I Hate Monday

I Hate Monday Youth Power, Youth Strategy

မင်းရဲ့ ဝန်ထမ်းတွေကို မှန်မှန်ကန် ဆက်ဆံပါ၊ ဒါမှ သူတို့က မင်းရဲ့ အင်တာနက်ကို သုံးပြီး နောက်ထပ် အလုပ်အသစ် မရှာမှာMark Zuck...
20/11/2023

မင်းရဲ့ ဝန်ထမ်းတွေကို မှန်မှန်ကန် ဆက်ဆံပါ၊ ဒါမှ သူတို့က မင်းရဲ့ အင်တာနက်ကို သုံးပြီး နောက်ထပ် အလုပ်အသစ် မရှာမှာ

Mark Zuckerberg

( CEO of Facebook )

Monday Quote No ( 5 )

တီ... တီ... တီညကြီးမင်းကြီး ထမြည်တဲ့ ဖုန်းသံက ကျွန်တော့်ကို လှုပ်နှိုးလိုက်သလိုပါပဲ။ တစ်နေကုန် အလုပ်လုပ်ပြီး ပင်ပန်းထားတ...
31/10/2023

တီ... တီ... တီ

ညကြီးမင်းကြီး ထမြည်တဲ့ ဖုန်းသံက ကျွန်တော့်ကို လှုပ်နှိုးလိုက်သလိုပါပဲ။ တစ်နေကုန် အလုပ်လုပ်ပြီး ပင်ပန်းထားတော့ ဖုန်းကို ထမဖြေချင်တော့ဘဲ ကျွန်တော်ပေအိပ်နေလိုက်တယ်။ ဖုန်းမြည်သံ တိတ်သွားတော့ ကျွန်တော်လဲ မှေးခနဲ ပြန်ဖြစ်သွားတယ်။ အိပ်ပျော်မလိုဖြစ်တုန်းရှိသေး ဖုန်းမြည်သံက ထပ်ထွက်လာတယ်။

ညကြီး အချိန်မတော် ဘယ်လိုကောင်က ဆက်တာလဲကွာလို့ မြည်တွန်တောက်တီးရင် တတီတီ မြည်နေတဲ့ဖုန်းကို ကိုင်ဖို့ထလိုက်ချိန် အိမ်အပြင် ခမ်လှမ်းလှမ်းဆီက ခွေးအူသံတွေကို ကြားလိုက်ရတယ်။

ဘာကြောင့်မှန်းမသိ ကျောထဲ စိမ့်ခနဲ ဖြစ်ပြီး ကြက်သီးတွေက တဖြန်းဖြန်းပဲ။ နံရံက နာရီကို လှမ်းကြည့်တော့ ည ၁၁ နာရီ ၃၄ မိနစ်။ ခေါင်းထဲကို အလုအယက်ပြေးဝင်လာတဲ့အတွေးက “ဟာ ဒီညက Halloween ညပဲ”

အပြင်မှာ အူနေတဲ့ခွေး၊ တတီတီ မြည်နေတဲ့ဖုန်း၊ Halloween ည

ခေါင်းထဲ အတွေးတွေက ဝိုးတိုးဝါးတား၊ ခြောက်ခြားစရာ ပုံရိပ်တွေက မျက်လုံးထဲမှာ တရေးရေးပြန်မြင်လာတယ်။ ဖုန်းကို လှမ်းကောက်ကိုင်လိုက်တဲ့ ကျွန်တော့်လက်တွေက တုန်နေပြီ။

“Hello”

ခြောက်ကပ်နေတဲ့ အာခေါင်သံကြီးနဲ့ ဖုန်းဖြေလိုက်တယ်။

“iHM က မောင်လေးလား၊ အစ်မလေ Content လေး နည်းနည်းပြင်ချင်လို့၊ အစ်မယောက်ျား ဦးလေးရဲ့ မွေးစားသားလေးကို ပြကြည့်လိုက်တော့ အောက်ပိုင်း အဆုံးသတ်လေးကို သိပ်မကြိုက်သေးဘူးတဲ့၊ Design မှာ သုံးထားတဲ့ Font Color လေးလေ၊ အဲ့အရောင်လေးကို တောက်တောက်လေး လုပ်ပေးပါအုံး၊ ပြီးတော့လေ Logo Logo၊ အဲ့တာလေးကိုလဲ နည်းနည်း ကြီးပေးပါလား၊ အစ်မကိုလေ အဲ့တာလေးတွေ ပြင်ပေးပါအုံးနော် မောင်လေး”

