The Nature Image

The Nature Image The Nature Image Magazine
(4274)

ရိုက်ခဲ့ဖူးတဲ့ ၂၀၁၂ သင်္ကြန်
11/04/2016

ရိုက်ခဲ့ဖူးတဲ့ ၂၀၁၂ သင်္ကြန်

ငွေငန်းမြို့မ နဲ့ မန္တလေးသင်္ကြန် ~
Photo By Nay Yaung
Camera - Nikon D7000
Focal Length 18 mm
Shutter Speed 1/80 sec
Aperture f/4
ISO/Film 400
TheNature Myanmar Photo Magazine

၂၀၁၄- ဇူလိုင်လထုတ်၊ အတွဲ(၂)၊ အမှတ်(၁၀) သဘာဝ မြန်မာ ဓာတ်ပုံ မဂ္ဂဇင်းမှ ဆရာငြိမ်းအေးအိမ် ရေးသားသော... “နှုတ်ဆက်တေး”(၁) ယခုတ...
18/07/2014

၂၀၁၄- ဇူလိုင်လထုတ်၊ အတွဲ(၂)၊ အမှတ်(၁၀) သဘာဝ မြန်မာ ဓာတ်ပုံ မဂ္ဂဇင်းမှ ဆရာငြိမ်းအေးအိမ် ရေးသားသော...

“နှုတ်ဆက်တေး”

