Metta Dhamma Foundaion

Metta Dhamma Foundaion Metta
စေတနာတန်ရင် အကျိုးပေးကအမှန်ဖြစ်သည် ကောင်းသောအမှုပြုလုပ်ခြင်းသည် ကောင်းသော နိဗ္ဗာန်၏မျိုးစေ့ပါ။

သသာသနာ ( ၂၅ဝဝ )ကျော်လာရင်ရှေးလူကြီးတွေ ပြောဖူးတယ်။သာသနာ ( ၂၅ဝဝ )ကျော်လာရင်မမြင်ဘူးတာတွေ မြင်ကြရလိမ့်မယ်။မကြားဘူးတာတွေ ကြ...
14/05/2024

သသာသနာ ( ၂၅ဝဝ )ကျော်လာရင်

ရှေးလူကြီးတွေ ပြောဖူးတယ်။
သာသနာ ( ၂၅ဝဝ )ကျော်လာရင်

မမြင်ဘူးတာတွေ မြင်ကြရလိမ့်မယ်။
မကြားဘူးတာတွေ ကြားကြရလိမ့်
မယ်။
မဖြစ်ဖူးတာတွေ ဖြစ်ကြလိမ့်မယ်။

သဘာဝဘေးဆိုးတွေ ဝင်လာလိမ့်
မယ်။
လက်နက်ဆန်းတွေ ပေါ်လာလိမ့်မယ်။
ရောဂါဆန်းတွေ ဖြစ်ကြလိမ့်မယ်။

စစ်ပွဲတွေ ဖြစ်လာမယ်။
အငတ်ဘေးတွေ ကြုံလာမယ်။
ရောဂါ ကပ်ဘေးတွေ ဖြစ်လာမယ်။
သဘာဝဘေးတွေ ဖြစ်လာမယ်။

ရုပ်ဝတၳုတွေ ထွန်းတောက်
တိုးတက်လာကြလိမ့်မယ်။

လူ့အတတ် နတ်မက
လူ့အကြိုက်လည်း နတ် မလိုက်နိုင်။
လူတွေ လောဘ
အတ္တ အားကြီးလာကြလိမ့်မယ်။

ရုပ်ဝတၳု တိုးတက်ရင်
လောဘနောက် လိုက်ကြရင်း
လူတွေ
စိတ်ပိုင်းဆိုင်ရာ အားနည်းလိမ့်မယ်။

မလုပ်သင့် မလုပ်ထိုက်တာတွေ
လုပ်ကြလိမ့်မယ်။

မိန်းမတွေ
ယောက်ျားနှင့် ရင်ဘောင်တန်း
လာလိမ့်မယ်။
မိန်းမတွေ
ယောက်ျားနှင့် တူလာမယ်။

