မန္တလေးသတင်းကွန်ရက်

မန္တလေးသတင်းကွန်ရက် သတင်းချစ်သူများအတွက် ကွန်ရက်

တောင်သမန်အင်းအတွင်း ရေနစ်‌ဆုံးပါးသူ အမျိုးသမီးကြီး၏ ရုပ်အလောင်း တွေ့ရှိရNov 8, 7:00 PMမန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင...
08/11/2025

တောင်သမန်အင်းအတွင်း ရေနစ်‌ဆုံးပါးသူ အမျိုးသမီးကြီး၏ ရုပ်အလောင်း တွေ့ရှိရ

Nov 8, 7:00 PM

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းစောင်း၊ ဗူးဘုရားနီးတွင် ယနေ့ နိုဝင်ဘာ၈ရက် ညနေပိုင်းက ရေနစ်ဆုံးပါးသူ အမျိုးသမီးကြီးတဦး၏ရုပ်အလောင်းကို ရှာဖွေဆယ်ယူရရှိကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှ မှတ်တမ်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ အမရပူရမြို့နယ် ထန်းတပင် ၅ ရပ်နေ အသက် ၅၉ နှစ်အရွယ် အမျိုးသမီးတဦး နိုဝင်ဘာ ၇ ရက်နေ့ ညနေပိုင်းက နေအိမ်မှ ပျောက်ဆုံးခဲ့သည်။

သက်ဆိုင်သည့်သူများက ယနေ့တွင် ရှာဖွေကူညီရန် အကူအညီတောင်းခံချက်အရ ပတ်ဝန်းကျင်တွင် လိုက်လံရှာဖွေရာမှ တောင်သမန်အင်းအစပ်တွင် ပျောက်ဆုံးသူ စီးသည့်ဖိနပ်ဟု ယူဆရသည့် သံသယကြောင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှ Rescue Diver Team (Myanmar) ရေငုပ်အဖွဲ့ဝင်များနှင့် စံပြမေတ္တာလူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များက ညနေ ၄နာရီခွဲ အချိန်တွင် စတင်ရှာဖွေခဲ့သည်။

ယနေ့ညနေ ၅နာရီ၁၀မိနစ်အချိန်တွင် တောင်သမန်အင်းစောင်း ဗူးဘုရားအနီးမှ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး
စံပြမေတ္တာလူမှုကယ်ဆယ်ရေးအသင်းကားဖြင့် မန္တလေးဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

#မန္တလေးသတင်းကွန်ရက် #တောင်သမန် #အမရပူရ

Photos Credit : မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး)

08/11/2025

ပုသိမ်ကြီးမြို့နယ်၊ ပြည်သူ့ပါတီ အောင်နိုင်ရေးရုံးခန်းဖွင့်ပွဲ(ရုပ်သံ)

Nov 8, 4:55 PM

ပုသိမ်ကြီးမြို့နယ်၊ ပြည်သူ့ပါတီ အောင်နိုင်ရေးရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နိုဝင်ဘာ၈ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်သွားခဲ့သည့် မှတ်တမ်းဖြစ်သည်။

အဆိုပါ အောင်နိုင်ရေးရုံးခန်းကို အိမ်အမှတ်(၃/၂၄၁)၊ မြင်စိုင်းလမ်း၊ ရန်ကင်းသာယာရပ်ကွက်၊ ပုသိမ်ကြီးမြို့နယ်တွင် ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။

ယနေ့ဖွင့်ပွဲသို့ ပြည်သူ့ပါတီ(မန္တလေးတိုင်းဒေသကြီး) ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပါတီဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။

06/11/2025

ဆရာလင်းသိုက်ညွန့်၊ ဆရာဂျော်နီကျော်မိုး၊ ဆရာမိုင်မိုင်း၊ ဒေါက်တာဇင်ကိုကိုတို့ ပါဝင်ဟောပြောခဲ့သည့် Together For Mandalay(ရုပ်သံ)