(၁)
ယခုတစ်ခေါက်ခရီးထွက်ရသည်မှာ ကျွန်တော်ဒေသရင်း တောင်တန်းတွေဆီကိုသာ။
နေ့စဉ်ရက်ဆက်မနားတန်းခရီးထွက်ရလွန်း၍ လူပင်ပန်းနေသော်လည်း စိတ်က ရွှင်လန်း နေသည်။ သန့်ရှင့်းလတ်ဆတ်သောလေများ၊ မြင်ကွင်းများ၊ ရိုးသားသူတောင်တန်းသားတို့နှင့် လက်ပွန်းတတီး နေထိုင်ရခြင်းများသည် ရသဖြစ်၏။ အဟာရဖြစ်၏။ စိတ်ကို သန့်ကြည်စေ၏။ လူကိုရွှင်လန်းစေ၏။ ထိုအရွှင်စိတ်တို့ကပင် လုပ်အားကို ပိုဖြစ်စေခဲ့သည်။ မူရင်းဆောင်ရွက်ရမည့် အလုပ်များအပြင် ပိုတိုးဆောင်ရွက်ဖြစ်ခဲ့သည်က ဓါတ်ပုံရိုက်ခြင်း ။ အချိန်လု အပင်ပန်းခံကာ ရည်ရွယ်ချက်ရှိရှိ ရိုက်ယူ နေမိခြင်းဖြစ်သည်။ သည်တောင်တန်း၏ အလှအပများ၊ သယံဇာတများ၊ လူနေမှုများ၊ ဘာသာရေးကိုးကွယ်မှုများ၊ ရိုးရာဓလေ့များကို “သဘာဝ”တွင် လစဉ်ဆက်တိုက် ဖေါ်ပြနိုင်တော့မည်ဟူသော အတွေးများသည် အင်အားကြီးလှသော အင်ဂျင်တစ်လုံးလို ကျွန်တော့် ကို ဒရစပ်မောင်းနှင်ခဲ့သည်။ ထိုသို့မောင်းနှင်ခံနေရခြင်းအပေါ် ကျွန်တော် ကျေနပ်နေသည်။ ပီတိစိတ်တို့ဖြစ်နေသည်။
သို့သော် ထိုပီတိစိတ်တို့ ကြာကြာမခံ။ ကိုယ့်အတွေး ကိုယ့်အကြံများဖြင့် ကျေနပ်နေ တုန်း တစ်ရက်တွင် ကျွန်တော့်ထံ မက်ဆေ့ခ်ျတစ်ခု ၀င်လာပါသည်။ “သဘာဝ” ရပ်နားတော့မည်။ နောက်ဆုံးထုတ်ဝေမည့်စာအုပ် အတွက် စာမူပေးပါဟုဖြစ်သည်။
ငွေကြေးကြွယ်ဝသူမဟုတ်သော ကျွန်တော်ကိုယ်တိုင် မဂ္ဂဇင်းတစ်စောင်ကို နှစ်နှစ်ခွဲကျော် ထုတ်ဝေပြီး ရပ်ဆိုင်းခဲ့ရဖူးသည်။ အကြောင်းကြောင်းကြောင့်ဟု ဆိုရမည်ဖြစ်သော်လည်း ကျွန်တော် မျှော်မှန်းထားသည့် ငွေကြေးအဆုံးရှုံးခံနိုင်သော မျဉ်းထက် နှစ်ဆကျော်သွားခြင်း သည်လည်း အကြောင်းတစ်ခုဖြစ်ခဲ့၏။ ရပ်ဆိုင်းမည်ဟူသော ဆုံးဖြတ်ချက်ကို အချိန်အကြာကြီး ယူစဉ်းစားကာ ရင်နာနာနှင့်ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်။ ထိုသို့ဆုံးဖြတ်ချက်ချခဲ့ရသည်မှာ အနှစ်နှစ်ဆယ် နီးပါးကြာလာ ခဲ့ပြီ။ ခုချိန်ထိ ရင်နာသောဒဏ်ရာက မကျက်ချင်သေး။
“သဘာဝ” ရပ်ဆိုင်းသွားခြင်းတွင်လည်း အကြောင်းကြောင်းရှိပါလိမ့်မည်။ သူ ရပ်နား တော့မည်ဟူသော သတင်းသည် ကိုယ့်စာအုပ်ရပ်နားခဲ့ရစဉ်အချိန်ကလိုမျိုးပင် ကျွန်တော့်ကို ဆိုးဝါးစွာနာကျင်စေခဲ့ကြောင်း ၀န်ခံရပါမည်။ အဘယ့်ကြောင့်ဆိုသော ရှိသင့်ရှိအပ်သော မဂ္ဂဇင်း တစ်စောင်အဖြစ် သူ့အပေါ် ရှုမြင်ခဲ့၍ဖြစ်သည်။ မည်သို့ဆိုစေ သူ့ကို နောက်ထပ် တွေ့မြင်ခွင့် ရတော့မည်မဟုတ်။
ဤသို့ဖြင့် “နှုတ်ဆက်တေး” ကို ရေးမိသည်။

