Able Academy

Able Academy အနာဂတ်၏ITပညာရှင်များ မွေးဖွားရာ

🎓 𝐀𝐛𝐥𝐞 𝐀𝐜𝐚𝐝𝐞𝐦𝐲 𝐂𝐚𝐦𝐛𝐫𝐢𝐝𝐠𝐞 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬𝐞𝐬🌍အနာဂတ်နိုင်ငံတကာပညာရေးအတွက် ခိုင်မာတဲ့ Foundation ကို အိမ်မှာနေရင်း စတင်တည်ဆောက်...
19/05/2026

🎓 𝐀𝐛𝐥𝐞 𝐀𝐜𝐚𝐝𝐞𝐦𝐲 𝐂𝐚𝐦𝐛𝐫𝐢𝐝𝐠𝐞 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬𝐞𝐬🌍

အနာဂတ်နိုင်ငံတကာပညာရေးအတွက် ခိုင်မာတဲ့ Foundation ကို အိမ်မှာနေရင်း စတင်တည်ဆောက်လိုက်ပါ။

ကလေးတွေ English, Maths, Science ဘာသာရပ်တွေမှာ အခြေခံကောင်းပြီး International Curriculum နဲ့ ရင်းနှီးကျွမ်းဝင်လာစေချင်ပါသလား?

ဒါဆိုရင် Able Academy ရဲ့ 𝗖𝗮𝗺𝗯𝗿𝗶𝗱𝗴𝗲 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 က မိဘများအတွက် ယုံကြည်စိတ်ချရတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။

✅ 𝗖𝗮𝗺𝗯𝗿𝗶𝗱𝗴𝗲 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 ကို ဘယ်သူတွေအတွက် ဖွင့်တာလဲ?
အနယ်နယ်အရပ်ရပ်မှ အသက် ၆ နှစ်မှ ၁၄ နှစ်အတွင်း သားသားမီးမီးများအတွက် ဖွင့်လှစ်ထားသော Online Class ဖြစ်ပါတယ်။
International School တွင် တက်ရောက်နေသော ကျောင်းသား/သူများသာမက မြန်မာသင်ရိုးဖြင့် သင်ယူနေသော ကျောင်းသား/သူများပါ တက်ရောက်နိုင်ပါတယ်။
ကလေးတွေကို အနာဂတ်နိုင်ငံတကာပညာရေးလမ်းကြောင်းဖြစ်တဲ့ IGCSE တက်ရောက်နိုင်ရန် အခြေခံကောင်းတစ်ခု တည်ဆောက်ပေးနိုင်ပါတယ်။

✅ 𝗖𝗮𝗺𝗯𝗿𝗶𝗱𝗴𝗲 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 မှာ ဘာတွေ သင်မှာလဲ?
Able Academy တွင် အဓိကဘာသာရပ် ၃ ခုကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
📘 Cambridge English
English ကို စာမေးပွဲအတွက်သာမက နေ့စဉ်အသုံးပြုနိုင်စေရန် Reading, Writing, Listening, Speaking စသည့် 4 Skills ကို အခြေခံကောင်းကောင်းဖြင့် လေ့ကျင့်သင်ကြားပေးပါမည်။

📐 Cambridge Maths
Cambridge Primary Mathematics curriculum အတိုင်း Number, Geometry & Measure, Statistics & Probability စသည့် အပိုင်းများကို သင်ကြားပေးပြီး ကလေးများ၏ problem-solving skill, logical thinking နှင့် mathematical confidence တိုးတက်လာစေရန် လေ့ကျင့်ပေးပါမည်။

🔬 Cambridge Science
Cambridge Primary Science curriculum အတိုင်း Biology, Chemistry, Physics, Earth & Space နှင့် Thinking and Working Scientifically စသည့် အပိုင်းများကို သင်ကြားပေးပါမည်။ ကလေးများကို သိပ္ပံနည်းကျ စဉ်းစားတတ်ခြင်း၊ မေးခွန်းထုတ်တတ်ခြင်းနှင့် လက်တွေ့အသုံးချတတ်ခြင်းများ တိုးတက်လာစေရန် ရည်ရွယ်ထားပါတယ်။