Nov 6, 7:35 PM

IRIS Media & Marketing နှင့် MEC Myanmar Event Connection တို့ ကြီးမှူး၍ Together For Mandalay ကို မန္တလေးမြို့၊ Diamond Plaza တွင် နိုဝင်ဘာ ၃ရက်မှ ၄ရက်အထိ ကျင်းပခဲ့ရာ ဆရာလင်းသိုက်ညွန့်၊ ဆရာဂျော်နီကျော်မိုး၊ ဆရာဇေယျာမိုးမြင့်၊ ဒေါက်တာဇင်ကိုကို၊ ဦးလှိုင်မင်းချို၊ ဆရာမိုင်မိုင်းတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ဟောပြောပေးခဲ့သောမှတ်တမ်းဖြစ်သည်။

ယခုပွဲ၌ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ ဖက်ရှင် စသည့် ကဏ္ဍအသီးသီးမှ လုပ်ငန်းများက ပါဝင်ပြသခဲ့ပြီး ဒီဇိုင်နာမော်ကွန်းသစ်မှ Design ပေါင်း (၅၀)ကျော်နှင့် Model များ၏ Catwalk Fashion Show လည်း ပါဝင်ပြသခဲ့ပါသည်။

မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ပြိုကျမှုများစွာရှိခဲ့ရာမှ ပြန်လည်နိုးထလာသော မန္တလေးမြို့သူ၊ မြိုသားအတွက် ဘဏ်၊ အာမခံ၊ ဆောက်လုပ်ရေးနဲ့ ကျန်းမာရေးကဏ္ဍအစုံ တနေရာထဲ အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်မည့် Together For Mandalayကို မနက်ဖြန် နိုဝင်ဘာ ၇ရက် မှ ၉ရက်နေ့ထိ မင်္ဂလာမန္တလေးမှာလည်း ဆက်လက်ကျင်းပမည်ဖြစ်ရာ ပါဝင်ပြသလိုသူများ ဆိုင်ခန်းနေရာများစုံစမ်းလိုပါက 09 987 986 294, 09 882 435 688၊ 09 761 848 178, 09 969 984 431 ကို ဆက်သွယ်စုံစမ်းနိုင်သည်။

#မန္တလေးသတင်းကွန်ရက် #ငလျင်

06/11/2025

ငလျင်ကာလအလွန် Together For Mandalay ပွဲကို ဒိုင်းမွန်းပလာဇာတွင် ကျင်းပခဲ့(ရုပ်သံ)

NOV 6, 9:30 AM

IRIS Media & Marketing နှင့် MEC Myanmar Event Connection တို့ကြီးမှူး၍ Together For Mandalay ကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၈လမ်း၊ ၃၃လမ်းနှင့် ၃၄လမ်းကြားရှိ Diamond Plaza တွင် နိုဝင်ဘာ ၃ရက် မှ ၄ရက်နေ့ထိ ကျင်းပပြုလုပ်ပြီးစီးခဲ့သည့်မှတ်တမ်းဖြစ်သည်။

အဆိုပါပွဲ၌ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ ဖက်ရှင်စ‌သည့်ကဏ္ဍအသီးသီးက လုပ်ငန်းများ ပါဝင်ပြသခဲ့ပြီး ဒီဇိုင်နာမော်ကွန်းသစ်မှ Design ပေါင်း (၅၀)ကျော်နှင့် Model များ၏ Catwalk Fashion Show လည်း ပါဝင်ခဲ့သည်။

ထို့အပြင် နိုဝင်ဘာ ၄ရက်တွင် ဆရာလင်းသိုက်ညွန့်၊ ဆရာဂျော်နီကျော်မိုး၊ ဆရာဇေယျာမိုးမြင့်၊ ဒေါက်တာဇင်ကိုကို၊ ဦးလှိုင်မင်းချို၊ ဆရာမိုင်မိုင်းတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ဟောပြောပေးခဲ့ကြပါသည်။