ရဟန်းတွေ လူနဲ့တူလာမယ်။

ဘုန်းကြီးကျောင်းတွေ အိမ်နှင့်
တူလာမယ်။

အဆိုးအကောင်း ဒွန်တွဲလာလိမ့်မယ်။
အပ်က္တရား ပိုမြန်လာလိမ့်မယ်။

ရုပ်ဝတၳု တိုးတက်နေ၍
လူတွေ
ကိလေသာအာရုံ လောကီနောက်သာ
လိုက်နေကြလိမ့်မယ်။

မိဘကို ပြန်သတ်
မိဘကို ပြန်စော်ကား

သား သမီးကို မယားလုပ် လင်လုပ်
လာကြလိမ့်မယ်။

ဒီလိုအချိန်မှာ

ပါရမီရွိတဲ့သူ
စိတ်ကောင်းရှိတဲ့သူ
သံဝေဂ တရား
ရလာကြလိမ့်မယ်။

အလိုလို
ကြောက်စိတ်၀င်လာကြလိမ့်မယ်

တဖက်မှာလည်း

အရိယာသူတော်ကောင်းတွေ
ပေါ်ထွန်းနေလိမ့်မယ်။
တရားပြ တရားကျင့်နေကြလိမ့်မယ်။

မသိသူ ကျော်သွား
သိသူ ဖော်စားကြလိမ့်မယ်။

၀ိမုတ်တိယုဂခတျေ
အနတ္တသာသနာ တပါတ်လည်
ပြန်ပေါ်လာမယ်။

အရိယာတွေ ပေါ်ထွန်းနိုင်တဲ့ခေတ်
တရားကျင့်ရင် ကျင့်သလို
တရားရကြလိမ့်မယ်။

မကောင်းသူ ပယ်
ကောင်းသူ ကယ်မယ် တဲ့။

အရိယာသံဃာ စော်ကားလို့
အပါယ္ငရဲ ဆင်းကြလိမ့်မယ်။

သိသူဖော်စားလို့ နတ်ပြည်တက်
အရိယာဖြစ်ကြလိမ့်မယ်။

ဒီအချိန် သူတော်ကောင်းကို
တွေ့အောင် ရွာ။
မတွေ့တွေ့အောင် ရွာပါတဲ့။

သူတော်ဆည်းကပ် မြတ်တရား
နာပါတဲ့။

လူ့ဘဝဆိုတာ ရခဲတယ်။
ဘုရားရှင်နဲ့ တွေ့ခဲတယ်။
သာသနာနဲ့ ကြုံကြိုက်ခဲတယ်။

ကြုံနေရင်လည်း လက်ခံခဲတယ်။
လက်ခံပါသော်လည်း ကျင့်ကြံခဲတယ်။
ကျင့်ကြံသော်လည်း ဆိုက်ရောက်ခဲ
တယ်။

ယခုအခါမွာကား

လူလည်း ဖြစ်လာ
သာသနာနှင့်လည်း ကြုံခိုက်
အမြိုက်တရား
ဟောကြားမည့်သူက မရွား။

ထိုသို့ဖြစ်ပါလျှက်
အမွန္ကို မကြိုက်
အမွားကို လိုက်ပြီး

အမွားကို ကြိုက်နေကြပါလျှင်

အမိုက္တကာ့ ဗိုလ်မင်းထက်
မိုက်တဲ့သူ မရွိ။

သူတော်ကောင်းစကား နားမထောင်
တရားကို မကျင့်ကြံကြလျှင်

တီထွေးကြီးတွေသာ ဖြစ်ကြရလိမ့်မည်
တဲ့။

(ရှေးလူကြီးသူမများစကားမှ)

ပရဟိတနှလုံးသား နေပြည်တော် Music

10/05/2024

ကိုးကွယ်ဘာသာ
သိစရာ ဗုဒ္ဓဝင် ဝင်၍ဖတ်ရှူ့ မှတ်စုတင်သွင်း မြတ်ခြင်းဘာသာ ဘယ်ဟာပါနည်း? ကောင်းမွန်နားလည် ထည်ဝါသိဖို့ မည်သို့ဘာသာ ဖြိုဖျက်မရပါ။

ဘုရားတောင်ပွင့်မှာမဟုတ်ဘူး------------------ကိုယ့်ကြိုတ်တာ ကိုးကွယ်ခွင့်ရှိတယ် ဒါဟာ အမှန်တရား ဆိုရင် ဘုရားရှင်တောင် ဘုရာ...
24/04/2024

ဘုရားတောင်ပွင့်မှာမဟုတ်ဘူး
------------------

ကိုယ့်ကြိုတ်တာ ကိုးကွယ်ခွင့်ရှိတယ် ဒါဟာ အမှန်တရား ဆိုရင် ဘုရားရှင်တောင် ဘုရားဖြစ်ဖို့ ကြိုးစားစရာ လိုမယ်မထင်ပါဘူး။

ဘုရားဖြစ်လာတဲ့အခါလည်း သူတို့လည်း ကြိုက်တာ ကိုးကွယ်ပါစေဆိုပြီး လွှတ်ထားရင် သတ္တဝါတွေ သံသရာ ဝဲဩဂ ကနေ လွတ်မြောက်ကြပါ့မလား။