ကျွန်တော် ဘာမှဆက်မပြောနိုင်အောင် ဆွံ့အနေတဲ့အချိန် ဖုန်းထဲမှ

“မောင်လေး အစ်မပြောတာကြားလား”

“လိုင်းမကောင်းဘူးထင်တယ်”

“Hello”

“မောင်လေး... မောင်လေး... မောင်... တီ.......”

အပြိုင်အဆိုင်များပြီး ကျယ်ဝန်းတဲ့ Digital Marketing Field ထဲမှာ ကိုယ့်ရဲ့ Brand က ရှေ့ဆုံးမှာပြေးနေဖို့ဆို ဒါတွေသိထားဖို...
29/09/2023

အပြိုင်အဆိုင်များပြီး ကျယ်ဝန်းတဲ့ Digital Marketing Field ထဲမှာ ကိုယ့်ရဲ့ Brand က ရှေ့ဆုံးမှာပြေးနေဖို့ဆို ဒါတွေသိထားဖို့ လိုမယ်နော်

( ၁ ) ကိုယ့်ရဲ့ Audience ကိုသိပါ

လူငယ်ပိုင်းလား၊ လူလတ်ပိုင်းလား၊ လူကြီးပိုင်းလား၊ သူတို့ဘာတွေကြိုက်တတ်လဲ၊ ဘယ်မှာနေကျလဲ၊ ဖြစ်နိုင်ရင် အားလုံးကို ခရေစေ့တွင်းကျ သိထားဖို့ လိုပါတယ်။ ကိုယ့်ရဲ့ Content နဲ့ သူတို့ရဲ့ Need & Want တွေ တစ်ထပ်တည်းကျသွားရင် Target ကို ထိပါပြီ။ ဒါဆိုရင် Audience နောက်ကို Brand က လိုက်စရာမလိုဘဲ Brand ရဲ့ နောက်ကို Audience က လိုက်လာမှာပါ။

( ၂ ) အမိုက်စား Visual တွေဖန်တီးပါ

လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်ဖို့ဆိုရင် Visual တွေက အဓိကကျတဲ့ အခန်းကဏ္ဍာတစ်ခုပါ။ Visual ဆိုတဲ့ နေရာမှာ Design / Photo / Video / Animation တွေ အားလုံး ပါဝင်ပါတယ်။ လူတွေရဲ့ အာရုံစိုက်ခြင်းကိုရတာကလဲ ကိုယ့်ရဲ့ Brand အောင်မြင်မှုအတွက် အထောက်အကူတစ်ခုပေါ့။

( ၃ ) PC (သို့) Laptop နဲ့ Boost လုပ်ပါ

Boost ပြီးရင် ပြီးရော ဆိုပြီး ဖုန်းနဲ့ ပြီးစလွယ် Boost မလုပ်လိုက်ပါနဲ့။ PC ဒါမှမဟုတ် Laptop နဲ့ သေသေချာချာ Boost လုပ်ပါ။ ဘာလို့လဲဆိုတော့ ဖုန်းနဲ့ PC ကြားမှာ Setting တွေက အများကြီး ကွာခြားပါတယ်။ PC မှာ Boosting အတွက် Category ပိုစုံပြီး ဖုန်းနဲ့ဆိုတော့ ရွေးချယ်စရာ Category နည်းပါတယ်။

( ၄ ) Trend နောက်ကို လိုက်ကြည့်ပါ

ဒါက အန္တရာယ်တော့ များပါတယ်။ Engage အများကြီးရသွားနိုင်သလို ကိုယ့်ရဲ့ Brand Image ကို ထိခိုက်သွားတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ Brand က ခိုင်ခိုင်မာမာ Image တစ်ခုကို တည်ဆောက်ထားတယ်ဆိုရင် ဒါကို လက်ရှောင်လိုက်ပါ။ ကိုယ့်ရဲ့ Brand က လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး သွားတယ်ဆိုရင်တော့ ဒါဟာ Engagement ရနိုင်မယ့် ရတနာသိုက်ကြီး တစ်ခုလိုပါပဲ။

