Khit Ta Media -KTM

31/07/2025

ရင်းတိုက်ကုန်းကျေးရွာ ခန်းကို တိုက်ခိုက်သိမ်းပိုက်စစ်သား ၆ ဦး သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ (ရုပ်/သံ)

ဇူလိုင် ၃၁

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရင်းတိုက်ကုန်းကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇူလိုင်လ ၂၅ ရက်နေ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရင်းတိုက်ကုန်းကျေးရွာတွင် အထိုင်ချ တပ်စွဲထား သော အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ခမရ ၅၉၀ တပ်ရင်း ရှေ့တန်း စခန်းကို တော်လှန် ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦး ထက်မနည်းသေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ကျန်းစစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

သိမ်းပိုက်ရရှိသော စစ်တပ်စခန်းအား နယ်မြေရှင်းလင်းစဉ် လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်းများနှင့် စစ်အသုံး အဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ ဘက်မှလည်း ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်တောင်းမြစ်ဝှမ်း စစ်ဆင်‌ရေး (JOC) အစီအမံဖြင့် ပြည်သူ့ကာ ကွယ်ရေး တပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်‌‌မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၅ ၊ အမှတ် ၃၇၀၂ တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း နှင့် KNLA တပ်ရင်း ၉ တို့ ပူးပေါင်းကာ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

လောင်းလုံးမှာ စစ်ကူစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်မှ ၃၀ ထက်မနည်း သေဆုံး၊  တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးဇူလိုင် ၃၁တနင်္...
31/07/2025

လောင်းလုံးမှာ စစ်ကူစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်မှ ၃၀ ထက်မနည်း သေဆုံး၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

ဇူလိုင် ၃၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာအနီးကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၃၀ ထက်မနည်းသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ဒူရက စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်၊ မနက် ၇ နာရီခွဲ ဝန်းကျင်အချိန်မှာ ပန်းတင်အင်းကျေးရွာအနီးကို စစ်ကူလာတဲ့ အင်အား ၃၀၀ ဝန်းကျင်ပါရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“စစ်ကြောင်းကတော့ မောင်းမကန်နယ်မြေရဲစခန်းဘက်ကနေ ထွက်လာတဲ့စစ်ကြောင်းပါ… နတ်အိမ်တောင် စစ်ကူတက်မယ့် စစ်ကြောင်းလို့ သိရပါတယ်။ သေဆုံးတွေကလည်း မျက်မြင်တွေပါပဲ” လို့ ဒူရကစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တိုက်ပွဲဟာ ၁၀ နာရီခန့် ကြာမြင့်ခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ယောက်လည်း တိုက်ပွဲအတွင်းကျဆုံးခဲ့တယ်လို့ သိရပါတယ်။

သူကပဲဆက်လက်ပြီး “ကျဆုံးရဲဘော်အလောင်းကို ပြန်ရခဲ့ပါတယ်။ တိုက်ပွဲတွင်းမှာ လေကြောင်းပစ်ကူတော့ မရှိခဲ့ပါဘူး။ ရေတပ်နဲ့ ဘေးဖက်တပ်ရင်းတွေက လက်နက်ကြီး ပစ်ကူပေးတာမျိုးရှိပါတယ်” လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေထံက စစ်လက်နက်စ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့ကြောင်းကို ဒူရကစစ်ကြောင်းကနေ ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်း၊ DEF ၊ Tavoy People Liberation Force (TPLF)၊ နဂါးနီပြောက်ကျားတပ်ဖွဲ့နဲ့ ဒေါနတပ်ခွဲ (၆) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာ စစ်ရေးအရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေတဲ့ အချိန်ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးအခြေအနေကို အထူးသတိပြု သွားလာနေထိုင်ကြဖို့၊ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အချိန်မရွေး ကြုံတွေလာနိုင်တာာကြောင့် လေကြောင်းရန် ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လိုက်နာဖို့လည်း ဒူရကစစ်ကြောင်းကနေ တိုက်တွန်း ထုတ်ပြန် ထားပါတယ်။

ပုံစာ - ဒူရကစစ်ကြောင်း ရဲဘော်များနှင့် တိုက်ပွဲတွင်းသိမ်းဆည်းရရှိသည့် လက်နက်ပစ္စည်းများ

မင်းအောင်လှိုင်က မင်းအောင်လှိုင်ကို အာဏာပြန်လွှဲ၊ နိုင်ငံအား မင်းအောင်လှိုင်က ဆက်လက်အုပ်ချုပ်((ဘာသတင်းလဲ))ဇူလိုင် ၃၁ ဗို...
31/07/2025

မင်းအောင်လှိုင်က မင်းအောင်လှိုင်ကို အာဏာပြန်လွှဲ၊ နိုင်ငံအား မင်းအောင်လှိုင်က ဆက်လက်အုပ်ချုပ်((ဘာသတင်းလဲ))

