Don't Forget to Smile & Everything

Don't Forget to Smile & Everything Read Book

မိမိကိုယ်ကို ကိုယ့်ဘာသာ အုပ်ချုပ်နိုင်လာသမျှ၊ ကိုယ့်အပေါ် တန်ဖိုးထားတတ်မှုက တိုးလာတယ်။ ကိုယ့်စိတ်၊ ကိုယ့်အချိန်၊ ကိုယ့်လ...
24/11/2025

မိမိကိုယ်ကို ကိုယ့်ဘာသာ အုပ်ချုပ်နိုင်လာသမျှ၊ ကိုယ့်အပေါ် တန်ဖိုးထားတတ်မှုက တိုးလာတယ်။

ကိုယ့်စိတ်၊ ကိုယ့်အချိန်၊ ကိုယ့်လမ်းကို ကိုယ့်ဘာသာ ထိန်းချုပ်နိုင်တဲ့လူဟာ ဘယ်သူမဆို လေးစားရတဲ့ လူတစ်ယောက် ဖြစ်လာတတ်တယ်။

မိမိစည်းကမ်းသတ်မှတ်တတ်လာတဲ့အခါ
ဘယ်လိုထင်နေသလဲ၊ ဘယ်လိုခံစားနေသလဲမေးမနေဘဲလုပ်ရမယ့်အရာကို လိုက်လုပ်နိုင်တယ်။

ဒီစွမ်းရည်ကကောင်းမွန်တဲ့ ဂုဏ်သိက္ခာကို တည်ဆောက်ပေးတယ်။

လူတစ်ယောက်ရဲ့ စည်းကမ်းပုံစံက
သူ့ဘဝရဲ့ ပုံရိပ်ကို သတ်မှတ်တတ်တယ်။

နေ့တိုင်း လွယ်ကူတဲ့အရာထက် သင့်တော်တဲ့အရာကို ရွေးတဲ့အလေ့အထကအနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ လမ်းတွေကို ဖွင့်ပေးတတ်တယ်။

အကောင်းဘက်ကအမြဲ စဉ်းစားနိုင်လာတဲ့အခါ
စိတ်ဝင်စားမှု၊ စိတ်တက်ကြွမည့်စွမ်းအင်၊
သန်မာတဲ့စွမ်းရည်တွေက တိုးတက်လာတယ်။

အပြင်ကအရာတွေက မထိန်းချုပ်နိုင်ပေမယ့်
မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်းက
ဘဝတစ်သက်သာ အလွန်အရေးကြီးတဲ့ တာဝန်တစ်ခု ဖြစ်နေတယ်။

သင်ဟာ သင့်ဘဝရဲ့ စည်းကမ်းရှင်တစ်ယောက်ဖြစ်မယ်ဆိုရင်ဘဝကပါ လေးစားစရာ ဖြစ်လာတတ်တယ်။

မိမိကိုယ်မိမိ ထိန်းနိုင်တဲ့သူဟာ ဘဝကိုလည်း
တည်မြဲအောင် လုပ်နိုင်သူဖြစ်သည်။

21/11/2025

🌿📚လူတိုင်းဟာ မတူညီတဲ့ အနာဂတ်တစ်ခုကို မျှော်လင့်နေကြတယ်။

🏵️ တချို့က ပိုမိုမြင့်မား ချင်တယ်၊ တချို့က ပိုမိုချမ်းသာချင်တယ်၊ တချို့ကလည်း သက်သက်သာသာ စိတ်ချမ်းသာချင်တာပဲ။

🏵️ ဒါပေမဲ့ ဗဟုသုတရှိသူတွေက ပြောကြတာ တစ်ခုရှိတယ် ၊တိုးတက်မှုဆိုတာ စိတ်ကူးမဟုတ်၊ အလေ့အကျင့်နဲ့ တည်ဆောက်ရတာ" လို့။

🏵️ အောက်မှာဆိုရင် သင့်ကိုယ်သင် ပြန်လည် တည်ဆောက်နိုင်ဖို့၊ လမ်းညွှန်သလိုဖြစ်တဲ့ သင်ခန်းစာ "၁၀" ချက်ကို တစ်ချက်ချင်းနဲ့ ရှင်းပြပေးမယ်။

🔖(၁) စရိုက်ဆိုတာ ပုံသွင်းထားတာမဟုတ် ပြောင်းလဲနိုင်တယ်။

🏵️ လူတွေ မပြောင်းလဲနိုင်ဘူးဆိုတာ ဟောင်းနေတဲ့ ဒဏ္ဍာရီတစ်ခုပဲ။

🏵️ အမှန်တကယ်တော့ စရိုက်လက္ခဏာတွေဟာ “ပြောင်းလဲတတ်တဲ့" ဦးနှောက်နဲ့ တစ်သက်တည်းအတူရှိနေတယ်။

🏵️ တစ်နေ့စီမှာ သတိရှိရှိ လုပ်ဆောင်မှုအသစ် တစ်ခုပြုလုပ်ခြင်းဟာသင့်ရဲ့ စိတ်ဓာတ်၊ ဝက်ပြုမှု၊ နှလုံးသားကို တဖြည်းဖြည်း ပြောင်းလဲနေပါတယ်။

🏵️ ဒီနေ့က သင်ဘယ်သူဖြစ်နေတာ၊ မနက်ဖြန်ကို သတ်မှတ်တာ မဟုတ်တာပါ။

🔖(၂) သေးငယ်တဲ့ ပြောင်းလဲမှုတွေက ကြီးမားတဲ့ အပြောင်းအလဲတွေကို ဖန်တီးတယ်။

🏵️ တစ်ခါတစ်လေ ပြောင်းလဲချင်တဲ့အခါ "ကြီးကြီးမားမား တစ်ပြိုင်တည်း" လုပ်ဖို့ စိတ်ကူးတတ်ကြတယ်။

