မြန်မာ့ချည်-Burmese Cotton

မြန်မာ့ချည်-Burmese Cotton 💚Inlay Cotton Fabric💚

17/10/2024

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

ခရီးတိုလေး ထွက်ချင်လိုက်တာ အပင်တွေနဲ့ တောင်တန်းတွေရှိတဲ့ဆီကို 🪴
05/05/2024

ခရီးတိုလေး ထွက်ချင်လိုက်တာ အပင်တွေနဲ့ တောင်တန်းတွေရှိတဲ့ဆီကို 🪴

28/04/2024
ချည်တိို့အတွက် သတိထားစရာ
06/04/2024

ချည်တိို့အတွက် သတိထားစရာ

ကဆုန်၊ နယုန်ဆွေ့ဆွေ့ခုန်သောရာသီမှာ သတိပြုစရာ

မြန်မာပြည်ရာသီဥတုမှာ မတ်လ၊ ဧပြီလ၊ မေလများတွင် ရာသီဥတု ပူပြင်းလေ့ရှိသည်။ အထူးသ ဖြင့် မေလတွင် မိုးတစ်ပြိုက်နှစ်ပြိုက်ရွာပြီး ပြန်ပူသောအခါ လူများ နေထိုင်မကောင်းဖြစ်လေ့ရှိသည်။ ပြက္ခ ဒိန်တွင် မြန်မာလရာသီအားဖြင့် ကဆုန်၊ နယုန်လများသည် မနေနိုင်အောင် ပူပြင်းသောလများဖြစ်သဖြင့် ရှေးလူကြီးများက “ကဆုန်၊ နယုန် ဆွေ့ဆွေ့ခုန်” ဟု စာဆိုခဲ့ခြင်း ဖြစ်မည်ဟု ထင်ပါသည်။ အမှန်ပင် လေ မတိုက်ဘဲ ပူအိုက်နေသောအခါများတွင် အိမ်အနီးရှိရေကန်နှင့် သောက်ရေအိုးများမှ ရေများပါပူလောင်ပြီး မချိုးနိုင်၊ မသောက်နိုင်ဖြစ်ရသည်ကို ဤလတွင် တွေ့ကြုံရပါသည်။

လွန်ခဲ့သောနှစ်ပိုင်းက စာရေးသူ၏ တိုင်းရင်းဆေးအကြောပြင် ဆေးကုခန်းသို့ မန္တလေးမြို့အနီး စဥ့်ကိုင်ရပ်မှ ဘုန်းတော်ကြီးတစ်ပါးကို ကားဖြင့် ပင့်လာကြပါသည်။ ဆရာတော်ကြီးမှာ သက်တော် (၈၀) ပြည့်၍ (၈၁)အတွင်းသို့ပင် ရောက်ရှိနေပြီ ဖြစ်ပါသည်။ ညာဘက်တစ်ခြမ်း ခြေ၊ လက်ကောင်းစွာမလှုပ်နိုင်။ လေဖြတ်သကဲ့သို့ဖြစ်ပြီး ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် ကုသမှုခံယူပြီးမှ ဆေးရုံက ဆင်းလာခဲ့ခြင်းဖြစ်ပါသည်။

ဖြစ်ပုံမှာ ဆရာတော်သည် နေ့စဉ်နိစ္စဒူဝ ပြုနေကျအလုပ်မှာ ညနေချိန်ရောက်တိုင်း ကျောင်းတိုက် အတွင်းရှိ သစ်ပင်ပန်းမန်များကို ရေပိုက်ဖြင့် ရေဖျန်းရေလောင်းလေ့ရှိသည်။ ထိုသို့ ပြုခဲ့သည်မှာလည်း ဆယ်စုနှစ်မကဟု ဆိုသည်။ လေဖြန်းသလိုဖြစ်မည့်နေ့က နေ့ခင်းပိုင်းတွင် အလွန်ပူပြင်းသဖြင့် ညနေ စောင်းတွင် ရေလောင်းလျှင် သစ်ပင်ပန်းပင်များ အပူရှပ်သလို ဖြစ်မည်ကိုစိုးသဖြင့် ဆရာတော်သည် ညပိုင်း (၇)နာရီ (၈)နာရီအတွင်းမှာမှ အပင်များကို ရေလောင်းသည်ဟု ဆိုသည်။ ရေလောင်းသောအခါ ခန္ဓာကိုယ် အောက်ပိုင်းကိုလည်း ရေအနည်းငယ်စိုသည်။ အိပ်ချိန်တွင် ရေစိုသည့်သင်္ကန်းများကို လဲလှယ်ပြီးဘုရား ဝတ်တက်သည်။ ပြုနေကျ တရားအလုပ်များ ပြုလုပ်ပြီး ညအိပ်ယာဝင်သည်။ နံနက်လင်းပိုင်းရောက်သော အခါ ဆရာတော်ကြီးသည် ရုတ်တရက် အိပ်ယာမှထသောအခါ မထနိုင်။ ပြန်လဲကျသဖြင့် အနီးအနားမှ ဦးဇင်းနှင့် ကိုရင်လေးများကို လှမ်းခေါ် အကူညီတောင်းပြီး ထရသည်ဟု ဆိုသည်။