(၂)
ဘယ်လိုက ဘယ်လို “သဘာဝ”တွင် လစဉ်နီးပါး ကျွန်တော်စာရေးဖြစ်ခဲ့သလဲ ပြန်စဉ်းစား မိသည်။
အမှန်တော့ ထိုစာအုပ်ကို မောင်းနှင်ကြမည့် မိတ်ဆွေများထံ စာမူပေးပို့ထားသည်မှာ သူတို့ ဘာစာအုပ်ထုတ်ကြမည်ဟုရေရေရာရာ မဆုံးဖြတ်ရသေးမီ အချိန်ကတည်းကဖြစ်သည်။
online လူမှုကွန်ယက်အသုံးပြုရင်း မန်းကမိတ်ဆွေတစ်ချို့နှင့် ရင်းနှီးခဲ့သည်။ ကျွန်တော်က “ကိုသာခင်”ဟု ခေါ်သော “ကိုသခင်ကြီး”၊ “ဆြာလှ”ဟု အမည်နာမပေးထားမိသော “ကိုမောင်လှ”၊ “ရဲဘော်ကြီး” ဟု ချစ်စနိုးခေါ်သော “ရဲဘော်သူရိန်” တို့သည် ကျွန်တော်နှင့် လူမှုကွန်ယက်တွင် ရင်းနှီးသူများဖြစ်ခဲ့ကြသည်မှာ “သဘာဝ”ဟူသော စာအုပ်မဖြစ်ပေါ်မီ ကာလ အတန်ကြာကတည်းကဖြစ်၏။ တစ်ရက်တွင် ထိုချစ်မိတ်ဆွေများထဲက တစ်ယောက်ဖြစ်သော ရဲဘော်ကြီးက မဂ္ဂဇင်းတစ်အုပ်ထုတ်ဖြစ်မည် စာမူပေးပါဟု တောင်းခံလာသည်။ ကိုယ်က ချစ်ခင်ရသူ အဖေါ်သာကောင်းလျှင် ငရဲဆိုလည်း လာထားပဲဟူသည့် စိတ်မျိုးရှိသူ ကျွန်တော်က စာမူတစ်ပုဒ်ပို့သည်။ သူတို့မူနှင့်ကိုက်လျှင် သုံးဖို့ ပြောလိုက်သည်။ လတစ်ချို့ကြာသည်အထိ သူတို့ထံက ဘာသတင်းမှ မကြားရ။ သည့်နောက် သဘာဝဟူသော မဂ္ဂဇင်းတစ်စောင် ထုတ်ဝေဖြစ်ခဲ့ကြတော့သည်။ ဘယ်သူထုတ်ဝေသည်ဟူသော မဂ္ဂဇင်းနောက်ခံကိုပင် ကျွန်တော်မသိ။ ထိုမဂ္ဂဇင်း၏ဦးစီးသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ကျွန်တော် ချစ်ခင်ခဲ့သော ကိုဆူး (စာရေးဆရာ ဆူးငှက်) ဖြစ်နေတော့ ပိုဘ၀င်ကျသွားသည်။ (ကိုသူရိန်ကို ကိုဆူးငှက်သားမှန်း အတော်နောက်ကျမှ ကျွန်တော်သိ ခဲ့ရသည်)။ ဤသို့ဖြင့် “သဘာဝ”နှင့် ကျွန်တော်ရင်းနှီးခဲ့ရ၏။ အမှတစဉ်(၁)မှသည် ယခု နောက်ဆုံး ထုတ်မည့် စာအုပ်အထိကြားထဲတွင် ကျွန်တော် ခရီးလွန်နေသော နှစ်လခန့် သာ မရေးဖြစ်ဟုထင်သည်။
