23/01/2020
သီချင်းစလုပ်ဖို့ဘာတွေလိုလည်း?????
ခုခေတ်မှာဆိုရင်တော့ Hardware အနေနဲ့
ကွန်ပြူတာ၊
Audio Interface (sound card) ၊
Studio Monitor ( Studio သုံးစပီကာ)
လိုတယ်လို့အကြမ်းဖျင်းမှတ်ထားပေးပါ။ Software အနေနဲ့အနည်းဆုံး DAW တစ်ခုရှိဖို့လိုပါတယ် ။ Protool,Fl Studio,Logic pro , Ableton , Propellerhead Reason စသည့်အသံဖမ်း Beat တီး အသံပိုင်းဆိုင်ရာ Software ကို DAW ဟုခေါ်သည်။အရင်ဆုံးမရှိမဖြစ်လိုအပ်တာကတော့ ကွန်ပြူတာပါဘဲ။ ပြီးရင်စ စဉ်းစားရမှာက ကိုယ်က Programming(အရင်ကကွန်ပြူတာနဲ့သီချင်းတီးတာကို Programming တီးတယ်လို့ခေါ်ကြတယ်) သီးသန့်လုပ်မှာလား ။ Computer နဲ့ Recording ပါ ဖမ်းမှာလား ။ Recording လုပ်မယ်ဆိုရင်တော့ Audio Interface (sound card) မရှိမဖြစ်လိုပါတယ်။ Audio Interface မှာအခြေခံအလုပ်လုပ်ပုံအဝင်နဲ့အထွက်ဆိုပြီးအကြမ်းဖျင်း 2 မျိုးရှိပါတယ်။ အဝင်အလုပ်လုပ်ပုံမှာ ဆိုလိုက်တီးလိုက်တဲ့အသံတွေက Audio Interface ကနေဖြတ်ပြီးတော့မှကွန်ပြူတာထဲဝင်လို့ရမှာပါ။ အထွက်အလုပ်လုပ်ပုံမှာ ကွန်ပြူတာထဲကအသံတွေ Audio Interface ဆီသွား Audio Interface ကနေမှ တဆင့် Speaker ဆီသွားပြီးအသံထွက်တဲ့အပိုင်းဖြစ်ပါတယ်။ Audio Interface မှာ 2in2out , 2in4out, 4in4out စသဖြင့်အမျိုးမျိုးရှိပါတယ် ။ 2input ဆိုရင် 2 လိုင်းတစ်ပြိုင်ထဲ recording လုပ်လို့ရတယ်လို့အကြမ်းဖျင်းမှတ်ထားပေးပါ။ 4in ဆို 4 လေးလိုင်းတစ်ပြိုင်ထဲ Recording လုပ်လို့ရတယ်လို့အကြမ်းဖျင်းမှတ်ထားပေးပါ။ Recording ကဘယ်လောက်ထိလုပ်မှာလည်း ။ဘယ်နှစ်လိုင်းတစ်ပြိုင်ထဲဖမ်းမှာလည်း ၊ Vocal လောက်ဘဲဆို 2in ဆိုရပါပြီ ။ Guitar,bass,keyboard တူတူပါဘဲ ။ Drum recording လုပ်မယ်ဆို 8in အထက်လိုတယ်လို့အကြမ်းဖျင်းမှတ်ထားပေးပါ။ Recording မလုပ်ဖူးဆိုရင်တော့ Audio Interface မလိုတော့ဘူးလားလို့မေးစရာရှိပါတယ် ။ External Audio Interface မှာကောင်းတဲ့အချက်တွေအများကြီးရှိပါတယ်။ Computer ထဲမှာလည်း Built in soundcard ပါ ဘာတယ် ။ External Audio Interface တွေလောက်အသံထွက်မကောင်းပါ ။ချွင်းချက်အရည်အသွေးညံ့တဲ့ External Audio Interface တွေမပါ ။ နောက်တစ်ခုက midi နဲ့တီးတဲ့အခါမှာ Audio Interface သိပ်မကောင်းရင် Latency (အသံတွေနောက်ကျနေတာ) ရှိတတ်ပါတယ် ။ Recording မလုပ်လည်း Audio Interface ရှိရင်ပိုကောင်းတယ်လို့လောလောဆဲမှတ်ထားပေးပါ ။Recording မလုပ်ဘူးနားထောင်ရုံသက်သက်ဘဲဆိုရင်တော့ 2in2out ဆိုရပါပြီ။Audio Interface အလုပ်လုပ်ပုံကိုအချိန်ရရင်အသေးစိတ်ထပ်ရေးပါမယ်။ နောက်တစ်ခု Studio Monitor(Studio သုံးစပီကာ) ရှိရင်ပိုကောင်းပါတယ်။ Studio Monitor နဲ့အိမ်သုံး HiFi Speaker တွေနဲ့ အသံထွက် ကွာပါတယ် ။ Studio Monitor ကအသံပိုတိကျတယ်လို့ဘဲလောလောဆဲမှတ်ထားပေးပါ ။ Studio Monitor အကြောင်းအချိန်ရရင်အသေးစိတ်ထပ်ရေးပါမယ် ။ Studio Monitor မတတ်နိုင်သေးရင် Studio Headphone ရှိရင်လည်းဖြစ်ပါတယ် ။ Studio Monitor လိုဘဲ Studio Headphone က ရိုးရိုးသီချင်း နားထောင်တဲ့ Headphone ,Earphone ထက်အသံပိုတိကျ ပါတယ် ။ ကွန်ပြူတာကတော့ PC ဖြစ်ဖြစ် Mac ဖြစ်ဖြစ် Laptop or Desktop ။ Processor မြင့်လေကောင်းလေ၊အတွင်းပစ္စည်း တွေ Latest ဖြစ်လေကောင်းလေ။ တစ်ခုရှိတာက 32bit နဲ့သုံးမယ်ဆိုရင် Ram က 4GB ထပ်ပိုအလုပ်မလုပ်ပါ။ အားလုံးခြုံငုံကြည့်လိုက်မယ်ဆိုရင် တော့ကွန်ပြူတာ တစ်လုံး DAW Software တစ်ခုရှိရင်စလို့ရပါပြီ ။ အားလုံးကိုအကြမ်းဖျင်းရေးသားထားခြင်းဖြစ်ပါတယ်။စကားလုံးအသုံးအနှုန်းကို လူတိုင်းနားလည်အောင်အရိုးရှင်းဆုံးရေးသားထားပါတယ် ။ Share to ur fri who don't know how to start .Wish you all the best.!!!
credit
to KoeNge(၉ငယ်)!!!