𝗡𝗼 𝗠𝗼𝗻𝗲𝘆

𝗡𝗼 𝗠𝗼𝗻𝗲𝘆 အားလုံးစုစည်းနေရင်ဘာမှမဖြစ်

24/09/2025

အဟမ်းဟမ်း
အညာထီအစောင် ၂၀ ပဲ ကျန်ပါတော့တယ်လို့။ ထောက်ပို့ထီကတော့
လိုသလောက်ရမယ်နော်။

23/09/2025

ပညာရေးစနစ်ပြောင်းတော့ G 12 စနစ်က ပိုခက်တယ်လို့ပြောကြတယ်။ အသိတစ်ယောက်အိမ်သွားတာ G12 ကျောင်းသားက စာသင်ပေးနေတဲ့သူ့အစ်မကို သူတို့စာကပိုခက်တဲ့အကြောင်း၊ အရင်ခေတ်နဲ့မတူကြောင်းပြန်ပြောတယ်။ သူ့အစ်မက ဆူတယ်။ ပိုခက်ရင်ပိုကြိုးစားရမှာပေါ့တဲ့။

အခုဆိုရင် တလရနဲ့ပတ်သတ်ပြီးထဲထဲဝင်ဝင်မသိတော့ စကစဆဲလ်တွေရဲ့ဆိုက်ဝါးမှာလမ်းဆုံးပြီး တလရကရှုပ်ထွေးလွန်းတယ်၊အရမ်းခက်ခဲတယ်စသဖြင့်ညီးတွားရင်း ရပ်တန့်လိုက်တဲ့သူတွေတွေ့လာရတယ်။ တချို့တွေကလည်း ဒါကြောင့်ဝင်မပါတာဆိုပြီး ဂုဏ်ဆာချင်နေကြတယ်။ ဒါတွေမြင်တော့ပိုခက်ရင်ပိုကြုးစားရမှာပေါ့ဆိုတဲ့စကားပဲပြန်ကြားတယ်။

မကြိုးစားဘဲ မအလလိုအာဏာရှင်လက်အောက်မှာ နှစ်ပေါင်းများစွာနေပြီး ကိုယ့်မျိုးဆက်တွေကိုပါ ဒီ လိုနိုင်ငံမှာနှစ်ပေါင်းများစွာ ရှင်သန်စေချင်လို့လား။
လွတ်လပ်တဲ့ဘဝရဖို့က တလရအောင်မှဖြစ်မှာကို။

23/09/2025

edited ၃၀ ပဲကျန်ပါတော့တယ်။
Revolution Fan War - 𝐑𝐅𝐖 page က အညာထီအတွက် စျေးဗန်းခင်းပေးလို့ ၈၅ စောင်ပဲကျန်ပါတော့တယ်။ ပြတ်တုန်းလပ်တုန်း ၂၃ ဆိုပေမယ့်
တစ်စောင်တစ်ထောင်ထဲဆိုတော့ ကံစမ်းလိုက်ပါဦးနော်။ လိုင်းမရတဲ့ဆရာဆီကထီဖြစ်လို့ နံပတ်လေးတွေပဲပေးမယ်နော်။

22/09/2025

ရော်ဘဲတွေရဲ့ တစွန်းတစပိုစ့်တွေကသိရတာ ပွဲတွေမြိုင်နေရောပဲတဲ့။ ဒီညနေမှ ရှေ့ဆင့်နောက်ဆင့် နှစ်ပို့စ့်တွေ့တာ။ postive ကိုမှ 100 နဲ့မြှောက်ပြီးတွေးရင် မြေပြင်ပွဲတွေကို လိုင်းပေါ်ကအာချောင်တွေအာရုံမရောက်အောင် အာရုံလှည့်ထားရာရောက်ပါတယ်လို့ တွေးရမယ်ထင်ပါ့။

​ပြည်သူသာအဓိကဆိုတဲ့အတိုင်း ဘယ်ပွဲနေနေပြည်သူကပဲဆုံးဖြတ်ရမှာပါ။
အခုဆိုရင် PRF နဲ့ SCF ကိုပိုပြီးမန်းရှင်းလာကြတယ်။ ဒါကအမြတ်ပဲမှတ်ယူရမှာပေါ့လေ။

တိုက်ရိုက်မှကူချင်ရင် ထီတွေထိုးလည်းရပါတယ်။
ထောက်ပို့ထီက ရဲဘော်တပ်ရင်းတွေက ကိုယ်တိုင်ရောင်းနေတာဖြစ်ပြီး အညာထီကတော့ C တွေကိုယ်တိုင်ကထီကိုယ်စားလှယ်တွေဖြစ်ပါတယ်။
No Money က တော့ ကူရောင်းပေးတာပါ။ ဒီမော့ဆိုရဲဘော်တွေအတွက် ထောက်ပို့ထီ တစ်စောင်နှစ်ထောင်၊ CDM ဆရာနဲ့ ပြည်သူ့ရဲအကိုတို့အတွက် အညာထီတစ်စောင်တစ်ထောင်ကျပ်ဖြင့် ဝယ်ယူအားပေးလို့ရပါတယ်နော်။