အင်အားပြင်း မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ပြိုကျမှုများစွာရှိခဲ့ရာမှ ပြန်လည်နိုးထလာသည့် မန္တလေးမြို့သူ၊ မြို့သားအတွက် ဘဏ်၊ အာမခံ၊ ဆောက်လုပ်ရေးနှင့် ကျန်းမာရေးကဏ္ဍအစုံ တနေရာတည်း အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်မည့် Together For Mandalay ပွဲကို လာမည့် နိုဝင်ဘာ၇ရက်မှ ၉ရက်နေ့ထိ မင်္ဂလာမန္တလေးမှာလည်း ဆက်လက်ကျင်းပပေးမည်ဖြစ်ရာ ပါဝင်ပြသလိုပါက (ဆိုင်ခန်းနေရာများစုံစမ်းလိုပါက) -
09 987 986 294, 09 882 435 688
09 761 848 178, 09 969 984 431 ကို ဆက်သွယ်စုံစမ်းနိုင်သည်။

#မန္တလေးသတင်းကွန်ရက်

&Marketing

05/11/2025

Mandalay Earthquake News

Nov 5, 4:20 PM

မန္တလေးမြို့တွင် ယနေ့ နိုဝင်ဘာ ၅ရက် ညနေ ၄နာရီ ၁၇မိနစ်အချိန်က အင်အားအနည်းငယ်သိသာသည့် နောက်ဆက်တွဲငလျင်တခု လှုပ်ခတ်သွားခဲ့သည်။ ထုတ်ပြန်ချက်များသိရပါက ကွန်မန့်၌ ဖော်ပြပါမည်။

မိုးဇလထုတ်ပြန်ချက်

မြေငလျင်သတင်းအမှတ်စဉ် ၂၄၁
=====================
နေ့စွဲ ၅-၁၁-၂၀၂၅
လှုပ်ခတ်သည့်အချိန် - ၁၆း၁၆း၅၅
အင်အားပမာဏ - ၃.၀ ရစ်(ခ်)တာစကေး
အနက် - ၁၅ ကီလိုမီတာ
ဗဟိုချက်တည်နေရာ- မတ္တရာမြို့၏ အရှေ့မြောက်ဘက် (၆) မိုင်ခန့်

#မန္တလေးသတင်းကွန်ရက် #ငလျင်

04/11/2025

တန်ဆောင်တိုင်ည မင်္ဂလာမန္တလေးတွင် ဆီမီးကိုးထောင်ပူဇော်၍ စတုဒိသာကျွေး(ရုပ်သံ)

Nov 4, 6:45 PM

ယနေ့ နိုဝင်ဘာ(၄)ရက်(တန်ဆောင်မုန်းလပြည့်နေ့)တွင် မင်္ဂလာမန္တလေးကကြီးမှူး၍ ဆီမီး(၉၀၀၀) ပူဇော်ပွဲနှင့် စတုဒိသာအလှူကိုစည်ကားစွာ ပြုလုပ်ခဲ့သည့် မှတ်တမ်းဖြစ်သည်။

ယနေ့ ညနေ၄နာရီအချိန်မှစတင်ကာ လာရောက်လည်ပတ်သူများအတွက် လူဦးရေ(၂၅၀၀)စာ မုန့်ဟင်းခါးနှင့် ရွှေရင်အေးစတုဒိသာအလှူကို ပြုလုပ်ခဲ့သည်။

ထို့နောက် မြတ်စွာဘုရားကိုရည်မှန်း၍ ည‌၅နာရီခွဲအချိန် ပရိုမိုးရှင်းဧရိယာ၌ ဆီမီးများကို တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် လာရောက်လည်ပတ်သူများ အတူတကွ ထွန်းညှိပူဇော်ခဲ့ကြသည်။

#မန္တလေးသတင်းကွန်ရက်
#မင်္ဂလာမန္တလေး
#တန်ဆောင်တိုင်

တန်ဆောင်မုန်းလပြည့်နေ့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးထံ (၃၆)ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ကပ်လှူပူဇော်Nov 4, 11:35 AMယန...
04/11/2025

တန်ဆောင်မုန်းလပြည့်နေ့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးထံ (၃၆)ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ကပ်လှူပူဇော်

Nov 4, 11:35 AM

ယနေ့ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ အခါကြီးရက်ကြီး သာမညဖလအခါတော်နေ့ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေ့ (နိုဝင်ဘာ၄ရက်)နံနက်ပိုင်းတွင် မန္တလေးမြို့၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးထံ (၃၆)ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော်ကို ကပ်လှူပူဇော်သည်။