🏵️ ဒါပေမဲ့ တကယ်က အသေးစား အလေ့အကျင့်လေးတွေက သက်တမ်းရှည်တဲ့ အပြောင်းအလဲတွေကို ဖန်တီးပေးတတ်တယ်။

🏵️ နေ့စဉ် တစ်နည်းနည်းလေး ပြုလုပ်တာ ဖတ်တာ၊ ရေးတာ၊ သုံးသပ်တာ၊ သန့်ရှင်းတယ်။

🏵️ အဲ့ဒါပဲ ကိုယ်ရည်ကိုယ်သွေးတည်ဆောက်တဲ့ အခြေခံဖြစ်တယ်။

🔖(၃) အပြုအမူက လက္ခဏာကို ပုံသွင်းတယ်။

🏵️ လက္ခဏာက အပြုအမူနဲ့ စတင်တယ်။ သင်လုပ်တဲ့အရာတွေက သင့်ရဲ့ ကိုယ်ပိုင်ပုံစံ ကို တည်ဆောက်နေတယ်။

🏵️ မိမိကိုယ်ကို “တိုးတက်ချင်သူ” လို့ ယုံကြည်ပြီး အဲ့အတိုင်း လုပ်နေမယ်ဆိုရင် သင့်ဦးနှောက်ကလည်း အဲ့ဒီအဖြစ်အပျက် ကို တကယ်ဖြစ်အောင် သင့်ကို ဆောင်သွားတတ်တယ်။

🔖(၄) ကိုယ့်ကိုယ်ကို သိခြင်းက ကြီးထွားမှု၏ အခြေခံအုတ်မြစ်။

🏵️ ကိုယ့်ကိုယ်ကို မသိဘဲ ပြောင်းလဲဖို့ မဖြစ်နိုင်ပါ။ ဘာကြောင့် စိတ်မသာနေတာလဲ၊ ဘယ်အချက်မှာ အားနည်းနေတာလဲ၊ ဘယ်အရာတွေက ကိုယ့်ကို နောက်ပြန်ဆွဲနေတာလဲ ဒါတွေကို သတိရှိရှိ စဉ်းစားဖို့လိုတယ်။

🏵️ အမှန်တရားကို သိမှသာ ပြောင်းလဲမှု စတင်နိုင်တယ်။

🔖(၅) ပတ်ဝန်းကျင်က ကိုယ့်ကိုယ်ကို ပုံသွင်းတယ်။

🏵️ ပတ်ဝန်းကျင်ဟာ သင့်ရဲ့ စိတ်ဓာတ်နဲ့ လှုံ့ဆော်မှုကို ပိုမို အင်အားပြင်းစေတတ် တယ်။

🏵️ အနာဂတ်ကို အပြုသဘောနဲ့ ကြည့်နိုင်တဲ့ လူတွေနဲ့ နေခြင်းဟာသင့်ကို တိုးတက်မှုဆီ ညွှန်ပြနေတယ်။

🏵️ သင်ဘယ်သူဖြစ်ချင်လဲဆိုတာ ပြောင်းဖို့၊ သင်ဘယ်နေရာမှာရှိနေလဲဆိုတာ ပြောင်းပါ။

🔖(၆) ကိုယ်ရည်ကိုယ်သွေးပြောင်းလဲဖို့ စိတ်ခံစားမှုဆိုင်ရာရဲအား လိုတယ်။

🏵️ ပြောင်းလဲမှုဟာ အေးချမ်းတဲ့ လမ်းမမဟုတ်ပါ။

🏵️ ဘဝတိုးတက်ချင်သူတိုင်းဟာ ကြောက်ရွံ့မှု၊ မသေချာမှုနဲ့ ရင်ဆိုင်ရတတ်တယ်။

🏵️ ဒါပေမဲ့ ဗလာမီးတောက်တစ်လက်လို အဲ့ဒီစိတ်မသက်မသာမှုကပဲ သင့်တိုးတက်မှု အတွက် မီးလောင်ခေါ်င်တိုင် ဖြစ်ပေးတတ်တယ်။

🔖(၇) လှုံ့ဆော်မှုဟာ လုပ်ဆောင်ချက်နောက်က လာတယ်။

🏵️ အမြဲ “စိတ်ဝင်စားမှ လုပ်မယ်" လို့ စောင့်နေမိရင် ဘယ်တော့မှ စမလှုပ်နိုင်ပါ။

🏵️ လုပ်ပါ၊ နည်းနည်းပါးပါး လှုပ်ရှားပါ ပြီးတော့ ၊အဲ့ဒီလှုပ်ရှားမှုက သင့်စိတ်ကို လှုံ့ဆော်မှုနဲ့ ပြန်ဖြည့်ပေးလိမ့်မယ်။

🏵️ လုပ်ဆောင်ချက်က မီးရှို့တောင်လို၊ လှုံ့ဆော်မှုဟာ အဲ့ဒီမီးမှ ထွက်လာတဲ့ အပူတစ်လက်။

🔖 (၈) ဆက်ဆံရေးက ကိုယ့်ပုံရိပ်ကို ပြန်လည်ပုံ သွင်းတယ်။

🏵️ တစ်ခါတစ်လေ လူတစ်ဦးရဲ့ တိုးတက်မှုဟာ သူနှင့် နေတဲ့လူတွေက သတ်မှတ်ပေးတတ်တယ်။

🏵️ သင့်ကို အားပေးသူ၊ ယုံကြည်သူ၊ ညှိဖက်နိုင်သူနဲ့ နေပါ။ အဲ့ဒီအဖော်တွေပဲ သင့်တန်ဖိုးကို သွင်ပြင်ပုံဖော်ပေးတတ်တယ်။