✅ Able Academy မှာ တက်ရင် ကလေးတစ်ယောက်အတွက် ဘာတွေ ရရှိမလဲ?
Able Academy ရဲ့ 𝗖𝗮𝗺𝗯𝗿𝗶𝗱𝗴𝗲 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 မှာ တက်ရောက်ခြင်းအားဖြင့် ကလေးများသည်—
👉 စာကို မှတ်ရုံမဟုတ်ဘဲ နားလည်ပြီး အသုံးချတတ်လာမယ်။
👉 မေးခွန်းတွေကို ကိုယ်တိုင်စဉ်းစားဖြေရှင်းနိုင်လာမယ်။
👉 English နဲ့ သင်ယူရင်း International Curriculum နဲ့ ရင်းနှီးလာမယ်။
👉 Maths နဲ့ Science မှာ အခြေခံခိုင်မာလာမယ်။
👉 IGCSE တက်ရောက်ရန် ရည်ရွယ်ထားသူများအတွက် အထူးသင့်တော်မယ်။
👉 အနာဂတ်နိုင်ငံတကာပညာရေးအတွက် Strong Foundation တစ်ခု ရရှိလာမယ်။
✅ သင်ကြားပေးမည့် ဆရာ/ဆရာမများ
Able Academy တွင် TKT လက်မှတ်ရရှိထားသော အတွေ့အကြုံရှိ ဆရာ/ဆရာမများ မှ စနစ်တကျ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
ကလေးများ၏ အသက်အရွယ်နှင့် Level အလိုက် နားလည်လွယ်အောင် သင်ကြားပေးပြီး တစ်ဦးချင်းစီ၏ သင်ယူမှုအခြေအနေကိုလည်း ဂရုစိုက် စောင့်ကြည့်ပေးသွားပါမည်။

✅ အထူးဝန်ဆောင်မှုများ
Able Academy တွင် အတန်းတစ်တန်းချင်းစီအတွက်
👩‍🏫 Class Teacher ၁ ဦး
📋 Class Management ၁ ဦး
ထားရှိပြီး ကလေးတစ်ဦးချင်းစီ၏ တိုးတက်မှုကို စောင့်ကြည့်ပေးသွားမှာ ဖြစ်ပါတယ်။
ထို့အပြင်
✅ Unit Test များ စစ်ဆေးပေးခြင်း
✅ Level Test များ ပြုလုပ်ပေးခြင်း
✅ ကလေးတစ်ဦးချင်းစီ၏ တိုးတက်မှုအခြေအနေကို မိဘများထံ ပေးပို့ပေးခြက်း
✅ လိုအပ်ပါက မိဘများနှင့် တွေ့ဆုံဆွေးနွေးပေးခြင်းတို့ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

✅ ဘယ်လိုသင်ကြားမှာလဲ?
💻 Zoom မှတစ်ဆင့် Online Class အဖြစ် သင်ကြားပေးပါမည်။
🏠 အိမ်မှာနေရင်း လုံခြုံစွာ သင်ယူနိုင်ပါတယ်။
👥 တစ်တန်းလျှင် ကျောင်းသား/သူ ၁၀ ယောက်သာ လက်ခံမည်။
📌 Small Class System ဖြစ်သောကြောင့် ကလေးတစ်ဦးချင်းစီကို ပိုမိုဂရုစိုက်နိုင်မှာပဲ ဖြစ်ပါတယ်။

✅ သင်တန်းကြေး
💰 1 Subject – 60,000 Ks
💰 3 Subjects Package – 150,000 Ks only
English + Maths + Science သုံးဘာသာလုံး တက်မယ်ဆိုရင် 30,000 Ks သက်သာခွင့် ရရှိမှာ ဖြစ်ပါတယ်။ 🎉

✅ ဘာကြောင့် Able Academy Cambridge Class ကို ရွေးချယ်သင့်သလဲ?
🌟 International Standard Curriculum ဖြင့် သင်ကြားပေးခြင်း
🌟 English, Maths, Science အခြေခံကို ခိုင်မာစေခြင်း
🌟 IGCSE အတွက် ကြိုတင်ပြင်ဆင်နိုင်ခြင်း
🌟 Small Class System ဖြင့် တစ်ဦးချင်းဂရုစိုက်ပေးခြင်း
🌟 Unit Test, Level Test ဖြင့် တိုးတက်မှုကို စစ်ဆေးပေးခြင်း
🌟 မိဘများနှင့် ကလေး၏အခြေအနေကို ပုံမှန်ဆွေးနွေးပေးခြင်း
🌟 TKT လက်မှတ်ရ အတွေ့အကြုံရှိ ဆရာ/ဆရာမများမှ သင်ကြားပေးခြင်း

🚀 Limited Seats Only!
Class တစ်ခုလျှင် ကျောင်းသား/သူ ၁၀ ယောက်သာ လက်ခံသွားမှာဖြစ်လို့ နေရာပြည့်မီ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါနော်။

