Mochi Lone

Mochi Lone NICU warrior journey • Healthy baby recipes • Weaning tips • Baby products reviews 👶🏻🍼

မိုချီလေးရဲ့ ညနေစာ ပဲပြားနဲ့ ပန်းစိမ်း၊ မုန်ညင်းဖြူ ကို BLm Myanmar ကအသစ်ထွက်ထားတဲ့ Dashi sauce လေးရယ် Little SAREN baby...
20/08/2026

မိုချီလေးရဲ့ ညနေစာ

ပဲပြားနဲ့ ပန်းစိမ်း၊ မုန်ညင်းဖြူ ကို BLm Myanmar ကအသစ်ထွက်ထားတဲ့ Dashi sauce လေးရယ်
Little SAREN baby food က ကြက်သားမှုန့်လေးရယ်နဲ့ကြော်ပေးတယ်
စပျစ်သီး ကျွေးတယ်

ညနေစာကို ထမင်းထပ်မကျွေးတော့တဲ့အကြောင်းက SP က layer ပေါင်မုန့်တုံးကြီးကို တစ်ယောက်တည်း တစ်ဝက်လောက် စားပစ်လိုက်လို့ 🤭

နို့ပြတ်ပြီးကတည်းက တစ်ရက် တစ်ရက် ပါးစပ်နဲ့ အစားနဲ့က မပြတ်တော့ဘူး 🥰

နို့ဖြတ်ထားတော့ အမေကို ရန်သူလို ဆက်ဆံတာတော့ ချွင်းချက်ပေါ့နော် 🥲

20/08/2026

မိုချီလေး အရမ်းကြိုက်တဲ့ My First Busy Book လေး ရပါပြီရှင် 📖 📕

တစ်အုပ်တည်းနဲ့ activity ၁၅ မျိုးတောင်ပါပါတယ်
My First Busy Book ဆိုတဲ့အတိုင်းတစ်အုပ်ဝယ်တာနဲ့ အများကြီးသင်ပေးလို့ရအောင် လုပ်ပေးထားပါတယ်
တစ်နှစ်ခွဲကနေစပြပေးလို့ရအောင်လဲထုတ်ပေးထားတာပါ
အရေအတွက်အများကြီးမရှိပါဘူးရှင့်

တစ်အုပ် - ၄၈၅၀၀ ကျပ်ပါရှင့်

18/08/2026

အိမ်မှာရှိတာလေးနဲ့ အလွယ်တကူချက်ပေးလို့ရတဲ့ ခရမ်းချဉ်သီးခေါက်ဆွဲလေးပါ 🍜

17/08/2026

Product အသစ်ထွက်တိုင်း သတိတရလက်ဆောင်လေးတွေ ပို့ပေးလို့ ကျေးဇူးတင်ပါတယ် BLm Myanmar

15/08/2026

ခြင်အန္တရာယ်ကနေကာကွယ်ဖို့ လိမ်းပေးဖြစ်နေတာလေးတွေနဲ့ ခြင်ကိုက်ခံရတဲ့အခါ ယားတာ သက်သာစေဖို့လိမ်းပေးဖြစ်တာလေးတွေပါ

မေမေတို့ရော ဘာလေးတွေ သုံးပေးဖြစ်ကြလဲနော် မေမေတို့ရဲ့ကလေးလေးတွေကို သုံးပေးပြီး အဆင်ပြေနေတာလေးတွေ ပိုကောင်းတာလေးတွေရှိရင်လဲ ညွှန်းပေးခဲ့ကြပါဦးနော် ❤️

BLm Myanmar ကအသစ်ထွက်တဲ့ Katsuo sauce နဲ့ Little SAREN baby food က ကြက်သားမှုန့် ၂မျိုးတည်းနဲ့ ချက်ထားတဲ့ ထိုင်းစတိုင် က...
15/08/2026