ဇူလိုင် ၃၁

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကာလုံအစည်းအဝေးဖြင့် စစ်ကောင်စီဥက္ကဌ ရာထူးကို ရယူခဲ့သည့် မင်းအောင်လှိုင်မှာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အား ဆက်လက်ဖွဲ့စည်းပြီး ဥက္ကဌ ရာထူးကိုရယူ၍ နိုင်ငံ့အား ဆက်လက်အုပ်ချုပ်မည် ဖြစ်သည်။

စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင်က နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းပြီး ကော်မရှင်ဥက္ကဌရာထူးအား မင်းအောင်လှိုင်ကို ပေးအပ်သည့် အမိန့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ပြန်ထားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ လုပ်ငန်းတာဝန်များအား ယာယီသမ္မတ (တာဝန်) ဖြင့် နိုင်ငံအား ဆက်လက်၍ စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်သွားမည်ဖြစ်သည်။

နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေးကို ကမ္ဘောဒီးယားက စတင်ချိုးဖောက်ဟု ထိုင်းစစ်တပ်က ပြောဇူလိုင် ၂၉ Khit ta Mediaထိုင်းနှင့်ကမ္ဘ...
29/07/2025

နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေးကို ကမ္ဘောဒီးယားက စတင်ချိုးဖောက်ဟု ထိုင်းစစ်တပ်က ပြော

ဇူလိုင် ၂၉
Khit ta Media

ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား ယမန်နေ့ ညသန်းခေါင်ယံအချိန်မှစတင်၍ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့သော်လည်း ယနေ့ နံနက်ပိုင်းတွင် ကမ္ဘောဒီးယားက ပစ်ခတ်မှုများ စတင်လုပ်ဆောင်လာခြင်းဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ကြောင်း ထိုင်းစစ်တပ်က တရားဝင် ထုတ်ပြန်ကြေညာသည်။

ယမန်နေ့ မလေးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံဝန်ကြီးချုပ်များက ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြောင်း၊ သို့ရာတွင် ယနေ့နံနက်ပိုင်း နှစ်နိုင်ငံ နယ်စပ်နေရာများစွာတင် ကမ္ဘောဒီးယားက ပစ်ခတ်မှုများ စတင်လုပ်ဆောင်ကြောင်း၊ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ကမ္ဘောဒီးယားက စတင်ချိုးဖောက်ကြောင်း၊ ထိုင်းနိုင်ငံကမူ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အတိုင်း လိုက်နာခဲ့သော်လည်း ကမ္ဘောဒီးယား၏ ချိုးဖောက်မှုကြောင့် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိသည်ဟု ထိုင်းတော်ဝင်တပ်မတော်က သတင်းထုတ်ပြန်သည်။

ယနေ့ နံနက် ၇ နာရီ အချိန် နှစ်နိုင်ငံ တပ်မတော်များ တွေ့ဆုံမည့် အစီအစဉ်ကိုလည်း နံနက် ၁၀ နာရီသို့ ရွှေ့ဆိုင်းခဲ့ပြီးနောက် လက်ရှိတွင် တွေ့ဆုံဆွေးနွေးမှု တစ်စိတ်တစ်ပိုင်းရှိနေသည်ဟု သိရှိရသည်။

"ကမ္ဘောဒီးယားဘက်ကတော့ ဒီလို ထပ်ခါတလဲလဲ ချိုးဖောက်မှုတွေကို ထိုင်းဘုရင့်တပ်မတော်က ရှုတ်ချပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံတကာဥပဒေနဲ့အညီ တရားဝင် ခုခံကာကွယ်ပိုင်ခွင့်ကို ကျင့်သုံးကာ သင့်လျော်စွာ တုံ့ပြန်သွားပါမယ်။ ကျနော်တို့က အပစ်အခတ်ရပ်လိုက်ပေမယ့် သူတို့က မရပ်ပါဘူး။ ကမ္ဘောဒီးယားက သဘောတူညီချက်ကို ချိုးဖောက်တယ်၊ နိုင်ငံတကာ စံနှုန်းတွေကို လျစ်လျူရှုပြီး ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်တွေကို မထီမဲ့မြင်ပြုနေတဲ့ ကမ္ဘောဒီးယားဟာ ဒေသတွင်းနဲ့ ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ကမ္ဘာက သိသင့်ပါတယ်။" ဟု ဗိုလ်ချုပ် Vithai Laithomya ကပြောဆိုသည်။

ကမ္ဘောဒီးယားနှင့်ထိုင်းနိုင်ငံတို့အကြား နယ်စပ်ဒေသ အငြင်းပွားရာမှ ဇူလိုင်လ ၂၄ ရက်နေ့မှစတင်ပြီး ပစ်ခတ်တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ-ကမ္ဘောဒီးယားက ဒုံးများဖြင့် ထိုင်းနိုင်ငံထဲသို့ ပစ်ခတ်ခဲ့စဉ်။