📩 အသေးစိတ်မေးမြန်းရန် / စာရင်းပေးရန်
ဆက်သွယ်ရန်ဖုန်းနံပါတ်
+959 776 626246/+959454715002
Page Messenger မှလည်းတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။








သားတို့သမီးတ််ို့ အသုံးပြုနေတဲ့ ကွန်ပျူတာတွေ ဘယ်လိုဖြစ်ပေါ်လာလဲ သိကြလား?❔🙋‍♀️🏢 အခန်းတစ်ခန်းစာ စက်ကြီးများ (၁၉၄၀–၁၉၅၀)ဟို...
13/05/2026

သားတို့သမီးတ််ို့ အသုံးပြုနေတဲ့ ကွန်ပျူတာတွေ ဘယ်လိုဖြစ်ပေါ်လာလဲ သိကြလား?❔🙋‍♀️

🏢 အခန်းတစ်ခန်းစာ စက်ကြီးများ (၁၉၄၀–၁၉၅၀)
ဟိုးအရင်တုန်းက ကွန်ပျူတာတွေဟာ အခန်းတစ်ခန်းလုံးစာ နေရာယူရတဲ့ ဧရာမစက်ကြီးတွေပါ။ အထဲမှာ Vacuum Tubes ဆိုတဲ့ မီးသီးလို ပစ္စည်းတွေ ထောင်ပေါင်းများစွာ ပါပြီး အရမ်းပူ၊ လျှပ်စစ်လည်း အများကြီးသုံးရပါတယ်။ အဲဒီခေတ်က နာမည်ကြီးကွန်ပျူတာက ENIAC ပါ။

⚡ ပိုသေးပြီး ပိုမြန်လာခြင်း (၁၉၅၀–၁၉၆၀)
နောက်ပိုင်းမှာ Vacuum Tubes အစား Transistor လေးတွေ သုံးလာကြပါတယ်။ ဒါကြောင့် ကွန်ပျူတာတွေက ပိုသေး၊ ပိုမြန်၊ ပိုမိုယုံကြည်စိတ်ချရလာပါတယ်။ ဒီခေတ်မှာ ကွန်ပျူတာကို ခိုင်းဖို့ Programming Language တွေလည်း စတင်အသုံးများလာပါတယ်။

🧩 ချစ်ပ်ပြားလေးများ (၁၉၆၀–၁၉၇၀)
ဒီခေတ်မှာ IC (Integrated Circuit) ဆိုတဲ့ ချစ်ပ်ပြားလေးတွေ ပေါ်လာပါတယ်။ ချစ်ပ်ပြားတစ်ခုပေါ်မှာ အစိတ်အပိုင်းများစွာ စုထားနိုင်လို့ ကွန်ပျူတာတွေ ပိုသေးပြီး ပိုမြန်လာပါတယ်။ Keyboard နဲ့ Monitor တွေကိုလည်း ပိုအသုံးပြုလာကြပါတယ်။

🖱️ အိမ်သုံးကွန်ပျူတာများ (၁၉၇၀–၁၉၉၀)
Microprocessor ပေါ်လာပြီး ကွန်ပျူတာရဲ့ ဦးနှောက်ကို ချစ်ပ်ပြားသေးသေးလေးထဲ ထည့်နိုင်လာပါတယ်။ ဒီအချိန်မှာ Personal Computer (PC) တွေ ပေါ်လာပြီး လူတွေ အိမ်မှာ၊ ကျောင်းမှာ၊ ရုံးမှာ သုံးလာနိုင်ကြပါတယ်။

🤖 အင်တာနက်နဲ့ AI ခေတ် (၁၉၉၀–ယခု)
ဒီခေတ်မှာ ကွန်ပျူတာတွေဟာ အင်တာနက်နဲ့ တစ်ကမ္ဘာလုံး ချိတ်ဆက်နိုင်လာပါတယ်။ AI (ဉာဏ်ရည်တု) ကြောင့် ကွန်ပျူတာတွေက ကလေးတို့ရဲ့ စကားတွေနားလည်ပြီး မေးခွန်းဖြေတတ်၊ ပုံဆွဲတတ်၊ အလုပ်တွေကို ကူညီလုပ်ပေးနိုင်လာပါတယ်။

✨ အနာဂတ်ကွန်ပျူတာများ
နောင်မှာ ကွန်ပျူတာတွေက ပိုပြီး ထူးခြားလာနိုင်ပါတယ်။ လက်ပတ်နာရီလို ဝတ်ဆင်သုံးနိုင်တဲ့ နည်းပညာတွေ၊ သက်ရှိတွေရဲ့ DNA နဲ့ ကွန်ပျူတာကို ခိုင်းနိုင်တဲ့ နည်းပညာတွေ၊ အလွန်မြန်တဲ့ Quantum Computer တွေ ပိုတိုးတက်လာနိုင်ပါတယ်။