ဒါတွေကိုသိထားရင် Digital Market Field မှာ ကိုယ်ရဲ့ Brand က အားလုံးထက် နှာတစ်ဖျားသာနေမှာ သေချာပါတယ်။ နောက်နေ့တွေမှာလဲ ကျွန်တော်တို့သိသမျှ အကြောင်းအရာတွေကို Sharing လုပ်ပေးသွားမှာမို့ Page ကို Follow လုပ်သွားဖို့ ပြောချင်ပါတယ်။

Friday Book Page ( 4 )

Content ဆိုတာ ဘုရင်ပဲBill Gates ( Co-Founder Of Microsoft )Content လို့ ပြောလိုက်ရင် အားလုံးပြေးမြင်ကြတာ စာတွေ ( Text ) ...
25/09/2023

Content ဆိုတာ ဘုရင်ပဲ
Bill Gates ( Co-Founder Of Microsoft )

Content လို့ ပြောလိုက်ရင် အားလုံးပြေးမြင်ကြတာ စာတွေ ( Text ) ရေးထားတာကိုပဲ မြင်ပါလိမ့်မယ်၊ Content မှာ Text လို့ခေါ်တဲ့ စာသားတွေတင်မကပါဘူး၊ Video တွေ၊ Social Media Visual တွေ၊ Photo Shoot တွေ၊ Photo Story တွေ အားလုံးအားလုံးက Content ပါပဲ။

Monday Quote No ( 4 )

နည်းပညာခေတ်ကြီးမှာ အားလုံးရဲ့ အာရုံစိုက်မှုတွေက Facebook ပေါ်ကို စုပြုံရောက်နေကြပါပြီ။ဒါကိုတောင်မှ မိတ်ဆွေက ကိုယ့်လုပ်ငန...
22/09/2023

နည်းပညာခေတ်ကြီးမှာ အားလုံးရဲ့ အာရုံစိုက်မှုတွေက Facebook ပေါ်ကို စုပြုံရောက်နေကြပါပြီ။

ဒါကိုတောင်မှ မိတ်ဆွေက ကိုယ့်လုပ်ငန်းအတွက် Facebook ပေါ်မှာ Digital Marketing တစ်ခုကို မဖော်ဆောင်သေးဘူးဆိုရင် ခေတ်နောက်မှာ ကျန်နေခဲ့မှာ သေချာပါတယ်။

ဒီနေ့မှာတော့ ဘာကြောင့် Facebook ပေါ်မှာ Digital Marketing လုပ်သင့်တာလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

( ၁ ) လူသုံးများတဲ့ Platform ဖြစ်ခြင်း

( ၂၀၂၁ ) ခုနှစ်ရဲ့ စစ်တမ်းတွေအရ မြန်မာနိုင်ငံမှာ လူဦးရေ ( ၅၃.၈ ) သန်းအထိရှိပြီး ( ၃၃.၄ ) ရာခိုင်နှုန်းသော လူတွေဟာ Facebook ကို အသုံးပြုကြပါတယ်။ ဒါ့ကြောင့် Facebook က မြန်မာနိုင်ငံမှာ လူသုံးအများဆုံး Platform ဖြစ်တာမို့ Facebook ပေါ်မှာ ကြော်ငြာခြင်းဟာ သာမန် သတင်းစာတွေ၊ Radio တွေမှာ ကြော်ငြာခြင်းထက် ပိုပြီးထိရောက်ပါတယ်။

