14/03/2026
Attitude မကောင်းတာနဲ့
Attitude မမှန်တာက မတူပြန်ဘူး
မကောင်းတာက ရှင်းတယ်
မူလစိတ်အခံကိုကမကောင်းတာ
မနာလိုစိတ်များတယ် ၊ စကားရှုပ်တယ်
အကောင်းမြင်စိတ်မရှိဘူး ၊ self control နည်းတယ်
ကိုယ်ရဖို့ပဲအရင်ကြည့်တယ် ၊ "ငါ"ဗဟိုပြုပြီးနေထိုင်တယ်....
Attitude မမှန်တာမျိုးက အရမ်းသတိထားရတယ်
သူက ကောင်းချင်တဲ့အခါကောင်းတယ်
မှန်ချင်တဲ့အခါမှန်ပြီး မမှန်ချင်တဲ့အခါမမှန်တော့ဘူး
မကောင်းတော့ဘူးဆိုရင်လည်း အရင်ကောင်းခဲ့တာတွေပါ ချေဖျက်ပစ်ဖို့ဝန်မလေးဘူး
သူလိုချင်တာရနေတုန်း အရမ်းချိုပြီး
လိုချင်တာမရတော့ဘူးဆို ခါးပစ်ဖို့ဝန်မလေးတဲ့သူ
ဘယ်လိုဆက်ဆံရေးမျိုးကိုမဆို အားမနာတတ်တဲ့သူမျိုး....
ကျုပ်တို့အတွက်အန္တရာယ်ရှိတာက
Attitude မမှန်တဲ့သူက ပိုအန္တရာယ်ရှိတယ်
မကောင်းတဲ့သူက ခဏအတွင်းသူ့အကြောင်းကိုသိနိုင်လို့ ရှောင်လို့ရပေမယ့်
မမှန်တဲ့သူကကျတော့ ချက်ချင်းမြင်ရနိုင်တာမျိုးမဟုတ်ဘူး
ကိစ္စတစ်ခုပေါ်လာမှ
အကြောင်းအရာတစ်ခုဖြစ်လာမှ
သူ့အတွင်းစိတ်အမှန် True colors တွေကိုမြင်ရတတ်တာ
ကိုယ်လည်း ကောင်းဖို့/ မှန်ဖို့ကြိုးစားရမှာဖြစ်သလို
မကောင်းတဲ့ / မမှန်တဲ့သူကိုလည်း သေချာကြည့်ရမှာ
လောကကြီးထဲ နေနေသရွေ့ပေါ့
crd - Min Yel Kyaw Swar