ကလေးတို့ လက်ထဲက ဖုန်းလေးတွေ၊ ကွန်ပျူတာလေးတွေဟာ ဟိုးအရင်ခေတ်တွေက သိပ္ပံပညာရှင်တွေရဲ့ ကြိုးစားမှုတွေကြောင့် ပေါ်လာတာပါ။ ဒါကြောင့် ကလေးတို့လည်း နောင်တစ်ချိန်မှာ နည်းပညာအသစ်တွေ တီထွင်နိုင်တဲ့ လူငယ်လေးတွေ ဖြစ်လာအောင် ကြိုးစားကြရအောင်နော်။


09/05/2026

"ကမ္ဘာပေါ်မှာ အလှဆုံးချစ်ခြင်းတရားက ဘာလဲလို့မေးရင် 'မေမေ့ကို ချစ်တဲ့ ကလေးတွေရဲ့အချစ်' လို့ပဲ ဖြေရမှာပါပဲ။ ❤️

မေလ (၁၀)ရက်နေ့မှာ ကျရောက်မယ့် Mother's day အတွက် Able Academy မှာ တက်ရောက်နေတဲ့ ကလေးတွေရဲ့ မေမေ့က်ို ပြောပြချင်တဲ့ စကားလေးတွေကို မျှဝေပေးလိုက်ရပါတယ်။ ကလေးတွေရဲ့ ရင်ထဲက စကားသံလေးတွေကို နားဆင်ကြည့်လိုက်ရအောင်။ Happy Mother’s Day ပါ မေမေတို့ရေ! 🌸"

#အမေများနေ့

29/04/2026

Able Academy ရဲ့ Group Class အတန်းလေးတစ်ခုဖြစ်တဲ့ Cambridge Computing Stage 6 မှာ သင်ကြားနေပုံများကို မျှဝေလိုက်ရပါတယ်💻📘

ကလေးများအတွက် နည်းပညာဆိုင်ရာ အခြေခံအချက်လက်များစွာကို နားလည်လွယ်ကူစေဖို့ ဆရာ/ဆရာမများက လက်တွေ့လေ့ကျင့်မှုများနဲ့အတူ သင်ကြားပေးလျက်ရှိပါတယ်ရှင်✨

Able Academy ရဲ့ အတွေ့အကြုံရင့် ဆရာ/ဆရာမများက ခေတ်မီနည်းပြပုံစံများဖြင့် အနီးကပ် လမ်းညွှန်သင်ကြားပေးနေမှုများကို ယခုဗီဒီယိုလေးထဲတွင် ကြည့်ရှုနိုင်ပါတယ်ရှင်

Able Academy မှာ သင်ကြားနေသော အတန်းများကို comment မှာ ဖောပြပေးထားပါတယ်

🌟 သင့်ကလေးကို 𝐈𝐆𝐂𝐒𝐄  အထိ အခြေခံခိုင်မာစေမယ့် Pearson Computing အတန်းကို ဘယ်သူသင်မှာလဲ?Able Academy ရဲ့ 𝗣𝗲𝗮𝗿𝘀𝗼𝗻 𝗜𝗻𝘀𝗽𝗶𝗿𝗲𝗱 ...
28/04/2026

🌟 သင့်ကလေးကို 𝐈𝐆𝐂𝐒𝐄 အထိ အခြေခံခိုင်မာစေမယ့် Pearson Computing အတန်းကို ဘယ်သူသင်မှာလဲ?

Able Academy ရဲ့ 𝗣𝗲𝗮𝗿𝘀𝗼𝗻 𝗜𝗻𝘀𝗽𝗶𝗿𝗲𝗱 𝗖𝗼𝗺𝗽𝘂𝘁𝗶𝗻𝗴 အတန်းမှာ ကလေးတို့ရဲ့ လက်ဦးဆရာအဖြစ် သင်ကြားပေးမယ့် 𝑻𝒆𝒂𝒄𝒉𝒆𝒓 𝒀𝒖 𝑻𝒉𝒊𝒏𝒛𝒂𝒓 𝑨𝒖𝒏𝒈 နဲ့ မိတ်ဆက်ပေးပါရစေ။

ကျောင်းသား၊ ကျောင်းသူများက "𝑻𝒆𝒂𝒄𝒉𝒆𝒓 𝒀𝒖" လို့ ချစ်ခင်စွာခေါ်ကြတဲ့ 𝑻𝒆𝒂𝒄𝒉𝒆𝒓 𝒀𝒖 𝑻𝒉𝒊𝒏𝒛𝒂𝒓 𝑨𝒖𝒏𝒈 ဟာ IT Field မှာ သင်ကြားရေးအတွေ့အကြုံ (၈) နှစ်ကျော် ရှိထားတဲ့ ဝါရင့်ဆရာမတစ်ဦး ဖြစ်ပါတယ်။

✨ ဘာကြောင့် Teacher Yu နဲ့ သင်သင့်တာလဲ?