အာရက္ခဒေသ ကျောက်တော်တောင်တွင် ရှေးဟောင်းကျောက်ပလ္လင်တစ်ခု ပေါ်ထွက်လာဇူလိုင် ၂၉Khit Ta Mediaအာရက္ခ​သေ၊ ကျောက်တော်မြို့ရှိ...
29/07/2025

အာရက္ခဒေသ ကျောက်တော်တောင်တွင် ရှေးဟောင်းကျောက်ပလ္လင်တစ်ခု ပေါ်ထွက်လာ

ဇူလိုင် ၂၉
Khit Ta Media

အာရက္ခ​သေ၊ ကျောက်တော်မြို့ရှိ သေလာဂီရီ မောရပ္ပတ(ခေါ်) ကျောက်တော်တောင်တွင်မိုးရွာပြီး ရေတိုက်စားရာမှာ ရှေးဟောင်း ဝသုန္ဒရေကျောက်ပလ္လင်တစ်ခု ပေါ်ထွက်လာ ကြောင်း သတင်းရရှိသည်။

အဆိုပါဝသုန္ဒရေ ရုပ်ထုပါ ရှေးဟောင်းပလ္လင်‌ကို ကျောက်တော်တောင်တက်လမ်းတွင် ယခုဇူလိုင်လအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုပရဟိတလုပ်ငန်းလည်းလုပ်ကိုင်သူ စာရေးဆရာလည်းဖြစ်သူ ဝေဟင်အောင် ပြောဆိုသည်။

" ရက်အတိအကျမသိပေမယ့် ဒီဇူလိုင်လထဲမှာတွေ့တာပါ။ ဘယ်ခေတ်ကလက်ရာလဲ‌ဆိုတာတော့ အခုအချိန်ထိမသိရသေးပါဘူး" ဟု ပြောသည်။

တွေ့ရှိရသည့် ကျောက်ပလ္လင်ယင်းအပြင် " သေလာဂီရီ မောရပ္ပတ (ခေါ်) ကျောက်တော်တောင် ဘုရားတက်လမ်းမှာဝသုန္ဒရေရုပ်ထုပါ ရှေ့ဟောင်းကျောက်ပလ္လင် တစ်ခုကို မြေကြီးထဲကနေ တွေ့ရှိ"ဟု သူ၏ လူမှုဆိုရှယ်စာမျက်နာတွင်လည်း အတည်ပြုရေးသားထားသည်။

" ရခိုင်ရှေ့ဟောင်း ပလ္လင်တို့တွင် ဝသုန္ဒရေရုပ်ထုပါ ကျောက်ပလ္လင်တို့မှာအတွေ့ရနည်းပြီး ရှားပါး ရှေ့ဟောင်း ကျောက်ဆစ်လက်ရာ တစ်ခုဖြစ်ပါတယ်" ဟုဆိုထားသည်။

လက်ရှိတွင် အဆိုပါ ကျောက်ပလ္လင်တွေ့ရှိသည့် နေရာအား ခြံခတ်ထားပြီး ဆက်လက် တူးဖော်ရှာဖွေမှုများ ပြုလုပ်ရန် လိုအပ်နေသေးသည်ဟု သိရသည်။

ဘုရင့်နောင် ပွဲရုံဝင်းတွင် နေ့အချိန် စစ်မှုထမ်းခိုင်းရန် လူငယ်တချို့ ပေါ်တာဆွဲဖမ်းဆီးခံရပြီး စုဆောင်းရေးတပ်သို့ ပို့ဆောင...
29/07/2025

ဘုရင့်နောင် ပွဲရုံဝင်းတွင် နေ့အချိန် စစ်မှုထမ်းခိုင်းရန် လူငယ်တချို့ ပေါ်တာဆွဲဖမ်းဆီးခံရပြီး စုဆောင်းရေးတပ်သို့ ပို့ဆောင်ခံရ

ဇူလိုင် ၂၉

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင် ပွဲရုံဝင်းအတွင်းတွင် နေ့အချိန် စစ်မှုထမ်းခိုင်းရန် လူငယ်တချို့ ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်တပ်ထဲ ခေါ်ဆောင်ခံရကြောင်း ဖမ်းဆီးခံရသော လူငယ်တချို့၏ မိဘဆွေမျိုးများနှင့် ဒေသပြည်သူများက ပြောသည်။

ယမန်နေ့ ဇူလိုင်လ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန်မှစတင်ပြီး ဘုရင့်နောင်ပွဲရုံဝင်းအတွင်း မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ ပျူစောထီးများ၊ စစ်သားတချို့က ဘုရင့်နောင်ပွဲရုံဝင်းအတွင်း နေရာတချို့သို့ ဝင်ရောက်ကာ လမ်းသွားလမ်းလာ လူငယ်တချို့ကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးပြီးနောက် သက်ဆိုင်ရာရပ်ကွက်ရုံးသို့ ခေါ်ယူပြီး စစ်မှုထမ်းဖောင် ဖြည့်သွင်းခိုင်းကာ လက်မှတ်ရေးထိုးစေခြင်း၊ သက်ဆိုင်ရာ မိဘဆွေမျိုးများထံသို့ အကြောင်းကြားစေပြီး ညနေပိုင်းတွင် ဘုရင့်နောင် စစ်ကြောရေးတပ်ဝင်းထဲသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