🔖(၉) ဆင်ခြင်သုံးသပ်ခြင်းက အတွေ့အကြုံကို ဉာဏ်အဖြစ် ပြောင်းတယ်။

🏵️ နေ့စဉ်ကို ပြန်လည်သုံးသပ်ပါ။ ဘာအောင်မြင်လဲ၊ ဘာမအောင်မြင်သေးလဲ၊

🏵️ ဘာပြန်ကြိုးစားရမလဲ အဲ့ဒီအတွေးခေါ်ခြင်းကပဲ သင့်အတွင်းပိုင်းဉာဏ်ကို ဖွံ့ဖြိုးစေတယ်။

🏵️ အတွေ့အကြုံတန်ဖိုးရှိတာ မဟုတ်၊ သုံးသပ်မှသာ တန်ဖိုးရှိတယ်။

🔖(၁၀) ကိုယ်ရည်ကိုယ်သွေးတိုးတက်မှုဟာ တစ်သက်တာလမ်းခရီးပါ။

🏵️ တိုးတက်မှုဆိုတာ နောက်ဆုံးအဆင့်မရှိပါ။ ဘဝတစ်လျှောက် သင်ပြောင်းလဲနေမယ်၊ သင်ကြီးထွားနေမယ်။

🏵️ အသစ်တစ်ခုကို သင်ယူတဲ့အခါတိုင်း သင်ဟာအရင်ထက် ပိုကောင်းလာနေတယ်။

🏵️ သင်လိုချင်သူ ဖြစ်လာခြင်းဟာ ဦးတည်ရာကို လမ်းလျှောက်နေတဲ့ ခရီးသည်တစ်ယောက်ပါ။

"နိဂုံးချုပ်".....

🏵️ ကိုယ်ရည်ကိုယ်သွေးဟာ ကံကြမ္မာတစ်ခုမဟုတ်ပါ။

🔖 သတိရှိရှိ ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်နဲ့ ဇွဲသန်မှုဖြင့် သင့်အဖြစ်အပျက်ကို “ဒီဇိုင်းထုတ်" နိုင်တယ်။

🏵️ သင့်အတွက် သင်ပဲဂန္ထဝင်ရေးသူဖြစ်ပါတယ်။

🏵️ ဘဝကို စိတ်ကူးအဖြစ်မထားပါနဲ့ ဖန်တီးသူ အဖြစ်နဲ့ အသက်ရှင်ပါ။🌿📚😊
#လူငယ်များအတွက်ဗဟုသုတစာပေများ #ကောင်းမှုတစ်ခုနေ့စဉ်ပြုပါ #ခွန်အားဖြစ်စေသောစာများ

"တွေးပူတတ်တဲ့အကျင့်ကို လျှော့ပါ"ဘယ်ကိစ္စကိုမဆို တွေးပူနေတဲ့အကျင့်က အလုပ်ကို နှောင့်နှေးစေနိုင်တဲ့အကျင့်တွေထဲက ထိပ်ဆုံးကပ...
09/10/2025

"တွေးပူတတ်တဲ့အကျင့်ကို လျှော့ပါ"

ဘယ်ကိစ္စကိုမဆို တွေးပူနေတဲ့အကျင့်က အလုပ်ကို နှောင့်နှေးစေနိုင်တဲ့အကျင့်တွေထဲက ထိပ်ဆုံးကပါပဲ။ ဘယ်လောက်ပဲ အစွမ်းအစရှိရှိ၊ ကြိုးစားချင်စိတ်ရှိရှိ အဲဒီတွေးပူနေတတ်တဲ့အကျင့်ကြီး ရှိနေရင် ခရီးမတွင်ပါဘူး။

"ငါ လုပ်နိုင်ပါ့မလား"
"အဆင်မပြေရင် ဘယ်လိုလုပ်မလဲ"
"သူများတွေက ဘာပြောကြမလဲ"
"အောင်မြင်နိုင်ရဲ့လား မသိဘူး"
"ရှုံးနိမ့်သွားရင် ဘယ်လိုနေမလဲ"
စတဲ့ အတွေးတွေက တစ်ခုခု စလုပ်ချင်တဲ့စိတ်ကို အားနည်းသွားစေတယ်။

တွေးပူနေတတ်တဲ့သူတွေက မလုပ်ရသေးခင်ကတည်းက ဆင်ခြေတွေ အသင့်ရှာထားတတ်ပါတယ်။ ရှုံးနိမ့်မှုအတွက် အကြောင်းပြချက်တွေ ကြိုပြင်ထားတတ်ပါတယ်။ အရာရာကို အဆိုးဘက်ကနေ တွေးတတ်ပါတယ်။

တကယ်တမ်းကတော့ လုပ်ကြည့်မှသာ ဖြစ်နိုင်၊ မဖြစ်နိုင် သိနိုင်မှာပါ။ စမ်းကြည့်မှသာ အဆင်ပြေ၊ မပြေ သိနိုင်မှာပါ။ ကြိုးစားကြည့်မှသာ အောင်မြင်၊ မအောင်မြင် သိနိုင်မှာပါ။

ဒါပေမယ့် ဘာမှမလုပ်ရသေးခင်ကတည်းက အဆိုးတွေကိုပဲ တွေးနေရင်တော့ ဘာမှ ဖြစ်မြောက်လာမှာ မဟုတ်ပါဘူး။

ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်တော့ တွေးပူတတ်တဲ့သူတွေဟာ စေ့စပ်သေချာသူတွေ အသေးစိတ်ကျတဲ့သူတွေ ဖြစ်နေတတ်ပါတယ်။ အရာရာကို သေသေချာချာလေ့လာပြီးမှ စနစ်တကျ လုပ်ချင်တဲ့သူတွေပါ။

ဒါပေမယ့် အဲဒီစနစ်တကျ ဖြစ်ချင်တဲ့စိတ်က လွန်ကဲလာတဲ့အခါမှာတော့ အလုပ်နှောင့်နှေးဖို့ရာ အကြောင်းတရားတစ်ခုအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။