𝗘𝘅𝗽𝗲𝗿𝗶𝗲𝗻𝗰𝗲 : IGCSE (Computer Science & ICT) ဘာသာရပ်များကို International School များတွင် သင်ကြားပေးနေသူ ဖြစ်သလို၊ IT နှင့် Business ဘွဲ့လွန်ဒီပလိုမာအတန်းများအထိ ကျွမ်းကျင်စွာ ပို့ချပေးနေသည့် ဝါရင့် Lecturer တစ်ဦးလည်း ဖြစ်ခြင်း။

𝗧𝗲𝗮𝗰𝗵𝗶𝗻𝗴 𝗠𝗲𝘁𝗵𝗼𝗱𝗼𝗹𝗼𝗴𝘆 : အလွတ်ကျက်စနစ်ကို ရှောင်ရှားပြီး ကလေးများ ကိုယ်တိုင် စဉ်းစားတွေးခေါ်တတ်စေမယ့် "Computational Thinking" ကို အဓိကထား သင်ကြားပေးခြင်း။

𝗔𝗰𝗮𝗱𝗲𝗺𝗶𝗰 𝗘𝘅𝗰𝗲𝗹𝗹𝗲𝗻𝗰𝗲 :
🎓Bachelor Degree (1st Class Honours) – Business IT, University of Greenwich, UK.

🎓MBA - Lincoln University College, Malaysia

🎓PMP (Project Management Professional) Certified. များ ရရှိထားခြင်း

📊 ကလေးတို့ရဲ့ တိုးတက်မှုကို အမြဲစောင့်ကြည့်ပေးမှာပါ
Student Book + Work Book နှစ်မျိုးလုံးကို အသုံးပြုသင်ကြားပေးမယ့်အပြင်၊ Unit တစ်ခုပြီးတိုင်း Assessment များစစ်ဆေးပေးပြီး မိဘများထံ တစ်ဦးချင်းစီရဲ့ Progress Report များ ပေးပို့ပေးသွားမှာ ဖြစ်ပါတယ်။

🎯 ဒီအတန်းပြီးရင် ဘာတွေရမလဲ?
ကလေးအတွက် 𝗜𝗚𝗖𝗦𝗘 𝗖𝗼𝗺𝗽𝘂𝘁𝗲𝗿 𝗦𝗰𝗶𝗲𝗻𝗰𝗲 နဲ့ 𝗜𝗖𝗧 အတွက် အခြေခံ ခိုင်မာသွားမယ်။ (A*) ရဖို့အတွက် လိုအပ်တဲ့ စဉ်းစားတွေးခေါ်ပုံတွေ အခုကတည်းက ရရှိထားမှာပါ။

🚀 Able Academy မှာ သင့်ကလေးရဲ့ အနာဂတ်အတွက် အကောင်းဆုံး ပြင်ဆင်ပေးလိုက်ပါ!

📬 အတန်းချိန်နှင့် သင်တန်းကြေး အသေးစိတ်ကို သိရှိလိုပါက Messenger တွင် အခုပဲ မေးမြန်းနိုင်ပါပြီ။

💻သင်ကြားမည့်နေရာ
Zoom Meeting(face to face)

☎️ ဆက်သွယ်ရန်
+959776626246, +959454715002

Pearson Computing သင်တန်း အကြောင်းကို ပိုမိုသိရှိရန် Comment ရှိ Link များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင်📩

ကလေးများအတွက် Pearson Edexcel စံနှုန်းမီ Computing Class💻❤️‍🔥ဒီနေ့ခေတ်မှာ Digital Literacy ဆိုတာ ရွေးချယ်စရာမဟုတ်ဘဲ မရှိ...
23/04/2026

ကလေးများအတွက် Pearson Edexcel စံနှုန်းမီ Computing Class💻❤️‍🔥

ဒီနေ့ခေတ်မှာ Digital Literacy ဆိုတာ ရွေးချယ်စရာမဟုတ်ဘဲ မရှိမဖြစ်လိုအပ်တဲ့ Skill တစ်ခုဖြစ်နေပါပြီနော်။ Pearson Inspired Computing Curriculum ဟာကလေးတွေကို Computer Science နယ်ပယ်ထဲမှာ ယုံကြည်မှုရှိရှိ ခြေလှမ်းလှမ်းနိုင်ဖို့ အကောင်းဆုံး ပံ့ပိုးပေးနိုင်ပါတယ်။