"မနေ့က ပွဲရုံဝင်းထဲမှာ လျှပ်တပြက်ပဲ ဝင်ဆွဲတယ်။ လမ်းသွားလမ်းလာ တချို့ ပါသွားတယ်။ တွေ့ရာလူ ဖမ်းခေါ်တာပါ။ လူငယ်တွေကို ဖမ်းတာ။ တစ်ခါတည်း ရပ်ကွက်ကို ခေါ် ၊ ဖောင်ဖြည့် လက်မှတ်ထိုး၊ အိမ်ကို အကြောင်းကြားပြီး တပ်ထဲ တန်းပို့တာ" ဟု ယင်းဖြစ်စဉ်ကို သေချာစွာ သိရှိထားသော မရမ်းကုန်းမြို့မှ သတင်းရင်းမြစ်က ပြောဆိုသည်။

အင်းစိန်ပေါက်တော၀တွင် နေထိုင်သော အသက် ၂၂ နှစ်အရွယ် မောင်ကျော်လင်းနိုင်သည် ယမန်နေ့ ဘုရင့်နောင်ပွဲရုံဝင်းအတွင်း အလုပ်သွားလုပ်နေစဉ် စစ်တပ်နှင့်ပျူစောထီးများ၏ ဖမ်းဆီးမှု ခံခဲ့ရပြီး ဩဂုတ်လအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်း အပတ်စဉ် ၁၆ အတွက် စစ်မှုထမ်းအဖြစ် စုဆောင်းခေါ်ဆောင်ခံခဲ့ရကြောင်း ဖမ်းဆီးခံရသော လူငယ်၏ ဆွေမျိုးတစ်ဦးက ပြောဆိုသည်။

မရမ်းကုန်းမြို့နယ်သည် စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းမှုအလွန်များပြားသော မြို့နယ်တစ်ခုဖြစ်ပြီး မရမ်းကုန်းမြို့နယ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကြံ့ဖွတ်ပါတီဝင် မျိုးဦးမှာ စစ်မှုထမ်းအကြောင်းပြ၍ ငွေကြေးခြိမ်းခြောက်တောင်းယူခြင်း၊ လူငယ်များကို မတရားဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

"မရမ်းကုန်းမြို့နယ် ၄ ရပ်ကွက်အုပ်ကြီးကလည်း အတော်ကိုဆိုးတာ။ သူက ကြံ့ဖွတ်ပါတီဝင်။ အုပ်ကြီးဖြစ်လာတာ သိပ်မကြာသေးဘူး။ သူနဲ့မတည့်တဲ့ မိသားစုတွေက လူငယ်တွေကို စစ်မှုထမ်း မဲပေါက်တယ်ဆိုပြီး ဆင့်ခေါ်တယ်။ ငွေတောင်းတယ်။ ငွေမရရင် စစ်ထဲပို့တယ်။ သူက လူပျိုကြီး။ သူ့အမျိုး တူသား ၊ သားမက် စစ်မှုထမ်း အရွယ် ၄ ဦးရှိတယ်။ အဲဒါတွေကို စာရင်းမထည့်ဘူး။ မရမ်းကုန်းမှာလည်း မထားဘူး။ တောင်ဥက္ကလာမှာရှိတဲ့ သူ့ ဆွေမျိုးအိမ်တွမှာ သွားထားတယ်" ဟု မရမ်းကုန်းမြို့နယ်မှ ပရဟိတအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

မရမ်းကုန်းမြို့နယ်တွင် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး မျိုးဦးက စစ်မှုထမ်းအဖြစ် ဖမ်းဆီးဆောင်ခဲ့သော လူငယ်တစ်ဦးမှာ မကြာသေးခင်က ရှမ်းမြောက်၊ နောင်ချိုတိုက်ပွဲတွင် သေဆုံးခဲ့သော်လည်း မျိုးဦးက မိသားစုကို အချိန်မီ အသိမပေးဘဲ ရက်ပေါင်းများစွာကြာမှ အသိပေးခဲ့ကာ နာရေးကို တိုးတိုးတိတ်တိတ် ပြုလုပ်စေခိုင်းခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ယခုလာမည့် ဩဂုတ်လတွင် စစ်မှုထမ်း အပတ်စဉ် ၁၆ ကို ဖွင့်လှစ်မည်ဖြစ်သည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစ ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ပြည်သူများကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

လေးမျက်နှာမှာ AA ပူးပေါင်းPDF နှင့် စစ်ကောင်စီ တို့ကြား တိုက်ပွဲအတွင်း စစ်ကောင်စီ ၈၀ ကျော်သေးဆုံး ဇူလိုင် ၂၈ဧရာဝတီတိုင်း...
28/07/2025