လမ်းမှားနေတဲ့ သတ္တဝါတွေ လမ်းမှန်ရောက်ဖို့ ဓမ္မနဲ့လမ်းပြဖို့မလိုဘူးလား၊ စစ်မှန်တဲ့ ဓမ္မကို သိခွင့်ရှိတဲ့သူ အနည်းငယ်ပဲရှိတယ် တကမ္ဘာလုံးအယူလွဲနေကြလို့ ပူလောင်နေကြတာပေါ့ ဓမ္မနဲ့ တွေ့နေရတဲ့ သူတွေတောင် ကျင့်သုံးခွင့်မရှိလို့ လမ်းပျောက်နေကြတာ အများကြီးပါ။

ဗုဒ္ဓရဲ့ ဓမ္မဟာ ကျင့်သုံးသူကို ချမ်းသာစေပါတယ် အယူလွဲနေသူတွေကို ဒါကတော့ ဒီလိုရှိတယ်ဆိုပြီး လမ်းပြပေးရပါမယ်၊ ကျင့်သုံးတာ မကျင့်သုံးတာကတော့ သူတို့အပိုင်းပေါ့။

ဒီကနေ့ ကမ္ဘာကြီးဟာ စစ်မှန်တဲ့ ဓမ္မကိုသိတဲ့သူအားနည်းနေတယ် ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ ခေါင်းစဉ်တပ်ပြီး စစ်မှန်တဲ့ဓမ္မကိုပျောက်ဆုံးအောင် လုပ်နေကြလို့ ဗုဒ္ဓဘာသာဝင်နိုင်ငံ တော်တော်များများ ပျက်စီးပြီး တခြားဘာသာဝင်တွေ ဖြစ်ကုန်ပြီ။

မသိရင် ဗုဒ္ဓ တရားတော်တွေကပဲ ဒီမိုကရေစီ လူ့အခွင့်အရေး နဲ့ မညီညွတ်သလိုလို ပုံဖေါ်ခံနေရတယ်။

အယူအဆ မတူရင် လက်တွဲဖို့မဖြစ်နိုင်ပါဘူး
ဒါ့ကြောင့် မိစ္ဆာ ဒိဋ္ဌိတွေ ဘုရားရှင်ရဲ့ ကျောင်းနားကို လာပြီး ကျောင်းဆောက်ကြတော့ ရေရှည်မှာ ပြဿနာတက်မှာစိုးလို့ ဘုရားရှင်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ်။

ဒီကနေ့ ကမ္ဘာကြီးဟာ သူတို့ကိုးကွယ်ရာဘာသာတွေ လွှမ်းမိုးဖို့ ဗုဒ္ဓဘာသာကို တိုက်ခိုက်ထိုးနှက်နေကြတာ ဉာဏ်ရှိသူတိုင်း သိပါလိမ့်မယ်။

ဒါ့ကြောင့် ဗုဒ္ဓဘာသာဝင်တွေအနေ နဲ့ စစ်မှန်တဲ့ ဂေါတမဗုဒ္ဓရဲ့ တရားတော်တွေကို မသိသေးတဲ့သူတွေသိအောင် မကျင့်သုံးသေးတဲ့ သူတွေ ကျင့်သုံးလာအောင် များများဖေါ်ဆောင်ပေးရမယ်၊

သူကြိုက်တာ သူကိုးကွယ် ကိုယ်ကြိုက်တာ ကိုယ်ကိုးကွယ်ဆိုရင် ဗုဒ္ဓဘာသာနိုင်ငံကနေ တခြားဘာသာပြောင်းလဲသွားတဲ့ နိုင်ငံတွေ အကြောင်း စဉ်းစားကြည့်လိုက် အဖြေတွေ့လိမ့်မယ်။

ဗုဒ္ဓဘာသာနိုင်ငံဆိုလို့ မြန်မာနိုင်ငံတခုပဲ တောင့်တောင့်တင်း ရှိတော့တယ် ဒါကို ဗုဒ္ဓဘာသာဝင်တိုင်း သဘောပေါက်သင့်တယ်၊ မြန်မာပြည်ကျရှုံးရင် သာသနာကွယ်ပြီ၊ ဒါ့ကြောင့် သာသနာအတွက် တာဝန်ယူထားတဲ့ ခေါင်းဆောင်တွေ အထူးနားလည်ဖို့ လိုအပ်တယ်။