သံယောဇဉ်နှင့် သင်္ခါရတို့သည် သူ့သဘောသူဆောင်နေကြသည်ဖြစ်၏။ ဤသည်ကို မလွန်ဆန်နိုင်ခဲ့ကြ။ ဤသို့ဤပုံဖြင့် သဘာဝကို ကျွန်တော်တို့ ခွဲခွာကြရတော့မည်။
ဤအတွေးဖြင့် သည် “နှုတ်ဆက်တေး”ကို ရေးမိသည်။
(၃)
“သဘာဝ” ဘာတွေလုပ်ခဲ့ပါသလဲ။ ဘာတွေ တင်ဆက်နိုင်ခဲ့ပါသလဲ။
သူသည် မြန်မာတောတောင်ရေမြေအနှံ့၏ အလှအပများ၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့် ရှောက်ရန် တိုက်တွန်းအသိပေးသည့် ဆောင်းပါးများ ၊ သက်သေအထောက် အထားများ၊ မြန်မာ့ လူမှုဝန်းကျင်များ၊ ယဉ်ကျေးမှုများ၊ ရှေးဟောင်း အမွေ အနှစ်များ၊ လက်ရာမြောက် မြန်မာ့ဓာတ်ပုံများ၊ ဓာတ်ပုံဆိုင်ရာအသိပညာများကို လစဉ်မပြတ် ကြိုးပမ်း ဖေါ်ထုတ်ပြခဲ့သည်။ သေသပ်လှပသော စာအုပ်ဖွဲ့စည်းမှုဖြင့် ကွာလတီမဂ္ဂဇင်းဟုခေါ်ကြသော အဆင့်မီ စာအုပ်ဖြစ်စေခဲ့သည်။ စာအုပ်ကိုကြည့်ပြီး ရောင်းချသောဈေးနှုန်းနှင့် ထုတ်လုပ်စရိတ် ကာမိနိုင် မည်မဟုတ်ဟု အလွယ်သိမြင်နိုင်ခဲ့သည်။ စီးပွားရေး ကြော်ငြာများ မပါဝင်သလောက် ရှိခဲ့ခြင်းကလည်း စာအုပ်လုပ်ငန်း၏ ၀င်ငွေကို နည်းပါးစေလိမ့်မည်။ သို့သော် ငွေကြေးအစား ဂုဏ်သိက္ခာကို သူရခဲ့သည်ဆိုသည်မှာ ငြင်းဖွယ်မရှိ။
မြန်မာ့မဂ္ဂဇင်းလောက၏ လိုအပ်နေသော ထောင့်တစ်ထောင့်ကို ဖြည့်ပေးနိုင်ခဲ့သည်။ မဂ္ဂဇင်းတစ်စောင်အဖြစ်ရှင်သန်နေချိန်တွင် သူ့တာဝန်သူကျေခဲ့သည်။ သူ့ဂုဏ်သူ ဆောင်နိုင်ခဲ့ သည်ဟု အမြဲအမှတ်ရနေမိမည်ဖြစ်သည်။ ကျွန်တော့်စာအုပ်စင်တွင် ထောင်ထားသော အနက်ရောင် စာအုပ်အနှောင့်ကလေးများနှစ်ဆယ်ကျော်က သူတည်ရှိခဲ့ဖူးကြောင်း ကျွန်တော့်ကို အမြဲ သတိပေးနေလိမ့်မည်။ သတိရနေစေလိမ့်မည်။
ထိုသတိရစိတ်တို့ဖြင့် သည် “နှုတ်ဆက်တေး”ကို ရေးမိသည်။

