Hittine MEDIA GROUPs

Hittine MEDIA GROUPs Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hittine MEDIA GROUPs, Newspaper, Mandalay.

22/09/2019

~~~~~~~~~~~~~~~~~~~~~~~~~~~







(Unicode Version)

မြောင်းမြတွင် မူးယစ်ဆေးဝါးဝင်ရောက်ဖမ်းဆီးရာ ငွေကျပ် ၃၀၀၀ ကျော်ဖိုးဖမ်းမိ
~~~~~~~~~~~~~~~~~~~~~~~~~~~
ဘိုဘို/ဧရာဝတီတိုင်းမ်
မြောင်းမြ၊ စက်တင်ဘာ ၂၂ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လည်ပိုင်းက ငွေကျပ် ၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။

မြောင်းမြမြို့မရဲစခန်းတွင် ဖမ်းဆီးရမိထားသည့် မူးယစ် (ပ)၁၁/၂၀၁၉၊ မူး/စိတ် ပုဒ်မ ၁၉(က)/၂၁ အမှုမှ တရားခံများ၏ထွက်ဆိုချက်အရ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွက်ဆိုချက်အရ သိရသည့် အုတ်ကျင်းလမ်းရှိ ဦးသန်းစိုး ဘဲခြံနေအိမ်အား မူးယစ်တပ်ဖွဲ့နှင့် နယ်မြေခံရဲတပ် ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးရာ ကျော်စွာလင်း(ခ) အားပုနှင့် စိုးမိုးလင်း(ခ)ငပူတင်းတို့ထံမှ WYစာတမ်းပါမူးယစ်ဆေးပြား(၁)ပြား တန်ဘိုး(၃ဝဝဝ)ကျပ်နှင့်ဆေးခြောက်အရွက်ခြောက်အစေ့ပါ(ဝ•၅)ဂရမ်၊တန်ဘိုး(၃၀၆) မူးယစ်ဆေးဝားသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့သည့် ကျာ်စွာလင်း(ခ) အားပုနှင့် စိုးမိုးလင်း(ခ)ငပူတင်းတို့ ၂ ဦးအား
မြောင်းမြမြို့မရဲစခန်းမှ မူးယစ်(ပ)၁၂/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဥပဒေ ပုဒ်မ ၁၆(ဂ)/၂၀(က)/၂၁အရ အမှုဖွင့် စစ်ဆေးလျက်ရှိ ကြောင်း သိရှိရသည်။


ဓာတ်ပုံ - ဘိုဘို (မြောင်းမြ)

ခိုးဆိုးနှိုက် ဒုစရိုက်သမားတွေသာ သနာ့ဝန် ထမ်းကို တောင် မရှောင်တော့ပါလားးးးးးးးးးးးးးးးးးး​ညောင်​တုန်းမြို့..၈ ရပ်​ကွက်​...
27/08/2017

ခိုးဆိုးနှိုက် ဒုစရိုက်သမားတွေသာ သနာ့ဝန် ထမ်းကို တောင် မရှောင်တော့ပါလားးးးးးးးးးးးးးးးးးး
ညောင်​တုန်းမြို့..၈ ရပ်​ကွက်​..အမှတ်​ ၂၇၄ ..မဟာသရဏဂုံ​တော်​ကြီး..သင်​တန်း​ကျောင်းမှာကျောင်း​ဆောက်​ရန်​လှူဒါန်းထားတဲ့​ငွေကျပ်​ ၁၆၃သိန်းကို ဆရာ​တော်​ကြီးအခန်းထဲ​ဖောက်​ထွင်းခိုးယူသွားလို့ ​ကျောင်း​ဆောက်​​နေဆဲမှာ..ဆရာ​တော်​အခက်​အခဲဖြစ်​ ​နေရတယ်​လို့သိရပါတယ်​..