ဘုရားရှင်ဟာ သတ္တဝါတွေကို ကယ်တင်ဖို့ ပါရမီဆယ်ပါးဖြည့်ပြီး ဘုရားဖြစ်အောင် ကျင့်ခဲ့တယ် ဘုရားဖြစ်လာတော့ ဓမ္မနဲ့လမ်းပြ ပြီးသတ္တဝါတွေကို ကယ်တင်ခဲ့တယ် သူကြိုက်တာသူကိုးကွယ်ပါစေဆိုရင် ဘုရားဖြစ်ဖို့တောင် ကြိုးစားမှာမဟုတ်ပါဘူး။

ကျွန်တော်တို့တတွေ ဗုဒ္ဓရဲ့တရားတော်တွေ နဲ့ သတ္တဝါတွေကို လမ်းပြပြီးကယ်တင်ဖို့လိုတယ် သူကြိုက်တာကိုးကွယ်ပါစေဆိုပြီးပြစ်ထားရင် တာဝန်မဲ့ရာကျတယ် ဘုရားရှင်ကိုသစ္စာမဲ့ရာကျတယ် ဒီသဘောကို ဗုဒ္ဓဘာသာဝင်တွေ နဲ့ ခေါင်းဆောင်တွေသဘောပေါက်သင့်တယ်။

ဦးမြင့်ခိုင်

မြတ်ဗုဒ္ဓ၏ အံ့မခမ်းသော တန်ခိုးတေဇာတွေ သတ္တဝါများတို့အပေါ်ထားတဲ့ကျေးဇူးတော်ဂုဏ်တွေကို  မိန့်ကြားဟောကြားခဲ့တဲ့ မြတ်ဓမ္မတွေ...
24/04/2024

မြတ်ဗုဒ္ဓ၏ အံ့မခမ်းသော တန်ခိုးတေဇာတွေ သတ္တဝါများတို့အပေါ်ထားတဲ့ကျေးဇူးတော်ဂုဏ်တွေကို မိန့်ကြားဟောကြားခဲ့တဲ့ မြတ်ဓမ္မတွေကို တန်ဖိုးထား လိုက်နာကျင့်သုံးနေသည့် ဗုဒ္ဓဘာသာဝင်တိုင်း အထူးသတိပြုထားရမှာက....
ဗုဒ္ဓဘာသာဝင်ဆိုပြီး ခံယူထားတဲ့နောက် ဘာသာကို
ကိုယ့်ကြောင့် ဘာသာတရားသန့်ရှင်းအောင်
တည်ကြည်အောင် တိုးပွားအောင် လုပ့်ဆောင်ရမည်
တိတိကျကျမှန်မှန်ကန်ကန်နဲ့ အဓမ္မစိတ်ကင်းကွာထားပြီး ဖြူစင်တဲ့ဝတ်စကဲ့သို့မိမိစိတ်ကိုထားပြီး ကြံဆောင်ကာပြုလုပ်သွားကြရမည်......

ဖြူစင်တဲ့ဘာသာအပေါ် ဘုရားမကြိုက်တဲ့ အဓမ္မလောဘ ဒေါသ မောဟစိတ်တွေ ကင်းကွာတာထက် ကင်းကွာအောင်နေကြ ပြုကြ လုပ်ကြရမည်....

ဒီကနေ့ခေတ်အတော်များများ ဘာသာကိုအကြောင် းဟန်ပြပြီး ကမောက်ကမအလုပ်တွေ အဓမ္မဖြစ်သည့်အလုပ်တွေ များစွာလုပ်လာကြတာတွေ အတော် ကိုမြင်တွေ့ကြားသိရတာ အတော်ကိုစိတ်မကောင်းစွာဖြစ်မီပါတယ်

