30/11/2023
ကျွန်တော်တို့ မြန်မာကိုယ်စားပြု Burmese Ghouls ပါ၀င်ယှဉ်ပြိုင်မယ့် M5 World Championship ပြိုင်ပွဲကြီးဟာ December (2) ရက်နေ့ကစပြီး ဖိလစ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့
မနီလာမြို့မှာစတင်တော့မှာပဲဖြစ်ပါတယ်။
စုစုပေါင်း (၁၆)သင်းပါ၀င်ယှဥ်ပြိုင်ပြီး အုပ်စု (၄)စုခွဲကာ တစ်အုပ်စုမှာ (၄)သင်းက ပတ်လည်ဆော့ကစားမှာပဲဖြစ်ပါတယ်။
အုပ်စုပွဲစဉ်တွေကို Bo3ဆော့ကစားရမှာဖြစ်ပြီး အုပ်စုထိပ်ဆုံးက အသင်း(၂)သင်းက နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပြီး အုပ်စုအောက်ဆုံးက (၂)သင်းကတော့ပြိုင်ပွဲကထွက်ခွာရမှာပဲဖြစ်ပါတယ်။
အုပ်စုကနေလွတ်မြောက်သွားတဲ့ ကျန်ရှိတဲ့ အသင်း (၈)သင်းကတော့ December 9ရက်နေ့မှ ၁၇ရက်နေ့အထိ Knockout ပွဲစဉ်တွေကိုယှဉ်ပြိုင်ရမှာဖြစ်ပြီး Grand Finals မရောက်ခင်အထိ Bo5 ဆော့ကစားရမှဖြစ်ပါတယ် Grand Finals ပွဲစဉ်ကိုတော့ ထုံးစံအတိုင်းBo7ဆော့ကစားရမှာပါ။
ကျွန်တော်တို့ မြန်မာကိုယ်စားပြုအနေနဲ့ အုပ်စုအဆင့်မှာ AP.Bren , Team Flash နဲ့ Willcard ကနေတက်ရောက်လာတဲ့ Team Ligun တို့နဲ့ တွေ့ဆုံရမှာပါ။ ထို့အပြင် အုပ်စုအဖွင့်ပွဲစဉ်မှာတင် AP.Bren လိုအသင်းနဲ့တွေ့ဆုံရမှာဖြစ်ပြီး Burmese Ghouls တို့အနေနဲ့သာ အနိုင်ရရှိခဲ့မယ်ဆိုရင် လက်ကျန်ပွဲစဉ်တွေအတွက် ဖိအားကင်းပြီး ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်နိုင်တော့မှာပဲဖြစ်ပါတယ်။ အိမ်ရှင်အသင်းဖြစ်တဲ့ AP.Bren အနေနဲ့ကလည်း မကြာသေးခင်ကမှ MPLI ပြိုင်ပွဲတွေယှဉ်ပြိုင်ထားပြီး International အတွေ့အကြုံမရှိသေးတဲ့ Burmese Ghouls အတွက်တော့ပွဲရှိန်စရာတွေတော့ ရှိနေမှာပါ။ ဘာပဲဖြစ်ဖြစ် ပန်းတိုင်ကိုရောက်ဖို့အတွက်တော့ ဒီအခက်အခဲအတားအဆီးတွေကိုကျွန်တော်တို့ မြန်မာအသင်းကျော်ဖြတ်ရမှာပဲဖြစ်ပါတယ်။