★ အကြမ်းဖက်​​ခေါင်း​ဆောင်​၏ လက်​​ထောက်​အား အ​သေ​ဖမ်းမိ★ မောင်တောသတင်း ၂၅ -၈-၂၀၁၇မနက် ၈း၃၀၂၅-၈-၂၀၁၇ဇီးပင်ချောင်း(ချောင...
25/08/2017

★ အကြမ်းဖက်​​ခေါင်း​ဆောင်​၏ လက်​​ထောက်​အား အ​သေ​ဖမ်းမိ★

မောင်တောသတင်း ၂၅ -၈-၂၀၁၇
မနက် ၈း၃၀
၂၅-၈-၂၀၁၇

ဇီးပင်ချောင်း(ချောင်းဝ)ရဲကင်းစခန့်မှ တပ်ဖွဲ့ဝင်တစ်ဦး ထပ်မံကျဆုံး စုစုပေါင်းအတည်ပြုပြီး ကျဆုံး ၁၁ ဦးရှိပြီဖြစ်ကြောင်းသိရသည်။နယ်မြေရဲကင်းစခန်းအချို့ အဆက်အသွယ်ပြတ်တောက်နေပီး ဆက်သွယ်၍ မရသေးဘဲ အခြေအနေမသိရှိရသေးကြောင်း သိရသည်။

တပ်ရင်း ၅၅၂ နှင့် ၅၄၆ အနီးရှိကင်းစခန်းကို အကြမ်းဖက်အဖွဲ့ များ နစ်ဖွဲ့ခွဲ၍ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

မောင်တောမြို့နယ် ကြိမ်ချောင်းရွာ တွင် ဗုံး ၄ လုံးပေါက်ကွဲ အထိအခိုက် မရှိ၊ ပညာရေးဝန်ထမ်းများ နှင့် တိုင်ရင်းသားများ စာသင်ကျောင်းတွင် စုဝေးနေကြကြောင်းသိရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လုံခြုံရေးဆောင်ရွက်နေကြောင်းသိရသည်။

အကြမ်းဖက်အုပ်စုများအား ချေမှုန်း ရန် လိုအပ်သည့် ခေတ်မှီယာဉ်များ အသုံးပြုခွင့်ပြုရန် တပ်မတော်မှ တင်ပြတောင်းခံထားကြောင်းသိရသည်။

မောင်တောမြို့ပေါ်တွင် မော်တော်ပီကယ်ရုံးအနီးထောင်ထား သည့် ဗုံးနှစ်လုံးအနက် တစ်လုံးပေါက်ကွဲခဲ့ပြီး အထိအခိုက်မရှိ။

မောင်တော-ဘူးသီးတောင် ကားလမ်းကို ယာယီပိတ်ထားကြောင်းသိရသည်။

Myat ThuTun

သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၂း၁၅ မိနစ်မှ စတင်ကာ အဖွဲ့လိုက်၊အုပ်စုလိုက် အင်အားသုံးပြီး လုံခြုံရေးကင်းစခန်းတွေကို အကြမ်းဖက်လက်နက်ကိုင်တွေမှ လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်...
၂း၁၅ မိနစ်မှာ မောင်နီရဲကင်းစခန်း
၂း၂၀ မိနစ်မှာ လုံခြုံရေးရဲကင်းစခန်း
၂း၃၀ မိနစ်မှာ လာင်းဒုံ ရဲကင်းစခန်းတွေကို အကြမ်းဖက်အုပ်စုမှ
အလစ်အငိုက် ၀င်ရောက်တိုက်ခိုက်နေပါတယ်...နောက်ဆုံးရသတင်းတွေအရ လောင်းဒုံနဲ့ ရဲကင်းတွေကိုလူအင်အား သုံးပြီး ဝိုင်းဝန်းတိုက်ခိုက်ခံနေရပါတယ်...
မောင်တောမြို့ ရပ်ကွက်(၄)၊ ရပ်ကွက်(၅)အတွင်းကိုဝင်ရောက်ပစ်ခတ်မှုတွေ ရှိနေပြီး ဘူးသီးတောင် သပိတ်တောင်ဘက်မှာလည်း လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ကြားနေရပါတယ်...။