( ၂ ) Customer တွေဆီက Review တွေပြန်ရခြင်း

မိတ်ဆွေသာ ကိုယ် Product ကြော်ငြာတစ်ခုကို Radio မှာဖြစ်ဖြစ်၊ သတင်းစာမှာဖြစ်ဖြစ် ထည့်လိုက်တယ် ဆိုပါစို့။ ကိုယ် Product ကြော်ငြာကို နားထောင်ပြီး၊ ဖတ်ပြီး Customer တွေအနေနဲ့ ဘယ်လို Respond တွေပြန်လာမလဲဆိုတာ မိတ်ဆွေသိနိုင်မှာမဟုတ်ပါဘူး။ အကောင်းရော အဆိုးရော သိနိုင်မှာမဟုတ်သလို ဒီအပေါ်မှာလဲ ကိုယ်က ဘယ်လိုပြန် ပြင်ဆင်ရမလဲဆိုတာ သိနိုင်မှာမဟုတ်ပါဘူး။ တကယ်လို့ Facebook မှာသာ ကြော်ငြာထားမယ်ဆို Customer တွေရဲ့ အကောင်းအဆိုး Respond တွေအားလုံးကို သိနိုင်မှာဖြစ်ပြီးတော့ ဒီ့အတွက်လဲ ကောင်းရင် ပိုကောင်းအောင်ပြင်ဆင်လို့ရသလို ဆိုးရင်လဲ အကောင်းဘက်ကို ဦးတည်ပြီး ပြန်လည်ပြင်ဆင်လို့ရပါတယ်။

( ၃ ) Customer နဲ့ Brand ကြား ရင်းနှီးမှုရရှိစေခြင်း

Facebook ပေါ်မှာ Customer နဲ့ ရင်းနှီးမှုရစေမယ့် Content တွေ၊ ပျော်ရွှင်မှုပေးမယ့် Content တွေ၊ Promotion Content တွေ၊ Customer တွေကိုယ်တိုင် ပါဝင်နိုင်မယ့် Activity တွေကို ဖန်တီးပြီး Customer နဲ့ Brand ကြား ရင်းနှီးမှုရရှိအောင် လုပ်လို့ရပါတယ်။ ဒီလို ရင်းနှီးမှုရှိနေခြင်းဟာ Customer တွေကို ရေရှည်ထိန်းသိမ်းနိုင်မှာဖြစ်ပြီး တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ကိုယ့် Brand ကိုလဲ လူတွေပိုသိလာမှာပါ။

( ၄ ) ယုံကြည်မှုပိုမိုရရှိခြင်း

Facebook မှာ ထိထိရောက်ရောက် ကြော်ငြာထားခြင်းမရှိတဲ့ Product တစ်ခုနဲ့ သေသေချာချာ စနစ်တကျ Digital Marketing ကို ဖော်ဆောင်ထားတဲ့ Product နဲ့ဆို မိတ်ဆွေကိုယ်တိုင်ရော ဘယ် Product ကို ပိုပြီးယုံကြည်မလဲ။ အဖြေက ရှင်းပါတယ်။ ဒါကြောင့် Facebook ပေါ်မှာ Digital Marketing လုပ်ထားမယ်ဆိုရင် လူတွေရဲ့ ယုံကြည်မှုကို ပိုပြီးရရှိစေမှာပါ။

ဒါဆိုရင် ဘာကြောင့် Facebook ပေါ်မှာ Digital Marketing လုပ်သင့်လဲဆိုတာ သိပြီလို့ ထင်ပါတယ်။ နောက်နေ့တွေမှာလဲ ကျွန်တော်တို့သိသမျှ အကြောင်းအရာတွေကို Sharing လုပ်ပေးသွားမှာမို့ Page ကို Follow လုပ်သွားဖို့ ပြောချင်ပါတယ်။

Friday Book Page ( 3 )

Escapology ဆိုတာ လွတ်မြောက်ခြင်းနည်းလမ်းတွေကို ရှာဖွေခြင်း၊ အချုပ်အနှောင်တွေ၊ အကြပ်အတည်းတွေထဲက ရုန်းထွက်ခြင်းလို့ အကြမ်း...
21/09/2023

Escapology ဆိုတာ လွတ်မြောက်ခြင်းနည်းလမ်းတွေကို ရှာဖွေခြင်း၊ အချုပ်အနှောင်တွေ၊ အကြပ်အတည်းတွေထဲက ရုန်းထွက်ခြင်းလို့ အကြမ်းဖျင်းပြောလို့ရတယ်‌ပေါ့။

မိတ်ဆွေမှာ Escape လုပ်ချင်တဲ့စိတ်၊ ရုန်းထွက်ချင်တဲ့စိတ် မရှိဘဲ အဆင်ပြေသလိုသာ ရေစုန်မျောနေမယ်ဆိုရင် ဘဝတစ်ခုလုံးနဲ့ချီပြီး ဆုံးရှုံးမှုတွေရှိနိုင်ပါတယ်။