ဆရာတော်ကြီးသည် သင်္ကန်းကိုလည်း မိမိညာလက်ဖြင့် မရုံနိုင်။ ညာခြေဖြင့်လည်း မတ်မတ်ရပ်ပြီး လမ်းမသွားနိုင်။ သို့သော် စကားကို ပီသအောင်ပြောနိုင်သည်။ ခေါင်းမူးနောက်ခြင်းမရှိ။ ထိုင်ပေးလျှင် လည်း ကောင်းစွာထိုင်နိုင်သည်။ ကျောင်းမှဦးဇင်းများက လေဖြတ်မသွားစေရန် အချိန်မီဆေးရုံသို့ ပို့ပေး ရန် စီစဉ်ကြသည်။

ဆရာတော်ထိုသို့ ဖြစ်ချိန်တွင် မြန်မာတစ်နိုင်ငံလုံးတွင် Covid 19 ရောဂါကြောင့် ဈေးများ၊ ကျောင်း များ၊ ရုံးများပိတ်ပြီး အသွားအလာ ကန့်သတ်ထားချိန်ဖြစ်သည်။ ဆေးရုံကြီးများတွင်လည်း Covid လူနာများ အတွက် အထူးကုသရန် ပြင်ဆင်နေချိန်ဖြစ်သည်။ ထို့ကြောင့် ဆေးရုံကြီးသို့မသွားဘဲ ပြင်ပပုဂ္ဂလိက အထူး ကုဆေးရုံကြီးတစ်ခုသို့ ပို့ဆောင်ကြသည်။

ဆေးရုံရောက်သောအခါ ဆရာတော်ကို ရောဂါရှာဖွေကြသည်။ ခေတ်မီစက်ကြီးများဖြင့် ဦးခေါင်း ကို ဓာတ်မှန်ရိုက်ပြီး ရောဂါရှာဖွေကြသည်။ သံလိုက်ဓာတ်မှန်ခေါ် စက်ကြီးဖြင့် ဆရာတော်၏ ဦးနှောက် တွင် သွေးခဲပိတ်ဆို့မှု ရှိမရှိ (သို့မဟုတ်) သွေးကြောပေါက်ခြင်း ရှိမရှိကို ရှာဖွေကြသည်။ ထူးဆန်းသည်မှာ ဆရာတော်ကြီး၏ ဦးနှောက်တွင် သွေးကြောများထောက်ပံ့မှုသည် ပုံမှန်ဖြစ်ပြီး သွေးခဲပိတ်ဆို့ခြင်းလည်း မ တွေ့။ သွေးကြောပေါက်သည့် စိမ့်ထွက်သည့် လက္ခဏာလည်း တစ်စုံတစ်ရာ မတွေ့ရှိရခြင်းဖြစ်သည်။

အနောက်တိုင်းဆေးပညာအရ ဦးခေါင်းတွင်းရှိ ဦးနှောက်၏ ဘယ်ဘက်အခြမ်းသည် ခန္ဓာကိုယ်၏ ညာဘက်အခြမ်း လှုပ်ရှားမှုအတွက် ထိန်းညှိဆောင်ရွက်ပေးသည်။ ထို့အတူ ဦးနှောက်၏ ညဘက်အခြမ်း သည် ခန္ဓာကိုယ်၏ ဘယ်ဘက်အခြမ်း လှုပ်ရှားမှုအတွက် ထိန်းညှိဆောင်ရွက်ပေးသည်။