📘 သင်ရိုးညွှန်းတမ်းရဲ့ ထူးခြားချက်များ

International Standard: Edexcel စံနှုန်းများအတိုင်း Level 1 မှ Level 9 အထိ စနစ်တကျ ရေးဆွဲထားခြင်း။

Exam Ready: Edexcel Exam ဖြေဆိုမယ့် ကျောင်းသားများအတွက် သီးသန့်ရည်ရွယ်ပြီး Foundation ခိုင်မာအောင် တည်ဆောက်ပေးခြင်း။

Future-Ready Skills: သီအိုရီတင်မဟုတ်ဘဲ လက်တွေ့အသုံးချနိုင်မယ့် ICT & Coding skills များကို အသားပေးခြင်း။

ဘာတွေ သင်ယူရမလဲ?
🔹 Logic & Coding: Algorithms နှင့် Python Programming (Modern Chatbot များ ဖန်တီးခြင်းအထိ)
🔹 Data Science: Spreadsheet Analysis နှင့် Data Visualization များ
🔹 Tech Essentials: Binary, Web Technology နှင့် Digital Graphics
🔹 Security: Cyber Security နှင့် Safe Communication တို့ သင်ယူရမှာပဲ ဖြစ်ပါတယ်။

🧠 သင်ကြားမှုပုံစံ
သင်ခန်းစာတိုင်းမှာ Active Learning ကို အခြေခံထားပြီး
✅ တိကျတဲ့ Learning Objectives များ
✅ လက်တွေ့ Hands-on Activities များ
✅ ဝေါဟာရသစ်များကို ကျွမ်းကျင်စေမယ့် Key Word Definitions
✅ နားလည်မှုကို စစ်ဆေးပေးမယ့် Quick Quizzes များ ပါဝင်ပါတယ်။

🗓 သင်တန်းကာလ – ၉ လ
👥 အတန်းအရွယ်အစား – ၅ ဦးမှ ၇ ဦးအထိ (Small Group Class ဖြစ်လို့ ကလေးတစ်ဦးချင်းစီကို အနီးကပ် လမ်းညွှန်ပေးနိုင်ပါတယ်)

🧑🏻‍💻 အသက်(၈)နှစ်မှစပြီး တက်ရောက်နိုင်ပါသည်။ (တက်ရောက်ရမည့် Level အတွက် Level Test များ ဖြေဆိုရပါမည်။)

Able Academy ရဲ့ ဒီသင်တန်းကနေ ဘာတွေရရှိမလဲ?
✔️ Problem-solving နှင့် Critical Thinking Skill များ တိုးတက်လာခြင်း
✔️ နိုင်ငံတကာအသိအမှတ်ပြု Curriculum နှင့် အကျွမ်းတဝင်ရှိခြင်း
✔️ နည်းပညာကို စနစ်တကျ အသုံးချတတ်ပြီး အနာဂတ် Digital Career အတွက် အခြေခံကောင်းရရှိခြင်း တို့ပဲ ဖြစ်ပါတယ်။

📩 သင်တန်းအကြောင်း အသေးစိတ်သိရှိလိုပါက Page Messenger မှတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

၁၃၈၈ မြန်မာ့နှစ်သစ် အခါသမယမှာ နိုင်ငံသူ/သား အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း Able Academy က ဆုတောင...
17/04/2026

၁၃၈၈ မြန်မာ့နှစ်သစ် အခါသမယမှာ နိုင်ငံသူ/သား အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း Able Academy က ဆုတောင်းမေတ္တာများ ပို့သလိုက်ရပါတယ် 🙏🏼🙏🏼🙏🏼

#နှစ်သစ်
#၁၃၈၈သင်္ကြန်
#နှစ်ဆန်း၁ရက်နေ့

09/04/2026

ပိတောက်ရနံ့ဝေ Able ကျောင်းတော်က အတာသကြန်ရေ 💦🎊

Able Academy က သားသားမီးမီးတို့နဲ့အတူ သင်္ကြန်အကြိုပွဲတော်မှာ

✨ ရင်းနှီးမိတ်ဆက်ကြရင်း သင်္ကြန်အစီစဉ်လေးတွေ မျှဝေခဲ့ကြတယ်
✨ ကလေးတွေရဲ့ ချစ်စရာကောင်းတဲ့ သင်္ကြန်ကကွက် ဗီဒီယိုတွေကို အတူတူကြည့်ရှုခဲ့ကြတယ်၊
✨ "သင်္ကြန်ဉာဏ်စမ်း" မေးခွန်းတွေနဲ့ Scavenger Hunt ဂိမ်းတွေကို အပြိုင်အဆိုင် ဆော့ခဲ့ကြတယ်၊
✨ နောက်ဆုံးမှာတော့ သင်္ကြန်သီချင်းမြူးမြူးလေးတွေနဲ့ အတူတူ ကခုန်ရင်း ပျော်ပျော်ပါးပါး အဆုံးသတ်ခဲ့ကြပါတယ်။