(၄)
ယခုလအတွက် ကျွန်တော်ရေးရန် ရည်ရွယ်ခဲ့သည်မှာ “တကယ်ဆို ရေပဲလိုတယ်” ဟူသော ခေါင်းစဉ်ဖြစ်သည်။
ကချင်တောင်တန်းများပေါ်က တောင်ယာမီးရှို့သည့်စနစ်ကြောင့် သစ်တောများစွာဆုံးရှုံး နေရ ခြင်းအကြောင်း၊ ထိုဆုံးရှုံးမှုကို ကာကွယ်ရန် လှေကားထစ်လယ်များဖေါ်သင့်သည့်အကြောင်း၊ တောင်စောင်းများတွင် လယ်ဖေါ်နိုင်မည့် မြေလွတ်များရှိသော်လည်း ထိုနေရာသို့ ရေရနိုင်သည့် ရင်းမြစ်မရှိလျှင် မဖေါ်နိုင်၊ ရေရ၍လယ်ဖေါ်ထားပြီးသော်လည်း ရေရင်းမြစ်ကုန်ခမ်းသွားလျှင် ထိုလယ်များ ကောသွားတတ်သည့် အကြောင်းများပင်ဖြစ်သည်။ လယ်များမကောရန် အတွက် မီတာထောင်ချီရှည်လျားသော ကျောက်စီရေသွယ်မြောင်းများ ဖေါက်လုပ်ပေးထားသည့်နေရာ များသို့ ခက်ခက်ခဲခဲ သွားရောက် ရိုက်ကူးခဲ့သည့် ဓါတ်ပုံများဖြင့် တင်ပြမည်ဟု စိတ်ကူးခဲ့သည်။
နောက်လတွင် “တောင်တန်းပေါ်က ယုံကြည်မှု” ဟူသော ခေါင်းစဉ်ဖြင့် ဂိုဏ်းမတူသော ခရစ်ယာန်ဘုရားကျောင်းများ၊ ဗုဒ္ဓဘာသာစေတီတော်များ၊ ဘုန်းကြီးကျောင်းနှင့် ဘာသာရေးပွဲများ အကြောင်းကို ရေးရန်ကို ရွှေးချယ်ထားသည်။ လိုအပ်သောပုံများကိုလည်း စုထားပြီးဖြစ်သည်။
နောက်တစ်လတွင် “တောင်တန်းရာသီ”ကို ရေးမည်။ နှင်းခဲများဖွေးဖွေးလှုပ်အောင် ဖုံးနေသော ဆောင်း၊ အနီရောင်တောင်ဇလပ်များနှင့် နွေဦးပန်းရောင်စုံတို့ ဖြာနေသော တောင်စောင်းလျှိုမြောင်၊ မိုးလုံးမှိုင်းညို့နေသည့် တောင်ဖုံးတိမ်များ၊ ရေစိုစိုမြင်ကွင်းဓာတ်ပုံများဖြင့် စာကို တန်ဆာဆင်မည်။ စိတ်ကူးတို့သည် အလျဉ်မပြတ်။ ထိုဒေသ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ သမိုင်း၊ မကြာခဏ ငလျင်လှုပ်တတ်သော ဘူမိအနေအထား၊ ရေးပြ တင်ပြစရာတွေက များပြားလှသည်။
သို့သော် ဤအတွေးတို့သည် အိပ်ရာကအနိုးတွင် ပျယ်လွင့်သွားတတ်သော အိပ်မက်များ သဖွယ်ဖြစ်ခဲ့၏။
မည်သို့ဆိုစေ ကံကြမ္မာအသာပေးသည့် တစ်ကြိမ်တစ်လှည့်တွင်တော့ ထိုဆရာများနှင့် အတူ ကျွန်တော့်အိပ်မက်များ ပြန်လည်ဖြစ်တည် ရှင်သန်လာနိုင်ရဦးမည်ဟူသော စိတ်ဖြင့် “နှုတ်ဆက်တေး” ကိုရေးမိသည်။
(၅)
မဂ္ဂဇင်းတစ်အုပ်ဖွဲ့စည်းရာတွင် အယ်ဒီတာ၊ စာရေးဆရာ၊ ဓါတ်ပုံဆရာ၊ဒီဇိုင်းဆရာ၊ အုပ်ချုပ်/ထုတ်လုပ်/ဖြန့်ချိ/ရောင်းချရေးအပိုင်းတို့ တစ်လှေတည်း စီးကြရသည်။ တစ်ခရီးတည်း ညီညွတ်စွာ နားလည်မှုရှိစွာ သွားကြရသည်။ မဂ္ဂဇင်းသက်ရှည်လာသည်နှင့်အမျှ အမြဲအတူ ပူးတွဲပါဝင်နေကြသူတို့ကြား (လူ ချင်းသိသိ မသိသိ) ချစ်ခင်ရင်းနှီးမှုတွေ ရှိလာခဲ့သည်။ မမြင်ဖူး သော်လည်း ခင်မင်နေတတ်ကြ သည်။ ယခုအခါ ထိုသူတွေနှင့် ခရီးအတူမထွက်ရတော့ဟူသော အသိသည်လည်း လွမ်းဆွတ်ဖွယ် ဖြစ်လာရပြန်သည်။ တစ်စုံတရာဆီသို့ စုန်းစုန်းနစ်မြှုပ်လိုက်ပါ သွားရသလိုလည်း ခံစားမှုကိုလည်းဖြစ်စေခဲ့သည်။
မည်သို့ပင်ဖြစ်စေ အခွင့်အခါသင့်လာသည့် တစ်ကြိမ်တစ်ခါတွင်တော့ ယခုတစ်ခရီး တည်း သွားခဲ့သူများ တစ်နေရာရာတွင် ပြန်လည်ရှင်သန်ရုန်းကန်ထွက်လာနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ယုံကြည်နေမိသည်။
ဤလွမ်းဆွတ်စိတ်၊ မျှော်လင့်စိတ်၊ ယုံကြည်စိတ်တို့ဖြင့် “နှုတ်ဆက်တေး”ကို ရေးခဲ့သည်။
“သဘာဝ”လှေပေါ်တွင် ကာလတစ်ခု လိုက်ပါစီးနင်းခွင့်ရခဲ့သည့်အတွက်၊ ထိတွေ့ ပတ်သက်ခဲ့ရသူ မိတ်ဆွေအားလုံးအပေါ် ကျေးဇူးတင်ရှိပါကြောင်း မမေ့မလျှော့ ပြောခဲ့ချင်ပါသည်။