အကယ်၍ လူတစ်ဦး၏ ဘယ်ဘက်ခြမ်း ဦးနှောက်အတွင်း သွေးတိုးဆောင့်တက်၍ သွေးခဲပိတ်ဆို့ ခြင်း၊ သွေးကြောပေါက်ခြင်း၊ ဦးနှောက်သွေးထောက်ပံ့မှု မရရှိခြင်းဖြစ်ပါက ထိုသူ၏ ညဘက်အခြမ်း ခန္ဓာ ကိုယ် ခြေလက်များလှုပ်ရှားမှုကို အပြည့်အဝဆောင်ရွက်နိုင်တော့မည် မဟုတ်ပါ။ ပို၍ဆိုးသည်မှာ ညာ ဘက်ခြမ်းလေဖြတ်လျှင် လျှာပါ ပါသဖြင့် ကောင်းစွာ စကားမပြောနိုင်ခြင်း၊ စကားလုံးများ မပီသခြင်း၊ အချို့တွင် လုံးလုံးစကားမပြောနိုင်ခြင်း ဖြစ်လေ့ရှိသည်။ ဘယ်ဘက်အခြမ်း လေဖြတ်သူများမှာ များသော အားဖြင့် ခြေလက်အဂါင်္များ မလှုပ်ရှားနိုင်သော်လည်း စကားကို ကောင်းစွာပြောဆိုနိုင်သည်ကို တွေ့ရ သည်။ ထို့ကြောင့် ညာဘက်အခြမ်း လေဖြတ်ခြင်းသည် ဘယ်ဘက်အခြမ်း လေဖြတ်ခြင်းထက် ပို၍ဆိုး သည်ဟု ဆိုကြခြင်းဖြစ်သည်။

အချို့မှာ ဦးနှောက်အတွင်း သွေးခဲပိတ်ဆို့ခြင်း၊ သွေးကြောပေါက်ပြီး သွေးထောက်ပံ့မှု မရရှိခြင်း၊ ပေါက်သွားသော သွေးများသည်ခဲပြီး ဦးနှောက်ရှိ အရေးကြီးသော နေရာများကို ဖိမိခြင်းကြောင့် လေဖြတ် ခြင်းသာမက ပြင်းထန်သော လက္ခဏာများဖြစ်သည့် စကားမေးမရခြင်း၊ မျက်စိမဖွင့်ခြင်း၊ အသက်မသေ ဆုံးသော်လည်း သတိမရတော့ခြင်းစသော အခြေအနေဆိုးသို့ ရောက်ရှိသူများလည်း ရှိပါသည်။
ညပိုင်း သစ်ပင်ရေလောင်း ခန္ဓာကိုယ်အောက်ပိုင်း ရေစိုပြီးအပူရှပ်၍ လေဖြတ်သလိုဖြစ်သော ဆရာ တော်ကြီးမှာ သီလကြောင့်လား၊ ဘုန်းကံကြောင့်လား မသိပါ။ လေဖြန်းသလိုဖြစ်ပြီး ညာခြမ်း လက်ခြေ လှုပ်ရှားမှု အားမရှိတော့သလို ဖြစ်သော်လည်း စကားကို ပီသစွာ ပြောဆိုနိုင်သည်။ သတိလစ်ခြင်း၊ သတိ မေ့လျော့ခြင်းလည်း မရှိပါ။ ပို၍ ထူးဆန်းသည်မှာ ဆရာတော်ကြီး အထူးကုဆေးရုံကြီးသို့ ရောက်သောအခါ ဆရာဝန်နှင့် သူနာပြုများက သွေးပေါင်ချိန်သောအခါတွင်လည်း သွေးပေါင်ချိန်မတက်။ သွေးမတိုး၊ ပုံမှန် အတိုင်း ရှိနေသည်ဟု ဆိုသည်။

ပို၍ ထူးဆန်းသည်မှာ ဆရာတော်ကြီး၏ ဦးခေါင်းကို သံလိုက်ဓာတ်မှန်ဖြင့် စစ်ဆေးသောအခါ တွင် လည်း ဦးနှောက်၏ အဓိကဖြစ်သော ဘယ်ခြမ်းတွင်သာမက ညာခြမ်းတွင်လည်း ထူးထူးခြားခြား သွေးခဲ ပိတ်ဆို့ခြင်း၊ သွေးကြောပေါက်ခြင်း၊ သွေးကြောများရောင်ခြင်း လက္ခဏာတစ်စုံတစ်ရာ မတွေ့ရဟုဆို သည်။ ထို့ကြောင့် ဆရာတော်ကြီး၏ ညာဘက်အခြမ်းလေဖြန်းခြင်း (သို့မဟုတ်) အပြည့်အဝ မလှုပ်ရှားနိုင် ခြင်းမှာ ဦးနှောက်၏ ချို့ယွင်းချက်ကြောင့် မဟုတ်ဟု ဆိုရမည်ဖြစ်နေသည်။

