနေ၊ကျေးရွာပေါင်း (၂၀) ကျော် ရေဘေးအန္...
12/08/2026

ကောလင်းမှာ ရေဘေးကြောင့် CDM ကျောင်းဆရာတစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးကာ နှစ်ဦးပျောက်ဆုံးနေ၊
ကျေးရွာပေါင်း (၂၀) ကျော် ရေဘေးအန္တရာယ်ရင်ဆိုင်နေရပြီး ဆေးဝါးနဲ့ အစားအသောက်လိုအပ်နေ

ကိုသူ / MFP၊သြဂုတ်-၁၂

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် ရေကြီးရေလျှံဖြစ်ကာ တစ်ပတ်အတွင်း CDM ကျောင်းဆရာတစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးကာ နှစ်ဦးပျောက်ဆုံးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ရေဘေးကြောင့် ကောလင်းမြို့နယ် တောင်မော်ရွာမှ CDM ကျောင်းဆရာ တစ်ဦးအပါအဝင် မော်အင်ပင်သာရွာ၊၊ နတ်တောင်ရွာ၊လှည်းပွဲရွာ၊ နတ်အင်းရွာ၊ဝါးရုံခုံရွာတို့ ဒေသခံတစ်ဦးစီနဲ့ စုစုပေါင်း ခြောက်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အဲဒီခြောက်ဦးထဲမှာ သုံးဦးက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရေဘေးကြောင့် သေဆုံးခဲ့တာဖြစ်ပြီး၊ နောက်ထပ် သုံးဦးကတော့ ပျောက်ဆုံးနေရာကနေ ရေထဲမှာ သေဆုံးနေတာကို ပြန်လည်တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရေစီးအတွင်း မျောပါပျောက်ဆုံးနေသူ နောက်ထပ် နှစ်ဦးရှိနေပြီး သူတို့ကိုတော့ ဒီနေ့တိုင် ရှာလို့မရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အလုပ်အကိုင်တွေက CDM ကျောင်းဆရာတစ်ဦးနဲ့ ကျန်တာတွေက တောင်သူလုပ်ငန်းရှင်နဲ့ လက်လုပ်လက်စားများပါဗျာ။ အလောင်းတွေကတော့ ပြန်ရတယ်၊ ကလေးတွေတော့ မပါပါဘူးဗျာ"

ကောလင်းမြို့နယ်အတွင်း ရေဘေးအန္တရာယ်ကြောင့် အနောက်ခြမ်းမှာရှိတဲ့ တင်၊ ဂွေးတောက်တော၊ ခေါတော၊ ယားတောင်၊ ရွှေတွင်း၊ အောက်ကလုံး၊ ရှမ်းကလုံး၊ ညောင်ပင်လှ၊ အိုင်ကြီး၊ လာကာ၊ ဥက္ကံ၊ မိုးနံ၊ ချောင်းနား၊ သရက်ချဉ်၊ မူးဒိန်၊ အုတ်သျှစ်ပင်၊ နတ်သျှင်တောင်တော်၊ ခမောက်တောင်၊ နတ်အင်း၊ ဆင်းမ၊ လယ်ရင်းတဲနဲ့ ကျေးအင်းရွာတွေအပြင် အရှေ့ခြမ်းမှာရှိတဲ့ လှည်းပွဲ၊ ဝါးရုံခုံနဲ့ မင်းကုန်းကျေးရွာ စတဲ့ ကျေးရွာပေါင်း (၂၀) ကျော် ရေကြီးနစ်မြုပ်နေပြီးတော့ ဆေးဝါးနဲ့ အစားအသောက်တွေ လိုအပ်နေသလို ကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေဟာလည်း စစ်အုပ်စု ရှိ​နေတာကြောင့် အခက်အခဲကြားက လုပ်ကိုင်နေကြရတယ်လို့ အကူအညီပေးသူတစ်ဦးက ပြောပါတယ်။

"ရေတွေက အနောက်ခြမ်း၊ အရှေ့ဘက်ခြမ်း အကုန်မြုပ်နေတာဗျ၊ စစ်တပ်ကလည်း ရှိနေတော့ ကယ်ဆယ်ရေးလုပ်ဖို့က ခက်ခဲသလို သွားလာရေး ခက်ခဲ၊ အစုံပဲ"

စစ်ကိုင်းတိုင်းအတွင်းမှာတော့ ရက်ဆက် မိုးရွာသွန်းတာနဲ့ သဖန်းဆိပ်ဆည်ရေဖောက်ချခဲ့တာကြောင့် ရွှေဘိုမြို့နယ်က တစ်ဦး၊ ဒီပဲယင်းမြို့နယ်က ခုနစ်ဦး၊ ကန့်ဘလူမြို့နယ်က တစ်ဦး၊ တန့်ဆည်မြို့နယ်က နှစ်ဦး၊ ခင်ဦးမြို့နယ်က တစ်ဦး၊ ကျွန်းလှမြို့နယ်က ရှစ်ဦး၊ ကောလင်းမြို့နယ်က သုံးဦး စုစုပေါင်း ၂၃ ဦး သေဆုံးခဲ့ပြီးတော့ သုံးဦး ပျောက်ဆုံးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ဩဂုတ် (၁၀) ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာတော့ ရက်ဆက် မိုးရွာသွန်းတာနဲ့ ဆည်ရေဖောက်ချတာကြောင့် ရွှေဘိုမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ရေဦးမြို့နယ်၊ ခင်ဦးမြို့နယ်၊ အရာတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်၊ ကောလင်းမြို့နယ် စတဲ့ မြို့နယ် (၁၁) မြို့နယ်မှာ ရေကြီးနေပြီး အိမ်ခြေ ၄၉,၆၇၈ လုံး ရေကြီးနစ်မြုပ်နေကာ ရေဘေးသင့်ပြည်သူ ၂၁၈,၇၆၁ ဦး ရှိတယ်လို့ MoSLHA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတစ်ဝန်းမှာတော့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းတွေက မြို့နယ် ၁၇ မြို့နယ်မှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေပြီး လူဦးရေ ၄၄၁,၇၈၈ ဦးခန့် ရေဘေးအန္တရာယ် ရင်ဆိုင်နေရတယ်လို့လည်း MoSLHAက ​ဖော်ပြပါတယ်။

ဒါ့အပြင် လာမယ့် ဩဂုတ်လ ၁၃ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး မုတ်သုန်လေ အားကောင်းနေတာကြောင့် သံလွင်မြစ်၊ ဧရာဝတီမြစ်နဲ့ မြစ်လက်တက်တွေမှာ ရေကြီးရေလျှံ ထပ်မံဖြစ်ပွားနိုင်ပြီး ရေဘေးအန္တရာယ် ကျရောက်နိုင်တဲ့ နေရာတွေက ပြည်သူတွေအနေနဲ့ ဘေးကင်းရာ ရွှေ့ပြောင်းနေထိုင်ကြဖို့ MoSLHAက တိုက်တွန်းထားပါတယ်။

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုမြင်ကွင်း/ ဓာတ်ပုံ-ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#အညာ #စစ်ကိုင်း #ကောလင်း #ရေဘေးဒုက္ခ

Address

Mandalay
05021

Alerts

Be the first to know and let us send you an email when MFP TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MFP TV:

Shortcuts

Share