24/02/2026
ထရံအ်ိမ်တွေမှာ အဲယားကွန်း တပ်ဆင်လို့ရရဲ့လား? မရဘူးလား?
***အေးချက်ကတော့ ဂျပန်မှာ နှင်းမိုးရွာတာထက်တောင် ပိုဦးမယ်😁။ ***
Yan Lin Aung
ဒီနေ့ကျွန်တော်ရဲ့ အတွေ့အကြုံလေး မိတ်ဆွေတို့ကို မျှဝေပေးပါမယ်နော်။
လူတွေတော်တော်များများကလေ ရွာမှာ အဲယားကွန်း မသုံးဘူးလို့/ သုံးမရဘူးလို့ ထင်ကြတယ်ဗျ။ ဘာလို့လဲဆိုတော့ မီးမနိုင်လို့၊ ထရံအိမ်မို့လို့ စသည်ဖြင့်ပေါ့ အမျိုးမျိုးပြောကြတယ်ဗျ။
တကယ်က အဲ့တာမှားတယ်ဗျ။ သူ့ဘာသာထရံအိမ်ပဲနေ၊ သွပ်အိမ်ပဲနေနေ ၊ တိုက်အိမ်ပဲနေနေ အဲယားကွန်းတပ်လို့ရပါတယ်နော်။ အဓိက က ဘာလဲဆိုတော့ ကိုယ်တပ်မယ့် အခန်းကို လေလုံအောင်ထားရမယ်၊ ဥပမာ - ထရံအိမ်ဆိုရင် ထရံကြားထဲကနေ လေထွက်တတ်လို့ အအေးနည်းနည်းပေါ့မယ်ဗျာ အဲ့တာဆိုရင်တော့ ထရံ ကို သတင်းစာ စက္ကူနဲ့ဖြစ်ဖြစ် ဘာနဲ့ပဲဖြစ်ဖြစ် လေးလုံအောင် လုပ်နိုင်ရင် (10)ပတ်လည်အခန်းကတော့ အဲယားကွန်း (1Hp) တစ်ကောင်ဆိုရင်ကို ဖင်တုန်နေအောင် အေးပါတယ်ဗျ။ သတင်းစာ မကပ်လို့ မအေးဘူးလို့မပြောဘူးနော် မကပ်လည်းရပါတယ်။ ကိုလိုချင်တဲ့ အအေးလည်းရတယ် အဆင်ပြေတယ်ဆိုရင်တော့ မကပ်နဲ့ပေါ့ဗျာ။ အဓိက က အဲယားကွန်းက အေးဖို့လိုတာပဲ။
ဒီနေ့ဆိုရင် အောက်ကပုံထဲမှာပဲကြည့်လိုက် ငလျင်ကြောင့် အိမ်ထိထားလို့ အိမ်အသစ်ပြန်ဆောက်နေတုန်းကို ခနတာ နားခိုဖို့ ထရံအိမ်မှာ အောက်ထပ်ကို 1Hp Air-con တစ်လုံးနဲ့ အပေါ်ထပ် အိမ်ခန်းမှာ 1.5Hp Air-con ရယ် အပေါ်ထပ် ဧည့်ခန်းမှာ 1.5Hp Air-con တစ်လုံး စုစုပေါင်း(၃)လုံးတောင် တပ်ထားတာ ။ ***အေးချက်ကတော့ ဂျပန်မှာ နှင်းမိုးရွာတာထက်တောင် ပိုဦးမယ်😁။ ***
မိတ်ဆွေတို့လည်း ယခု ရောက်လာတော့ နွေရာသီကို အံတုနိုင်ဖို့ဆို တစ်ကုန်ပင်ပန်းသမျှအေးအေးချမ်းချမ်း အိမ်စက်အနိုင်ယူနိုင်ဖို့ မိမိတို့အိမ်မှာ Air-con အသစ်တပ်ချင်တာပဲဖြစ််ဖြစ်၊ မသုံးတာကြာနေတဲ့ Air-con ချေးဆေးချင်တာပဲဖြစ် လိုအပ်ရင် ဆက်သွယ်နိုင်ဖို့ အောက်မှာ ကျွန်တော့်ရဲ့ ဖုန်းနံပါတ်လေးချန်ထားပေးပါမယ်နော်။
ဒါနဲ့ မိတ်ဆွေတို့ Air-con အသစ်မဝယ်ခင် မိမိအိမ်ခန်းမှာ Air-con ဘယ်နှစ်ကောင်တပ်ရမလဲ၊ ဘယ်လိုတပ်ရမလဲဆိုတာကို သိချင်တယ်ဆိုရင်လည်း ဖုန်းဆက်ပီး တိုင်ပင်ဆွေးနွေးလို့ ရသလို အိမ်ကိုလည်း လာရောက်စစ်ဆေးပေးဖို့ ဖိတ်ခေါ်နိုင်ပါတယ်နော်။
ကျွန်တော်၏ မိတ်ဆွေ၊ ညီကို မောင်/နှမအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်
ပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။
09258796156 , 09444449960 (MDY)