ငြိမ်းအေးအိမ်
၂၅ရက်၊ မေလ၊ ၂၀၁၄ 0:54am
ကူမင်းမြို့၊ တရုတ်ပြည်။

၂၀၁၄- ဇူလိုင်လထုတ်၊ အတွဲ(၂)၊ အမှတ်(၁၀) သဘာဝ မြန်မာ ဓာတ်ပုံ မဂ္ဂဇင်း၊ သဘာဝရသအက်ဆေးကဏ္ဍမှ ကျော်ရင်မြင့် ရေးသားသော “ပင်လယ်ကမ်း...
08/07/2014

၂၀၁၄- ဇူလိုင်လထုတ်၊ အတွဲ(၂)၊ အမှတ်(၁၀) သဘာဝ မြန်မာ ဓာတ်ပုံ မဂ္ဂဇင်း၊ သဘာဝရသအက်ဆေးကဏ္ဍမှ ကျော်ရင်မြင့် ရေးသားသော “ပင်လယ်ကမ်းခြေ အပန်းဖြေ" ဆောင်းပါး အဖွင့်...

ဓာတ်ပုံ - ကျော်ကျော်ဝင်း၊ ဇော်ဇော်ထွန်း၊ အောင်ပြည့်စိုး

၂၀၁၄- ဇူလိုင်လထုတ်၊ အတွဲ(၂)၊ အမှတ်(၁၀) သဘာဝ မြန်မာ ဓာတ်ပုံ မဂ္ဂဇင်း၊ မှတ်တမ်းပုံရိပ်ကဏ္ဍမှ ကိုမျိုး ရေးသားရိုက်ကူးသော “တစ်ခ...
08/07/2014

၂၀၁၄- ဇူလိုင်လထုတ်၊ အတွဲ(၂)၊ အမှတ်(၁၀) သဘာဝ မြန်မာ ဓာတ်ပုံ မဂ္ဂဇင်း၊ မှတ်တမ်းပုံရိပ်ကဏ္ဍမှ ကိုမျိုး ရေးသားရိုက်ကူးသော “တစ်ချိန်တစ်ခါက...နဒီ" Documentary Photo အဖွင့်...

ဓာတ်ပုံ - ကိုမျိုး

၂၀၁၄- ဇူလိုင်လထုတ်၊ အတွဲ(၂)၊ အမှတ်(၁၀) သဘာဝ မြန်မာ ဓာတ်ပုံ မဂ္ဂဇင်း၊ ဝန်းကျင်မြင်ကွင်းကဏ္ဍမှ နန်းသီရိလွင် ရေးသားသော “သန်းခေ...
08/07/2014

၂၀၁၄- ဇူလိုင်လထုတ်၊ အတွဲ(၂)၊ အမှတ်(၁၀) သဘာဝ မြန်မာ ဓာတ်ပုံ မဂ္ဂဇင်း၊ ဝန်းကျင်မြင်ကွင်းကဏ္ဍမှ နန်းသီရိလွင် ရေးသားသော “သန်းခေါင်ယံမြို့ပြ (ညသန်းခေါင်ယံ ရန်ကုန်ဝန်းကျင်)" ဆောင်းပါး အဖွင့်...

