MTU Esports Association

MTU Esports Association Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MTU Esports Association, Game Publisher, Mtu, Mandalay.

14/11/2025
14/11/2025

🔺VEC : VLD2 (Others Region) || Final Day Table Standing

VEC : Varsity League Division - Others Region ရဲ့ ပွဲစဥ်​နောက်ဆုံးရက်မှာ​တော့ အသင်းများအားလုံးက ​ရေကုန်​​ရေခမ်း အပြင်းအထန်ကို ယှဥ်ပြိုင်​ဆော့ကစားခဲ့ကြပြီး အခုဆိုရင်​တော့ Next Season - Division 1 ကို တက်လှမ်းဖိုအတွက် ဇယားရပ်တည်မှု ထိပ်ဆုံးနေရာကို ​​ရောက်ရှိ​နေတဲ့ တက္ကသိုလ် Esports သုံးသင်းကလည်း ပေါ်ထွက်လို့လာခဲ့ပါပြီ⚡️

နောက် Season - Division 1 မှာ ​စောင့်ကြို​နေတဲ့ အခက်အခဲအသစ်​တွေအတွက် ကြိုတင်ပြင်ဆင်ထားဖို​တော့လိုမယ်​နော် 🔥

📺 VEC : Varsity League Division ရဲ့ Update တိုင်းကို Varsity League Social Media Channels များမှတဆင့် စောင့်ကြည့်ပေးပါ..

◾️Facebook - https://www.facebook.com/share/1CCwpyf6gj/
◾️Youtube - https://www.youtube.com/
◾️Tik Tok - https://www.tiktok.com/
◾️Instagram - https://www.instagram.com/leaguevarsity...
◾️Telegram Channel - https://t.me/varsityleague
◾️UEN Portal (Website) - https://uenmyanmar.com/

"Stories Among The Stars"



မနက်ဖြန်ည ၇ နာရီမှာတော့ Division 2 မှာ 6 ပွဲဆော့ 5 ပွဲအနိုင်ယူထားပြီး on fire နေတဲ့ MTU  နဲ့ TUPT ပွဲစဉ်ကောင်းတခုကို Var...
13/11/2025

မနက်ဖြန်ည ၇ နာရီမှာတော့ Division 2 မှာ 6 ပွဲဆော့ 5 ပွဲအနိုင်ယူထားပြီး on fire နေတဲ့ MTU နဲ့ TUPT ပွဲစဉ်ကောင်းတခုကို Varsity League Youtube Channel မှာ live လွှင့်ပြသပေးသွားမှာဖြစ်လို့ အားပေးကြပါအုံးလို့ တိုက်တွန်းချင်ပါတယ်ဗျာ။

MTU 🔥
13/11/2025

MTU 🔥

Division 2 ရဲ့ နောက်ထပ်ပွဲစဉ်တွေဖြစ်တဲ့ UMM vs MTU UDMM vs MTU MUFL vs MTUUVS vs MTUYDNB vs MTU    ပွဲစဉ်အားလုံးကို MTU ...
13/11/2025

Division 2 ရဲ့ နောက်ထပ်ပွဲစဉ်တွေဖြစ်တဲ့

UMM vs MTU
UDMM vs MTU
MUFL vs MTU
UVS vs MTU
YDNB vs MTU

ပွဲစဉ်အားလုံးကို MTU ကိုယ်စားပြု Letsquezzeee ကနေအနိုင်ယူထားပြီး မနက်ဖြန်မှာဆိုရင်တော့ TUPT နဲ့နောက်ဆုံးပွဲစဉ်ကိုဆော့ကစားပြီး Division 1 ကိုတက်လှမ်းသွားမှာဖြစ်ပါတယ်။ မနက်ဖြန်ပွဲစဉ်တွေကို live လွှင့်ပြသအုံးမှာဖြစ်လို့ Varsity League youtube channel ကနေလည်းဝင်ရောက်အားပေးနိုင်ပါတယ်ဗျ။

"Letsquezzee" is on fire 🔥

Welcome to the Official YouTube Channel of Varsity League. The only university-level esports tournament that brings together talented student players from universities across Myanmar to compete on the highest esports stage. This tournament is where future esports stars are born, where they can capti...