တွေးပူတတ်တဲ့အကျင့်ရဲ့ကောင်းကျိုးတွေ

- အသေးစိတ်ကို သတိထားမိတယ်
- အရာရာကို ဂရုတစိုက် လုပ်တတ်တယ်
- အရေးကြီးတဲ့ အချက်တွေကို မမေ့တတ်ဘူး
- လုပ်ငန်းတွေကို စနစ်တကျ စီစဉ်တတ်တယ်
- မလိုလားအပ်တဲ့ အန္တရာယ်တွေကို ရှောင်ရှားနိုင်တယ်

တွေးပူတတ်တဲ့အကျင့်ရဲ့ဆိုးကျိုးတွေ

- စိတ်ဖိစီးမှုတွေ များလာတယ်
- ညဘက် အိပ်မပျော် ဖြစ်လာတတ်တယ်
- ဆုံးဖြတ်ချက် မချနိုင်အောင် ဖြစ်တတ်တယ်
- ကိုယ့်ရဲ့အရည်အချင်းကို တွေဝေလာတယ်
- အခွင့်အလမ်းကောင်းတွေကို လက်လွှတ်ဆုံးရှုံးတတ်တယ်

တွေးပူနေတဲ့အခါ ကိုယ့်ရဲ့စွမ်းအားတွေက ထွက်မလာတော့ဘူး။ ကိုယ့်ရဲ့ အရည်အချင်းတွေကို ကိုယ်တိုင်အထင်သေးလာမယ်။ တွေးပူတတ်ခြင်းက ကိုယ်ဘာလုပ်နိုင်တယ်ဆိုတာ ကိုယ်တိုင်တောင် မသိတော့အောင် ဖုံးကွယ်ထားတတ်ပါတယ်။

ကိုယ့်မှာ ဒီလိုမျိုးတွေဖြစ်နေမယ်ဆိုရင် တွေးပူနေတတ်တဲ့အကျင့်ကို ပြောင်းလဲဖို့ လေ့ကျင့်ပေးရပါမယ်။

- ကိုယ်တွေးနေတာတွေက ဖြစ်နိုင်ခြေ ရှိရဲ့လား
- တွေးနေရုံနဲ့ ဘာမှ ပြောင်းလဲလာမှာ မဟုတ်ဘူး
- တွေးပူနေမယ့်အစား စတင်လုပ်ဆောင်လိုက်ရအောင်
- အဆိုးတွေကိုပဲ တွေးမနေပဲ အကောင်းတွေကိုလည်း တွက်ကြည့်ပါ
- တွေးပူနေတဲ့အချိန်တွေကို လက်တွေ့လုပ်ဆောင်ချိန်အဖြစ် အသုံးချလိုက်ပါ

တစ်ခါတလေ ကိုယ်တွေးသလို မဟုတ်တာတွေ တွေ့ရတတ်ပါတယ်။ ကိုယ်ထင်ထားတာထက် အများကြီး လွယ်ကူနေတတ်ပါတယ်။ လုပ်ကြည့်မှ ဒါက ဒီလောက်တောင် မခက်ဘူးဆိုတာ သိရတတ်ပါတယ်။

ဒါကြောင့် တွေးပူနေမယ့်အစား လက်တွေ့စမ်းကြည့်ပါ။ အဆိုးတွေကိုပဲ တွေးမနေပဲ ဖြစ်လာနိုင်တဲ့ အကောင်းတွေကိုလည်း တွေးကြည့်ပါ။

တွေးပူနေတတ်တဲ့ အကျင့်က ကိုယ့်ကို ဘယ်နေရာမှ မရောက်စေပါဘူး။ စိတ်ဓာတ်ကျစေပြီး ရှေ့ဆက်လို့ မရအောင် ဟန့်တားထားတာ ဖြစ်လို့ တွေးပူတာတွေကို ဖယ်ရှားပြီး လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေနဲ့ အစားထိုးစေချင်ပါတယ်။


Don't Forget To Smile & Everything

08/10/2025

စကားကြောင့် ဓားမဖြစ်စေနဲ့

စကားဆိုတာ
တိုးတိုးပြောလည်း ဒီစကား
အော်ပြီးပြောလည်း ဒီစကား
ဘယ်လိုပြောပြော ဒီစကားပါပဲ။

တစ်ဖက်သားကို နားဝင်အောင် ချိုချိုသာသာပြောတတ်ခြင်းက ပိုပြီးအရာရောက်သလို
မိမိ တစ်ဖက်သားအပေါ်ထားတဲ့ စေတနာကိုလည်း ပေါ်လွင်စေပါတယ်။

စကားဆိုတာ
ပါးစပ်ကပြောတာချင်းအတူတူ
တစ်ဖက်သားအပေါ်
နစ်နာစေမယ့်စကားမျိုးမဖြစ်စေဖိုနဲ့ ကိုယ့်စကားကို ကိုယ်တာဝန်ယူတတ်ဖိုပါပဲ။

စကားကြောင့် ဓားမဖြစ်စေဘဲ စကားကြောင့် အားဖြစ်စေခဲ့ရင် လျှာဖျားလေးက ပြောလိုက်ပေမယ့်
လူတစ်ယောက်ရဲ့ဘဝကို
တိုးတက်ပြောင်းလဲစေနိုင်ပြီး
စကားကြောင့် ကုသိုလ်ရစေပါတယ်။

တစ်ခါတစ်လေမှာ
ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်
ကိုယ့်အဆင့်အတန်းကို
ဖော်ပြနေတတ်သလိုဖြစ်ပြီး
ကိုယ့်ဂုဏ်သိက္ခာကို
ကိုယ်ကိုယ်တိုင်ချလိုက်သလို
ဖြစ်နေတတ်ပါတယ်။