ဒါကို ကျွန်တော်ကြားဖူးတဲ့ ပုံပြင်လေး တစ်ပုဒ်နဲ့ ဥပမာပြောပြမယ်။

အရင်တုန်းက ဆင်ဦးစီးတစ်ယောက်မှာ ဆင်ပေါက်လေးတစ်ကောင်ရှိတယ်။ အဲ့ဒီ ဆင်ပေါက်လေး ဝေးဝေးကို မပြေးနိုင်အောင် ကြိုးတစ်ချောင်းယူပြီး ကြိုးအစွန်းတစ်ဖက်ကို ဆင်ပေါက်လေးရဲ့ ခြေထောက်မှာချည်၊ ကျန်အစွန်းတစ်ဖက်ကို တိုင်မှာ ချည်ထားလိုက်ပါတယ်။ ဆင်ပေါက်လေးက ဝေးဝေးကို ပြေးတဲ့အခါ ချည်ထားတဲ့ ကြိုးကတင်သွားပြီး သူဆက်ပြေးလို့မရတော့ပါဘူးတဲ့။ သူရဲ့ ရှိသမျှအားနဲ့ ရုန်းပေမယ့် ကြိုးက တုပ်တုပ်မှ မလှုပ်တာမို့ သူလဲ လက်လျော့လိုက်ရပါတယ်။ နောက်နေ့လဲ ထပ်ပြေးတယ်၊ ထပ်ရုန်းတယ်၊ မရတဲ့အဆုံး လက်လျော့လိုက်ရပြန်ပါတယ်။

ဒီလိုနဲ့ နှစ်တွေကြာတော့ ဆင်ပေါက်လေးကနေ ဆင်ပြောင်ကြီးတစ်ကောင်ဖြစ်လာပါပြီ။ ဆင်ဦးစီးကြီးကတော့ သူ့ကို ငယ်ငယ်က ချည်ထားတဲ့ ကြိုးလေးနဲ့သာ ချည်မြဲချည်ထားဆဲပါ။ ဒါကို တစ်ခြားတစ်ယောက်က မြင်တော့ ဆင်ဦးစီးကို မေးလိုက်တယ်။ ဒီလို ဆင်ပြောင်ကြီးကို ဘာလို့ ကြိုးလေးတစ်ချောင်းထဲနဲ့ ချည်ထားတာလဲ၊ သူရုန်းပြီး ထွက်ပြေးသွားမှာပေါ့တဲ့။

အဲ့ဒီအချိန် ဆင်ဦးစီးဖြေလိုက်တာက ဒီကြိုးကို သူငယ်ငယ်လေးကတည်းက အကြိမ်ကြိမ်ရုန်းပြီးသွားပြီ၊ သူ့အတွက် ရုန်းလို့မရတဲ့ ကြိုးလို့ သူ့စိတ်ထဲမှာ သတ်မှတ်ပြီးသွားပြီ၊ သူနောက်ထပ် ထပ်ရုန်းမှာ မဟုတ်တော့ဘူးလို့ ပြန်ဖြေလိုက်ပါတယ်။

လူ့ဘဝဟာလဲ ဒီလိုပါပဲ။ ကျွန်တော်တို့ ရုန်းတာနဲ့ လွတ်မြောက်နိုင်တဲ့ ကြိုးတွေရှိပေမဲ့ ကျွန်တော်တို့ ကိုယ်တိုင် မရုန်းဘဲ ကြည်ကြည်ဖြူဖြူနဲ့ အချည်ခံထားတဲ့ ကြိုးတွေအများကြီးရှိနေပါတယ်။

စီးပွားရေးမှာတော့ ဒီလိုလုပ်နေလို့ လုံးဝ မရပါဘူး။ ကိုယ့် Brand ကို ချည်ထားတဲ့ ကြိုးတွေရှိရင် လွတ်အောင်ကို ရုန်းရမှာပါ။ Traditional Marketing အတိုင်းသွားနေရင်တော့ ဒီကြိုးတွေကနေ လွတ်မှာမဟုတ်လို့ Digital Marketing နဲ့သာ ရုန်းပါ။ ဒါဆို ကိုယ့်ရဲ့ Brand က အရှိန်အဟုန်နဲ့ ရှေ့ဆုံးကပြေးလို့ ဈေးကွက်မှာ ဦးဆောင်နိုင်မှာသေချာပါတယ်။

