23/04/2026
မင်္ဂလာပါဗျာ...
"He Is My Rival " (ထပ်တိုးထုတ်ဝေခြင်း)
💙 ... Book Cover & Book Details... 💙
Cover လေးကိုတော့ နက္ခတ်တေးသွားနဲ့ ဇံမြန်းရာတို့ရဲ့ ပထမဆုံးတွေ့ဆုံမှု တစ်ဖြစ်လည်း နှစ်ဦးသားရဲ့ အချစ်ဇာတ်လမ်းလေးရာအစပြိုးရာ တောင်ကြီးတက္ကသိုလ် အဝင်လမ်းလေးကို ပုံဖော်ထားပါတယ်။
လမ်းတစ်ဖက်တစ်ချက်စီမှာ စိန်ပန်းပြာပြာတွေ ဝေဆာဖူးပွင့်နေတဲ့ လမ်းလေးထက် ပြိုင်ကားနီနီလေးနဲ့ ဆိုင်ကယ်အနက်ရောင်လေးတစ်စီး တိုက်မိရာက စတင်ခဲ့တဲ့ ရန်ပွဲလေးတစ်ခုဟာ အမုန်းတရားတွေကနေ ချစ်ခြင်းမေတ္တာတွေအဖြစ် ပြောင်းလဲသွားမဲ့ စမှတ်လေးဆိုတာ အဆိုးအတေ တက္ကသိုလ်ကျောင်းသားလေးနှစ်ယောက် သိပါလေစ။
ဒါ့အပြင် တေးသွားရဲ့ ဇံလေးကိုကြည့်နေတဲ့ ပိုင်စိုးပိုင်နင်းရိသဲ့သဲ့အပြုံးလေးကလည်း အရမ်းကိုမှ အသက်ဝင်လွန်းလှပါတယ်။ နှုတ်ခမ်းထက်က မှဲ့နက်လေးနဲ့ တေးသွားရဲ့အပြုံးလေးကို မင်မင်ကတော့ အရမ်းသဘောကျတာပဲ။
Back Cover က တက္ကသိုလ်ကျောင်းဆောင်ကြီးနဲ့ အတွဲတစ်တွဲရဲ့ အရိပ်လေးဟာလည်း Fiction အငွေ့အသက် အပြည့်ပါပဲ။
Cover လေးကို အလှဆုံးပုံဖော်ထားပေးတာကတော့ Artist - Ni Ni Win Tun ပဲဖြစ်ပါတယ်ဗျ။ အကောင်းဆုံးပုံဖော်ပေးတဲ့ Artist ကိုလည်း ကျေးဇူးအများကြီး တင်ရှိပါတယ်။
Book Title - He Is My Rival
Author - Rigel Mi Kha
Book Cover Artist - Ni Ni Win Tun
Inner art Artist - Tsiyuri-SUYI
Chibi Artist - HANA_Art
Book Quality - Hard Cover, Creamy Paper
Page - Around 300+( 1 Inner Art)
Size - A5
Book Price - 26,000
Gift - 1 Chibi Photocard & 1 Bookmark
Payment - Half-Prepaid (13,000) / Prepaid
Preorder Time - 8:00 PM
Preorder Date - 25.4.2026
Preorder Deadline - 3.5.2026
Payment Deadline - 5.5.2026
Delivery - Private Deli(Wepozt, Ninja Van,Royal) / Car Gate / စာတိုက်
Waiting time - 2 weeks
Book Details လေးတွေလည်း သိရပြီဆိုတော့ Suprise Gift လေးတွေ လက်ခံနေပြီဖြစ်ကြောင်း သတင်းကောင်းပါးရင်းနဲ့ အားလုံးပဲ သာယာအေးချမ်းတဲ့ ညချမ်းချိန်ခါလေး ဖြစ်ကြပါစေဗျာ။