ဗုဒ္ဓဘာသာဝင်တိုင်း မလုပ်သင့်တာကိုမလုပ်မီဖို့ လုပ်သင့်တာကို ကြိုးကြိုးစားစား လုပ်ကြဖို့ လူ့ရဲ့ အသက် တခဏ လူ့ရဲ့အကျင့်သိက္ခာ ဘဝသံသရာ တိုင်အောင် အစွဲကပ်ပါသွားသည့်အတွက် အားလုံး
ဟာ ကောင်းတာကိုပဲဓမ္မသဘောရှင်းရှင်းလင်းလင်းနဲ့ လုပ်ဆောင်သွားကြမှသာ ဗုဒ္ဓဘာသာဝင် ခံယူချ က်နဲ့ ကိုက်ညီနေမှာပါ......
Crea di

24/03/2024

တပေါင်းလပြည့် မြတ်ဗုဒ္ဓ ပြည်တော်၀င် အခါတော်နေ့
=====================================
“မြတ်ဗုဒ္ဓ နှင့် တပေါင်းလ”

တပေါင်းလသည် မြန်မာလများတွင် ၁၂-လမြောက်ဖြစ်သည်။
တနှစ်တာ၏ နောက်ဆုံးလဖြစ်သည်။
တပေါင်းလ၏ ပထမလ၀က်သည်ဆောင်းရာသီတွင် ကျရောက်သည်။
ဒုတိယလ၀က်ကား နွေရာသီတွင် ကျရောက်သည်။
ဆောင်းကူးနွေစ သာယာလှသော လရာသီဖြစ်သည်။ထို့ကြောင့် ခေတ်အဆက်ဆက် စာဆိုတို့သည်
တပေါင်းလ၏အလှကို ရေးဖွဲကြသည်မှာယနေ့တိုင်ဖြစ်သည်။

ရှေးယခင်က တပါင်းလပွဲတော်သည် သဲပုံစေတီပွဲတော် ဖြစ်သည်။ သဲပုံစေတီပွဲတော်သည် ပုဂံခေတ် (သို့မဟုတ်) ပုဂံခေတ်မတိုင်မီကပင် ပေါ်ပေါက်ခဲ့သည်ဟု အချို့က ဆိုကြသည်။ နောက်ပိုင်းတွင် သဲပုံစေတီပွဲတော် ကျင်းပသည့်ဓလေ့ တဖြည်းဖြည်း မှေးမှိန်သွားသည်။ တပေါင်းလပြည့်နေ့တွင် ဘုရားပွဲတော်များ ကျင်းပသည့် ဓလေ့ ခေတ်စားလာခဲ့သည်။ ထိုသို့ ဘုရားပွဲတော် ကျင်းပခြင်းကိုပင် “တပေါင်းလပွဲတော်”ဟု ခေါ်ကြသည်။

တပေါင်းလသည် ရာသီဥတု သာယာသည်နှင့်အမျှ သာသနာရေးတွင်လည်း မှတ်တမ်းတင်သင့်သော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။

ဗုဒ္ဓဘုရားရှင်လက်ထက်တော်က ဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုန်၀န်ကျောင်းတော်၌ သီတင်းသုံးကာ အင်္ဂတိုင်းနှင့် မဂဓတိုင်းမှ ဒကာ ဒကာမများအား တရားရေအေးတိုက်ကျွေးလျက်ရှိသည်။ ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားသိသောအခါ သားတော်ဘုရားကို ဖူးတွေ့ချင်နေသည်။ ထို့ကြောင့် အမတ်တယောက်အား အခြွေအရံတထောင်နှင့်အတူ စေလွှတ်၍ ပင့်ခိုင်း၏။

ထိုအမတ်သည် ဗုဒ္ဓထံ ရောက်လာရာမှ တရားတော်ကိုနာရ၍ အခြွေအရံတို့နှင့်အတူ ရဟန်းပြုသွားသည်။ သုဒ္ဓေါဒနမင်းကြီးထံ ဘုရားရှင်ကြွရောက်တော်မူရန် မပင့်ဖြစ်ချေ။ မင်းကြီးလည်း
နောက်ထပ်၍ အမတ်တို့ကို အြခွေအရံ တထောင်စီဖြင့်ကိုးကြိမ်တိုင်အောင် စေလွှတ်ခဲ့သည်။
သို့သော် အားလုံး ရဟန်းပြု၍ နေကြပြန်သည်။