လေးမျက်နှာမှာ AA ပူးပေါင်းPDF နှင့် စစ်ကောင်စီ တို့ကြား တိုက်ပွဲအတွင်း စစ်ကောင်စီ ၈၀ ကျော်သေးဆုံး

ဇူလိုင် ၂၈

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင် ၊ လေးမျက်နှာမြို့နယ်အတွင်းမှာ စစ်ကောင်စီ တပ်နှင့် အာရက္ခတပ်တော်AA ပူးပေါင်းတော်လှန်ရေးတပ်တို့ကြား ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့က ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ အများအပြား သေဆုံးခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်များနှင့်ပူးပေါင်း အာရက္ခတပ်တော်AA တို့ တစ်စိတ်တစ်ပိုင်း သိမ်းပိုက်ထားသည့် ပုသိမ် - မုံရွာပိုင်း
နယ်မြေ တစ်ချို့ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီဘက်က လက်နက် အင်အား လူအင်အား ဖြည့်တင်းကာ မကြာခဏဆိုသလိုစစ်ကြောင်းထိုး ဝင်ရောက်နိုင်ရန် အကြိမ်ကြိမ် ကြိုးစားလုပ်ဆောင် နေသော်လည်း အာရက္ခတပ်တော်AA နှင့် ပူးပေါင်းတော်လှန်ရေးတပ်တွေ့ရဲ့ ပြန်
လည် ထိုးစစ်ဆင်မှုကြောင့် အကျအဆုံးများပြီး ရှေ့မတိုးနိုင်ဘဲ လေကြောင်းနှင့် ဒရုန်းကို အသုံးပြု၍ နေ့စဥ်တိုက်ခိုက်မှု
တွေလုပ်နေတာဖြစ်တယ်လို့တော်လှန်ရေး တပ်နှင့် နီးစပ်သည့် မြေပြင်သတင်းရင်းမြစ်က ဆိုသည်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လေးမျက်နှာမြို့နယ် စက်စက်ယိုကျေးရွာနဲ့လယ်တံငယ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာကြောင့် အဲဲ့ဒီနေ့ မနက်ပိုင်းကစတင်ပြီး အာရက္ခတပ်တော်
AA ပူးပေါင်းတော်လှန်းတပ်နှင့် စစ်ကောင်စီစစ်ကြောင်းတို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော်သေဆုံး၍ ပြန်လည် ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောဆိုသည်။

ယင်းနောက် စစ်ကောင်စီသည် ရေကြည်မြို့နယ် မြောက်စမ်းကျေးရွာအနီးက ဂွ၊ ငသိုင်းချောင်းလမ်းပေါ်ရှိ အမြောက်တပ် ( အမတ- ၃၄၄)တပ်ရင်းကနေ တိုက်ပွဲဖြစ်ပွားရာ ဧရိယာနှင့် အနီးပတ်ဝန်းကျင်ရှ်ိ လယ်တံငယ်၊ ထစောပြာ၊ လှော်ကထား၊ ကျားကိုက်စသည့် ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်နေခဲ့တယ်လို့ ၎င်းစစ်ရေးသတင်းရင်းမြစ်က ဆက်ပြောသည်။

စစ်ကောင်စီဟာ ၎င်းတို့လက်လွှတ်ခဲ့ရတဲ့ တပ်စခန်း၊ မြို့၊ ရွာ
နယ်မြေများကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ လက်ပူတိုက်သင်တန်းပေးထားသော အသေခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို တိုက်ပွဲပြင်းထန်သည့် နေရာများသို့ပို့ဆောင်ပြီး အသုံးပြုနေသည်ကိုလည်း ပိုမိုတွေ့လာရတယ်လို့ တော်လှန်ရေးတပ်
ဘက်က ပြောဆိုသည်။

စစ်ကောင်စီက လက်ပူတိုက်သင်တန်းပေးထားသော တပ်ဖွဲ့ဝင်များမှာလည်း အထက်တပ်မှူးများ၏ ဗိုလ်ကျအနိုင်ကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတို့ကြောင့် တိုက်လို ခိုက်လိုစိတ်မရှိတော့ဘဲ နေ့စဉ်နှင့်အမျှ တပ်တွင်းကနေ ထွက်ပြေးရန်ကြိုးစားမှုတွေလည်း ရှိနေကြောင်း သိရသည်။

ပုံစာ ပုံ အဟောင်းများဖြစ်သည်။ ( AA Info Desk -)

စေတုတ္တရာတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာစစ်သားနှင့်ပျူစောထီး ၂၀ သေဆုံးဇူလိုင် ၂၈ မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွ...
28/07/2025

စေတုတ္တရာတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာစစ်သားနှင့်ပျူစောထီး ၂၀ သေဆုံး