မသိုးသင်္ကန်းတော်မကပ်လှူမီ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို ရေတော်ဆရာတော်အမှူး၍ ဗုဒ္ဓဝေယျာဝစ္စအဖွဲ့က မျက်နှာသစ်တော်ရေဆက်ကပ်ခြင်း၊ အာရုဏ်ဆွမ်း၊ သစ်သီးဆွမ်း၊ ရေချမ်း၊ ပန်းတို့ကိုလည်း ကပ်လှူခဲ့ကြသည်။

မသိုးသင်္ကန်း ရက်လုပ်ပူဇော်ခြင်းကို ရက်ကန်းပညာရှင်များ၊ စက်ချုပ်ပညာရှင်များမှ နှစ်စဉ်လာရောက် ကုသိုလ်ယူ ရက်လုပ်ပူဇော်ကြခြင်းဖြစ်ပါသည်။

မသိုးသင်္ကန်းသည် နေ့ရက်မကူးစေဘဲ တရက်အတွင်းပြီးအောင် ရက်လုပ်သော သင်္ကန်းဖြစ်ပြီး ကထိန်ကာလ၏ နောက်ဆုံးရက် တန်ဆောင်မုန်းလဆန်း ၁၄ ရက် ညနေပိုင်းတွင်သာ မသိုးသင်္ကန်းကို စတင်ရက်ကာ တန်ဆောင်မုန်းလပြည့်နေ့ အာရုဏ်မတက်မီ အပြီးရက်ကာ လှူဒါန်းရသည်။

#မန္တလေးသတင်းကွန်ရက် #ဘုရားကြီး #တန်ဆောင်တိုင်
Photos Credit : မဟာမုနိဂေါပကအဖွဲ့

03/11/2025

စိန်ခြယ်/သုဓမ္မ ကုမ္ပဏီမိသားစုနှင့် ဝန်ထမ်းများ၏ မဟာဘုံကထိန်တော်မင်္ဂလာ(ရုပ်သံ)

Nov 3, 9:45 PM

အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးအောင်တိုး+ ဒေါ်လှလှဝင်း(စိန်ခြယ် စားသောက်ကုန်ထုတ်လုပ်ရောင်းဝယ်ဖြန့်ချိရေးကုမ္ပဏီ၊ သုဓမ္မ အိမ်ခြံမြေနှင့် အထွေထွေအကျိုးဆောင်ကုမ္ပဏီ) မိသားစုနှင့် ဝန်ထမ်းများ၏ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နိုဝင်ဘာ ၃ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် မှတ်တမ်းဖြစ်သည်။

စစ်ကိုင်းတောင်ရိုး၊ တောတောင်ဘီလူးချောင်၊ တတိုင်းမွှေးကျောင်းတိုက်သို့ ပို့ဆောင်လှူဒါန်းမည့် ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းများ၊ ငွေပဒေသာပင်များကို အများပြည်သူကြည်ညိုသာဓုခေါ်ဆိုနိုင်စေရန် အလို့ငှာ စက်မှုဇုန်(၁)ရှိ စူပါဝင်း ဘီစကစ်စက်ရုံဝင်းအတွင်း ခင်းကျင်းထားသည်ကို တွေ့ရသည်။

#မန္တလေးသတင်းကွန်ရက်
#ကထိန်
#စစ်ကိုင်းချောင်

အာဖဂန်နစ္စတန်တွင် လူအများအိပ်မောကျနေသည့် သန်းခေါင်ယံအချိန် ပြင်းအား ၆ဒဿမ၃ အဆင့် ငလျင် လှုပ်ခတ်သွားNov 3, 7:07 AMအာဖဂန်နစ...
03/11/2025

အာဖဂန်နစ္စတန်တွင် လူအများအိပ်မောကျနေသည့် သန်းခေါင်ယံအချိန် ပြင်းအား ၆ဒဿမ၃ အဆင့် ငလျင် လှုပ်ခတ်သွား

Nov 3, 7:07 AM

အာဖဂန်နစ္စတန်မြောက်ပိုင်းတွင် တနင်္ဂနွေနေ့ ညသန်းခေါင်ယံ လူအများအိပ်မောကျနေချိန် ပြင်းအား ၆.၃ ရှိသော ငလျင်တခု လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒစစ်တမ်း (USGS)မှ ထုတ်ပြန်ချက်ကိုကိုးကား၍ ယနေ့ နိုဝင်ဘာ ၃ရက် နံနက်ပိုင်း ချန်နယ်နယူးစ်အေးရှားသတင်း၌ ဖော်ပြထားသည်။