10/11/2025

ဒီနေ့ဆော့သွားတဲ့ Bo1 ပွဲစဉ် ၃ ပွဲမှာတော့

MTU vs MIIT မှာ MIIT ကနေအနိုင်ရရှိခဲ့ပြီး

MTU vs YDNB (MTU win)

MTU vs UVS (MTU win) ဆိုတဲ့ရလဒ်နဲ့အတူ ၁ ပွဲရှုံးပြီး ၂ ပွဲအနိုင်ရရှိခဲ့ပါတယ်။

Today's a match day!ဒီနေ့ကတော့ Varsity League Division-2 ရဲ့ ပွဲတွေကိုဆော့ကစားကြမှာဖြစ်ပါတယ်။ MTU ကနေပြီးတော့ နောက်ဆုံးက...
10/11/2025

Today's a match day!
ဒီနေ့ကတော့ Varsity League Division-2 ရဲ့ ပွဲတွေကိုဆော့ကစားကြမှာဖြစ်ပါတယ်။ MTU ကနေပြီးတော့ နောက်ဆုံးကျောင်းတွင်း qualifier မှာ champion ဖြစ်ခဲ့တဲ့ Letsquezzeeee ကနေ MTU ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ယနေ့ဆော့တဲ့ပွဲစဉ်တွေကိုတော့ live လွှင့်ပြသအုံးမှာ မဟုတ်ဘဲ 14 ရက်နေ့မှာ တော့ Division 2 ပွဲစဉ်တွေကို Rise of Varsity YouTube channel မှာ live လွှင့်ပြသပေးသွားမှာဘဲဖြစ်ပါတယ်။

ဒီပွဲလေးကတော့ စာမေးပွဲပြီး ဂိမ်းအမုန်းဆော့မယ်ဆိုတဲ့ ညိုကီတွေအတွက်ဗျာ။ ထူးခြားတာလေးကတော့ ခါတိုင်းလို University represent...
19/09/2025

ဒီပွဲလေးကတော့ စာမေးပွဲပြီး ဂိမ်းအမုန်းဆော့မယ်ဆိုတဲ့ ညိုကီတွေအတွက်ဗျာ။ ထူးခြားတာလေးကတော့ ခါတိုင်းလို University representative တသင်းထဲ ခေါ်တာမဟုတ်ဘဲ MTU က Esports အသင်းတိုင်းပါဝင်ယှဉ်ပြိုင်နိုင်တာမလို့ စာရင်းပေးလို့ရပြီဗျာ။

Campus Legends: Myanmar Qualifier 2025 အတွက် Registration ဖွင့်လှစ်လိုက်ပြီ 💛

International စင်မြင့်တွေပေါ်မှာလည်း Esports အားကစားသမားတစ်ဦးဖြစ်လာဖို့ အိပ်မက်ရှိတဲ့ ကျောင်းသားကျောင်းသူအားလုံးအတွက် အခွင့်အလမ်းကောင်းတစ်ခု ရောက်ရှိလို့လာပါပြီ!

Campus Legends: Myanmar Qualifier 2025 ရဲ့ Open Qualifier ပြိုင်ပွဲအတွက် Registration စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

📅 Registration Duration: စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ

📝 Register Here:

🔸 Mobile Legends: Bang Bang - https://forms.gle/kofdw2nQ6PVhapTY7
🔸 Street Fighter 6 - https://forms.gle/gm7ozFTGkmavEvM17

🎮 Note - Registration Form တွင် ပြိုင်ပွဲဝင်များအတွက် Communication Channel နဲ့ Competition Rule Book များထည့်သွင်းပေးထားမှာဖြစ်တာကြောင့် Form ကို သေချာစစ်ဆေးကြည့်ပြီးမှ စာရင်းပေးသွင်းပေးရန် တိုက်တွန်းလိုပါတယ်!

Registration Deadline - Sep 26, 2025 (Friday)



18/09/2025

Campus Legends : Myanmar 2025

UEN မှ မြန်မာ့တက္ကသိုလ်ကျောင်းသား/သူများအတွက် နိုင်ငံတကာ Esports နယ်ပယ်ရဲ့ အခွင့်အလမ်းအသစ်များနှင့်အတူ ပြိုင်ပွဲများကိုပါ စတင်ချိတ်ဆက်ပေးပါတော့မယ်..