တစ်ခါတစ်ရံ အလွန်ပူပြင်းသောအချိန်တွင် ရေဖြန်းခြင်း၊ ရေအေးချိုးခြင်း၊ အေးသောရေဖြင့် တစ် နည်းနည်းဖြင့် ထိတွေ့ခြင်းတို့ကြောင့် အပူရှပ်ပြီး လေဖြတ်သလို ဖြစ်လေ့ရှိပါသည်။ သွေးတိုးကြောင့် လေဖြတ်ခြင်းနှင့် ခပ်ဆင်ဆင်တူသော်လည်း အမှန်တစ်ကယ် အပြည့်အဝ လေဖြတ်ခြင်းမဟုတ်သဖြင့် ကု သသော ဆရာများ ရောဂါရှာဖွေသော ဆရာများ မျက်စိလည်စရာဖြစ်တတ်ပါသည်။

စာရေးသူ၏ အတွေ့အကြုံများအရ လွန်ခဲ့သော နှစ်အနည်းငယ်ကလည်း မြင်းခြံအနီး ရွာတစ်ရွာမှ တောင်ယာစိုက်ပျိုးသူ အသက်(၃၀) အရွယ်လူလတ်ပိုင်းတစ်ဦးသည် ယခုကဲ့သို့ အလွန်ပူပြင်းသော အချိန် တွင် အလုပ်နားပြီး မိမိအိမ်သို့ ပြန်ရာတွင် လမ်း၌ အလွန်အေးသော ချောင်းငယ်ကလေးတစ်ခုကို ဖြတ်ကူး ခဲ့သည်ဟု ဆိုသည်။ ထိုသို့ဖြတ်ကူးသဖြင့် သူ၏ ခါးအောက်ပိုင်းမှာ ရေစိုခဲ့သည်။ အိမ်ရောက်သောအခါ ရေစိုအဝတ်ကိုလဲပြီး ထမင်းစားသည်။ ထမင်းစားရင်းတစ်ဝက် လက်များလေးလာပြီး ထမင်းလုတ် ပြုတ်ကျ သည်ဟု ဆိုသည်။ ထို့နောက် ထသောအခါ သူ၏ခြေနှစ်ဖက်မှာ ကောင်းစွာမရပ်နိုင်တော့ဘဲ ခွေလဲကျ သည်ဟု ဆိုသည်။

ထိုသူမှာ အရွယ်ကောင်း လူလတ်ပိုင်းဖြစ်သဖြင့် မိမိတို့ဆေးခန်းတွင် တိုင်းရင်းဆေးဖြင့် ကုသခြင်း၊ အကြောပြင်ပေးခြင်း၊ ဆေးစည်းပေးခြင်းဖြင့် တစ်လခွဲခန့်ကြာသောအခါ အကောင်းပကတိ ဖြစ်သွားပါ သည်။ ထိုသူ၏ ဖြစ်စဉ်ကို ပြန်စဉ်းစား ကြည့်သောအခါတွင်လည်း အလွန်ပူသောအခါတွင် အလွန်အေး သောရေဖြင့် ထိတွေ့ခြင်းသည် ခန္ဓာကိုယ်တွင် ရုတ်တရက် အကြောသေခြင်း၊ အကြောဆိုင်းခြင်း၊ အကြော ကပ်ခြင်းများ ဖြစ်နိုင်သည်ကို တွေ့ရှိရပါသည်။ သတိထားသင့်သည့် အချက်ဖြစ်ပါသည်။


Heat Stroke ခေါ် အပူရှပ်၍ လေဖြတ်ခြင်း

အနောက်တိုင်းဆေးပညာအခေါ် Heat Stroke (အပူကြောင့်သတိလစ်ခြင်း၊ လေဖြတ်ခြင်း) တွင် နှစ်မျိုးတွေ့ရသည်။