ယခုအခြေအနေနောက်ဆုံးအရ
မောင်တော မြို့တွင်း ပစ်ခတ်သံများ အဆက်မပြတ်ထွက်ပေါ်လျက်ရှိ
ရပ်ကွက် ၄ ရပ်ကွက် ၅ အီတလီယာ ရပ်ကွက်များအတွင်း အကြမ်းဖက်အုပ်စုများ စတင်သောင်းကျန်း၍ အကြမ်းဖက်ရန် ကြိုးစားလျက်ရှိ

မောင်တော အခြေအနေ
၂၅.၈.၂၀၁၇ မနက် ၃း၀၀
မောင်တော မာင်နီရဲကင်းစခန်းကို လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ဝိုင်းလာသဖြင့် လုံခြုံရေးတပ်ဖွဲ့မှ ပစ်ခတ် နှိမ်နှင်းခဲ့ရကြောင်းသိရသည်။လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း သိရသည်။ကျီးကန်းပြင်ဘက်မှလည်းပစ်ခတ်သံများကို ယခုအချိန်ထိ ကြားနေရကြောင်း
ဒသခံများကပြောသည်။ ပေါက်ကွဲမှုများမှာ မောင်တော ဘဂုံးနား ဘင်္ဂလီရွာများဘက်မှဖြစ်ပြီး
ပေါက်ကွဲမှုများကြောင့် အနီးအနားရှိ ရခိုင်တိုင်းရင်းသားရွာများနှင့်ဘင်္ဂလီကျေးရွာများမှလူများထိတ်လန့်နေကြပြီး စိုးရိမ်လျက်ရှိနေကြောင်း သိရသည်။
ပေါက်ကွဲမှုများမှာ အတည်မပြုနိုင်သေးသည့် သတင်းများအရ ဆီပေပါများ ဖြစ်သည်ဟုလည်း ကနဦးသိရသည်။ အကြမ်းဖက်ခေါင်းဆောင်၏ လက်ထောက်ကို အသေဖမ်းဆီးရမိနိုင်ခဲ့ကြောင်းသိရသည်။
Myat Thu Tun
★ ★ ★
ဤသတင်းများကို သတင်းအမှန်​ရှာ​ဖွေ၍ တင်​​ပေး​နေခြင်း၊share​နေခြင်းများပြုလုပ်​သည်​မှာ-

၁။ပြည်​သူများ သတင်းအမှန်​ သိရှိနိုင်​ရန်​၊အ​ခြေ​နေမှန်​ကို နားလည်​ရန်
၂။ရခိုင်​အ​ရေးကို အသုံးချ၍ လူမျိုး​ရေး ပဋိပက္ခများဖန်​တီး​နေသူများရန်​က ​ရှောင်​ရှားနိုင်​ရန်
၃။ငြိမ်းချမ်း​နေ​သော ​ဒေသများတွင်​ အတူတကွငြိမ်းချမ်းစွာ​နေထိုင်​နိုင်​​ရေးတို့ ဖြစ်​ပါသည်​။***
စည်​သူငြိမ်းချမ်း

25/08/2017

တရုတ်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဟာတို အပူပိုင်း မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ ဘက်ကို ဦးတည်နေတယ်လို့ မိုး/ဇလ က ထူးခြားသတိပေးချက် ထုတ်ပြန်ထားပါတယ်

ဟာတိုမုန်တိုင်းဟာ တရုတ်နိုင်ငံ တောင်ပိုင်းကမ်းခြေနဲ့ ဟောင်ကောင် မကာအို တို့ နားကို ဖြတ်ကျော်ခဲ့တုန်း က တစ်နာရီ လေတိုက်နှုန်း ၁၂၀ လောက်ရှိခဲ့ပြီး လူ ၃၀ လောက် သေဆုံးခဲ့ပါတယ်

22/08/2017

ပုသိမ်တက္ကသိုလ်အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို ပုသိမ်တက္ကသိုလ်ကျောင်းသားများ ဆန္ဒဖော်ထုတ်
==================================

ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၂ ရက် (ပုသိမ်)