ဒါ့ကြောင့်
မိတ်ဆွေ
စကားကို သတိထားပြောဆိုပါ။

#ဦးအောင်သင်း

#စာပေ

မကြိုးစားတဲ့ဘဝက ပိုပင်ပန်းရပါတယ်။ ဒီနေ့ဒီအချိန်မှာကြိုးကြိုးစားစား အလုပ်တွေလုပ်နေရတာ၊လေ့လာမှုတွေလုပ်ရတာပင်ပန်းတယ်လို့ထင်...
08/10/2025

မကြိုးစားတဲ့ဘဝက ပိုပင်ပန်း
ရပါတယ်။ ဒီနေ့ဒီအချိန်မှာ
ကြိုးကြိုးစားစား
အလုပ်တွေလုပ်နေရတာ၊
လေ့လာမှုတွေလုပ်ရတာ
ပင်ပန်းတယ်လို့ထင်ကြတယ်။

ဒါပေမယ့် ဘဝကို
ဖြစ်သလိုနေတဲ့အတွက်
ကိုယ့်ကိုယ်ကို
အမြဲစိတ်ပျက်အပြစ်တင်တာတွေ၊

အပျင်းကြီးပြီး အချိန်ဆွဲမိတဲ့
အတွက် နောင်တရတာတွေ၊

ဒုံရင်းအတိုင်းနေတဲ့အတွက်
တခြားသူတွေနဲ့နှိုင်းယှဉ်ပြီး
ကျရှုံးနေသလို ခံစားရတာတွေက

တွေးကြည့်ရင် ပိုတောင်
စိတ်ပင်ပန်းရပါသေးတယ်။

ဘာပဲဖြစ်ဖြစ်
အိပ်မက်တွေကို ရှေ့တန်းတင်ပြီး
ကြိုးစားခဲ့တဲ့ ပင်ပန်းမှုတွေက
ကိုယ့်ကို စားဝင် အိပ်ပျော်စေတယ်။

ဒီနေ့နဖူးကနေ ခြေမထိ
ကျခဲ့တဲ့ ချွေးတွေက
နောင်တချိန် အေးဆေးနေရဖို့အတွက်
သက်သေတွေ ဖြစ်လာစေတယ်။

တဖက်မှာ ရေသာခိုပြီး
ရခဲ့တဲ့ စိတ်ပင်ပန်းမှုတွေက
ကိုယ့်ကို တစ်ချိန်ပိုပြီးပဲ
ဒုက္ခများစေမှာကို မမေ့ဖို့လိုပါတယ်။

#ဘဝစာပေ #လူငယ်

လူငယ်၊လူရွယ်တွေအတွက်Don't Forget to Smile & Everything
08/10/2025

လူငယ်၊လူရွယ်တွေအတွက်
Don't Forget to Smile & Everything

ကိုယ်ပိုင်တဲ့ မျက်လုံးဆိုပြီး ကိုယ်မြင်ချင်တာပဲ မြင်တော့ အဆိုးကို အကောင်းထင် အကောင်းကို အဆိုးလို့မြင်ပြီး ကောင်းသူတွေကို...
07/10/2025

ကိုယ်ပိုင်တဲ့ မျက်လုံးဆိုပြီး
ကိုယ်မြင်ချင်တာပဲ မြင်တော့

အဆိုးကို အကောင်းထင်
အကောင်းကို အဆိုးလို့မြင်ပြီး
ကောင်းသူတွေကိုဖယ် မကောင်းသူတွေကို
ဖက်တွယ်တာတွေ လုပ်မိကြတယ်။

ကိုယ်ပိုင်တဲ့ စိတ်ဆိုပြီး
ကိုယ်တွေးချင်တာတွေး ထင်ချင်တာထင်တော့

အမှန်ကို အမှားထင်
အမှားကို အမှန်မြင်ပြီး
လမ်းမှားသထက်မှားပြီး
လမ်းပျောက်တဲ့အထိ ဖြစ်ရတယ် ။

ကိုယ်ပိုင်တဲ့ ကိုယ့်ပါးစပ်ဆိုပြီး
ပြောချင်ရာပြော ဆိုချင်ရာဆိုတော့

လူမှန်တွေကို မုန်းစကားပြော
မမှန်သူတွေကို အချိုတွေနှောပြီး
အပေါ်ယံတွေနဲ့ပဲ ကျန်ရစ် နောင်တတွေ
ရတဲ့အထိ ဖြစ်ရတယ် ။

အကုန်လုံးက
Control မမိတာ
တွေကြောင့်ပဲဆိုပေမယ့်
မပြောခင် မဆိုခင်မှာ ထိန်းချုပ်ပြီး
ဆင်ခြင်ဉာဏ်နဲ့ စီစစ်ဖို့က မေ့မေ့သွားတတ်ကြတယ်။

သာမန်ဘဝက ရုန်းထွက်ဖို့ အဆင့် (၁၀) ဆင့် ၁။ ကိုယ့်ဘဝအတွက် တာဝန်စယူပါ။ဘဝမှာ အပြောင်းအလဲလိုချင်ရင် အရင်ဆုံး ကိုယ့်ဖြစ်နေချိန...
27/08/2025

သာမန်ဘဝက ရုန်းထွက်ဖို့ အဆင့် (၁၀) ဆင့်

၁။ ကိုယ့်ဘဝအတွက် တာဝန်စယူပါ။
ဘဝမှာ အပြောင်းအလဲလိုချင်ရင် အရင်ဆုံး ကိုယ့်ဖြစ်နေချိန်အတွက် ကိုယ့်ကိုယ်ကိုယ် တာဝန်ယူဖို့ လိုပါတယ်။ အောင်မြင်မှုမျိုးကို ရဖို့ ကြိုးစားအားထုတ်မယ့်သူက ကိုယ်ပဲဖြစ်သလို၊ မလုပ်ချင်ဘဲ တစ်ဖက်နေနေမယ့်သူလည်း ကိုယ်ပဲ ဖြစ်ပါတယ်။