ဒီ့အတွက် Digital Marketing Agency တစ်ခုကို ရှာနေတယ်ဆိုရင်တော့ အရည်အချင်းရှိတဲ့ လူငယ်တွေချည်း ဖွဲ့စည်းထားတဲ့ IHM ရှိပါတယ်။

အသေးစိတ်သိချင်တယ်ဆိုရင်တော့ 09759593932 ကို ဆက်သွယ်မေးမြန်းလိုက်ပါ။

စီးပွား‌ရေးမှာ ဈေးကွက်ရှာခြင်းနဲ့ ဆန်းသစ်တီထွင်ခြင်း နှစ်ခုသာရှိပါတယ်Milan Kundera ( Novelist )Monday Quote No ( 3 )    ...
18/09/2023

စီးပွား‌ရေးမှာ ဈေးကွက်ရှာခြင်းနဲ့ ဆန်းသစ်တီထွင်ခြင်း နှစ်ခုသာရှိပါတယ်

Milan Kundera ( Novelist )

Monday Quote No ( 3 )

Batman ကိုတော့ လူတိုင်းသိပြီးဖြစ်မှာပါမျက်လုံးကလဲ လေဆာမပစ်နိုင်ပါဘူး၊ ရေအောက်မှာလဲ အသက်မရှုနိုင်သလို၊ ဒဏ္ဍာရီ လူစွမ်းကော...
16/09/2023

Batman ကိုတော့ လူတိုင်းသိပြီးဖြစ်မှာပါ

မျက်လုံးကလဲ လေဆာမပစ်နိုင်ပါဘူး၊ ရေအောက်မှာလဲ အသက်မရှုနိုင်သလို၊ ဒဏ္ဍာရီ လူစွမ်းကောင်းကြီးလဲ မဟုတ်ပြန်ပါဘူး။

ဒါတောင်မှ သူကဘာလို့ Villain တွေကို အနိုင်တိုက်နိုင်ရတာလဲပေါ့။

အဖြေကတော့ သူမှာ ကြံ့ခိုင်တဲ့စိတ်ဓာတ်၊ နည်းပညာအထောက်အကူနဲ့ ပံ့ပိုးမှုတွေ အများကြီရှိလို့ပါပဲ၊ နည်းပညာခေတ်ကြီးမှာ ကြံ့ခိုင်တဲ့ စိတ်ဓာတ်ရှိပြီး နည်းပညာကြွယ်ဝရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ Batman က သက်သေပြသွားပါတယ်။

Traditional Marketing ကနေ အခုထိမပြောင်းလဲသေးတဲ့၊
ပြောင်းလဲဖို့ မလိုသေးဘူးလို့ ထင်တဲ့၊
ပြောင်းလဲဖို့ မဝံ့မရဲဖြစ်နေတဲ့ လုပ်ငန်းရှင်ကြီးတွေ အနေနဲ့လဲ

Batman လမ်းစဉ်ကိုလိုက်ပြီး နည်းပညာအကူအညီနဲ့ Digital Marketing ကို ဖော်ဆောင်သင့်နေပါပြီ။

ပြိုင်ဘက်တွေထက် ခြေတစ်လှမ်းသာဖို့၊ Customer နဲ့ Brand ကြား ခိုင်မာတဲ့ Relationship ကိုတည်ဆောက်ဖို့ Digital Marketing ကို ဖော်ဆောင်ချင်ပြီဆိုရင်တော့ 09-759593932 ကို ဖုန်းလေးတစ်ချက်သာ ဆက်လိုက်ပါ။

ကျွန်တော်တို့ iHM က မိတ်ဆွေတို့ရဲ့ အနားမှာ အသင့်ရှိနေပါပြီ။

ဒါနဲ့ စကားမစပ် ( 2023 ) September 16 ရက်နေ့က Batman Day ဆိုတာရော သိပြီးပြီလား

“တောင်းမှာအကွပ် လူမှာအဝတ်”လို့ ပြောကြကြေးဆို “Product မှာ Packaging” လို့လဲ ပြောလို့ရတာပေါ့။ကိုယ့် Product ကို Customer ...
15/09/2023