ပြီးခဲ့တဲ့ Rise Of Varsity League (ROVL) ပြိုင်ပွဲကနေ တစ်နိုင်ငံလုံးအနှံ့မှ တက္ကသိုလ် Esports အသင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးတဲ့နောက်မှာ၊ မြန်မာ့ကျောင်းသား Esports ကစားသမားတွေရဲ့ အရည်အချင်းတွေကို အာဆီယံအဆင့်အထိ မြှင့်တင်ပေးနိုင်မယ့် အစီအစဉ်အသစ်တစ်ခုကို University Esports Network (UEN) မှ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။

Campus Legends ပြိုင်ပွဲဟာ စင်ကာပူနိုင်ငံမှာ 2024 ခုနှစ်ကနေ အာဆီယံ ၁၁ နိုင်ငံမှ တက္ကသိုလ်ကျောင်းများကို ပါဝင်ယှဉ်ပြိုင်ဖို့အတွက် စတင်ဖိတ်ခေါ် ခဲ့တာဖြစ်ပြီး၊ နှစ်စဉ်ကျင်းပမယ့် တက္ကသိုလ်အဆင့် နိုင်ငံတကာ Esports ပြိုင်ပွဲကြီးတစ်ခုလည်း ဖြစ်ပါတယ်။

Campus Legends ပြိုင်ပွဲဟာ Mobile Legends: Bang Bang နဲ့ Street Fighter 6 စတဲ့ Game Category နှစ်ခုကို ထည့်သွင်းကျင်းပနေတာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့လည်း နှစ်ခုလုံးကို ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲရဲ့ မြန်မာနိုင်ငံကိုယ်စားပြုရွေးချယ်ပွဲစဉ်တွေကိုတော့ စက်တင်ဘာလကုန်မှ အောက်တိုဘာလအတွင်း ကျင်းပသွားမှာဖြစ်ပြီး၊ ဗိုလ်စွဲတဲ့ တက္ကသိုလ် Esports အသင်းနဲ့ ကစားသမားများဟာ စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် Campus Legends - 2025 ပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြုအနေနဲ့ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။

စစ်မှန်တဲ့ Legend တွေအတွက်သာ ဖြစ်မယ့် Campus Legends ရဲ့ ခရီးစဥ်အကြောင်းကို ဆက်လက်ကြေငြာပေးသွားမှာဖြစ်လို့ အသေးစိတ်သိရှိဖို့အတွက် UEN Official Social Media Platform များကနေတဆင့် ဆက်လက်စောင့်မျှော်ပေးကြပါဦး..

University Esports Network (UEN) 💙

🔹Facebook - https://www.facebook.com/share/1D9nmTrM98/
🔹Youtube - https://www.youtube.com/-UEN
🔹Tik Tok - https://www.tiktok.com/
🔹Instagram - https://www.instagram.com/university_esports_network?igsh=ZG56OXJ6NDZoM2c=
🔹Telegram Channel - https://t.me/univesityesportsnetwork
🔹UEN Portal Website - https://uenmyanmar.com/

Campus Legends အကြောင်းပိုမိုသိရှိနိုင်ရန်

🔸Facebook - https://www.facebook.com/campuslegends.sg
🔸Instagram - https://www.instagram.com/campuslegends.sg?utm_source=ig_web_button_share_sheet&igsh=ZDNlZDc0MzIxNw==


FYI❗
02/09/2025

FYI❗

👑Level Up! Represent Myanmar in the Global Battle! 👑

Myanmar Electronic Sports Federation နှင့် Myanmar Football Federation တို့
ပူးပေါင်းကာ ပြုလုပ်ကျင်းပမယ့် FIFAe Myanmar Qualifier အတွက်
Mobile နှင့် Console Platform နှစ်မျိုးလုံးအတွက်
Register များစတင်လက်ခံနေပါပြီ။ 👏👏