BLm Myanmar ကအသစ်ထွက်တဲ့ Katsuo sauce နဲ့ Little SAREN baby food က ကြက်သားမှုန့် ၂မျိုးတည်းနဲ့ ချက်ထားတဲ့ ထိုင်းစတိုင် ကြာဆံကြော် 😋
Goong Ob Wonsen Baby Version

ကြာဆံကိုတော့ Carechoice Myanmar ကကြာဆံလေးသုံးထားပါတယ်

15/08/2026

ကလေး diaper ကို review တခါမှမပေးဖူးဘူး
ပေးရတဲ့စျေးထက် quality ကအရမ်းကောင်းနေလို့ စျေးမှားပြီးများရောင်းခဲ့တာလား ထင်နေတာ 😂
သားဖေဖေ ဝယ်လာလို့ စမ်းသုံးကြည့်ရင်း သဘောတွေအရမ်းကျလာလို့ review လေးလာပေးတာပါ
No sponsor နော် honest review ပါ

Bunnie Baby Diaper

14/08/2026

တုံတုံအိအိနဲ့ ပါးစပ်ထဲမှာ ပျော်ဝင်သွားမယ့် Egg Pudding (ကြက်ဥပူတင်း) လေး

ဆိုင်မှာဝယ်စားရတဲ့ မျက်နှာပြင် ချောမွတ်နေတဲ့ ပူတင်းလေးကို အိမ်မှာပဲ အလွယ်တကူလုပ်လို့ရတဲ့ နည်းလေးပါ

BLm Myanmar
Cow Cow - ကောင်းကောင်းနို့မှုန့်

13/08/2026

မိုချီလေး ခုတလော ကြိုက်နေတဲ့ snack လေး စားနေတဲ့ပုံသာကြည့်လိုက်တော့ ကြိုက်တာလေးများစားနေရရင် မျက်နှာလေးကို ပြုံးနေတာပဲ 🥰

Baby April : Baby Food & Accessories Shop ကတင်သွင်းတဲ့ Erio smoothie drops လေး
အသီးအစစ်တွေနဲ့လုပ်ထားတဲ့မုန့်လေးမလို့ မေမေ စိတ်ချလက်ချ ကျွေးဖြစ်နေတဲ့ မုန့်လေးပါ 🥰

ကလေးလေးက နွားနို့မသောက်လို့ဆိုပြီး စိတ်ညစ်ဖူးကြလားဟင်?မိုချီလေးက  Formula တို့ နွားနို့တို့တိုက်ရင် ပျို့ပျို့တက်ပြီး တခ...
12/08/2026

ကလေးလေးက နွားနို့မသောက်လို့ဆိုပြီး စိတ်ညစ်ဖူးကြလားဟင်?

မိုချီလေးက Formula တို့ နွားနို့တို့တိုက်ရင် ပျို့ပျို့တက်ပြီး တခါတလေကြိုးစားပြီးသောက်ပေးရင်တောင်အန်တတ်ပါတယ်။

ကလေးဆိုတော့ ကယ်လ်စီယမ်နဲ့ ပရိုတင်းတွေ မရရင် အရိုးနဲ့ သွားတွေ သန်မာပါ့မလား၊ မကြီးထွားဘဲ လူကောင်လေးညက်နေမလားဆိုပြီး မေမေတစ်ယောက်အနေနဲ့ တကယ် စိတ်ပူခဲ့ရတာပါ။

ကလေးသနားတာနဲ့ နို့ကိုအတင်းမတိုက်တော့ပဲ နို့မှာပါတဲ့ အာဟာရဓာတ်တွေ ရအောင်ပဲ နည်းလမ်းတွေမျိုးစုံ စဉ်းစားရတော့တာပေါ့နော်။

နောက်ဆုံး မုန့်တွေ၊ ပူတင်းတွေ လုပ်တဲ့အခါ နို့မှုန့်
ထည့်ချက်ပေးမယ်ဆိုပြီး ကလေးအတွက်လည်း အာဟာရပြည့်စေမဲ့ နို့မှုန့်လေးတွေရှာဖွေရင်း CowCow Whole Milk Powder ကို တွေ့သွားတာ။