အဆိုပါ ငလျင်သည် မာဇာအိရှရစ်မြို့အနီး၌ မြေအောက်အနက် ၂၈ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ရာ လှုပ်ခတ်မှုကို
မြို့တော်ကဘူးလ်တွင် နေထိုင်သူများလည်း သိသာစွာခံစားခဲ့ရပါသည်။

အာဖဂန်နစ္စတန်သမိုင်းတွင် အသေအပျောက်အများဆုံးငလျင်အဖြစ် ယခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က နိုင်ငံအရှေ့ပိုင်း၌ လူပေါင်း ၂၂၀၀ ကို သေဆုံးစေခဲ့သည့် ပြင်းအား ၆.၀ ရှိသော ငလျင်တခု လှုပ်ခတ်ပြီးနောက် ၂လအကြာ ယခု ငလျင်ထပ်မံလှုပ်ခဲ့ခြင်းဖြစ်သည်။

ငလျင်အပြီး ကယ်ဆယ်‌ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်သောကြောင့် အာဏာပိုင်များက သေဆုံးဒဏ်ရာရရှိမှု စာရင်းကို ချက်ချင်းမထုတ်ပြန်နိုင်သေးပေ။

ငလျင်ဗဟိုပြုသည့် နေရာအနီး နေထိုင်သူအများအပြားသည် ညသန်းခေါင်ယံတွင် ၎င်းတို့၏အိမ်များ ပြိုကျမည်ကို စိုးရိမ်သောကြောင့် လမ်းမပေါ်သို့ ပြေးထွက်လာကြကြောင်း သတင်းထောက်များက ပြောကြသည်။

နိုင်ငံတွင်းရှိ အိမ်များစွာသည် အရည်အသွေးပိုင်း ညံ့ဖျင်းစွာတည်ဆောက်ထားသဖြင့် ငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ်များဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများကို အဟန့်အတားဖြစ်စေသည်။

၁၉၀၀ ပြည့်နှစ်မှစ၍ အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရစ်ချ်တာစကေး ၇ အထက်ရှိသော ငလျင် ၁၂ ကြိမ် လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်း ဗြိတိသျှဘူမိဗေဒစစ်တမ်းမှ ငလျင်ပညာရှင် Brian Baptie က ပြောကြားသည်။

#မန္တလေးသတင်းကွန်ရက် #ငလျင်
Photo Credit : Aljazeera.com

တူကာနွှဲပျော် တန်ဆောင်တိုင်ပွဲတော် အချိန်မှာ မန္တလေးမြို့ထဲမှာပဲ စိတ် အပန်းဖြေအနားယူပျော်ရွှင်ဖို့ မြို့တော်ဥယျာဥ်ကို သွ...
02/11/2025

တူကာနွှဲပျော် တန်ဆောင်တိုင်ပွဲတော် အချိန်မှာ မန္တလေးမြို့ထဲမှာပဲ စိတ် အပန်းဖြေအနားယူပျော်ရွှင်ဖို့ မြို့တော်ဥယျာဥ်ကို သွားစို့

Nov 2, 11:07 AM

မိသားစုနဲ့လာလာ ချစ်သူလေးနဲ့ လာလာ၊ သူငယ်ချင်းတွေနဲ့ လာလာ မိတ်ဆွေတို့ ပျော်ရွှင်ရရင် ကျနော်တို့ ပျော်ရွှင်ပါတယ်။
ပျော်ရမယ့် ‌နေရာလေးကိုတော့ သိတယ်ဟုတ်။

📌၂၆ (B) လမ်း နှင့် ကမ်းနားလမ်းထောင့် ပိုက်ကျုံး, ချမ်းအေးသာစံမြို့နယ်, မန္တလေးမြို့‌။ 02 406 3779 / 09 772 383 328 / 09 441 056 007 09 200 9189