၂။ သာမန်ဘဝလောက်နဲ့ မကျေနပ်ပါနဲ့။
Comfort Zone ထဲမှာပဲ ပျော်မွေ့နေရင် ဘာအောင်မြင်မှုမှမရှိပါဘူး။ ကိုယ့်အနာဂတ်ကို နောင်တမိစေမယ့် တည်ငြိမ်လွန်းတဲ့ ဘဝထဲမှာ မထိုင်နဲ့။Comfort zone ကနေချဲထွက်ခဲ့ပါ

၃။ ကိုယ့်ရဲ့ အားသာချက်တွေကို ရှာပါ။
လူတိုင်းမှာ တော်တဲ့နေရာ၊ တက်သစ်တဲ့ အစွမ်းစုံရှိပါတယ်။ စကားပြောခြင်း၊ စာရေးခြင်း၊ တီထွင်ဆန်းသစ်ခြင်း စသဖြင့် ကိုယ့်ရဲ့ အားသာချက်ကို ရှာဖွေတွေ့ဆုံဖို့ လိုပါတယ်။

၄။ အားသာချက်နဲ့ သွားနိုင်မယ့် ပန်းတိုင် သတ်မှတ်ပါ။
ဘဝကို အနည်းဆုံး အခြေခံအစီအစဉ်တစ်ခုနဲ့ ဦးတည်သွားဖို့ လိုပါတယ်။ ပန်းတိုင်မသတ်မှတ်ရင် ဘယ်နေရာကို သွားချင်တာတောင်မသိတော့ပါဘူး။

၅။ စည်းကမ်းရှိပါ။
ပညာတတ်ချင်တယ်၊ ငွေကြေးကောင်းချင်တယ်ဆိုတာ လွယ်သော်လည်း အမှန်တကယ် လိုချင်ရင် စည်းကမ်းနဲ့ နေ့စဉ် စဉ်ဆက်မပြတ် ကြိုးစားဖို့ လိုပါတယ်။ စည်းကမ်းမရှိရင် ဘာမျှမပြောင်းလဲနိုင်ပါဘူး။

၆။ အရာရာကို ဂရုစိုက်နေမနေနဲ့။
လမ်းမှာဟောင်သမျှခွေးတိုင်းကို ခဲမထုပါနဲ့။ အရေးမကြီးတဲ့အရာတွေ၊ အဆိပ်အတောက်များတဲ့အချို့လူတွေကို ဂရုစိုက်နေမိရင် ကိုယ့်ဘဝရဲ့ အဓိက လမ်းကြောင်းကို မရောက်နိုင်တော့ပါ။

၇။ လူရွေးပေါင်းပါ။
သင့်တော်တဲ့လူတွေနဲ့ ပေါင်းသင်းပါ။ တိုးတက်ချင်ရင် ငပျင်းတွေ၊ မျက်ကွယ်ထဲမှာ အနုတ်လက္ခဏာဖြစ်စေမယ့် လူတွေနဲ့ မပေါင်းပါနဲ့။ ပတ်ဝန်းကျင်က ကိုယ့်ကို တိုးတက်စေသလား၊ နောက်ဆုတ်စေသလား သတိထားပါ။

၈။ စိတ်ရှည်ပါ၊ ဆက်လက်သင်ယူပါ။
တစ်နေ့တည်းနဲ့ အောင်မြင်မှုမရပါဘူး။ ပုံမှန်လိုက်လုပ်ဖို့၊ နေ့စဉ် တိုးတက်ဖို့ လိုပါတယ်။ သင်ယူမှုကို ရပ်လိုက်တာနဲ့ တိုးတက်မှု ရပ်သွားပါတယ်။

၉။ အောင်မြင်မှုရဲ့ တန်ဖိုးကို နားလည်ပါ။
အောင်မြင်မှုဟာ ချက်ချင်းမရတဲ့ အရာ၊ တစ်စုံတစ်ယောက် လက်ဆောင်ပေးထားတဲ့အရာ မဟုတ်ပါ။ ကြိုးစားမှု၊ စည်းကမ်း၊ စိတ်ရှည်မှုတွေ ရောနှောပြီးမှသာ ရရှိတာပါ။

၁၀။ မတူညီတဲ့ ကိုယ်ပိုင်လမ်းကြောင်း ဖန်တီးပါ။
သူများအတွက် ထိပ်တန်းဖြစ်ဖို့မဟုတ်ဘဲ ကိုယ့်အတွက် စွမ်းဆောင်နိုင်စွမ်းအပြည့်ထုတ်ဖော်ဖို့ ကြိုးစားပါ။

အောင်မြင်မှုဆိုတာ အားလုံးနဲ့ယှဉ်ကြည့်ရမယ့် အရာမဟုတ်ပါ။ ကိုယ့်ယနေ့ကို မနေ့ထက် တိုးတက်အောင်လုပ်နိုင်ရင်၊ အဲဒါပဲ အမှန်တကယ် အောင်မြင်မှုဖြစ်ပါတယ်။

ဘဝက တဖြည်းဖြည်း တိုးတက်သွားဖို့ ကြိုးစားသလောက်သာ အဓိကဖြစ်ပါတယ်။ သာမန်အဆင့်ထဲမှာပဲ နေလို့မရပါဘူး။

Kh,John(Hantharwaddy)
Don't Forget to Smile & Everything

ဇွဲလုံ့လနဲ့ ခံနိုင်ရည်ရှိမှုဟာ ခက်ခဲတဲ့ပြဿနာတွေကိုကျော်ဖြတ်ပြီး အလုပ်လုပ်ဖို့ အခွင့်အရေးရှိလာမှပဲ ထွက်ပေါ်လာတာဖြစ်ပါတယ်။
25/08/2025