ပုသိမ်တက္ကသိုလ်က ပါမောက္ခချုပ် ဒေါက်တာ ညွန့်ဖေအပါအ၀င် တက္ကသိုလ်က အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို ပုသိမ်တက္ကသိုလ် ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး ဒီကနေ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

အကြောင်းရင်းကတော့ တက္ကသိုလ်မှာ ကျောင်းလာတက်တဲ့ ကျောင်းသားတွေ ဆိုင်ကယ်ရပ်နားဖို့ အခက်အခဲဖြစ်နေတာတွေကို
ပါချုပ် ဒေါက်တာ ညွန့်ဖေအပါအ၀င် ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူ တွေထံ အကြိမ်ကြိမ်တင်ပြပေမယ့် ကျောင်းသားတွေဒုက္ခကို လျစ်လျူရှု
ထားတဲ့အတွက် အခုလို ဆန္ဒဖော်ထုတ်တာဖြစ်ကြောင်း ကျောင်းသားတွေက ပြောပါတယ်။

"ပုသိမ်တက္ကသိုလ်မှာ ကျောင်းလာတက်တဲ့ထောင်နဲ့ချီတဲ့ကျောင်းသား
တွေမှာ ဆိုင်ကယ်ရပ်ဖို့ နေရာတွေကမလောက်၊ လုံခြုံရေးက မရှိဘဲ ဆိုင်ကယ်တွေ ဒီအတိုင်းထားရတော့ ဆိုင်ကယ်ပျောက်တာတွေက ပိုဆိုးလာတယ်။ အဲဒါကို ဖြေရှင်းဆောင်ရွက်ပေးဖို့ ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူတွေကို ကျနော်တို့ အကြိမ်ကြိမ် ပန်ကြားပေမယ့် ဘာမှ ဖြေရှင်းဆောင်ရွက်ပေးတာ မရှိဘူး။ ဒါကြောင့် ကျောင်းသားတွေကိုယ်စား ကျနော်တို့ ပုသိမ်တက္ကသိုလ်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး ဆန္ဒ ဖော်ထုတ်တာ ဖြစ်ပါတယ်"လို့ ပုသိမ်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ကိုအောင်သက်ပိုင်က ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဆန္ဒဖော်ထုတ်တဲ့ ကျောင်းသားကျောင်းသူတွေဟာ ဒီကနေ့ နံနက် ၁၁ နာရီကစတင်ပြီး ပုသိမ်တက္ကသိုလ်ကျောင်းဝန်းထဲကေ ကျာင်းသား သမဂ္ဂအဆောက်အဦးရှေ့ကနေ ကျောင်းဝန်းထဲက စာသင်ဆောင်တွေရှေ့ ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအတွက် အမိုးအကာပါတဲ့ ဆိုင်ကယ် ရပ်နားဖို့နေရာ တည်ဆောက်ပေးဖို့၊ တည်ဆောက်ထားတဲ့ ဆိုင်ကယ်ရပ်နားနေရာတွေမှာ လုံခြုံရေးနဲ့ CCTV ကင်မရာတွေ တပ်ဆင်ပေးဖို့၊ ကျောင်းသားထုအခွင့်အရေးအပြည့်အ၀ရရှိရေး စသဖြင့်
ဆန္ဒပြကျောင်းသားတွေက တောင်းဆိုခဲ့ကြပါတယ်။

ဓာတ်ပုံ - မောင်စစ်မှန် (ပုသိမ်)

ပုသိမ်မြို့တွင် အသစ်ကျင့်သုံးမည့် တစ်လမ်းမောင်းနှင့် နှစ်လမ်းမောင်းစနစ် (၁၈-၈-၂၀၁၇) ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း မိတ်ဆေ...
17/08/2017

ပုသိမ်မြို့တွင် အသစ်ကျင့်သုံးမည့် တစ်လမ်းမောင်းနှင့် နှစ်လမ်းမောင်းစနစ် (၁၈-၈-၂၀၁၇) ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း မိတ်ဆွေအပေါင်းသိရှိနိုင်စေရန် မျှဝေပေးကြပါ