ဆယ်ကြိမ်မြောက်တွင်မူ ဗုဒ္ဓဘုရားရှင်နှင့် ဖွားဖက်တော်ဖြစ်သော ကာဠုဒါယီအမတ်ကို စေလွှတ်သည်။ ကာဠုဒါယီအမတ်သည်လည်း ရှေးကအမတ်များနှင့်နည်းတူပင် နောက်ပါများနှင့်တကွ ရဟန်းပြုပြန်သည်။ သို့ရာတွင် ခရီးလမ်းပန်းသာယာသော တပေါင်းလအချိန်သို့ ရောက်သောအခါတွင်ကား လမ်းခရီးသာယာပုံ တပေါင်းအလှကို ဂါထာပေါင်း ၆၀-ဖြင့် ဖွဲ့နွဲ့ကာ ကပိလ၀တ်ပြည်သို့ ကြွပါမည့်အကြောင်း ဘုရားရှင်အား လျှောက်ထားတောင်းပန်သည်။ ဗုဒ္ဓဘုရားရှင်လည်း လက်ခံကာ တပေါင်းလပြည့်နေ့၌ ကပိလ၀တ်ပြည်သို့ ကြွတော်မူခဲ့သည်။

♦ဘုရားရှင် ကပိလ၀တ်နေပြည်တော်သို့ကြွတော်မူခြင်းကြောင့်နိဂြောဓာရုံကျောင်းကြီး ပေါ်ပေါက်လာသည်။
♦ဂါထာ ၁၀၀၀-ဖြင့် တန်ဆာဆင်အပ်သော
♦ဝေဿန္တရာဇာတ်တော်ကြီးကို ဟောတော်မူခဲ့သည်။
♦ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်လည်းမဟာဓမ္မပါလဇာတ်တော်ကြီးကို ကြားနာရသဖြင့်
အနာဂါမ် တည်ခဲ့သည်။ နောင်အခါအရဟတ္တဖိုလ် တည်သွားသည်။

♦ဗုဒ္ဓဘုရားရှင် ကပိလ၀တ်ပြည်သို့ ကြွရောက်တော်မူ၍ တရားဟောတော်မူသဖြင့် မိထွေးတော်ဂေါတမီသည်လည်း သောတာပန်တည်သည်။
♦ယသော်ဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီဇာတ်တော်ကိုလည်း ဘုရားဟောတော်မူခဲ့သည်။
♦ညီတော်နန္ဒမင်းသား ရဟန်းပြုဖြစ်သည်။
♦သားတော်ရာဟုလာ သာမဏေဘ၀သို့ ရောက်ရှိသည်။ ♦သာကီ၀င်မင်းသားတထောင် ရဟန်းဘောင်သို့ ရောက်ရှိသည်။
♦ဆွေမျိုးတို့ ဘုရားရှင်ကို ကြည်ညိုစေရန် ဆောင်ရွက်ရာ၌ အထူးအောင်မြင်သဖြင့် ကာဠုဒါယီမထေရ်အား
ကုလပ္ပသာဒ ဧတဒဂ်ဘွဲ့ ချီးမြှင့်တော်မူခဲ့သည်။

တပေါင်းလပြည့်နေ့သည် ဘုရားရှင် ပြည်တော်၀င်ရန် စတင်ကြွလှမ်းသောနေ့ဖြစ်သဖြင့်လည်း
ထိုနေ့ကို အကြောင်းပြု၍ သာသနာတော်၌ထူးခြားသော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။
ထို့ပြင် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်ဗုဒ္ဓဟူးနေ့တွင် သိကြားမင်း၊ ဥက္ကလာပမင်းကြီး
တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့ကြီးမှူး၍ရွှေတိဂုံစေတီတော်ကြီး တည်ထားခဲ့သည်ဟု
သမိုင်းကဆိုသည်။ဤကား တပေါင်းလကို အကြောင်းပြု၍သာသနာတော်၌ ထူးခြားသော မှတ်တိုင်ကြီးများ
ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပေသည်။

(မင်္ဂလာသတင်းစဉ်)မှတဆင့်

Address

Mandalay
755500

Website

Alerts

Be the first to know and let us send you an email when Metta Dhamma Foundaion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share