04/12/2020
သောကြာနေ့ည ယူနိုက်တက်သတင်းတိုများ 🔴🔴🔴
🔴 ယူနိုက်တက်အသင်းသည် PSG နည်းပြတူချယ်ကို စိတ်ဝင်စားနေပြီး နည်းပြတူချယ်မှာလည်း ယူနိုက်တက် အသင်း၏ နည်းပြရာထူးအပေါ် စိတ်ဝင်စားမှုရှိကြောင်း သိရသည်။
Source:[Bild]
🔴 တိုက်စစ်မှူး ကာဗာနီသည် ဝက်ဟမ်းနှင့်ကစားမည့်ပရီးမီးယားလိဂ်ပွဲစဥ်တွင် ပွဲထွက်ကစားသမားအဖြစ်ပါဝင် ကစားဖို့နီးစပ်မှုရှိနေကြောင်းသိရသည်။ ဝက်ဟမ်း - ယူနိုက်တက် ပွဲစဥ်ကို စနေနေ့ည(12) နာရီတွင်ယှဥ်ပြိုင် ကစားမည်ဖြစ်သည်။
Source:[M.E.N]
🔴 နယူကာဆယ်အသင်းသည် ယူနိုက်တက်အသင်း၏ ဘယ်နောက်ခံလူ ဝီလီယံကို ဇန်နဝါရီလအပြောင်းအရွှေ့ စျေးကွက်၌ အငှားဖြင့်ခေါ်ယူဖို့စိတ်ဝင်စားနေကြောင်းသိ ရသည်။
Source:[DailyStar]
🔴 တိုက်စစ်မှူး ကာဗာနီသည် ပရီးမီးယားလိဂ်တွင် (128) မိနစ်သာကစားရပေမယ့် (3) ဂိုးသွင်း၊ (1) ဂိုးဖန် တီးပေးထားသည်။ အသင်းအတွက် ပျမ်းမျှအားဖြင့် (32) မိနစ်ရောက်တိုင်း တစ်ဂိုးရရှိအောင်စွမ်းဆောင်နိုင်ခဲ့ သည်။
Source:[M.E.N]
🔴 ဝက်ဟမ်း - ယူနိုက်တက် ပွဲစဥ်ကို ဒိုင်လူကြီးအဖြစ်
Andre Marriner က ကိုင်တွယ်မည်ဖြစ်ကြောင်းသိရ သည်။
Source:[Official website]
ကျွန်တော်ရေးသားထားတဲ့ သတင်းတွေကို
ယူနိူက်တတ်ပရိသတ်များအနေဖြင့်
ကျွန်တော်တို့ယူနိုက်တက် ပရိသတ်
တွေ ပိုမိုဖတ်ရှု ့နိုင်အောင် ယူနိုက်တက်groupများတွင်
Share ခြင်းဖြင့် ကူညီပေးကြပါ ရန် မေတ္တာ ရပ်ခံပါ၏☺
#နငယ်
မူရင်းရေးသူကို Crd ပေးပါတယ်