ဇူလိုင် ၂၈

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို စစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့်ပျူစောထီး ၂၀ သေ ဆုံးခဲ့ကြောင်း စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၂၂ ရက်နေ့မှ ဇူလိုင်လ၂၃ ရက်နေ့အထိ စေတုတ္တရာမြို့နယ် ကူတော်ပျူစောထီးရွာ နှင့်စေတုတ္တရာ ငဖဲလမ်းတစ် လျှောက်တွင် မြေပြင် ဝေဟင် ပူးတွဲစစ်ဆင်ရေး ပြုလုပ်ခဲ့ကြောင်း၊ ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၇ နာရီမှ စ၍ ကူတော်ပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ၊ ယင်းနောက် ဇူလိုင်လ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီအချိန် ကပစ ၂၀မှ စစ်ကား ၂ စီး ၊ကားလေး၂ စီးဖြင့် အင်အား ၈၀ ခန့်ပါ စစ်ကြောင်းက ကူတော်ပျူစောထီးရွာသို့ စစ်ကူထွက်လာကြောင်း သိရှိရသည်။

အဆိုပါ စစ်တပ် စစ်ကြောင်းကို မြေပြင်တပ်ဖွဲ့များက သက်လည်ရွာတောင်ဘက်အရောက်တွင် ပြင်းအားမြင့်မိုင်း ၉လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကြောင်းထွက်ခွာရာ လမ်းတစ်လျှောက်တွင် ဝေဟင်တပ်ဖွဲ့များကလည်း ဇူလိုင်လ ၂၃ရက်ညနေအထိ လိုက်လံတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်များ၏ စစ်ဆင်ရေး ၂ ရက်အတွင်း ပျူစောထီး ၉ ဦး၊ စစ်ကောင်စီတပ်သား ၁၁ ဦး စုစုပေါင်း ၂၀ ဦး သေဆုံးခဲ့ပြီး ဗိုလ်ကြီးကျော်စွာမျိုးထွဋ် အပါအဝင် စစ်ကောင်စီတပ်သားများ ပျူစောထီးများ အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စစ်ဆင်ရေးကို စေတုတ္တရာမြို့နယ် ပ.က.ဖ နှင့် မဟာမိတ်များဖြစ်ကြသော မြိုင်မြို့နယ် ပ.က.ဖ၊ မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်း တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စေတုတ္တရာမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့စဉ်။

28/07/2025

ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ အ‌ခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

ဇူလိုင် ၂၈

ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ - People's Liberation Force ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ပွဲအခမ်းအနားကို ဇူလိုင် ၂၂ ရက်မှာ ကျင်းပပြုလုပ်ခဲ့ကြောင်းနဲ့ ပြည်သူလူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်လိုသူတွေကိုလည်း သင်တန်းသားသစ်တွေအဖြစ် လက်ခံခေါ်ယူနေတယ်လို့ အဆိုပါတပ်ဖွဲ့က ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ ထုတ်ပြန်ထားသည်။

ရန်ကုန်အတွင်း ခုရက်ပိုင်းတွင် လမ်းသွား လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှု ပိုများလာနေ ဇူလိုင် ၂၈Khit Ta Mediaရန်ကုန်အတွင်...
28/07/2025

ရန်ကုန်အတွင်း ခုရက်ပိုင်းတွင် လမ်းသွား လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှု ပိုများလာနေ

ဇူလိုင် ၂၈
Khit Ta Media

ရန်ကုန်အတွင်း အကြမ်းဖက်စစ်အုပ်စုက လမ်းသွား လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ပိုများလာနေတယ်လို့ ရန်ကုန်နေ ပြည်သူများက Khit Ta Media -KTM သို့ ပြောဆိုသည်။

"ဒီဇူလိုင်လ ထဲမှာ ပေါ်တာဆွဲဖမ်းဆီးတာ ပိုများလာတယ် လမ်းသွားလို့ စစ်ခွေးကားတွေ့ရင့် အကုန်လုံး သတိထားကြဖို့ လိုတယ်" ဟု ​ပြည်သူတစ်ဦးက ပြောသည်။

"ဇူလိုင်လ ကုန်ရင် ပိုပြီးဖမ်းဆီးတာ ပေါ်တာဆွဲတာ လုပ်သွားဖို့ရှိတယ် ညပိုင်းဆို အိမ်ပေါ်ထိ တက်ဆွဲမှာ နေ့ပိုင်ကျတော့ တိမ်းရှောင်လို့ လွယ်တယ် ဒါကြောင်း ညပိုင်းမှာ ပိုဆွဲမှာ စစ်မှုထမ်း တိမ်းရှောင်ထွက်ပြေးသူတွေကိုလည်း လိုက်ရှာနေပြီ ရန်ကုန်ထက် မန္တလေးမှာ ပိုဆိုးမယ်" လို့ အကြမ်းဖက် စစ်တပ်အတွင်း သတင်ရင်းမြစ်တစ်ဦး Khit Ta Media သို့ ပြောဆိုသည်။

ဓာတ်ပုံ - ပုံ အဟောင်းဖြစ်သည်။

*********

ရန်ကုန် မန္တလေးတို့တွင် အကြမ်းဖက် စစ်ကောင်စီများ လှုပ်ရှားနေသော နေရာနှင့် လှုပ်ရှားမှုများကို ငိရှိနိုင်ရန် Khit Ta Media -KTM. page ကို like follow လုပ်ပေးထားဖို့ လိုသည်။