ဥာဏ်စမ်းမေးခွန်းတွေလည်း တက်တက်ကြွကြွဖြေနိုင်ကြပြီး ကပြတာတွေကလည်း တကယ်ကိုတော်ကြပါတယ်ရှင်။ ကလေးတွေရဲ့ တက်ကြွတဲ့ အပြုံးလေးတွေက ကျွန်မတို့ Able Academy အတွက်တော့ အကောင်းဆုံး အားဆေးပါပဲရှင်။နောင်နှစ်တွေမှာလည်း ဒီလိုပျော်စရာကောင်းတဲ့ အမှတ်တရတွေကို အတူတူ ထပ်ဖန်တီးကြဦးမယ်နော်။💦🌼



ပိတောက်ရနံ့ဝေ 𝓐𝓫𝓵𝓮 ကျောင်းတော်က အတာသကြန်ရေ💦ဒီနေ့ညမှာတော့ ကျွန်မတို့ Able Academy မှာ တက်ရောက်နေတဲ့ ကျောင်းသား/သူလေးများန...
05/04/2026

ပိတောက်ရနံ့ဝေ 𝓐𝓫𝓵𝓮 ကျောင်းတော်က အတာသကြန်ရေ💦

ဒီနေ့ညမှာတော့ ကျွန်မတို့ Able Academy မှာ တက်ရောက်နေတဲ့ ကျောင်းသား/သူလေးများနဲ့ ဆရာ/မများက မြန်မာ့နှစ်သစ်ကူးကို အတူတကွ ကြိုဆိုကြတဲ့ Thingyan Celebration လေး ကျင်းပခဲ့ပါတယ်။ ❤️✨

သမီးငယ်လေးတွေက မြန်မာ့ရိုးရာ ဝတ်စုံလေးတွေအသီးသီး ဝတ်ဆင်ပြီး ကပြဖျော်ဖြေခဲ့ကြသလို သင်္ကြန်သီချင်းလေးတွေ၊ ဂိမ်းလေးတွေကစားရင်း Able Academy ရဲ့ အတန်းစုံက သားသားမီးမီးလေးတွေက တပျော်တပါး ဆင်နွှဲခဲ့ကြပါတယ်။ အနိုင်ရရှိသွားကြတဲ့ သားသားမီးမီးတွေကို #သကြန်မောင် #သကြန်မယ် များအဖြစ် ရွေးချယ်ပေးခဲ့ပါတယ်ရှင်။ 🎊

ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ တက်ကြွမှုတွေ၊ ဆရာ/ဆရာမတွေရဲ့ ပျော်ရွှင်မှုတွေနဲ့ အတူနှစ်သစ်ကို ကြည်နူးချမ်းမြေ့စွာ ကြိုဆိုခဲ့ကြပါတယ်။
လာမယ့်သင်္ကြန်ရက်တွေမှာလည်း အားလုံးပဲ ပျော်ရွှင်အေးချမ်းကြပါစေလို့ Able Academy က ဆုတောင်းမေတ္တာများ ပို့သလိုက်ပါတယ်ရှင်။

#သင်္ကြန်အကြို

🧠✨The Power of Logical Thinking ✨🧠ကလေးတစ်ယောက်ရဲ့ ပညာရေးမှာ စာတတ်ဖို့ထက် ပိုအရေးကြီးတာက "မှန်ကန်စွာ စဉ်းစားတွေးခေါ်တတ်ဖိ...
29/03/2026

🧠✨The Power of Logical Thinking ✨🧠

ကလေးတစ်ယောက်ရဲ့ ပညာရေးမှာ စာတတ်ဖို့ထက် ပိုအရေးကြီးတာက "မှန်ကန်စွာ စဉ်းစားတွေးခေါ်တတ်ဖို့" ဖြစ်ပါတယ်။ အနာဂတ်ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ဆိုရင် စာအုပ်ထဲက အဖြေတွေကို အလွတ်ကျက်နေတာထက် "Logic" (ယုတ္တိဗေဒ) ရှိရှိ စဉ်းစားတတ်တဲ့ စွမ်းရည်က မရှိမဖြစ်လိုအပ်ပါတယ်။

💡 Logical Thinking (ယုတ္တိရှိရှိ တွေးခေါ်ခြင်း) ဆိုတာ ဘာလဲ?