ဇွဲလုံ့လနဲ့ ခံနိုင်ရည်ရှိမှုဟာ ခက်ခဲတဲ့ပြဿနာတွေကိုကျော်ဖြတ်ပြီး အလုပ်လုပ်ဖို့ အခွင့်အရေးရှိလာမှပဲ ထွက်ပေါ်လာတာဖြစ်ပါတယ်။

စိတ်စွမ်းအင်မြင့်တဲ့ အမျိုးသမီးဟာ သေချာပေါက် အုပ်စုနဲ့ မရောဘူး .သင်သိထားရမှာက စိတ်စွမ်းအင်မြင့်တဲ့ အမျိုးသမီးတွေ ဟာ သူမတ...
20/08/2025

စိတ်စွမ်းအင်မြင့်တဲ့ အမျိုးသမီးဟာ သေချာပေါက် အုပ်စုနဲ့ မရောဘူး .

သင်သိထားရမှာက စိတ်စွမ်းအင်မြင့်တဲ့ အမျိုးသမီးတွေ ဟာ သူမတို့ဟာ ချေမိုးတာ အေးစက်တာ Vibration Frequency တုန်ခါမှု ကြိမ်နှုန်း မြင့်မားတာမဟုတ်ပါ သူမတို့ဟာ

သူမတို့နဲ့ လိုက်ဖက်တဲ့ ပြောဆိုနိုင်တဲ့လူ ဟာ လက်ချိုးရေတွက်လို့ ရပါတယ် သင်က သူမတို့ကို အုပ်စုနဲ့ ဘယ်လိုသွား ရောခိုင်းမလဲ ?

သူမတို့ဟာ ဆက်ဆံရ ခက်ခဲတာ မဟုတ်ပါဘူး သူမတို့ရဲ့ Frequency ကြိမ်နှုန်း က အရမ်းကို သန့်ရှင်းလွန်းနေတာပါ ဆူညံတဲ့ ရှုပ်ထွေးတဲ့ Frequency ကြိမ်နှုန်းတူတွေနဲ့

အတူတကွ ကြိမ်နှုန်းတူ တုန်ခါလို့ မရ ပါဘူးစိတ်စွမ်းအင်မြင့်တဲ့ အမျိုးသမီးတွေ ဟာ

သူမတို့ဟာ မွေးကတည်းက ဆူညံနေတဲ့ လူအုပ်ထဲမှာ မရှိပါဘူး

သူမတို့ဟာ ထမင်းဝိုင်းမှာ ခွက်တိုက်ရ တာတွေ

တွန်းတွန်းတိုက်တိုက်တွေကို မကြိုက်ပါ ဘူး

လူအုပ်ထဲမှာ အတင်းပြောဆိုရတာတွေ ကို မကြိုက်ပါဘူး

သူမတို့ဟာ တစ်ယောက်ထဲ တိမ်တွေ သွားကြည့်ရပါစေ

သစ်ပင် သွားကြည့်ရပါစေ

နေဝင်ဆည်းဆာ ခွက်ထဲ ကျလာတာကိုကြည့်ရပါစေ

စည်ကားတဲ့ လူအုပ်ထဲမှာ

ကိုယ့်စိတ်ကို လွန်ဆန်တဲ့လူတစ်

ယောက် လုပ်ရမှာကို

မလိုလားပါဘူး

သူမတို့ဟာ အတင်းပြုလုပ်ထားတဲ့ စည်ကားမှုထဲမှာ ပင်ပန်းမှုကို ခံစားရပါလိမ့်မယ် မိမိကိုယ်တိုင်ရဲ့ တစ်ယောက်ထဲ နေထိုင် ခြင်းမှာတော့ အာဟာရ မွေးမြူမှုကို ရရှိပါတယ်

ဒါဟာ အုပ်စုနဲ့ မရောတာ မဟုတ်ပါဘူး ဖြစ်သလို မရောနှောတာပါ ဒါဟာ လူမှုဆက်ဆံရေး မရှိတာ မဟုတ် ပါဘူး စိတ်ခွန်အားကို မဖြုန်းတီးတာပါ

သူမတို့ဟာ ပြင်ပလောကနေ ဖြစ်တည်မှုကို ရယူဖို့ မလိုအပ်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ သူမတို့ရဲ့ ဖြစ် တည်မှုဟာ မိမိကိုယ်တိုင်ရဲ့ နိုးကြားခြင်း လာပါတယ် သတိနဲ့ နေခြင်းကနေ လာ

ဒီလိုအမျိုးသမီးတွေဟာ လ နဲ့ တူပါ တယ်
သူမတို့ရဲ့ ကိုယ်ပေါ်မှာ တိတ်ဆိတ်တဲ့ အလင်းရောင်တစ်မျိုး ရှိပါတယ်

မဆူညံဘူး မဖြေရှင်းဘူး မဖားဘူး တစ်ယောက်ထဲနေတဲ့ အကြိမ်တိုင်းမှာ သူမတို့ရဲ့ စိတ်ကို ထပ်ပြီး လင်းလက်အောင် ပွတ်တိုက်ပါ တယ်

စိတ်စွမ်းအင်မြင့်တဲ့ အမျိုးသမီးဟာ စိတ်စွမ်းအင်နိမ့်တဲ့ လူနဲ့ အတူ မကခုန် နိုင်ပါဘူး

ဒါပေမယ့် အကယ်၍ သင်ဟာ သူမရဲ့ ငြိမ်သက်ခြင်းကို နားလည်နိုင်တယ်ဆိုရင် သူမရဲ့ နက်ရှိုင်းမှုကို နားလည်ဖို့ သင့်မှာ အခွင့်အရေး ရှိလာပါတယ်