Credit bo ye

16/08/2017
၂၀၁၂ လယ်ယာမြေဥပဒေဆိုင်ရာတောင်သူလယ်သမားတွေ့ဆုံ ဆွေးနွေးပွဲမန္တလေးမြို့တွင်ကျင်းပ။=========================================...
08/08/2017

၂၀၁၂ လယ်ယာမြေဥပဒေဆိုင်ရာတောင်သူလယ်သမားတွေ့ဆုံ ဆွေးနွေးပွဲမန္တလေးမြို့တွင်ကျင်းပ။
===================================================

မန္တလေး။ သြဂုတ်(၈)။
တောင်သူလယ်သမားများ၏မြေယာအခွင့်အရေးများနှင့်၂၀၁၂
ခုနှစ်လယ်ယာမြေဥပဒေဆိုင်ရာ တောင်သူလယ်သမားတွေ့ဆုံဆွေးနွေးပွဲကို သြဂုတ်လ
(၈)ရက်နေ့မှ(၉)ရက်နေ့အထိ မန္တလေးမြို့ ၊ မ န္တလေး ဟိုတယ် Ball Room
ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။
နိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားတွေ့ဆုံဆွေးနွေးပွဲသို့
ပြည်သူ့လွှတ်တော်တောင်သူလယ်
သမားနှင့်အလုပ်သမားရေးရာကော်မတီဥက္ကဌဦးကျော်မြင့်၊
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုး၊
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်ဝင်း၊တောင်သူလယ်သမားကိုယ်စားလှယ်ဦးမြင့်ကြည်နှင့်
ဧရာဝတီတိုင်း၊စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊တနင်္သာရီတိုင်း၊မကွေးတိုင်း၊
ကချင်ပြည်နယ်၊ကယားပြည်နယ်(ကရင်နီ)၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ရှမ်း
ပြည်နယ်တို့မှတောင်းသူလယ်သမားကိုယ်စားလှယ်များ၊ဖိတ်ကြားထားသူများနှင့်
စိတ်ပါဝင်စားသူများ တက် ရောက်ခဲ့ပြီးဆွေးနွေးပွဲတွင်
ပြည်သူ့လွှတ်တော်တောင်သူလယ်သမားနှင့်အလုပ်သမားရေးရာကော်မတီ
ဥက္ကဌဦးကျော်မြင့်အဖွင့်အမှာစကားပြောကြားကာဆွေးနွေးပွဲကိုစတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