ဓာတ်ပုံ - ခွန်မင်းထင်

၂၀၁၄- ဇူလိုင်လထုတ်၊ အတွဲ(၂)၊ အမှတ်(၁၀) သဘာဝ မြန်မာ ဓာတ်ပုံ မဂ္ဂဇင်း၊ ရိုးရာစားစရာကဏ္ဍမှ မန်းသိကြား ရေးသားသော “အုန်းပေါင်း င...
07/07/2014

၂၀၁၄- ဇူလိုင်လထုတ်၊ အတွဲ(၂)၊ အမှတ်(၁၀) သဘာဝ မြန်မာ ဓာတ်ပုံ မဂ္ဂဇင်း၊ ရိုးရာစားစရာကဏ္ဍမှ မန်းသိကြား ရေးသားသော “အုန်းပေါင်း ငှက်ပျောသီးကြော်" ဆောင်းပါး အဖွင့်...

ဓာတ်ပုံ - ဆွာလေး

၂၀၁၄- ဇူလိုင်လထုတ်၊ အတွဲ(၂)၊ အမှတ်(၁၀) သဘာဝ မြန်မာ ဓာတ်ပုံ မဂ္ဂဇင်း၊ မြန်မာ့ဝန်းကျင်ရှိငှက်များကဏ္ဍမှ ဇေမောင်သိန်း(မန္တလေးတက...
07/07/2014

၂၀၁၄- ဇူလိုင်လထုတ်၊ အတွဲ(၂)၊ အမှတ်(၁၀) သဘာဝ မြန်မာ ဓာတ်ပုံ မဂ္ဂဇင်း၊ မြန်မာ့ဝန်းကျင်ရှိငှက်များကဏ္ဍမှ ဇေမောင်သိန်း(မန္တလေးတက္ကသိုလ်) ရေးသားသော “မန္တလေးဝန်းကျင်က သားပေါက်ချိန်မှာ တွေ့ရတဲ့ ငှက်များ (၂)" ဆောင်းပါး အဖွင့်...

ဓာတ်ပုံ - ဇေမောင်သိန်း(မန္တလေးတက္ကသိုလ်)

၂၀၁၄- ဇူလိုင်လထုတ်၊ အတွဲ(၂)၊ အမှတ်(၁၀) သဘာဝ မြန်မာ ဓာတ်ပုံ မဂ္ဂဇင်း၊ မြန်မာ့ဝန်းကျင်ရှိငှက်များကဏ္ဍမှ ဒေါက်တာသိန်းအောင် ရေး...
07/07/2014

၂၀၁၄- ဇူလိုင်လထုတ်၊ အတွဲ(၂)၊ အမှတ်(၁၀) သဘာဝ မြန်မာ ဓာတ်ပုံ မဂ္ဂဇင်း၊ မြန်မာ့ဝန်းကျင်ရှိငှက်များကဏ္ဍမှ ဒေါက်တာသိန်းအောင် ရေးသားသော “ဆောင်းခိုတဲ့ ဟင်္သာ သားပေါက်ပြန်ပြီ" ဆောင်းပါး အဖွင့်...

ဓာတ်ပုံ - ဒေါက်တာသိန်းအောင်

၂၀၁၄- ဇူလိုင်လထုတ်၊ အတွဲ(၂)၊ အမှတ်(၁၀) သဘာဝ မြန်မာ ဓာတ်ပုံ မဂ္ဂဇင်း၊ သဘာဝပတ်ဝန်းကျင်ကဏ္ဍမှ စိုးဘားဒိုင် ရေးသားသော “ခြေများအ...
07/07/2014

၂၀၁၄- ဇူလိုင်လထုတ်၊ အတွဲ(၂)၊ အမှတ်(၁၀) သဘာဝ မြန်မာ ဓာတ်ပုံ မဂ္ဂဇင်း၊ သဘာဝပတ်ဝန်းကျင်ကဏ္ဍမှ စိုးဘားဒိုင် ရေးသားသော “ခြေများအပင်" ဆောင်းပါး အဖွင့်...