သူမရဲ့ လောကထဲကို သင်ဝင်ရောက် သွားတာနဲ့
သင်ဟာ သူမရဲ့ ရွေးချယ်ခြင်း ခံရတဲ့သူ ပါပဲ

ဒါကြောင့် သူမရဲ့ အုပ်စုနဲ့ မရောခြင်း ဟာ တကယ်တော့ စိတ်မှာ အလင်းရောင်ရှိတဲ့လူဟာ မိမိကိုယ်ကိုပေးထားတဲ့ ကာကွယ်မှုအရောင်တစ်ခု ဖြစ်ပါတယ်

သူမဟာ တကယ်ကို အုပ်စုနဲ့ ရောလို့ မ ရပါဘူး သင်ဟာ သူမကို ရှုပ်ထွေးဆူညံမှုထဲမှာ အမြဲနေခိုင်းရင် သူမရဲ့ Energy စွမ်းအင်တွေကို ကုန် ခမ်းစေမှာ ဖြစ်ပါတယ် ရှင်းအောင် ပြောရရင်

အဲဒါဟာ သူမရဲ့ မြေပြင် မဟုတ်ပါဘူး ဒါပေမယ့် သင်ကလည်း သူမအတွက်

စိတ်ပူစရာ မလိုပါဘူး

သင်က တွေးပါလိမ့်မယ် ဝါးး ဒီလို အမျိုးသမီးဟာသူမအတွက်ကတော့

အရမ်းကို အထီးကျန်ဆန်နေမှာပဲ လို့ တစ်ယောက်ထဲနေတာက အရူးအမူး

ပျော်တာထက်

ပိုသာပါတယ်

သူမရဲ့ ပျော်ရွှင်မှုကို

သာမန်လူတွေ နားလည်နိုင်မှာ မဟုတ် ပါဘူး



#ချစ်ခင်လေးစားစွာဖြင့်
#ပြန်လညိမျှဝေသူ


လူတယောက်ရဲ့သရုပ်မှန်က အခြေနေ နှစ်ခုမှာပဲပေါ်တာ1. လိုချင်တာတွေရပြီးတဲ့အခါသရုပ်မှန်ပေါ်လာလေ့ရှိတယ်2. သူလိုချင်တာတွေမရနိုင်...
16/08/2025

လူတယောက်ရဲ့
သရုပ်မှန်က အခြေနေ နှစ်ခုမှာပဲပေါ်တာ

1. လိုချင်တာတွေရပြီးတဲ့အခါ
သရုပ်မှန်ပေါ်လာလေ့ရှိတယ်

2. သူလိုချင်တာတွေမရနိုင်ဖူးဆိုတာ
သေချာသွားတဲ့အချိန်မှာလည်း
လူတယောက်ရဲ့ သရုပ်မှန်ပေါ်လာလေ့ရှိတယ်

အဲ့ဒါကြောင့်
အထက်ကအခြေနေနှစ်ခုနဲ့မကြုံရမချင်း

လူတယောက်ရဲ့စကားတွေကိုလည်း အယုံမစောနဲ့.
လုပ်ရပ်တွေကိုလည်း အကြည့်မစောနဲ့
အမူအယာတွေကိုလည်း အကြွေမစောနဲ့

အချိန်မကျသေးပဲ စိုက်တဲ့အပင်က
ဘယ်တော့မှအသီးမသီးသလို

အချိန်မကျသေးပဲခူးတဲ့အသီးကလည်း
ဘယ်တုန်းကမှ အရသာရှိရိုး ထုံးစံမရှိခဲ့ဖူး...။

Don't Forget to Smile & Everything

ဉီးနှောက်ဆိုတာ အလကားထားပေးတဲ့အစိတ်ပိုင်းတစ်ခု မဟုတ်ဘူး။ အမှားတွေထဲက သင်ခန်းစာ ယူတတ်ဖို့ပဲ။လောကမှာကြောက်စရာ အကောင်းဆုံးကပ...
15/08/2025

ဉီးနှောက်ဆိုတာ အလကားထားပေးတဲ့
အစိတ်ပိုင်းတစ်ခု မဟုတ်ဘူး။
အမှားတွေထဲက သင်ခန်းစာ ယူတတ်ဖို့ပဲ။

လောကမှာကြောက်စရာ အကောင်းဆုံးက
ပျင်းရိခြင်းနဲ့ အကြောက်တရားပဲ။

သူများထူမှ ထ တတ်ရင် ထူပေးမယ့်သူမရှိတဲ့
တစ်နေ့မင်းတက်နင်းခံရမှာတော့ အသေချာပါပဲ။

ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ။
ယုံကြည်မှုထက်အားကောင်းတဲ့ #စွမ်းအင် ဟူ၍
မရှိပါဘူး။

လူကိုအုပ်ချုပ်တာက စိတ် စိတ်ကိုအုပ်ချုပ်တာ
အသိညဏ် အသိညဏ်ကို အုပ်ချုပ်တာ ဗဟုသုတ
ဗဟုသုတကို အုပ်ချုပ်တာ စာပေ ပဲ
စာဖတ်ဖို့မပျင်းပါနဲ့။

စာဖတ်တတ်ပီးစာမဖတ်တာက မျက်လုံး
မပါတာနဲ့တူတူပဲ စာဖတ်ခြင်းသည် လူတစ်ယောက်ရဲ့
ကောင်းမွန်သောအနာဂတ်ကို ပြသပေးသော
တံခါးတချပ်ပါပဲ။

လက်တွေ့အကောင်ထည်ဖော်တာက ထိုတံခါးကို
တွန်းဖွင့်နေတဲ့ လက်နှစ်ဖက်နဲ့တူတယ်။
ဒါကြောင့် ဘဝအတွက်စာဖတ်ပါ မိတ်ဆွေ။


Address

117လမ်း 48 X 49
Mandalay

Website

Alerts

Be the first to know and let us send you an email when Don't Forget to Smile & Everything posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share