ဘာနေနေ ငါတို့ရဲဘော်တွေအတွက် ဆက်လျှောက်ရမှာပဲ။ ကလေးတွေလို့ပဲခေါ်ရတဲ့အထိနုနယ်တဲ့ လူငယ်တွေက အတွေ့အကြုံနဲ့စွမ်းရည်မြင့်လာပြီ...
22/09/2025

ဘာနေနေ
ငါတို့ရဲဘော်တွေအတွက် ဆက်လျှောက်ရမှာပဲ။ ကလေးတွေလို့ပဲခေါ်ရတဲ့အထိနုနယ်တဲ့ လူငယ်တွေက အတွေ့အကြုံနဲ့စွမ်းရည်မြင့်လာပြီ။
ဒီတော့ အောင်ပွဲတွေရဖို့ နောက်တန်းကနေ အမြဲရှိနေပေးကြစို့။

22/09/2025

ပြည်သူနဲ့ရဲဘော်တွေ မျက်နှာကို မထောက်ဘဲ
ပြည်သူ့ငွေတွေ အလွဲသုံးစားလုပ်တာဆို တစ်ခါနာတယ်။ ယိမ်းယိုင်တဲ့သူတွေက ဒါတွေကြောင့် နားလိုက်တာဆိုတဲ့ အကြောင်းပြချက်တွေ ပေးလို့ရအောင်လုပ်လို့ တစ်ခါနာတယ်။
ပြည်သူတွေ အယုံအကြည်မဲ့စေလို့ တစ်ခါနာတယ်။

ထီရောင်းဖို့တောင် အားမရှိတော့ဘူး။ လုပ်ရက်တဲ့လူတွေအစား fundraiser တစ်ယောက်အနေနဲ့မျက်နှာပူလို့။ တစ်ဖွဲ့ထဲမလို့ အားနာတာမဟုတ်ဘူး။ ပြည်သူတွေရဲ့ယုံကြည်မှုတွေနဲ့ ပါဝင်တဲ့စိတ်အတွက် ရင်နာလို့။

စာရင်းရှင်းနိုင်ရင်တောင် သိန်းထောင်ဂဏန်းကို personal ကိစ္စနဲ့ နှစ်ဝက်ကျော် ကြန့်ကြာစေတာနော်။ ဒီကာလမှာ သိန်းရာဂဏန်းပရောဂျက်လေးတွေ ပြည့်အောင် မနည်းရုန်းနေရတဲ့အဖွဲ့တွေ အများကြီး။ စိတ်ပျက်စရာတွေ။

21/09/2025

edited 30 ပဲကျန်ပါတော့တယ်
အညာထီ 115 စောင်ကျန်သေးပါတယ်။ အစောင်တစ်ရာက နံပတ်လေးတွေပဲရမှာပါ။ CDM ဆရာကလိုင်းမရတဲ့နေရာကဖြစ်လို့ လိုင်းရတဲ့နေရာလာပြီး နံပတ်လေးပဲပို့ဖို့အဆင်ပြေလို့ပါ။ တစ်စောင်မှတစ်ထောင်ပါပဲနော်။ အားပေးကြပါဦးလို့။

21/09/2025

ရက် ၃၀ မှာ စက်တင်ဘာတဲ့။
၂၁ ဆို​တော့ လကုန်ဖို့ ၉ ရက်ပဲကျန်တော့တာနော်။ အညာထီက ၁၀၀ ကျော်ကျော်လေးကျန်နေသေးလို့။ တစ်စောင်မှ တစ်ထောင်ပါ။ တစ်ယောက်တစ်စောင်ပဲဝယ်ရင်တောင် အယောက်တစ်ရာလောက်ဆိုပြည့်ပြီနော်။

ဂိတ်ဖန်တို့ရဲ့လက်ရှိအခြေအနေ:အိတ်ဖောင်းနေရင်အညာထီအားပေးကြပါဦး။
21/09/2025

ဂိတ်ဖန်တို့ရဲ့လက်ရှိအခြေအနေ:
အိတ်ဖောင်းနေရင်အညာထီအားပေးကြပါဦး။

ရည်းစားမရှိရသည့်အကြောင်းအရင်းpic crd KST Studio
20/09/2025

ရည်းစားမရှိရသည့်အကြောင်းအရင်း

pic crd KST Studio

ထီလာမဝယ်ကြဘူးနော် ရတယ် ဒီညမန်ယူပွဲရှိတယ် အဆ😎
20/09/2025

ထီလာမဝယ်ကြဘူးနော် ရတယ် ဒီညမန်ယူပွဲရှိတယ် အဆ😎

Address

Mandalay

Alerts

Be the first to know and let us send you an email when 𝗡𝗼 𝗠𝗼𝗻𝗲𝘆 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share