Photos Credit : မြို့တော်ဥယျာဉ်






ကုသိနာရုံမြန်မာကျောင်းတိုက် ဆရာတော်ဘုရားကြီး ယနေ့နံနက် ပျံလွန်တော်မူOct 31, 8:28 AMအိန္ဒိယနိုင်ငံ၊ ဥတ္တရပရာဒေ့ရှ်ပြည်နယ်...
31/10/2025

ကုသိနာရုံမြန်မာကျောင်းတိုက် ဆရာတော်ဘုရားကြီး ယနေ့နံနက် ပျံလွန်တော်မူ

Oct 31, 8:28 AM

အိန္ဒိယနိုင်ငံ၊ ဥတ္တရပရာဒေ့ရှ်ပြည်နယ်၊ ကုသိနာရုံမြန်မာကျောင်းတိုက်၊ ကမ္ဘာ့ဗုဒ္ဓသာသနာပြုဆရာတော်ကြီး အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဆရာတော်ဘုရားကြီးသည် ယနေ့ ‌အောက်တိုဘာ ၃၁ရက် နံနက်ပိုင်းက ဘဝနတ်ထံသို့ ပျံလွန်တော်မူသွားပြီဖြစ်သည်။

လာမည့် နိုဝင်ဘာလတွင် သက်တော်(၉၀)ပြည့်တော်မူမည့် ဆရာတော်ကြီးသည် ‌‌‌ယခုနှစ် အောက်တိုဘာ ၁၂ရက်တွင် လက်ခ်နောင်းမြို့၌ ကျန်းမာရေးကုသမှုခံယူတော်မူခဲ့ရပြီး ယနေ့ မြန်မာစံတော်ချိန် နံနက် ၆နာရီမိနစ်၂၀အချိန်တွင် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

ဆရာတော်ကြီးသည် အိန္ဒိယနိုင်ငံ၊ ယူပီပြည်နယ်၊ မြတ်စွာဘုရားရှင် မဟာပရိနိဗ္ဗာန်ပြုတော်မူရာ ကုသိနာရုံရှိ ကုသိနာရုံမြန်မာကျောင်းတိုက်၌ နှစ်ပေါင်းများစွာမျှ သီတင်းသုံး‌နေထိုင်တော်မူ၍ သာသနာပြုတော်မူခဲ့ပါသည်။

#မန္တလေးသတင်းကွန်ရက် #ကုသိနာရုံမြန်မာကျောင်း #အိန္ဒိယ
Photo Credit :

အမရပူရမြို့နယ်တွင် တွဲကားတချို့ မီးလောင်မှု ဖြစ်ပွားOct 30, 1:40 PMမန္တလေးမြို့၊ အမရပူရမြို့နယ်၊ မြစ်ငယ်-ထုံးဘိုလမ်းခွဲ၊...
30/10/2025

အမရပူရမြို့နယ်တွင် တွဲကားတချို့ မီးလောင်မှု ဖြစ်ပွား

Oct 30, 1:40 PM

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မြစ်ငယ်-ထုံးဘိုလမ်းခွဲ၊ တော်လှရွာ၊ စိတ်ကျန်းမာရေးဆေးရုံအနီးရှိ ခြံဝင်းအတွင်း ယနေ့ အောက်တိုဘာ၃၀ရက် မွန်းတည့် ၁၂နာရီမိနစ်၃၀ ဝန်းကျင်အချိန်က တွဲကား ၄စီး မီးလောင်မှုဖြစ်ပွားခဲ့၍ နယ်‌မြေခံမီးသတ်ယာဉ်များ သွားရောက်ငြှိမ်းသတ်ခဲ့သည့် မှတ်တမ်းများ ဖြစ်သည်။

ယခုဖြစ်စဉ်၌ ကုန်တင်တွဲကား ၄စီးနှင့်အတူ ဘက်ဟိုး ၁စီး၊ အဆောက်အဦတလုံး မီးလောင်ဆုံးရှုံးခဲ့ရကာ လူထိခိုက်မှု မရှိခဲ့ပါ။

#မန္တလေးသတင်းကွန်ရက် #အမရပူရ #တွဲကား
Photos Credit : Than Htay FB

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when မန္တလေးသတင်းကွန်ရက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share