************

တော်လှန်ရေး သတင်းတွေ အဆက်မပြတ် သိရှိနိုင်ရန်

Khit Ta Media သည် တော်လှန်ရေး တိုက်ပွဲသတင်းများကို အနည်းငယ် နောက်ကျခြင်းများရှိသော်လည်း ပုံမှန်တင်ပေးနေသဖြင့် သတင်းများ ပုံမှန် သိရှိစေဖို့ like follow လုပ်ပေးကြပါ။

မလှိုင်သို့ ထို့လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး သေနတ် ၃လက် G-3 ကျည် ၁၀၀ ကျော် သိမ်းဆည်းရရှိ ဇူ...
28/07/2025

မလှိုင်သို့ ထို့လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး သေနတ် ၃လက် G-3 ကျည် ၁၀၀ ကျော် သိမ်းဆည်းရရှိ

ဇူလိုင် ၂၈

မန္တလေးတိုင်း၊ မလှိုင်မြို့နယ် အတွင်း စစ်ကြောင်းထိုးလာ‌သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး ရုပ်အလောင်း ၅ လောင်းနှင့် သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့ကြောင်း မိတ္ထီလာခရိုင် အမှတ်(၂) မှ ထုတ်ပြန်သည်။

ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မလှိုင်မြို့နယ် အောင်သာရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အင်အား ၁၂၀ ကျော်ဖြင့် မြင်းသေရွာရွာဘက်ကို စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့ တိုက်ပွဲသည် ၃ နာရီကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးကာ စစ်တပ်ကဘက်မှ လေကြောင်း ပစ်ကူများဖြင့်ပါ တိုက်ခိုက်ခဲ့ခြင်းကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

"စစ်ခွေး စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၁၀ ကောင်သေပြီး အလောင်း ၅ လောင်းနဲ့ သေနတ် ၃ လက်ကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။ သူတို့ဘက်က လေကြောင်း ပစ်ကူရောက်လာတဲ့ အတွက် ကျနော်တို့ ပြန်လည် ဆုတ်ခွာခဲ့ရတယ်" ဟု မိတ္ထီလာခရိုင် အမှတ်(၂) တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထိုသို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်ကောင်စီတပ်သား အလောင်း ၅ လောင်း၊ G-3 သေနတ် ၂ လက်၊ MA-2 သေနတ် ၁ လက်၊ G-3 ကျည်ဘောက် ၃ ဘောက်၊ ၅.၅၆ ကျည် ၁၀၀ ကျော်၊ G-3ကျည် ၁၀၀ ကျော်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ပုံ အဟောင်းဖြစ်သည်။

************

တော်လှန်ရေး သတင်းတွေ အဆက်မပြတ် သိရှိနိုင်ရန်

Khit Ta Media / Khit Ta Media -KTM သည် တော်လှန်ရေး တိုက်ပွဲသတင်းများကို အနည်းငယ် နောက်ကျခြင်းများရှိသော်လည်း ပုံမှန်တင်ပေးနေသဖြင့် သတင်းများ ပုံမှန် သိရှိစေဖို့ like follow လုပ်ပေးကြပါ။

မန္တလေးတွင် တိုက်ပွဲကြောင့် မြို့ပေါ် စစ်ဘေးရှောင်လာသူတွေကို စစ်အုပ်စုက ဧည့်စာရင်းစစ်၊ ဖမ်းဆီးငွေညှစ်၊ ပေါ်တာဆွဲ ဇူလိုင်...
27/07/2025

မန္တလေးတွင် တိုက်ပွဲကြောင့် မြို့ပေါ် စစ်ဘေးရှောင်လာသူတွေကို စစ်အုပ်စုက ဧည့်စာရင်းစစ်၊ ဖမ်းဆီးငွေညှစ်၊ ပေါ်တာဆွဲ

ဇူလိုင် ၂၇

မန္တလေးမြို့အနီး၊ မန္တလေး - မတ္တရာကားလမ်းပေါ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မန္တလေးမြို့ပေါ် စစ်ဘေးရှောင် ထွက်ပြေးလာသူတွေကို စစ်အုပ်စုက ဧည့်စာရင်းစစ်တာ၊ ဖမ်းဆီးငွေညှစ် ပေါ်တာဆွဲတာတွေ လုပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောဆိုသည်။

မန္တလေးမြို့နဲ့ ၁၀မိုင်ကျော်အကွာ၊ မန္တလေး - မတ္တရာ ကားလမ်းပေါ်ရှိ မတ္တရာမြို့နယ် ထန်းပင်ကုန်းရွာ၊ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းနဲ့ မြကန်သာရွာတို့ကို ဇူလိုင် ၂၀ရက်မှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY PDF နဲ့ မဟာမိတ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်အုပ်စုက လေကြောင်း၊ လက်နက်ကြီး ပစ်ကူကာ ပြန်လည် ထိုးစစ်ဆင်လို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေသည်။

