09/04/2025
ကြောင်တွေလို နေထိုင်ပါ။
ကြောင်တွေဟာ သူနဲ့မဆိုင်တာကို စိတ်မဝင်စားဘူး။
တော်တန်ရုံနဲ့ သူများကိစ္စ ဝင်မပါဘူး။သူ့ဘာသာနေတယ်။
ဒီတော့ သူနဲ့ဆိုင်တဲ့ကိစ္စမှာ အာရုံစူးစိုက်မှုကောင်းတယ်။
သူလုပ်ရင် အောင်မြင်တယ်။ သူပြိုင်ရင် အနိုင်ရတယ်။
ကြောင်တွေလို စားသောက်ပါ။
ကြောင်တွေဟာ နည်းနည်းလေးပဲစားတယ်။
ဒီတော့ စားဖို့သောက်ဖို့ဟာ သူတို့အတွက် မခက်ခဲဘူး။
ဘယ်နေရာရောက်ရောက် အေးဆေးဘဲ။
စားဖို့သောက်ဖို့ကို ဘယ်တော့မှ တွေးမပူရဘူး။
ကြောင်တွေလို တုံပြန်ပါ။
ကြောင်တွေဟာ သူတို့ ထိခိုက်မခံနိုင်တဲ့ ကိစ္စမျိုးမှာ
အပြင်းထန်ဆုံး တုံ့ပြန်တိုက်ခိုက်ကြတယ်။
သူတို့ကို ဒါမျိုးနောက်တစ်ခါ မလုပ်ရဲအောင် သတိပေးတဲ့သဘော။
ကြောင်တွေလို တွေးပါ။😽
ကြောင်တွေဟာ လူတွေကို စောက်ပေါလို့ သတ်မှတ်တယ်။
အပိုအလုပ်တွေ လုပ်နေကြတဲ့ သတ္တဝါလို့ မြင်တယ်။
အရေးမကြီးတာကို အရေးကြီးနေကြတဲ့ သတ္တဝါတွေလို့ တွေးတယ်။
ကြောင်တွေဟာ လူတွေကို အထင်မကြီးဘူး။
ကြောင်တွေလို ယုံကြည်မှုရှိပါ။
ကြောင်တွေဟာ သူတို့ကိုယ်သူတို့ ယုံကြည်တယ်။
လူအပါအဝင် ဘယ်သတ္တဝါကိုမှ မယုံကြဘူး။
ဒါကြောင့် ကြောင်တွေဟာ သတိကြီးကြတယ်။
သတိမရှိတဲ့ ကြောင်ဆိုဟာ ရူးနေတဲ့ကြောင်ပဲဖြစ်တယ်။
ကြောင်တွေလို အစွဲအလမ်းကင်းပါ။
ကြောင်တွေဟာ သခင်အပေါ်တောင် အစွဲအလမ်းနည်းတယ်။
ဒါကြောင့် သူတို့ မနေချင်တော့ရင် ထွက်သွားမှာဘဲ။
အဲ့လို ထွက်သွားဖို့လဲ အမြဲအဆင်သင့်ပြင်ထားကြတယ်။
သူတို့နဲ့ အဆင်ပြေမယ့် နေရာသစ်ကို ရှာထားတာမျိုးပေါ့။