ဒီမှာအလွယ်တကူရတဲ့ နို့မှုန့်တော်တော်များများက whole milk ဖြစ်တောင် သကြားတွေကပါတာများတော့ သကြားလုံးဝမထည့်ထားတဲ့ cow cow နို့မှုန့်တွေ့တော့ ၂ခါမစဉ်းစားပဲ ဝယ်လိုက်ပါတယ်။

Cow cow နို့မှုန့်က သကြား လုံးဝ မပါတာမလို့ ကလေးကို သကြားဓာတ်အပိုတွေ မကျွေးချင်တဲ့ ကျမလို မေမေတွေအတွက် တကယ်အဆင်ပြေပါတယ်။

ဓာတုဆိုးဆေးနဲ့ အနံ့တုတွေ မပါပဲ သဘာဝနို့အနှစ်
စစ်စစ်ရဲ့ အနံ့လေးရတာမလို့ မုန့်လုပ်ရင် ပိုမွှေးပြီး ပိုဆိမ့်၊ ပိုစားကောင်းပါတယ်။

သဘာဝမြက်စားနွားကရတဲ့ နို့မလို့ ပုံမှန်
ကောက်ပဲသီးနှံကျွေးပြီး မွေးမြူထားတဲ့ နွားနို့တွေထက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်နဲ့ ဗီတာမင်တွေ ပိုကြွယ်ဝပါတယ်။

ခုနောက်ပိုင်းဆို မိုချီလေးအတွက် ပူတင်း၊ Pancake၊ အသီးဖျော်ရည်၊ ခေါက်ဆွဲ နဲ့ pasta တွေ ချက်တဲ့အခါ CowCow နို့မှုန့်ကို ထည့်ချက်ပေးဖြစ်နေပါတယ်။

နွားနို့မသောက်လည်း အရိုးနဲ့ သွားတွေ သန်မာဖို့အတွက် ကယ်လ်စီယမ်နဲ့ ပရိုတင်းဓာတ်တွေ ပြည့်ပြည့်ဝဝ ရပြီဆိုမှပဲ ဒီအမေ စိတ်ချမ်းသာသွားတော့တာ။

အမှန်အတိုင်းပြောရရင် ကလေးတင် မဟုတ်ဘူး၊ အိမ်က လူကြီးတွေပါ မနက်ကော်ဖီသောက်ရင် CowCow နို့မှုန့်လေးထည့်လိုက်ရမှ။ 🤭
ဝိတ်လျှော့နေတဲ့ လူကြီးတွေအတွက်လည်း skim milk powder လေးတွေရပါသေးတယ်။

ကလေးက အစားဂျီးများနေရင် စိတ်ညစ်ရတာက မေမေတိုင်းပါ။
ဒါပေမဲ့ နည်းလမ်းလေးတွေ ပြောင်းပြီး အာဟာရဖြည့်ပေးနေတာကလည်း မေမေတို့ရဲ့ ကလေးလေးတွေအပေါ် ချစ်ခြင်းကို ပြသနေတာပါပဲ။
မေမေတို့ရဲ့ ပင်ပန်းမှုတွေ အရာထင်ပြီး ကလေးလေးတွေ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာကြပါစေရှင်။

ကလေးက နွားနို့သီးသန့် မသောက်လို့ ခေါင်းစားနေတဲ့ မေမေတို့ရှိရင်တော့ ကလေးအတွက် စိတ်ချရတဲ့ Cow Cow - ကောင်းကောင်းနို့မှုန့် ကို မုန့်တွေထဲ ထည့်ချက်ပေးပြီး စမ်းကြည့်ဖို့ အကြံပေးချင်ပါတယ်…. ❤️

လက်ဆောင်လေးကို စေတနာအပြည့်နဲ့ လှလှလေးထုပ်ပိုးပြီး ပို့ပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင် ❤️

Address

Mandalay

Alerts

Be the first to know and let us send you an email when Mochi Lone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share