(၁) ပြင်းထန်သောအပူကြောင့် ရေနှင့်မထိတွေ့ရဘဲ လုံးဝသတိမေ့မြောသွားခြင်း၊ စကားမေးမရခြင်း၊ အဖျားကြီးခြင်း။
(၂) အပူဒဏ်ကြောင့် မခံနိုင်ဘဲ ရေအေးသောက်ခြင်း၊ ရေအေးချိုးခြင်းကြောင့် ရုတ်တရက် သတိလစ်ပြီး လဲ ကျခြင်း။ အချို့မှာ အသက်သေဆုံးသွားခြင်း။ အချို့မှာ ဦးနှောက်အတွင်း သွေးကြောပေါက်သွားသဖြင့် သတိရသောအခါ ဆေးကုသမှုခံယူပြီးသောအခါ ကိုယ်တစ်ခြမ်းလေဖြတ်ခြင်း၊ ကိုယ်အဂါင်္ချို့ယွင်းခြင်း၊ စကားမပီခြင်း၊ ပုံမှန်လှုပ်ရှားမှု မပြုလုပ်နိုင်ခြင်း။
အထက်ပါ နှစ်မျိုးတို့တွင် အချို့မှာ နေပူထဲတွင် ခရီးသွားလာရာမှ လမ်ဘေးတွင် ရုတ်တရက် လဲ ကျပြီး အသက်ဆုံးရှုံးသွားသူများရှိသည်။ အချို့မှာ ဆေးရုံရောက်သော်လည်း အဖျားကြီးသဖြင့် အပူပြန်မ ကျတော့ဘဲ သတိလစ်ရာမှ အသက်သေဆုံးသွားသူများလည်းရှိသည်။ သက်ကြီးရွယ်အိုများ သေဆုံးမှုများ သည်။ အိမ်ခြေရာမဲ့များတွင်လည်း အပူဒဏ်ကို ကာကွယ်နိုင်သော နေအိမ်အရိပ်မရှိသဖြင့် ငယ်သူများမှာ ခံနိုင်ရည်ရှိသော်လည်း အသက်ကြီးသူများ သေဆုံးရသည်များလည်း ရှိသည်။ နောက်ထပ် သေဆုံးသူများ မှာ အချိန်ခါမရွေး သောက်စားတတ်သည့် အရက်သမားများဖြစ်သည်ကို တွေ့ရှိရသည်။
ဒုတိယအချက်ဖြစ်သည့် အပူဒဏ်ကို ကာကွယ်ရင်း အအေး (သို့မဟုတ်) ရေအေးနှင့် ရုတ်တရက် ထိတွေ့ပြီးမှ သေဆုံးရသူများမှာ မသေးဆုံးသင့်ဘဲ သေဆုံးရသူများဖြစ်သည်။
အသက် (၆၀) ကျော်လူကြီးတစ်ဦးသည် အဲယားကွန်းနှင့် ကားစီးလာပြီးမှ ပြင်ပသို့ အထွက်တွင် ရုတ်တရက်မူးပြီး လဲကျကာ သတိလစ်သွားသည်။ ဆေးရုံပို့သောအခါ အပူအအေး ရုတ်တရက်ခြားနား ချက်ကြောင့် ဦးနှောက်သွေးကြော တစ်ချောင်း ပေါက်သွားသည်ဟု သိရသည်။ အသက်မသေသော်လည်း နာတာရှည် လေဖြတ်ဝေဒနာကို ခံစားရသည်။

ဟိုတယ်လုပ်ငန်းပိုင်ရှင်တစ်ဦးသည် စနေနှင့် တနင်္ဂနွေ (၂)ရက် သူ၏မိတ်ဆွေ အရာရှိကြီးများ အားလပ်ရက်တွင် ဂေါက်သီးကစားလေ့ရှိသည်။ ထိုသို့ကစားရာမှ နေ့တစ်နေ့တွင် နေအလွန်ပူပြင်းသဖြင့် ကစားပွဲကိုရပ်ပြီး မိမိပိုင်သည့် ဟိုတယ်သို့ပြန်လာရာ အတွင်းသို့မဝင်ရသေး အပေါက်ဝမှာပင် ဝန်ထမ်းတစ် ဦးပေးသည့် Face Towel ဖြင့် မျက်နှာကို ရေပတ်တိုက်ပြီး အလွန်အေးသော ရေသန့်ဗူးတစ်ဗူးကို ဖွင့်ပြီး မော့သောက်လိုက်ရာ မိနစ်အနည်းငယ်အတွင်း လဲကျသွားပြီး ဟိုတယ်အတွင်းသို့ ပွေ့ခေါ်သွားကြရာ ဆေး ရုံသို့ပင် မပို့ဆောင်လိုက်ရဘဲ အသက်ဆုံးရှုံးမှု ဖြစ်ခဲ့ရသည်။