ဓာတ်ပုံ - ပြည်စိုးထွန်း၊ မိုးဦး(ကော့သောင်း)၊ ခင်မောင်လတ်

၂၀၁၄- ဇူလိုင်လထုတ်၊ အတွဲ(၂)၊ အမှတ်(၁၀) သဘာဝ မြန်မာ ဓာတ်ပုံ မဂ္ဂဇင်း၊ မြန်မာ့လက်မှုအနုပညာကဏ္ဍမှ ကျော်ကျော်ဝင်း(စွယ်တော်ရိပ်) ...
06/07/2014

၂၀၁၄- ဇူလိုင်လထုတ်၊ အတွဲ(၂)၊ အမှတ်(၁၀) သဘာဝ မြန်မာ ဓာတ်ပုံ မဂ္ဂဇင်း၊ မြန်မာ့လက်မှုအနုပညာကဏ္ဍမှ ကျော်ကျော်ဝင်း(စွယ်တော်ရိပ်) ရေးသားသော “အင်းလေးကန်ဒေသ၊ စကားကျေးရွာမှ လှည်းဒေါက်ဖိုလုပ်ငန်း" ဆောင်းပါး အဖွင့်...

ဓာတ်ပုံ - ကျော်ကျော်ဝင်း (စွယ်တော်ရိပ်)

၂၀၁၄- ဇူလိုင်လထုတ်၊ အတွဲ(၂)၊ အမှတ်(၁၀) သဘာဝ မြန်မာ ဓာတ်ပုံ မဂ္ဂဇင်း၊ သဘာဝခရီးသွားကဏ္ဍမှ ကျော်ကျော်ဝင်း ရေးသားသော “မန္တလေး-လာ...
06/07/2014

၂၀၁၄- ဇူလိုင်လထုတ်၊ အတွဲ(၂)၊ အမှတ်(၁၀) သဘာဝ မြန်မာ ဓာတ်ပုံ မဂ္ဂဇင်း၊ သဘာဝခရီးသွားကဏ္ဍမှ ကျော်ကျော်ဝင်း ရေးသားသော “မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးပေါ်မှာ (၂)" ဆောင်းပါး အဖွင့်...

ဓာတ်ပုံ - ကျော်ကျော်ဝင်း

၂၀၁၄- ဇူလိုင်လထုတ်၊ အတွဲ(၂)၊ အမှတ်(၁၀) သဘာဝ မြန်မာ ဓာတ်ပုံ မဂ္ဂဇင်း၊ မြန်မာ့တောတောင်ရေမြေကဏ္ဍမှ မင်းကျော်သက် ရေးသားသော “သီတ...
06/07/2014

၂၀၁၄- ဇူလိုင်လထုတ်၊ အတွဲ(၂)၊ အမှတ်(၁၀) သဘာဝ မြန်မာ ဓာတ်ပုံ မဂ္ဂဇင်း၊ မြန်မာ့တောတောင်ရေမြေကဏ္ဍမှ မင်းကျော်သက် ရေးသားသော “သီတဂူလပြည့်ဝန်း" ဆောင်းပါး အဖွင့်...

ဓာတ်ပုံ - ဦးထွန်းဝေ၊ ငြိမ်းချမ်းစိမ်းလန်း၊ ရာဇာ၊ သူရိန်(35D)

Address

26th Street
Mandalay
09502

Opening Hours

Monday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when The Nature Image posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Nature Image:

Share