“တောင်းမှာအကွပ် လူမှာအဝတ်”လို့ ပြောကြကြေးဆို “Product မှာ Packaging” လို့လဲ ပြောလို့ရတာပေါ့။

ကိုယ့် Product ကို Customer တွေ လက်ထဲအရောက်ပို့တဲ့အခါ Packaging အရမ်းအရေးကြီးပါတယ်။ First Impression ဆိုရင်လဲ မမှားဘူးပေါ့။ ဒါပေမဲ့လဲ ပြီး ပြီးရော Packaging မျိုးမဟုတ်ဘဲ လှတပတ Design လေးတွေနဲ့ လူစိတ်ဝင်စားမှုရဖို့၊ မြင်လိုက်တာနဲ့ “မိုက်လိုက်တာကွာ” လို့ အပြောခံရဖို့ဆိုတာ Packaging Design အပေါ်မှာ အများကြီး မှီခိုနေပါတယ်။

Brand Image တစ်ခုကို အကောင်းဆုံး ပုံဖော်ဖို့၊ Customer တွေရဲ့ စိတ်ကျေနပ်မှုကို ရရှိစေဖို့၊ အများနဲ့မတူဘဲ Unique ဖြစ်စေဖို့ ဆိုရင် မိတ်ဆွေတို့ရဲ့ Product ကို ဝတ်လစ်စလစ်ကြီး ဘယ်တော့မှ မထားပါနဲ့။ Packaging Design လေးနဲ့ လူအမြင်တင့်အောင် အလှဆင်လိုက်ပါ။

Friday Book Page ( 2 )

"ကောင်းမွန်တဲ့ Marketing ဆိုတာ Company ကို Smart ဖြစ်အောင် လုပ်ဆောင်ပြီး ပိုကောင်းတဲ့ Marketing ကတော့ Customer တွေကို Sm...
11/09/2023

"ကောင်းမွန်တဲ့ Marketing ဆိုတာ Company ကို Smart ဖြစ်အောင် လုပ်ဆောင်ပြီး ပိုကောင်းတဲ့ Marketing ကတော့ Customer တွေကို Smart ဖြစ်တဲ့ Feeling ရအောင်လုပ်ဆောင်ပါတယ်"

Joe Chernov ( Chief Marketing Officer )

Monday Quote No ( 2 )

အဖြူအမည်း သဲကွဲပြီလားContent Writer တစ်ယောက်အဖြစ် စတင်ရပ်တည်ဖို့ ကြိုးစားသူတွေတိုင်းမှာ မသဲကွဲတဲ့ အမြင်လေးတစ်ခု ရှိနေတတ်...
08/09/2023

အဖြူအမည်း သဲကွဲပြီလား

Content Writer တစ်ယောက်အဖြစ် စတင်ရပ်တည်ဖို့ ကြိုးစားသူတွေတိုင်းမှာ မသဲကွဲတဲ့ အမြင်လေးတစ်ခု ရှိနေတတ်ပါတယ်။ အဲ့ဒါဘာလဲဆိုတော့ Content Writing နဲ့ CopyWriting ဘာကွာသလဲဆိုတာပါပဲ။

ဒီနေ့မှာတော့ ကျွန်တော်တို့က ဒီ Topic အကြောင်းကို ပြောပြပေးသွားပါ့မယ်။

မိတ်ဆွေတို့မျက်စိထဲမှာ မြင်သာအောင်ပြောရမယ်ဆိုရင် Content Writing ဆိုတာက ဘာသာရပ်စာအုပ်ကြီးတစ်အုပ်ဖြစ်ပြီး CopyWriting ဆိုတာကတော့ ဒီစာအုပ်ကြီးထဲက အရေးကြီးတဲ့ Chapter တစ်ခုလို့ ပြောလို့ရပါတယ်။

Content Writing ဆိုတဲ့ စာအုပ်ကြီးထဲမှာ

- Website Writing
- Script Writing
- Review Writing
- CopyWriting စတဲ့ Chapter တွေ ပါဝင်ပြီး

