Yan Naing

Yan Naing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yan Naing, Media/News Company, Mandalay.

08/05/2025
07/05/2025
25/11/2024

တောင်ခမ်း

နိုဝင်ဘာ ၂၄ ရက် (ယမန်နေ့) ညနေ ၄ နာရီချိန်ခန့်က တောင်ခမ်းဒေသ၊ တောင်ရှည်ရွာဘက်တွင် အကြမ်းဖက် PDF ၂ ဦးအား တွေ့ရှိ၍ ပစ်ခတ်ဖမ်းဆီးခဲ့။ ဖြစ်စဉ်တွင် မိမိဘက် ထိခိုက်မှုမရှိ -
(၁) အကြမ်းဖက် PDF အလောင်း ၂ လောင်း
(၂) Type-81 သေနတ် ၂ လက်
(၃) ကျည်အိမ် ၅ ခု၊ ကျည် ၇၅ တောင့်
(၄) အိုင်ကွန် ၁ လုံး
တို့အား သိမ်းဆည်းရရှိခဲ့။

05/11/2024

ယနေ့ ညနေပိုင်းက မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊ရွာသစ်ကျေးရွာအနီး တိုက်ပွဲ၌ စစ်သွေးကြွ အလောင်း ၂လောင်း၊Type-81 သေနတ် ၁ လက်၊လက်လုပ်သေနတ် ၃ လက်၊Type-81 ကျည် ၁၅၀ တောင့်၊ကျည်အိမ် ၆ ခု၊အီနာဂါ၂ လုံး၊အီနာဂါပို့ကျည် ၁၆ တောင့် ၊လက်လုပ်လက်ပစ်ဗုံး ၁၂ လုံး၊လမ်းလျှောက်စကားပြောစက် ၁ လုံးတို့ကို လုံခြုံရေး တပ်ဖွဲ့များက ရရှိခဲ့သည်။

27/10/2024

၁၀၂၇တစ်နှစ်ပြည့်တွင် ကိုးကန့် MNDAA ဌာနချုပ် လောက်ကိုင်မြို့ကို လေကြောင်းမှ တိုက်ခိုက်

ယမန်နေ့ည ၁၂နာရီ ၂၀ မိနစ်နှင့် ၁၂နာရီ ၂၆ မိနစ်တို့တွင် လောက်ကိုင်မြို့ကို ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ထိခိုက် သေဆုံး အခြေအနေများ မသ်ရသေးပေ။

MNDAA ၊ တအာင်း(TNLA)၊ ရခိုင်(AA) တို့သည် ၂၀၂၃ အောက်တိုဘာ ၂၇ရက် နံနက်အစောတွင် ရှမ်းမြောက်ရှိ စစ်တပ်စခန်းအများအပြားကို ၁၀၂၇စစ်ဆင်ရေး အမည်ဖြင့် လူအင်အား အလုံးအရင်းဖြင့် တပြိုင်တည်း စတင်တိုက်ခိုက်ခဲ့ရာ လောက်ကိုင်၊ ကွမ်းလုံ၊သိန္နီ၊ ချင်းရွှေဟော်၊ မုံးကိုး၊ လားရှိုးမြို့များနှင့် ဖောင်းဆိုင်၊ ကုန်းကြမ်းအပါအဝင် ကိုးကန့်ဒေသ တစ်ခုလုံးနှင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် တပ်စခန်းရာချီကို MNDAAက စစ်ဆင်ရေး တစ်နှစ်အတွင်း သိမ်းပိုက်နိုင်ခဲ့သည်။

အလားတူ ပလောင်TNLAကလည်း စစ်ဆင်ရေးတစ်နှစ်အတွင်း နမ့်ဆန်၊ နမ့်ခမ်း၊မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်၊ နောင်ချို စသည့် မြို့ပေါင်း ၁၂မြို့နှင့် တပ်စခန်းများစွာကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

(လောက်ကိုင်ဆေးရုံ နှင့် အနီးတဝိုက် ဗုံးကြဲခံရပြီးနောက် သြဂုတ် ၂ ရက်နံနက်ပိုင်းတွင် အပျက်အစီးများကို ရှင်းလင်းနေကြစဥ်)

18/10/2024

ရန်သူ့လက်နက် ၁၀ လက် ထပ်မံရရှိ (မောင်တော)

ဒီနေ့ အောက်တိုဘာ ၁၈ ရက်နေ့ မနက်ပိုင်းမှာလည်း အကြမ်းဖက် AA သူပုန်တွေ ထွက်ပြေးတဲ့နောက်ကို လိုက်ရှင်းရင်း လူကယ်ပြန်ရုံး(မောင်တော) အနောက်ဘက် ခြံစည်းရိုးမှာ သေနတ် ၈ လက် ၊ မြောက်ဘက် ခြံစည်းရိုးမှာ ၂ လက် ရတယ်။ သိမ်းဆည်းရမိ ပစ္စည်းတွေကတော့ -
(၁) သေနတ်မျိုးစုံ ၁၀ လက်
- AK-47 သေနတ် ၂ လက်
- M-22 သေနတ် ၂ လက်
- MA-1 သေနတ် ၃ လက်
- MA-3 သေနတ် ၂ လက်
- Sniper သေနတ် ၁ လက်
(၂) ကျည်မျိုးစုံ ၁၀၀၀ ကျော်
(၃) ကျည်အိမ်မျိုးစုံ ၁၃ ခု
(၄) စက်လတ်ကျည်ခါးပတ်တွဲ ၈ ခု
(၅) အခြားဆက်စပ်ပစ္စည်းများ
သိမ်းဆည်းရမိတယ်။ (သေနတ် ၂ လက်ပုံ ရပါက ထပ်မံဖော်ပြပါမယ်)
-
Congratulations ပါ .. နခခ (၅)မှ ရဲဘော်ရဲဘက်များ။။။

တိုက်ပွဲသတင်းစုံ

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Yan Naing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share