
23/11/2023
Client စိတ်တိုင်းကျဖြစ်စေမယ့် Design တစ်ခုကို ဘယ်လိုမျိုးဖန်တီးမလဲ။
တကယ်တော့ စိတ်တိုင်းကျဖြစ်သွားဖို့ဆိုတာက လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ ကျွန်တော်တို့တွေက client အများကြီးနဲ့တွေ့ရတဲ့အခါမှာ အမျိုးမျိုးသော တောင်းဆိုမှုတွေကြုံရတတ်ပါတယ်။ ဥပမာ design တစ်ခုလုံးထွက်လာပြီးမှ အကုန်လုံးပြန်ပြင်တာမျိုး, layout, composition တွေချပြီးမှ size ပြန်ပြင်ချင်တာမျိုး ဒါမျိုးပြဿနာလေးတွေ တွေ့ရပါတယ်။ ဆိုတော့ designer တွေအနေနဲ့ ဘယ်လိုဖြေရှင်းမလဲ။
- Information
Client ဘက်ကို design အတွက် လိုအပ်မယ့် information တွေ, product ပုံတွေ၊ ဘယ်လိုလိုချင်တာလဲ, ဘယ်ဟာကို အသားပေးဖော်ပြချင်လဲ, ဘယ်လိုမျိုးဆိုမကြိုက်ဘူးလဲ စတဲ့ ကိုယ့်အတွက် လိုတာတွေကို ကြိုတင်ပြီး မေးထားဖို့လိုပါတယ်။
- Research
ရထားတဲ့ Information တွေကိုစုပြီး research လုပ်ပါ။ Research လုပ်တဲ့အခါမှာ ကိုယ့် client ရဲ့ အရင်က design တွေ၊ ပြိုင်ဘက်လုပ်ငန်းရဲ့ design တွေ၊ ကိုယ်ဖန်တီးပေးမယ့် လုပ်ငန်း industry မှာ ဘာတွေ trend ဖြစ်နေလဲ ဆိုတာတွေကို research လုပ်ထားသင့်ပါတယ်။
- Create Design
information လည်းရပြီး research လည်းလုပ်ပြီးပြီဆိုရင် Design ကိုစပြီးဖန်တီးပါမယ်။ client ရဲ့ လိုချင်တဲ့ အချက်တွေကို အဓိကထားပြီးတော့ ဖန်တီးပါ။ Spelling error, information error မပါအောင် ပြန်လည် စစ်ဆေးဖို့လိုပါတယ်။
- Present concepts
ကိုယ်ဆွဲထားတဲ့ Design ကို client ကို present လုပ်တဲ့အခါမှာ ဘာကြောင့်ဒီလိုဖန်တီးထားတယ်, ဘယ်လိုမျိုး technique တွေသုံးထားတယ်, font, color သုံးတာကအစ သေချာလေးပြောပြပေးသင့်ပါတယ်။ ဒီလိုမှသာ client ဘက်ကလည်း feedback ပေးတဲ့အခါမှာ ပိုပြီးအဆင်ပြေပါလိမ့်မယ်။
- Finalize
Client ဘက်က ပြင်ချင်တဲ့ minor changes တွေကို ပြင်ဆင်ပြီးတဲ့အခါမှာတော့ design file ကို သူတို့လိုချင်တဲ့ format အတိုင်း ပို့ပေးဖို့လိုအပ်ပါတယ်။
ဒါလေးကတော့ အရိုးရှင်းဆုံး process လေးပါ။ ဒီ process လေးကတော့ client တွေရဲ့ အကြိုက်နဲ့ တခါတည်း 100 % ထပ်တူညီသွားမှာတော့မဟုတ်ဘူးပေါ့နော်။ အဓိကက design တစ်ခုလုံးပြင်ရတာထက်စာရင် အနည်းအကျဥ်းလောက်လေးပဲ ပြင်ရအောင် ရည်ရွယ်တာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီ process လေးကို ကျင့်သုံးနေတာပါ။
————————— ★ —————————
Instant Digital Assets ဟာဆိုရင်ဖြင့် လူကြီးမင်းတို့ရဲ့ Business အမျိုးမျိုးတို့အတွက် အောက်ပါ Service အမျိုးမျိုးကို ခေတ်မီဆန်းသစ်သော Idea များနဲ့
💝 Page Administration Service
💝 Logo Design
💝 Content Writing Service
💝 Social Ads Design
💝 Business Card Design
💝 Corporate Design (Profile, Flyer, letterhead)
💝 Vinyl Design
💝 Boosting Service
များကို တစ်ပုဒ်ချင်းဖြစ်စေ လပြတ် Package နဲ့ဖြစ်စေ အဆင်ပြေအောင် အကောင်းဆုံး ဝန်ဆောင်မှုပေးလျက်ရှိနေပါတယ်
အသေးစိတ်သိရှိလိုပါက Page Messenger တွင်ဖြစ်စေ 09-969 670 735 သို့ဖြစ်စေ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါတယ်။