CopyWriting ကတော့ စီးပွားရေး စာမေးပွဲမှာ အမေးအများဆုံး Chapter တစ်ခုပေါ့။

ဘာလို့ CopyWriting က စီးပွားရေးနယ်ပယ်ကြား အရမ်းဟော့နေရသလဲ ဆိုရင် Sale ကို ဦးတည်ပြီး ရေးရတာမျိုး ဖြစ်လို့ပါ။

ကိုယ်ရောင်းတဲ့ Product တစ်ခုကို လူတွေ “မဝယ်ချင့် ဝယ်ချင်” လာအောင် ဆွဲဆောင်ရေးသားရတဲ့ ပုံစံမျိုး ဖြစ်ပြီး Sale Target တိကျဖို့ အရေးကြီးပါတယ်။ ဒီနေ့မှာတော့ တနိုင်တပိုင် Online Shop တွေကအစ စက်ရုံအလုပ်ရုံ ကုမ္ပဏီကြီးတွေအထိ CopyWriting ရေးသားနည်းက အဓိက ဇာတ်လိုက်တစ်ယောက် ဖြစ်လာနေပြီမို့ Content Writer တွေအနေနဲ့လဲ ဒီ Chapter ကို ထုံးလိုကြေ ရေလိုနှောက် တတ်မြောက်ထားဖို့ လိုအပ်ပါတယ်။

ဒါဆိုရင်တော့ ဘယ်ဟာ အဖြူ၊ ဘယ်ဟာ အမည်း သေချာသဲကွဲသွားမယ်လို့ ထင်ပါတယ်။ (မသဲကွဲသေးရင်လည်း လာပြီး မေးမြန်းဆွေးနွေးလို့ရပါတယ်)

နောက်နေ့တွေမှာလဲ ကျွန်တော်တို့သိသမျှ အကြောင်းအရာတွေကို Sharing လုပ်ပေးသွားမှာမို့ Page ကို Follow လုပ်သွားဖို့ ပြောချင်ပါတယ်။

Friday Book Page ( 1 )

IHM ရဲ့ Menuစားသောက်ဆိုင်တွေသွားရင် ဒီဆိုင်မှာ ဘာစားစရာတွေရလဲ၊ ဘာတွေကောင်းလဲ၊ လူကြိုက်အများဆုံးက ဘာဖြစ်မလဲ ဒါတွေအားလုံးက...
05/09/2023

IHM ရဲ့ Menu

စားသောက်ဆိုင်တွေသွားရင် ဒီဆိုင်မှာ ဘာစားစရာတွေရလဲ၊ ဘာတွေကောင်းလဲ၊ လူကြိုက်အများဆုံးက ဘာဖြစ်မလဲ ဒါတွေအားလုံးကို သိရဖို့ Menu ကြည့်ဖို့ လိုတာပေါ့။

Digital Marketing Agency တစ်ခုနဲ့ အလုပ်တွဲလုပ်တော့မယ်ဆိုရင်လဲ ဒီသဘောပါပဲ။ ဒီ Agency က ဘာတွေ Service ပေးနေတယ်၊ ဘယ်လိုတွေပေးနေတယ်ဆိုတာ သိဖို့လိုပါတယ်။

ဒါ့ကြောင့် ကျွန်တော်တို့ IHM ရဲ့ Service Menu ကို ဖော်ပြပေးလိုက်ပါတယ်။

- Design Service
- Content Service
- Media Buying
- Photo Shooting
- Commercial Video
- Brand Guideline

IHM ဆိုတာ Youth Power, Youth Strategy ကို အခြေခံပြီး လူငယ်တွေချည်း ဖွဲ့စည်းထားတဲ့ Digital Marketing Team တစ်ခုဖြစ်တာနဲ့အညီ Position အလိုက် Talented ဖြစ်တဲ့ လူငယ်တွေက Service ပေးသွားမှာမို့ စိတ်ချယုံကြည်စွာ လက်တွဲလုပ်ကိုင်ဖို့ ပြောပါရစေ။

အသေးစိတ်ကို 09759593932 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Design မှာ စမူဆာ ထည့်ထားတာကတော့ စက်တင်ဘာ ( ၅ ) ရက်နေ့က World Samosa Day မို့ပါ၊ ဘာ Creative မှ မဟုတ်ပါဘူး။

Address

Myanmar
Mandalay

Website

Alerts

Be the first to know and let us send you an email when I Hate Monday posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share