စစ်အုပ်စုက အဲ့ဒီ မန္တလေးနဲ့ မတ္တရာမြို့ကြား ကျေးရွာတွေကို ဖုန်း၊ အင်တာနက်နဲ့ လျှပ်စစ်မီး ဖြတ်တောက် ထားသလို ကျေးရွာတွေကိုပါ လေကြောင်းဗုံးကြဲ၊ လက်နက်ကြီး ထုနေလို့ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုလည်း ရှိပြီး မန္တလေး - မတ္တရာ ကားလမ်းတလျှောက် မတ္တရာနဲ့ ပုသိမ်ကြီးနယ် ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် နေရတာလို့ ဒေသခံတွေက ဆိုသည်။

“ပြေးတာကတော့ အကုန်ပြေးနေရတယ်။ မန္တလေးကနေ သွားမယ်ဆိုရင် ကြာနီကန်အကျော်က လင်းမြွေချောင်းတို့၊ ဒဟတ္တောတို့ကနေ စပြီးတော့ မြကန်သာ၊ ဝသုန္ဒရ၊ သရက်ကိုင်း၊ လမိုင်း - ကျောက်တံတား၊ ကင်းရွာတို့၊ အဲ့ဒီ မတ္တရာနဲ့ ပုသိမ်ကြီး အစပ်က ရွာတွေ အကုန်ပြေးနေရတာ။ တချို့က မန္တလေးမြို့ပေါ်နဲ့ စစ်အုပ်စု လက်အောက်က ရွာတွေဘက် ရောက်လာတယ်။ တချို့ရွာတွေက တော်လှန်ရေးတပ် စိုးမိုးနယ်မြေဘက် ပြေးတယ်” ပြောဆိုသည်။

မန္တလေးမြို့ပေါ်အထိ ရောက်ရှိလာတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို စစ်အုပ်စုက ဧည့်စာရင်းစစ်တာ၊ ဖမ်းဆီးငွေညှစ် ပေါ်တာဆွဲတာတွေ လုပ်နေလို့ စစ်ရှောင်ပြည်သူတချို့ မြို့ပေါ်အထိ မသွားရဲဘဲ နီးစပ်ရာ ကျေးရွာတွေမှာ ခိုလှုံနေကြရတယ်လို့ ဆိုသည်။

“ကြာနီကန်ကစပြီး မန္တလေးနဲ့နီးတဲ့ ရွာတွေမှာ စစ်ရှောင်တွေ ကြီးပဲ၊ ဘုန်းကြီးကျောင်းတွေ၊ လမ်းဘေးတွေ အကုန် ပြည့်နေပြီ။ ငလျင်ဒဏ်ထိထားတဲ့ ကျောင်းအိုကျောင်ပျက်တွေထဲလည်း စုပြုံနေကြတာ” လို့ ဒေသခံတစ်ဦးက ပြောသည်။

စစ်အုပ်စုက ပြန်လည် ထိုးစစ်ဆင်ချိန် PDF တွေက အရပ်သားအသွင်ယူကာ မန္တလေးမြို့ပေါ် ဝင်ရောက် လာနိုင်လို့ ဧရာဝတီမြစ်ဆိပ်နဲ့ မြို့ပေါ် ရပ်ကွက်တွေမှာ ဧည့်စာရင်းစစ်တာ၊ ဖမ်းဆီးတာတွေ လုပ်နေတာလို့ စစ်အုပ်စုက သတင်းဖြန့်သည်။

အာဏာသိမ်း စစ်အုပ်စုဟာ မန္တလေးမြို့ပေါ် လမ်းသွားလမ်းလာတွေကို ဖမ်းဆီးငွေညှစ်တာ၊ ဧည့်စာရင်းအကြောင်းပြ စစ်ဆေးပြီး ပေါ်တာဆွဲတာတွေ လွန်ခဲ့တဲ့ နှစ်ပိုင်းကတည်းက လုပ်ဆောင်နေတာ ဖြစ်ပြီး လက်ရှိ တိုက်ပွဲတွေ မြို့နဲ့ ပိုနီးကပ်လာချိန် မြို့ပေါ်မှာ ပေါ်တာဆွဲ ဖမ်းဆီးစစ်ဆေးတာတွေ ပိုမို လုပ်ဆောင်နေတာလို့ မြို့ခံတွေက ပြောသည်။

ဓာတ်ပုံ - မန္တလေးမြို့ပေါ်ရပ်ကွက်တွေနဲ့ ဧရာဝတီမြစ်ဆိပ်မှာ ဧည့်စာရင်းစစ်၊ လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေး ငွေညှစ်နေတဲ့ စစ်အုပ်စုနဲ့ ပျူစောထီးတွေ။

ที่อยู่

Soi 11
Bangkok
10110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Khit Ta Media -KTMผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Khit Ta Media -KTM:

แชร์