FIFAe Myanmar Qualifier ပွဲစဉ်မှာအနိုင်ရရှိသွားတဲ့သူတွေကတော့ FIFAe Regional Qualifier ကနေတဆင့် Dec 2025 Saudi Arabia မှာကျင်းပပြုလုပ်မယ့် FIFAe World Cup 2025 မှာသွားရောက်ယှဉ်ခွင့်ရမှာပဲဖြစ်ပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်ချင်တဲ့သူတွေအတွက် Registration ကာလကတော့ စက်တင်ဘာလ
( ၂ ) ရက်နေ့ကနေ (၄) ရက်နေ့ထိ Register များလက်ခံသွားမှာပဲဖြစ်ပါတယ်။
Mobile မှာတော့ 1 Vs 1 ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး Console မှာ ဆိုရင်တော့ 2 Vs 2 ယှဥ်ပြိုင်ဆော့ကစား ရမှာ ဖြစ်ပါတယ်။

🚨🚨ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ကစားသမားတွေအနေနဲ့ အထူးသတိထားစေချင်တာကတော့ အသက် (၁၆) နှစ်ပြည့်ပြီးသူများသာဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး ၂၀၂၅/၂၀၂၆ ခုနှစ်အတွင်း မြန်မာ့လက်ရွေးစင် အမျိုးသား၊ အမျိုးသမီး နှင့် သက်တမ်းအလိုက် အသင်းများတွင် ပါဝင်ကစားနေသူ အားပါ၀င်ဆော့ကစားခ္ငင့်ပြုမှာမဟုတ်ကြောင်း ကြိုတင်အသိပေးလိုက်ပါရစေ။ 🚨🚨

eFootball ကို ကောင်းမွန်စွာဆော့ကစား နိုင်တဲ့ မြန်မာနိုင်ငံမှ ရွက်ပုန်းသီးတွေကို ကမ္ဘာ့အလယ်မှာ ဂုဏ်ယူနိုင်တဲ့ မြန်မာကိုယ်စားပြုအဖြစ်ပြောင်းလဲပေးနိုင်တဲ့အခွင့်အရေးဖြစ်တဲ့အတွက် မိမိရဲ့ လက်စွမ်းကို ထုတ်ဖော်ဖို့ အကောင်းဆုံးစိန်ခေါ်မှု တစ်ခုဖြစ်လာစေမှာ အသေချာပါပဲ။

ကိုယ်ကျွမ်းကျင်တဲ့အားကစားနဲ့အတူ မြန်မာကိုယ်စားပြုအဖြစ်ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် အခုပဲ Register တင်လိုက်ကြရအောင် eFootball Player တို့ရေ..

🎮Console Platform မှာယှဉ်ပြိုင်ကြမယ့်သူတွေအတွက် Register Form -
https://forms.gle/84Yo9ogCNCWLCXyy5
Console Platform မှာဝင်ရောက်ယှဉ်ပြိုင်ချင်ကြတဲ့သူတွေအတွက် သိထားသင့်တဲ့ စည်းမျဉ်းစည်းကမ်းများ -
(အင်္ဂလိပ် ဘာသာပြန်)
https://docs.google.com/document/d/1ZXaND5cMyAVztiNAM0_nN_Q7g2Dd16mXMhIw_fWm_ng/edit?tab=t.0 =h.4rujvuovpue9
(မြန်မာ ဘာသာပြန်)
https://docs.google.com/document/d/1oKHji9AE-yYbhJSl1nSPY0OiOp0xTbHmE_Rwwc6Al5U/edit?tab=t.0 =h.4rujvuovpue9

📱Mobile Platform မှာယှဉ်ပြိုင်ကြမယ့်သူတွေအတွက် Register Form -
https://forms.gle/beNNttPWy2bjQB8Y7
Mobile Platform မှာဝင်ရောက်ယှဉ်ပြိုင်ချင်ကြတဲ့သူတွေအတွက် သိထားသင့်တဲ့ စည်းမျဉ်းစည်းကမ်းများ -
(အင်္ဂလိပ် ဘာသာပြန်)
https://docs.google.com/document/d/17EUyrJ3gjaaat7o79csdTuRMkq9IP5tv5lveASO6GGs/edit?tab=t.0 =h.fd8vqty7dwpu
(မြန်မာ ဘာသာပြန်)
https://docs.google.com/document/d/1Zal7UzEPwY4Zbfmo77Knc2k-rmbh23UCWyZrgVm37kA/edit?tab=t.0 =h.8l8ocfecu3s9

Address

Mtu
Mandalay
171818

Website

Alerts

Be the first to know and let us send you an email when MTU Esports Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category