လွန်ခဲ့သည့်နှစ်ကပင် အသက်ငယ်သေးသည့် တက်သစ်စ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးသည် နေပူ ထဲတွင် သူငယ်ချင်းများနှင့် ဘောလုံးကစားရာမှ ခေတ္တနားချိန်တွင် အပြေးအလွှား ရေသန့်ဗူးငယ်တစ်ဗူးကို မော့သောက်လိုက်ရာမှ လဲကျသွားပြီး နှလုံးရပ်ကာ သေဆုံးသွားရသည်ဟု ဂျာနယ်များတွင် ဖတ်ရှုရသည်။ အသက်အရွယ် အလွန်ငယ်သေးသည့်အရွယ်တွင် ဤသို့ဖြစ်ရခြင်းမှာ ရှားရှားပါးပါးဖြစ်ပြီး သူ၏ မိတ်ဆွေ များနှင့် အားပေးသူများမှာ အထိပ်တလန့်ဖြစ်ပြီး ဝမ်းနည်းကြေကွဲကြရသည်။

အပူနှင့် အအေး ဝိရောဓိသည် အလွန်ကြောက်စရာကောင်းပြီး အခန့်မသင့်လျှင် လူတစ်ဦး၏ အသက်ကို ချက်ချင်းနှုတ်ယူနိုင်သည်ကို သတိပြုကြဖို့လိုသည်။

ပူပြင်းသောအချိန်တွင် သတိထားရမည့် အချက်များ

(၁) ပူပြင်းသောရာသီတွင် ရေချိုးလျှင် နံနက်စောစော အချိန်တွင်သာ ချိုးပါ။ နေ့လည်၊ ညနေစောင်းအချိန် များတွင် ရေမချိုးပါနှင့်။
(၂) ရေမချိုးမီ ရေအေးတစ်ဖန်ခွက် သောက်ပြီးမှ ရေချိုးပါ။
(၃) ရေချိုးလျှင် ဦးခေါင်းမှစ၍ မလောင်းပါနှင့်။ ခြေဖျား၊ ဒူး၊ ပေါင်လယ်စသည်ဖြင့် တစ်ဖြည်းဖြည်း အထက် သို့တက်၍ ရေလောင်းပြီးမှ ရေချိုးပါ။
(၄) ရေမချိုးမီက ဆီးသွားထားပါ။ ဆီးအိမ်တွင် ဆီးရှိနေချိန် ရေချိုးလျှင် ဆီးသွားချင်စိတ် ဖြစ်ပေါ်လာပြီး မသွားဘဲ အောင့်ထားပြန်လျှင်လည်း ဆီးပူ၊ ဆီးအောင့် ညောင်းကျရောဂါများဖြစ်တတ်ပါသည်။
(၅) ရေချိုးပြီးလျှင် အချိန်ကြာမြင့်စွာ အဝတ်အစားမဝတ်ဘဲ မနေပါနှင့်။ လေဝင်လေထွက်ကောင်းသည့် စွတ်ကျယ်၊ ချည်ထည်၊ လေဝင်လေထွက်ကောင်းသော အဝတ်အစားများကို ဝတ်ဆင်ပါ။
(၆) နေ့လည်နေပူပြင်းချိန်တွင် အပြင်မထွက်ပါနှင့်။ ထွက်လျှင် ထီး၊ဦးထုတ် အဆောင်းအကာများ ပါပါစေ။
(၇) ညနေစောင်းအချိန်များတွင် သစ်ပင်ပန်းမန်များကို ရေလောင်းခြင်း ရေဖြန်းခြင်းမပြုလုပ်ပါနှင့်။ ထိုသို့ပြု လုပ်၍ မိမိခန္ဓာကိုယ် အောက်ပိုင်း ရေစိုလျှင် အပူရှပ်၍ လေဖြတ်နိုင်သည်ကို သတိပြုပါ။
(၈) ရေခဲရေ အလွန်အေးသောရေများကို မသောက်ပါနှင့်။ ရေနွေးကြမ်းတွင် ဆားအနည်းငယ်ခပ်သောက် ခြင်း၊ (သို့မဟုတ်) ရေကျက်အေးသောက်ခြင်းသည် ကျန်းမာရေးနှင့် ညီညွှတ်ပါသည်။