““ဥပဒေတစ်ရပ်ကပြည်သူကိုအကျိုးမပြုတော့ဘူးဆိုရင်ပြန်လည်ပြင်ဆင်ရပါမယ်။အခုအကျိုး
မပြုတော့ဘူးလို့အသံတွေထွက်လာပြီ။ပြင်ဆင်စေချင်ပြီ။ကျွန်တော်တို့ဘက်ကလည်းပိုမိုပြည့်စုံအောင်ပြင်ဆင်နိုင်ဖို့ကြိုးစားနေပါတယ်။
၂၀၁၂လယ်/စီဥပဒေအပါအ၀င် ပြည်သူကိုအကျိုးမပြုတဲ့အခြားမြေယာဥပေးတွေကို
လည်းပြင်ဆင်ကြရပါမယ် ””” လို့ပြည်သူ့လွှတ်တော်တောင်သူလယ်သမားနှင့်
အလုပ်သမားရေးရာ ကော်မတီဥက္ကဌ ဦးကျော်မြင့်ကဆွေးနွေးပွဲအဖွင့်အမှာစကားတွင်
ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
တောင်သူလယ်သမားရေးရာ ကော်မတီ ဦးအောင်မျိုးကနှုတ်ခွန်းဆက်အမှာ
စကားပြောကြားခြင်းကို လည်းကောင်း၊ လယ်ယာမြေဥပဒေ
ပြင်ဆင်ရေးလုပ်ငန်းစဉ်တွင်တောင်သူလယ်သမားများ၏မြေယာလုပ်ပိုင်ခွင့်ခိုင်မာရေးအတွက်ဦးဆောင်ပါဝင်
လုပ်ဆောင်နေမှု့များအား
ပြည်သူ့လွှတ်တော်တောင်သူလယ်သမားနှင့်အလုပ်သမားရေးရာကော်မတီဥက္ကဌ
ဦးကျော်မြင့်ကလည်းကောင်းရှင်းလင်းဆွေးနွေးခဲ့ပြီး၊
ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတက် ရောက်လာ သောတောင်သူများက
လက်ရှိကြုံတွေ့ရင်ဆိုင်နေရသောအခက်အခဲများနှင့်
ပြသနားများအားတင်ပြဆွေးနွေးခဲ့
ကြောင်းသိရသည်။
“““ဒီဥပဒေကတောင်သူလယ်သမားတွေကိုအမှန်တ ကယ်ကိုယ်စား ပြုရဲ့လား။
ဘယ်သူတွေကိုကိုယ်စားပြုနေသလဲ။ “ဥပဒေကမည်သို့ပင်ဆိုစေကာမူ”လို့ဆိုရင်း၊
ပြောရင်းတောင်သူလယ် သမားတွေ ဘ၀ ပျက်တော့မယ်။
ဘာဖြစ်လို့ပြင်ချင်တာလဲဆိုရင်၂၀၁၂ လယ်/စီဥပဒေမှာ လယ်သမားဆိုတဲ့
အဓိပါယ်ဖွင့် ဆို
ချက်ကစပြီးဝိရောဓိတွေ၊ကွဲလွဲအငြင်းပွားစရာတွေရှိနေပြီးတောင်သူလယ်သမားထုတစ်ရပ်လုံးရဲ့အကျိုးစီးပွားကိုဆန့်ကျင်မျက်ကွယ်ပြုနေလို့ပါပဲ
””” လို့ဧရာဝတီတိုင်းဒေသကြီးတောင်သူလယ်သမားသမဂ္ဂ ဖြစ်မြောက်ရေး
ကော်မတီနာယက ဦးအုန်းကြွယ်က ပြောသည်။
၂၀၁၂ ခုနှစ်လယ်ယာမြေဥပဒေဆိုင်ရာမြန်မာ နိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားတွေ့ဆုံ
ဆွေးနွေးပွဲ၏ ဆောင်ပုဒ်မှာ ““ တောင်သူ့မြေယာအခွင့်အရေး
လွှတ်တော်ကြိုးစားဖော်ဆောင်ပေး ”””” ဖြစ်ပြီး
ဆွေးနွေးပွဲတွင်
ဆရာဦးဇော်မင်း(ဥပဒေသုတေသီ)နှင့်ဆရာဦးမောင်မောင်ညွှန့်တို့က လယ်ယာမြေ
ဥပဒေပြင် ဆင်ရာတွင်ထည့်သွင်းစဉ်းစားသင့်သောအခြေခံအကြောင်းအရာများအားအသီးသီးဆွေးနွေးခဲ့ကာ၊တက်ရောက်လာသောပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိတောင်သူလယ်သမားကိုယ်စားလှယ်များက
ဒေသအလိုက် တစ်ဦးခြင်းတင်ပြဆွေးနွေးခြင်း၊
အုပ်စုဖွဲ့ဆွေးနွေးခြင်းတို့ကိုပြုလုပ်ဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။
ဘိုဘို(မြောင်းမြ)။

06/08/2017
ဌါနဆိုင်ရာတွေက စားရဲပါတယ်ဆို
06/08/2017

ဌါနဆိုင်ရာတွေက စားရဲပါတယ်ဆို

ပြည်သူတွေ တစ်ခါပြီးတစ်ခါ အီလစ်ရှင်တွေ နဲ့ရင်ဆိုင်ရွေးခြယ်ရဦးမယ်
05/08/2017

ပြည်သူတွေ တစ်ခါပြီးတစ်ခါ အီလစ်ရှင်တွေ နဲ့ရင်ဆိုင်ရွေး
ခြယ်ရဦးမယ်

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Hittine MEDIA GROUPs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category