ဒါဟာ အဖြေမှန်ကို "မှန်းဆ" ဖြေဆိုခြင်း မဟုတ်ပါဘူး။ အဖြေတစ်ခုဆီကို "အဆင့်လိုက် စနစ်တကျ" လျှောက်လှမ်းခြင်း ဖြစ်ပါတယ်။

ကလေးတွေက အဖြေကို ခန့်မှန်းရုံသက်သက် သို့မဟုတ် အလွတ်ကျက်ထားခြင်း မဟုတ်ပဲ
✅ အချက်အလက် (Facts) တွေကို အခြေခံပြီး အကြောင်းပြချက်နဲ့ အဆင့်ဆင့် ဖြေရှင်းခြင်းပဲ ဖြစ်ပါတယ်

🎯 အတူတူ စဉ်းစားကြည့်ရအောင်

မေးခွန်း: "ဒီနေ့ မိုးရွာမယ် ထင်လား?"

Logical Thinker (တွေးခေါ်ရှင်) တစ်ယောက်ဟာ "ရွာမယ်/မရွာဘူး" လို့ ရမ်းမဖြေပါဘူး။ သူက...
1. ☁️ လေ့လာမယ်: မိုးတိမ်တွေ တက်နေလား?
2. 💨 ဆန်းစစ်မယ်: လေတိုက်နှုန်းက ဘယ်လိုရှိလဲ?
3. 📊 နှိုင်းယှဉ်မယ်: မနေ့ကလည်း ဒီလိုအခြေအနေမျိုးမှာ မိုးရွာခဲ့လား?

ဒီလို အချက်အလက်တွေကို ချိတ်ဆက်ပြီးမှ ခိုင်မာတဲ့ "ဆုံးဖြတ်ချက်" ကို ချတာမျိုး ဖြစ်ပါတယ်။

🚀 ဘာကြောင့် Logical Thinking က အနာဂတ်အတွက် အရေးကြီးဆုံး ဖြစ်လာတာလဲ?

ယနေ့ခေတ် Coding, AI နဲ့ နည်းပညာ အားလုံးရဲ့ အခြေခံဟာ Logical Thinking က စတာပါ။
❤️‍🔥Smart Kids လေးတွေဟာ အဖြေကိုတင် သိတာမဟုတ်ဘဲ အဖြေက "ဘယ်လိုကြောင့် ထွက်လာတာလဲ" ဆိုတဲ့ လုပ်ငန်းစဉ်ကို နားလည်ကြပါတယ်။
*❤️‍🔥သူတို့ဟာ ပြဿနာတစ်ခု ကြုံလာရင် စိတ်မပျက်ဘဲ "ဘာကြောင့် ဖြစ်ရတာလဲ" ဆိုတာကို ရှာဖွေပြီး နည်းလမ်းအသစ်နဲ့ ဖြေရှင်းတတ်လာပါတယ်။

နောက်တစ်ကြိမ် သားသားမီးမီးတို့ အကူအညီတောင်းတဲ့အခါ အဖြေကို တန်းမပေးလိုက်ပါနဲ့။ ဒီမေးခွန်းလေးကို အရင်မေးကြည့်ပါနော်
👉🏻"ဒီအဖြေရဖို့ သား/သမီး ဘယ်လို စဉ်းစားထားလဲ?"

ဒီမေးခွန်းလေး တစ်ခုတည်းကတင် ကလေးရဲ့ Brain ကို ပိုမိုဖွံ့ဖြိုးစေပြီး Logicကျကျ စဉ်းစားတွေးခေါ်တတ်မှုကို အားကောင်းစေပါတယ်။

📚 Able Academy ရဲ့ Cambridge သင်ရိုးတွေမှာလည်း ကလေးငယ်တွေကို စာသင်ပေးရုံတင်မကဘဲ "ဘယ်လိုစဉ်းစားရမလဲ"ဆိုတဲ့ (Thinking Skill) ကိုပါ စနစ်တကျ သင်ကြားပေးပါတယ်။

📩သင်တန်းစုံစမ်းလိုပါက page messenger တွင် လာရောက် မေးမြန်းနိုင်ပါတယ်


Address

51* 110, Myanmar, Burma (Myanmar)
Mandalay

Alerts

Be the first to know and let us send you an email when Able Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Able Academy:

Share