ကြည်လွင်မြင့် (မုဒြာ)

ပံသကူ ပစ်လိုက်ပြီနော် 🥰ပျော်ရွှင်ကြပါစေ
27/11/2023

ပံသကူ ပစ်လိုက်ပြီနော် 🥰

ပျော်ရွှင်ကြပါစေ

Send blessing to more friends and find who's the luckiest By KBZPay Pocket Money

ဒီနေ့ည ၈နာရီကျ ပံ့သကူပစ်မယ်နော် 💙 #ပံ့သကူ  #တန်ဆောင်မုန်းလပြည့်  #မြန်မာချည်_BurmeseCotton
27/11/2023

ဒီနေ့ည ၈နာရီကျ ပံ့သကူပစ်မယ်နော် 💙

#ပံ့သကူ #တန်ဆောင်မုန်းလပြည့်

#မြန်မာချည်_BurmeseCotton

အမြဲအနားမှာ ရှိပေးတဲ့ ချစ်ရသော သူငယ်ချင်းလေးအတွက်ဆိုပြီး အင်းလေးချည်ပုဝါလေး မှာပေးထားပါတယ်ရှင့် 🌹🌹🫧
08/08/2023

အမြဲအနားမှာ ရှိပေးတဲ့ ချစ်ရသော သူငယ်ချင်းလေးအတွက်ဆိုပြီး အင်းလေးချည်ပုဝါလေး မှာပေးထားပါတယ်ရှင့် 🌹🌹🫧

08/08/2023

ပထမဆုံးသော Embroidery လေး 🌹🌹🌹

04/08/2023

မင်မင် phone အလုခံလိုက်ရလို့
ဒီရက်ပိုင်း post လေး‌တွေ မတင်ဖြစ်တာပါရှင့်

မင်ကတော့ ညဘက် plus နေ့ဘက် plus မနက် 🤣🤣🤣
17/07/2023

မင်ကတော့ ညဘက် plus နေ့ဘက် plus မနက် 🤣🤣🤣

ဒါဘဲ

✨အင်းလေးချည်ထဲမှာမှ quality အမြင့်ဆုံးလိုင်းဖြစ်တဲ့ ချည်ထူချောပိတ်စကို သုံးပြီး ချုပ်ထားတဲ့အပြင် ပေါင်းပြီးသားဖြစ်တဲ့အတွ...
16/07/2023

✨အင်းလေးချည်ထဲမှာမှ quality အမြင့်ဆုံးလိုင်းဖြစ်တဲ့ ချည်ထူချောပိတ်စကို သုံးပြီး ချုပ်ထားတဲ့အပြင် ပေါင်းပြီးသားဖြစ်တဲ့အတွက်

✨အရောင်လုံး၀မကျွတ်၊ အထည်မကျုံ့၊ ရေလျှော်လေ အိလေအပြင် quality အမြင့်လိုင်းဖြစ်လို့ ဝတ်ရတဲ့ texture က အရမ်းကောင်းသောပါရှင့်

🍁Pant🍁

✨Price…………8,500/-

✨Size…………..S, M, L (u can order ur size)

✨Color………….Blue, Golden Olive, Ivory, Bronze, Light Purple

#မြန်မာ့ချည်

Simplicity🌵The art of art, the glory of expression and the sunshine of the light of letters.✨အင်းလေးချည်ထဲမှာမှ quality ...
16/07/2023

Simplicity🌵

The art of art,
the glory of expression and
the sunshine of the light of letters.

✨အင်းလေးချည်ထဲမှာမှ quality အမြင့်ဆုံးလိုင်းဖြစ်တဲ့ ချည်ထူချောပိတ်စကို သုံးပြီး ချုပ်ထားတဲ့အပြင် ပေါင်းပြီးသားဖြစ်တဲ့အတွက်

✨အရောင်လုံး၀မကျွတ်၊ အထည်မကျုံ့၊ ရေလျှော်လေ အိလေအပြင် quality အမြင့်လိုင်းဖြစ်လို့ ဝတ်ရတဲ့ texture က အရမ်းကောင်းသောပါရှင့်

#မြန်မာ့ချည်

Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959426753490

Website

Alerts

Be the first to know and let us send you an email when မြန်မာ့ချည်-Burmese Cotton posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share